← Chapters

အခန်း (၇၅၇)

Vol. 55 Ch. 757

အခန်း (၇၅၇)

Vol. 55 Ch. 757

ထိုစကားများကြောင့် လူတိုင်းက ပျော်ရွှင်သွားကြသည်။

သူတို့၏ မဟာအကြီးအကဲသည် တာအိုပြိုင်ပွဲတွင် ကျဆုံးမသွားပေ။ အင်မော်တယ်ကမ္ဘာသို့လည်း တက်လှမ်းမသွားပေ။ သို့သော် အဆင့်တက်သွားပြီး မကြာခင် ပြန်လာလိမ့်မည်။

မျက်နှာချင်းဆိုင်တွင်ရှိနေသော လူများ၏မျက်နှာက ဖြူဖျော့သွားကြသည်။

“ရူရီဂိုဏ်းရဲ့ ကျောက်ကျစ်ဖျင်က သခင်လေးကို အရိုအသေပေးပါတယ်”

အဖြူရောင်ဆံပင်နှင့် တာအိုတန်ခိုးရှင်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။

“ကျွန်တော်တို့ကို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးက ဘယ်သူလဲမသိဘူး”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး တစ်ဖက်သို့လှည့်သည်။ သူက သင်္ဘောပျံကို ထိန်းချုပ်လိုက်ပြီး စကားသံကို ချန်ရစ်၍ ထွက်ခွာသွားသည်။

“ငါက ဆေးတောင်ကြားမှာ တည်းခိုနေတယ်။ ကျူးဝူရှဲ့ရောက်လာရင် ငါ့ကို လာတွေ့ခိုင်းလိုက်ပါ”

‘သူက ဒီအတိုင်းပဲ ထွက်သွားတာလား’

ကောင်းကင်ထက်တွင်ရှိသော ပြန့်ကျဲနေသည့်တိမ်တိုက်များ ပြန်လည်စုစည်းလာသည်အထိ ရူရီဂိုဏ်း၏ လူများနှင့် တစ်ဖက်တွင်ရှိသော လူများသည် ကြောင်အနေကြသည်။

‘လွတ်လပ်တယ်ဆိုတာ ဘာမျိုးလဲ’

‘ဒါမျိုးပဲလေ’

သူတို့က အပြင်းအထန် တိုက်ခိုက်နေသောအချိန်တွင် လူတစ်ယောက်က စကားတချို့ပြောပြီး တိုက်ပွဲကိုရပ်တန့်၍ ထွက်သွားသည်။

‘ငါတို့က ဆက်တိုက်ရအုံးမှာလား’

‘ဆက်တိုက်နေဖို့ရော လိုသေးလို့လား’

ရူရီဂိုဏ်းသည် မဟာအကြီးအကဲပြန်လာလျှင် အရင်းအမြစ်နှင့် နယ်မြေများကို သိမ်းပိုက်နိုင်လိမ့်မည်။

လက်ရှိအချိန်တွင် သူတော်စင်များသည် အထက်ဘုံ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။

“အဟမ်း၊ ဒါက နားလည်မှုလွဲတာပါပဲ။ နားလည်မှုလွဲတာပါ ....”

တစ်ဖက်တွင်ရှိနေသော မီးခိုးရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က အသာအယာချောင်းဟန့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ကျောက်ကျစ်ဖျင်ကို နှုတ်ဆက်ပြီး ဂိုဏ်းသားများကိုဦးဆောင်လျက် နောက်ဆုတ်သွားသည်။

ရူရီဂိုဏ်း၏လူများက သူ့တို့ကို ဂရုမစိုက်ကြတော့ပေ။

ဟန်မူယဲ့ပြောလိုက်သော ကမ္ဘာမြေကို တုန်ခါစေနိုင်သည့် သတင်းသည် သူတို့၏အတွေးကို စိုးမိုးထားသောကြောင့် မည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ။

“ဂိုဏ်းကိုပြန်သွားပြီး ဂိုဏ်းချုပ်ကို ပြောပြကြရအောင်။ ဟားဟား ....”

ကျောက်ကျစ်ဖျင်က ရယ်မောလိုက်ပြီး လူတိုင်းကို ဦးဆောင်၍ ဂိုဏ်းသို့ ပြန်သွားသည်။

သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က စဉ်းစားနေပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းတစ်ခုနှင့်အတူ တာအိုဆရာတယန်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။

“ဟေး၊ သခင်။ ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံလို့မဖြစ်ဘူးလေ။ ကျွန်တော်က ဘာမှမမြင်လိုက်ပေမဲ့ အကျဉ်းချခံထားရတယ် ....”

တာအိုဆရာတယန်က ညည်းညူလိုက်ပြီး မူဝမ်ကို လှည့်ကြည့်သည်။

“သခင်မ၊ ကျွန်တော့်အကြံက ဘယ်လိုနေလဲ။ အဲဒီဂိုဏ်းကြီးတွေကနေ ဝိညာဉ်ကျောက်တုံးတွေ ရခဲ့တယ်မဟုတ်လား”

တာအိုဆရာတယန်က ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြောသည်။

သူက မူဝမ်ကို အကြံပေးခဲ့သောကြောင့် ဟန်မူယဲ့က သူ့ကို ချုပ်နှောင်ထားခဲ့သည်။ မူဝမ်က တခြားဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူများနှင့် ရောနှောနေပြီး ဝိညာဉ်ကျောက်တုံးများကို ရရှိရန် အာရုံစိုက်ထားသည်။ သူက လျစ်လျူရှုခံထားရသည်။

မူဝမ်က တခစ်ခစ်ရယ်သည်။

တာအိုဆရာတယန်က ဂုဏ်ယူစွာရယ်လိုက်ပြီး အမူအယာကင်းမဲ့နေသော ဟန်မူယဲ့ကို လှည့်ကြည့်သည်။ သူက အပြုံးကို ချက်ချင်း ထိန်းသိမ်းလိုက်သည်။

“တာအိုဆရာတယန်၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားလိုက်ပါ”

ဟန်မူယဲ့က မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ လူတွေကို ပြန်လွှတ်ပြီး ဒီနေရာကို တည်ငြိမ်အောင်လုပ်ဖို့ ယွင်သွမ့်ကို ပြောလိုက်ပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုဆရာတယန်က ပြုံးသည်။

“နားလည်ပါပြီ။ ဒီနေရာက သခင်ရဲ့ ကစားကွင်းပဲမဟုတ်လား။ ဘာဖြစ်လို့ ဖရိုဖရဲဖြစ်နေ‌အောင် ပစ်ထားရမှာလဲ”

သူက စကားအဆုံးတွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

“သခင်ရဲ့နောက်ကို လိုက်ရတာ စိတ်လှုပ်ရှားဖို့ကောင်းနေတုန်းပဲ။ လောကရဲ့စွမ်းအားကို လက်ဝါးထဲမှာ ဆုပ်ကိုင်ထားနိုင်တယ်။ အလုံးစုံစွမ်းအားကို ကိုင်ဆောင်ထားတာက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်”

ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဓားဘုရင်ယွမ်ထျန်းကရော စိတ်လှုပ်ရှားဖို့မကောင်းဘူးလား”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် တာအိုဆရာတယန်က ကြောင်အသွားပြီး ပြုံးလိုက်သည်။

“အဲဒီလိုမပြောပါနဲ့။ အခု သူထိန်းချုပ်ထားတဲ့ ဓားဂိုဏ်းက သူပုန်တွေကို စုစည်းထားတယ်။ တကယ်လို့ သခင်က အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ထိန်းချုပ်လိုက်ရင် သူနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာလား”

“စိတ်ဝင်စားစရာပဲ”

ဟန်မူယဲ့က သူ့ကို ဂရုမစိုက်တော့ပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် တာအိုဆရာတယန်က လေပြေလေညင်းတစ်ခုအဖြစ် ပြောင်း၍ ပျောက်ကွယ်သွားသည်။

တာအိုဆရာတယန်က ပျံသန်းခြင်းရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားရန် အချိန်ယူရမည်မဟုတ်ပေ။

တာအိုဆရာတယန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်သွားပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများကို မျှားခေါ်ပြီးလျှင် သူက လျှို့ဝှက်နယ်မြေမှ ပြန်ရောက်လာလိမ့်မည်။

ထိုအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာကို စုစည်းရမည်။

သူက ခရီးတစ်လျှောက်တွင် မသက်မသာဖြစ်စေနိုင်သော တိုက်ပွဲများကို နေရာအနှံ့တွင် မြင်ခဲ့ရသည်။

ဝမ်မော့ရှန်က ဤလောကကို ထိုသို့ ဖြစ်စေချင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ရှေ့ဆက်လာသော လမ်းတစ်လျှောက်တွင် မြင်တွေ့သမျှ တိုက်ပွဲတိုင်းကို ရပ်တန့်ခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်က နားမထောင်လျှင် ကျောက်ယွီနှင့် တခြားလူများက လှုပ်ရှားလိုက်ပြီး သူတို့ကို ဖိနှိပ်ကြလိမ့်မည်။

လမ်းတစ်လျှောက်တွင် ဓားစံအိမ်၏ တပည့်များသည် ဟန်မူယဲ့၏ ကိုယ်ပိုင်သက်တော်စောင့်များ ဖြစ်လာကြသည်။

ထို့ကြောင့် လူတိုင်းက မခံမရပ်နိုင် ဖြစ်နေကြသည်။

သူတို့က လမ်းတစ်လျှောက်တွင် တခြားလူများ၏ကိစ္စကို ဝင်ရောက်စွက်ဖက်နေလျှင် မည်သည့်အချိန်မှ လျှို့ဝှက်နယ်မြေသို့ ရောက်မည်နည်း။

ဟန်မူယဲ့နှင့်မူဝမ်က ဆေးတောင်ကြားမှ ထွက်လာပြီး ဆယ်ရက်အကြာတွင် ဆေးတောင်ကြား၏ တည်ငြိမ်မှုသည် မတော်တဆမှုလေးတစ်ခုကြောင့် ပျက်စီးသွားခဲ့သည်။

ဆေးတောင်ကြား၏ ဂိုဏ်းခွဲမှူးတစ်ယောက်သည် ဟန်မူယဲ့ရောင်းချထားသော လက်ဖက်ရွက်များက တစ်ပေါင်လျှင် ဝိညာဉ်ကျောက်တုံးသုံးတုံးသာ တန်ကြေးရှိသော ဆေးတောင်ကြား၏ လက်ဖက်ရွက်များ ဖြစ်သည်ဟု ပြောခဲ့သည်။

လက်ဖက်ရွက်များကို ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီ၍ ဝယ်ယူခဲ့ကြသော ဂိုဏ်းအသီးသီးသည် အဓိကခန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး လီချင်းရှစ်၏ ဖြေရှင်းချက်ကို တောင်းဆိုခဲ့ကြသည်။

“ဂိုဏ်းသခင်လီ၊ ဒီအကြီးအကဲကို လျော်ကြေးအနေနဲ့ ဝိညာဉ်ကျောက်တုံးတွေ ပြန်မပေးရင် လက်ဖက်ရွက်ပေါင်တစ်ရာကို ပြန်ပေးရမယ်”

တောက်ပနေသော ချီစွမ်းအင်အလင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိပုံရသော အကြီးအကဲတစ်ယောက်သည် ခန်းဆောင်၏အလယ်တွင် ရပ်နေပြီး အော်ဟစ်လိုက်သည်။

“ဟုတ်တယ်။ ငါတို့က ဆေးတောင်ကြားကို ကူညီပေးဖို့ ရောက်လာပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကို လှည့်စားပြီး ယူသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မင်းက ငါတို့ကို ဖြေရှင်းချက် ပေးရမယ်”

ခန်းဆောင်၏လေထုသည် တင်းမာနေသည်။

တုချန်ရှန်က နှာမှုတ်လိုက်ပြီး ရှေ့တွင်ရှိနေသော လူများကို ကြည့်သည်။

‘သိုးငါးကောင်စံအိမ်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လွယ်လွယ်လေး ယူသွားနိုင်မယ်လို့ ထင်နေတာလား’

ဤတစ်ကြိမ်တွင် သူတို့က ဝိညာဉ်ကျောက်တုံးများ၏ ဆုံးရှုံးမှုအတွက် ဆေးတောင်ကြားကို ခွဲဝေပြီး အဆပေါင်းရာချီ၍ ပြန်လည်ရယူရန် ဆုံးဖြတ်ထားကြသည်။

ထို့အပြင် သူ၏ အစီအစဉ်က ယခုအချိန်တွင် အကောင်အထည်ပေါ်နေသည်။

သူက မျက်မှောင်ကြုတ်ထားပြီး အဓိကခန်းဆောင်ကို ကြည့်သည်။

ထိပ်တန်းအင်အားစု သုံးခုဖြစ်သော ဓားစံအိမ်၊ အဆုံးမဲ့တာအိုဂိုဏ်းနှင့် ယွီလင်တာအိုဂိုဏ်းသည် ပေါ်မလာခဲ့ကြပေ။

ထိုလူများသည် ကိုယ်ပိုင်အစီအစဉ် ရှိနေကြလိမ့်မည်။ သူတို့က ထိပ်တန်းဂိုဏ်းကြီးများ ဖြစ်ကြသောကြောင့် ဆေးတောင်ကြားအား တွန်းအားပေးသည်ဟု သတင်းထွက်သွားလျှင် မကောင်းပေ။

“ဟမ့်၊ ငါတို့က တကယ်တိုက်ခိုက်လာရင်ရော မင်းတို့က ပုန်းနေအုံးမှာလား”

တုချန်ရှန်က အေးစက်စွာနှာမှုတ်လိုက်ပြီး လီချင်းရှစ်၏ဘေးတွင် ရှိနေသော ဆေးတောင်ကြား၏ အကြီးအကဲကို အချက်ပြသည်။

ထိုအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်သည်။

“အားလုံးပဲ ငါတို့က လီချင်းရှစ်နဲ့ ဟန်မူယဲ့ရဲ့ ပူးပေါင်းမှုကို မသိပါဘူး။ ဒါက လီချင်းရှစ်ရဲ့ အကြံအစည်ပါပဲ”

ထိုစကားကြောင့် ခန်းဆောင်သည် ချက်ချင်းတိတ်ဆိတ်သွားသည်။

လီချင်းရှစ်က တစ်ကိုယ်လုံး တုန်ခါသွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် လှည့်ကြည့်သည်။

“အကြီးအကဲစု၊ မင်း .... မင်း ....”

အကြီးအကဲစုက ခေါင်းခါလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“အားလုံးပဲ၊ ငါတို့က လီချင်းရှစ်ကိုဖမ်းပြီး ဆေးတောင်ကြားအပေါ်မှာ ပြူမူခဲ့တဲ့ အမှားအယွင်းတွေကို ဝန်ခံခိုင်းကြမယ်”

ခန်းဆောင်၏လေထုသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ပုံရိပ်များသည် လီချင်းရှစ်ဆီသို့ ပြေးဝင်လာကြသည်။

လီချင်းရှစ်က မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် ညင်သာစွာပြောသည်။

“အဲဒီတော့ ဒီလိုမျိုးလား ....”

သူက တာအိုရောင်းရင်းများကို ကြည့်သည်။ တချို့က ဝမ်းနည်းနေကြသည်။ တချို့က စိတ်လှုပ်ရှားနေပြီး တချို့က တိတ်ဆိတ်နေကြသည်။

“မင်းတို့တွေအားလုံး ဆွဲဆောင်ခံလိုက်ရပြီမဟုတ်လား”

“သူတို့က လုံလောက်တဲ့အကျိုးအမြတ်ကို ပေးပြီး ဆေးတောင်ကြားကို ခွဲဝေဖို့ မင်းတို့ကို ညွှန်ကြားခဲ့တာမဟုတ်လား”

တုံ့ပြန်သံကို မကြာရပေ။

သို့သော် သူတို့၏ တိတ်ဆိတ်မှုနှင့် ဂရုမစိုက်ခြင်းသည် အဖြေပင်ဖြစ်သည်။

ဂိုဏ်းအသီးသီးမှ လူများ၏ ပြုံးနေသော မျက်နှာထားများသည်လည်း အဖြေဖြစ်သည်။

ယနေ့တွင် အသားတုံးဖြစ်‌သော တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ခွဲဝေယူကြမည်။

လီချင်းရှစ်က ခါးသီးသောအပြုံးဖြင့် မျှော်လင့်ချက်ကင်းမဲ့စွာ ရေရွတ်သည်။

“ငါက ငတုံးတစ်ယောက်ပဲ ....”

သူက အစိမ်းရောင်အငွေ့အသက်များအား ထုတ်လွှတ်နေသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ကိုင်ထားသည်။

ဟန်မူယဲ့က ထိုသေတ္တာကို အရေးကြီးသောအချိန်တွင် ထုတ်သုံးရန်အတွက် ချန်ထားပေးခဲ့သည်။

သူက လက်မြှောက်လိုက်ပြီး အံတင်းတင်းကြိတ်၍ သူ့ဆီသို့ ပြေးဝင်လာကြသော လူများကို ကြည့်သည်။

“တကယ်လို့ ငါက ဒီနေ့မှာ အခြေအနေကို ပြောင်းလဲနိုင်ရင် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားရဲ့ နှစ်သိန်းချီသမိုင်းကြောင်းကို ထိန်းသိမ်းနိုင်မှာလား”

သူက ကျောက်စိမ်းသေတ္တာပေါ်တွင်ရှိသော ရွှေရောင်ချိပ်စည်းကို ဖိလိုက်သည်။

“ကလစ်”

ချိပ်စည်းကျိုးပျက်သွားသည့်အသံကို ရှင်းလင်းစွာ ကြားနိုင်သည်။

“အခြေအနေကို ပြောင်းလဲမှာတဲ့လား”

လီချင်းရှစ်က ကျိုးပျက်သွားသောချိပ်စည်းကို ကြည့်နေသောအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က သူ့ရှေ့သို့ ရောက်လာပြီး လက်ဝါးချက်ဖြင့် ရိုက်ချသည်။

“အခြေအနေက သတ်မှတ်ပြီးသားဖြစ်နေပြီ။ မင်းက ဒီနေ့ အခက်အခဲကို ဘယ်လိုချိုးဖျက်မလဲ ကြည့်ရအောင်”

လောကတွင် လူတစ်ယောက် သို့မဟုတ် ရတနာတစ်ခုသည် အခြေအနေတစ်ခုလုံးကို ဘယ်သောအခါမှ မပြောင်းလဲနိုင်ပေ။

ဆေးတောင်ကြားအား ခွဲဝေမှုကို အထက်ဘုံ၏ ထိပ်တန်းအင်အားစုများအပါအဝင် ဂိုဏ်းအသီးသီးက သဘောတူထားကြသည်။

ယနေ့တွင် အင်အားစုတိုင်းသည် ဆေးတောင်ကြားကို ခွဲဝေရန်အတွက် ဆုံးဖြတ်ထားကြသည်။

သူတို့က ပါးစပ်ထဲသို့ ရောက်နေသော စားစရာကို ပြန်ထွေးထုတ်မည် မဟုတ်ပေ။

ချီစွမ်းအင်အလင်းသည် ဟိန်းဟောက်နေသော ဧရာမဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လီချင်းရှစ်ကို ခုန်အုပ်သည်။

ထိုတိုက်ကွက်သည် သူ့အသက်ကို နုတ်ယူရန် ရည်ရွယ်သည်။

လီချင်းရှစ်၏မျက်နှာက ဖြူဖျော့နေပြီး သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းသေတ္တာက ပျက်စီးသွားသည်။

“ဘန်း”

အစိမ်းရောင်အလင်းသည် တောက်ပနေပြီး ဓားအ‌ငွေ့အသက်သည် မျက်နှာကြက်ကို ထိုးဖောက်၍ ကောင်းကင်ကို မောက်မာစွာ လွှမ်းမိုးထားသည်။

အဆုံးမရှိသော ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နီးကပ်လာသော ဧရာမဝံပုလွေပုံရိပ်ကို ဖျက်ဆီး၍ အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ဆီသို့ ဆက်လက်တိုးဝင်လျက် ခန္ဓာကိုယ်ကို အမှုန့်ဖြစ်သွားစေသည်။

တိုက်ကွက်တစ်ခု ....

ဓားနဂါးသည် ကောင်းကင်ထက်တွင် ရစ်ခွေနေပြီး ဓားတစ်လက်ချင်းစီသည် အေးစက်ပြီး ဖိနှိပ်နိုင်သော အငွေ့အသက်များကို ထုတ်လွှတ်၍ ကြေးခွံများအဖြစ် ရှိနေကြသည်။

“ဓား ....”

“ဓားစံအိမ် ....”

ခုနစ်ထပ်ဓားစံအိမ်သည် လေထုထဲတွင် လွင့်မျောနေသည်။

တောက်ပနေသော ဓားအလင်းသည် ခန်း‌ဆောင်ထဲတွင်ရှိသော လူတိုင်းအား အေးစက်သွားစေပြီး နောက်ဆုတ်ရန် တွန်းအားပေးလိုက်သည်။

သို့သော် ပိုမိုကြောက်မက်ဖွယ်ကောင်းသောအရာသည် ခုနစ်ထပ်ဓားစံအိမ် ကိုယ်စားပြုနေသော အဆင့်အတန်းပင် ဖြစ်သည်။

အထက်ဘုံတွင် ခုနစ်ထပ်ဓားစံအိမ် မည်မျှရှိနေသနည်း။

ခုနစ်ထပ်ဓားစံအိမ်သည် ချီစွမ်းအင်နှင့် ဓားအလင်းကို ထုတ်လွှတ်၍ ကောင်းကင်ထက်တွင် ဝင့်ကြွားစွာရပ်နေသောကြောင့် လူတိုင်းက တိုက်ရိုက်ကြည့်ရှုရန် ခက်ခဲနေကြသည်။

ဓားစံအိမ်၏ တာအိုဘိုးဘေးအဆင့်သို့ ရောက်နေကြသော အကြီးအကဲများကသာ ခုနစ်ထပ်ဓားစံအိမ်ကို ကိုင်ဆောင်ရန် အဆင့်မီသည်။

ထိုဓားစံအိမ်သည် နယ်မြေတစ်ခုအား ဖိနှိပ်နိုင်သော စွမ်းရည်ကို ကိုယ်စားပြုသည်။

ထိုဓားစံအိမ်သည် အထက်ဘုံ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထို့အပြင် ဓားတာအို၏ ထိပ်တန်းအဆင့် ရတနာတစ်ခုလည်း ဖြစ်သည်။

ယခင်က ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲများ ရှိနေကြသော်လည်း ယခုအချိန်တွင် လောက၏ ပြောင်းလဲမှုများကြောင့် ထိုအကြီးအကဲများ၏ တည်နေရာကို မသိနိုင်တော့ပေ။

ယခုအချိန်တွင် ခုနစ်ထပ်ဓားစံအိမ်တစ်ခုသည် ဆေးတောင်ကြားမှ လီချင်းရှစ်၏လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။

All Chapters