← Chapters

အခန်း (၇၅၉)

Vol. 55 Ch. 759

အခန်း (၇၅၉)

Vol. 55 Ch. 759

လီချင်းရှင်က ယဉ်ကျေးမနေပေ။

သူက သူတို့အားလုံး၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

သူတို့အားလုံးက မယုံကြည်ရဘဲ ဟန်မူယဲ့ကို ကြောက်ရွံ့နေသောကြောင့် ဆေးတောင်ကြားကို ပြဿနာရှာရန် တုံ့ဆိုင်းနေသည်ဟု ပြောဆိုခဲ့သည်။

သူတို့က သတ္တိရှိလျှင် ဆေးတောင်ကြားကို ပြဿနာရှာပြီး ဟန်မူယဲ့၏ တုံ့ပြန်မှုကို ရင်ဆိုင်နိုင်သည်။

သို့သော် ဂိုဏ်းအသီးသီး၏ ကျွမ်းကျင်သူများသည် တိတ်ဆိတ်နေကြသည်။

ဟန်မူယဲ့က ခုနစ်ထပ်ဓားစံအိမ်ကို ချန်ထားပြီး ထွက်သွားခဲ့သည်။ သူက တခြားလူများကို ခြိမ်းခြောက်ချင်နေသည်။

အကယ်၍ ယခုအချိန်တွင် တစ်ယောက်ယောက်က လှုပ်ရှားရဲလျှင် ဟန်မူယဲ့က လွှမ်းမိုးမှုကို တည်ဆောက်ရန်အတွက် ဥပမာတစ်ခုအဖြစ် ပြသပေးလိမ့်မည်။

ခုနစ်ထပ်ဓားစံအိမ်ကို မည်သူက မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။

“တာအိုပြိုင်ပွဲနယ်မြေရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အမတ်ချုပ်ကြီးဟန်မှာ ငါတို့မသိတဲ့ အကြောင်းအရာတွေ ရှိနေသေးတာလား”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မည်းမှောင်နေသောမျက်နှာထားဖြင့် တခြားလူများကို ကြည့်လိုက်သည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးတစ်ယောက်သာ ဖြစ်နေလျှင် ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။

“ဟမ့်၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အပြင်ဘက်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်များ လွှမ်းမိုးနိုင်မှာမလို့လဲ”

တုချန်ရှန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အေးစက်စွာနှာမှုတ်၍ ပေါ့ပါးစွာပြောသည်။

အထက်ဘုံ၏ ဂိုဏ်းများသည် အမြဲတစေ မာနကြီးခဲ့ကြသည်။

အထက်ဘုံသုံးပါးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ခွန်အားကို စုစည်းထားပြီး လောကကို ဖိနှိပ်ထားသော ကျင့်ကြံခြင်း၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်သည်။

ယခုအချိန်တွင် ကျွမ်းကျင်သူများက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြပြီး ဂိုဏ်းအသီးသီး၏ခွန်အားက နိမ့်ကျနေလျှင်ပင် သူတို့၏ အခြေခံအုတ်မြစ်ကို တခြားလူများက မယှဉ်နိုင်ကြပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ရန်သူသည် သူတို့ကိုယ်တိုင်သာဖြစ်ပြီး အပြင်လူများ မဟုတ်ခဲ့ပေ။

ဂိုဏ်းကြီးများ၏အမြင်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ရန်သူတစ်ယောက် ဖြစ်လာရန် မည်သူမှ အဆင့်မမီကြပေ။

တုချန်ရှန်၏စကားကြောင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ဟန်မူယဲ့က သန်မာပုံရပြီး ခုနစ်ထပ်ဓားစံအိမ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက ဓားနှလုံးသားလက်ဖက်ရွက်များကို အသုံးပြု၍ ကြွယ်ဝမှုများကို စုဆောင်းနိုင်ခဲ့သည်။

သို့သော် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်မှ ရောက်လာသော ကျင့်ကြံသူလေးတစ်ယောက်သည် ယနေ့တွင် ရှိနေသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

“ဟားဟား၊ သခင်လေးဟန်မူယဲ့က တောင်းဆိုထားမှတော့ ငါတို့ အဆုံးမဲ့တာအိုဂိုဏ်းက ထွက်သွားပါတော့မယ်”

“အဆုံးမဲ့တာအိုဂိုဏ်းနဲ့ လိုက်ပါချင်တဲ့ ဆေးတောင်ကြားက အကြီးအကဲနဲ့ တပည့်တွေကို ငါတို့က မနစ်နာစေဘဲ အပြည့်အဝ ထောက်ပံ့ပေးပါမယ်”

မတူညီသော အတွေးများကြားတွင် အသံတစ်သံကို ကြားနိုင်သည်။

ယန်ယွင်ထျန်းက အပြုံးတစ်ခုနှင့်အတူ လီချင်းရှစ်ကို ဦးညွတ်လိုက်သည်။

‘ဒါက ဘာကိုဆိုလိုတာလဲ’

အဆုံးမဲ့တာအိုဂိုဏ်းက လှည့်ထွက်သွားသည်။ ‌ဆေးတောင်ကြား၏ အကြီးအကဲတချို့က လိုက်ပါသွားကြသည်။

ထိုမြင်ကွင်းကြောင့် ဂိုဏ်းအသီးသီး၏ ကျွမ်းကျင်သူများက နားမလည်နိုင်ဖြစ်သွားကြသည်။

အဆုံးမဲ့တာအိုဂိုဏ်းသည် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သူတို့က တခြားအင်အားစုများနှင့် ခွန်အားအရာတွင် မယှဉ်နိုင်သော်လည်း နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။

သို့သော် ယခုအချိန်တွင် သူတို့က ရိုးရှင်းစွာ ထွက်သွားခဲ့သည်။

‘ငါတို့သဘောတူထားတဲ့ ပူးပေါင်းမှုကရော’

‘ဒီလိုအင်အားစုကြီးက ခုနစ်ထပ်ဓားစံအိမ်ကြောင့် ထိတ်လန့်သွားပြီး ဂုဏ်သိက္ခာကိုတောင် စွန့်ပစ်လိုက်တာလား’

“ခုနစ်ထပ်ဓားစံအိမ်လေးတစ်ခုကြောင့် ကြောက်ရွံ့သွားတာလား ....”

တာအိုတန်ခိုးရှင်တစ်ယောက်၏ မျက်နှာထားက အေးစက်သွားသည်။ သူက စကားကို အဆုံးမသတ်နိုင်ခင် အေးစက်မှုကို ခံစားလိုက်ရသောကြောင့် လှည့်ကြည့်သောအခါတွင် တန်မင်ထောင်၏ စူးရှသောအကြည့်ကို မြင်လိုက်ရသည်။

ခုနစ်ထပ်ဓားစံအိမ်သည် အရေးမပါသောအရာတစ်ခု မဟုတ်ပေ။

ခုနစ်ထပ်ဓားစံအိမ်သည် အထက်ဘုံ၏ ထိပ်တန်းအင်အားစုဖြစ်သော ဓားစံအိမ်ကို ကိုယ်စားပြုနိုင်သည်။

ထိုအရာသည် သာမန်ဓားစံအိမ်တစ်ခု မဟုတ်ပေ။

ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော ရင်ပြင်သည် တိတ်ဆိတ်သွားခဲ့သည်။

သိုးငါးကောင်စံအိမ်သည် ကူးသန်းရောင်းဝယ်ခြင်းကို ဦးဆောင်ထားသည်။ သူတို့က ယနေ့တွင် ရှေ့ထွက်လာသောကြောင့် မသင့်တော်ဘဲ ဖြစ်နေသည်။ ဆက်လက်၍ ပြောဆိုနေဦးမည်ဆိုလျှင် သူတို့၏ဂုဏ်သတင်းက ပိုမိုဆိုးဝါးသွားလိမ့်မည်။

သူတို့က ပုံမှန်ဆိုလျှင် နောက်ကွယ်မှ လှုပ်ရှားကြသည်။

ယန်ယွင်ထျန်းက ရင်ပြင်မှ ထွက်လာ‌သောအခါတွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“ဟားဟား၊ မသိတတ်တဲ့လူတွေက တကယ်ကို အကြောက်အရွံ့မရှိတာဘဲ”

သူက နောက်တွင်ရှိနေသော ရင်ပြင်ကို လှည့်ကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်။

သူက အစီအရင်ကို ပြုပြင်ပြီး တာအိုတန်ခိုးရှင်ကျူးဝူနှင့် ထပ်မံဆက်သွယ်နိုင်ခဲ့သည်။

သူက တာအိုပြိုင်ပွဲတွင်ရှိသော ဟန်မူယဲ့၏ အခြေအနေကို ကြားသိခဲ့ရသည်။

သူက ထိုသတင်းများကို ပိုသိလေ ထိတ်လန့်လေ ဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားပြီး တာအိုဘိုးဘေး၊ သူတော်စင်နှင့် သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့သည်။ သူက ဟန်မူယဲ့နှင့် တွေ့ဆုံရန် အဆင့်မမီပေ။

ဟန်မူယဲ့က ဓားအင်မော်တယ်ဟု နာမည်ရထားသည်။ သူ၏ ဓားတာအိုကျင့်ကြံခြင်းသည် ထိပ်တန်းအဆင့်ဖြစ်ပြီး နတ်ဘုရားဘုရင်ရှင်းတိကိုပင် သတ်ဖြတ်ခဲ့သည်။

သူ၏ နတ်ဘုရားသားရဲကိုယ်ပွားဖြစ်သော ပါ့ရှားသည် အာကာသထဲတွင် သောင်းကျန်းနေပြီး မူလခန္ဓာနှင့် ပေါင်းစပ်၍ သူတော်စင်အဖြစ် အာကာသထဲတွင် အဆင့်တက်ခဲ့သည်။

သူက ထိပ်တန်းအဆင့် ရတနာများ၊ အင်မော်တယ်ရတနာများနှင့် နတ်ဘုရားခုံရုံး၏ ရတနာများကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုလူမျိုးသည် မဟာပုဂ္ဂိုလ်ကြီးများထက် တစ်ဆင့်သာနိမ့်သော ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထို့အပြင် မဟာပုဂ္ဂိုလ်ကြီးများအပြင် ကျွမ်းကျင်သူအများစုသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသောကြောင့် ဟန်မူယဲ့က ပြိုင်ဘက်ကင်းဖြစ်နေသည်။

ထိုအရာသည် ဟန်မူယဲ့၏ ကိုယ်ပိုင်ခွန်အားသာ ဖြစ်သည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်သောကြောင့် အင်အားစုကြီးတစ်ခုကို ထိန်းချုပ်ထားသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ ဆည်နှင့် ရှေးတိမ်တိုက်စကြဝဠာတွင် မဟာမိတ်များကို ဖွဲ့စည်းထားသည်။

တာအိုပြိုင်ပွဲတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခေါ်ဆိုမှုကြောင့် ထိုအင်အားစုများအားလုံးသည် တာအိုပြိုင်ပွဲနယ်မြေသို့ ရောက်လာပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့ကြသည်။

ယခုအချိန်၌ တာအိုပြိုင်ပွဲတွင် သန်းထောင်ချီသော စစ်တပ်သည် နေရာယူထားသည်။ ဟန်မူယဲ့၏ အမိန့်တစ်ချက်နှင့် သူတို့သည် အမျိုးမျိုးသော ကမ္ဘာများကို လွှမ်းမိုးပစ်နိုင်သည်။

ထိုအင်အားစုမျိုးကို အထက်ဘုံကပင် ပိုင်ဆိုင်မထားပေ။

ယခုအချိန်တွင် အထက်ဘုံသည် ဖရိုဖရဲဖြစ်နေသည်။ ဂိုဏ်းအသီးသီး၏ ခွန်အားကို မည်သို့ စုစည်းနိုင်မည်နည်း။

ဟန်မူယဲ့က သန်မာပြီး အဆုံးမရှိသော စစ်တပ်ကို ထိန်းချုပ်ထားသည့်အပြင် ရတနာအမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ သူက နတ်ဘုရားဘုရင်များကို ဖိနှိပ်နိုင်သော ကောင်းကင်နင်းခြေမိစ္ဆာဘုရင်နှင့် ညီအစ်ကိုဖြစ်ပြီး နတ်ဘုရားဘုရင်များကို သတ်ဖြတ်နိုင်သော မွေးစားသမီး ဟွမ်ကျစ်ဟူ ဦးဆောင်ထားသည့် ဓားဝင်္ကပါကိုလည်း တည်ဆောက်ထားသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူအများစုသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းမသွားရန် ရွေးချယ်ခဲ့ကြသည်။

တာအိုတန်ခိုးရှင်ကျူးဝူနှင့် ဆက်သွယ်ပြီးသောအခါတွင် အဆုံးမဲ့တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အထက်ဘုံကို သိမ်းပိုက်နိုင်ကြောင်း နားလည်သွားကြသည်။

ထို့ကြောင့် အစီအရင်၏ နှစ်ဖက်တွင်ရှိသော လူများက ဆွံ့အသွားကြသည်။

အစီအရင်၏ အလင်းလွှာက ပျောက်ကွယ်မသွားခင် တာအိုတန်ခိုးရှင်ကျူးဝူသည် ဟန်မူယဲ့ကို မဆန့်ကျင်ရန် သတိပေးခဲ့သည်။ အမတ်ချုပ်ကြီးဟန်၏ နည်းလမ်းများသည် ကြောက်မက်ဖွယ်ကောင်းသည်။

နတ်ဘုရားခုံရုံး၏ ရတနာများ၊ အင်မော်တယ်ရတနာများနှင့် ထိပ်တန်းအဆင့် ရတနာများအထိ လောကတွင်ရှိသော ဂိုဏ်းများသည် သူနှင့် ကြွယ်ဝမှုချင်း မယှဉ်နိုင်ကြပေ။

တာအိုတန်ခိုးရှင်ကျူးဝူက တာအိုပြိုင်ပွဲနယ်မြေ၏ ခုခံနေသော အင်အားစုများသည် ဖိနှိပ်ခံလိုက်ရပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ အညံ့ခံတော့မည်ဟု ပြောခဲ့သည်။

အထက်ဘုံသုံးပါး၏ လက်ရွေးစင်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အညံ့ခံတော့မည်။

ထိုအရာသည် အိပ်မက်တစ်ခု မဟုတ်ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးသည် ပြိုကျသွားပြီး မဟာပုဂ္ဂိုလ်ကြီးများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသည်။ အထက်ဘုံသည် အဆုံးမရှိသော တိုက်ပွဲများနှင့် ဖရိုဖရဲဖြစ်နေသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် အမျိုးမျိုးသော အင်အားစုများသည် တိတ်ဆိတ်စွာ ကြီးထွားလာကြသည်။ ထို့အပြင် ရှေးတိမ်တိုက်စကြဝဠာမှ ရန်သူများလည်း ရှိနေသေးသည်။

အင်အားစုများအားလုံးက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အားနည်းနေသောအခြေအနေကို သတိထားမိသွားလျှင် စစ်ပွဲဆင်နွှဲလာကြလိမ့်မည်။

“ငါတို့က အခုအချိန်အထိ ဟန်မူယဲ့ရဲ့ ကြောက်စရာကောင်းတဲ့ပုံစံကို မသိကြသေးဘူး”

ယန်ယွင်ထျန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

“ဟန်မူယဲ့တို့က အထက်ဘုံကို အကွက်ချနေလောက်ပြီ။ အဲဒီအရူးတွေကတော့ ဘာကိုမှ သတိမထားမိကြဘူး ....”

အဆုံးမဲ့တာအိုဂိုဏ်းသည် ထွက်သွားပြီး ဓားစံအိမ်သည် သွက်ဝှိုက်၍ ပတ်သတ်နေသည်။ အဆုံးတွင် ဂိုဏ်းများအားလုံးသည် ဆေးတောင်ကြား၏ သက်ဆိုင်ရာအကြီးအကဲနှင့် တပည့်များကိုခေါ်ဆောင်၍ ထွက်သွားကြသည်။

ထို့ဖြစ်ရပ်ကြောင့် လီချင်းရှစ်က စိတ်ပျက်သွားသော်လည်း စိတ်သက်သာနေသည်။

သူက ဗလာဖြစ်သွားသော ရင်ပြင်ကို ကြည့်လိုက်ပြီး ခုနစ်ထပ်ဓားစံအိမ်ကို ကိုင်လျက် အဝေးတစ်နေရာသို့ ကြည့်သည်။

“ဟန်မူယဲ့၊ ငါတို့ ဆေးတောင်ကြားရဲ့ အမွေအနှစ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမလဲ”

“မင်းကလည်း ဆေးတောင်ကြားကို စိတ်ဝင်စားနေတာမဟုတ်လား”

ဟန်မူယဲ့က ဆေးတောင်ကြားကို စိတ်မဝင်စားလျှင် အဖိုးတန်ရတနာတစ်ခုဖြစ်သော ခုနစ်ထပ်ဓားစံအိမ်ကို ချန်ထားခဲ့မည်မဟုတ်ပေ။

“အစ်ကိုဟန်၊ ဆေးတောင်ကြားကို စိတ်ဝင်စားလား”

သင်္ဘောပျံပေါ်တွင် မူဝမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် တခြားလူတွေက ဆေးတောင်ကြားကို မျက်စိကျနေတဲ့အချိန်မှာ ဘာဖြစ်လို့ ထွက်လာခဲ့တာလဲ”

ဟန်မူယဲ့က ဆေးတောင်ကြားမှ ထွက်လာပြီး ခရီးစဉ်တစ်လျှောက်တွင် သက်တောင့်သက်သာရှိနေသည်။

သူမ၏ အစ်ကိုဟန်သည် ထိုသို့ အားလပ်နေလိမ့်မည်ဟု မူဝမ်က မယုံပေ။

“တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားက အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ ဒီလောကရဲ့ အာခီမီ‌တော်ဝင်နယ်မြေတစ်ခုပဲ”

ဟန်မူယဲ့က ရှေ့တွင်ထိုင်နေသော မူဝမ်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“အစ်ကိုဟန်က စိတ်ဝင်စားတာပေါ့”

“တကယ်လို့ စိတ်ဝင်စားရင် ဘာဖြစ်လို့ ထွက်လာတာလဲ”

မူဝမ်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“ဒါပေမဲ့ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားက အရမ်းလျော့ရဲနေပြီး ကိုယ်ပိုင်အတွေးနဲ့လူတွေ ရှိနေကြတယ်”

“အဲဒီလိုဆေးတောင်ကြားမျိုးကို ထိန်းချုပ်ရမယ်ဆိုရင် အသုံးမဝင်ဘူး”

ဟန်မူယဲ့က လေးနက်သောအကြည့်ဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ပြောသည်။

“သူတို့တွေ လှုပ်ရှားလာအောင် စောင့်နေရုံပါပဲ”

“‌ဆေးတောင်ကြားမှာ ကျန်နေခဲ့တဲ့ အတည်ငြိမ်ဆုံး အာခီမီပညာရှင်တွေကို မျှော်လင့်မထားတဲ့ အခွင့်အရေးတွေ ပေးလိုက်မယ်”

မျှော်လင့်မထားသော အခွင့်အရေးများ ....

ရှေးတိမ်တိုက်စကြဝဠာနှင့် တခြားလေဟာနယ်များတွင် ပုန်းကွယ်နေသော ရာချီနေသည့် ဆေးပင်ဥယျာဉ်များသည် လုံလောက်မှုရှိသည်။

ဟန်မူယဲ့က ဆေးပင်ဥယျာဉ်များ၏ တည်နေရာကို ရရှိထားသည်။

ရှေးခေတ်နတ်ဘုရားခုံရုံး၏ အာခီမီကျမ်းစာနှင့် အမွေအနှစ်များလည်း ရှိနေသည်။

ဟန်မူယဲ့က ရတနာတိုက်ထဲတွင်ရှိသော နတ်ဘုရားဘုရင်နှင့် ဓားများ၏ မှတ်ဉာဏ်မှတစ်ဆင့် ပြိုလဲသွားသော ရှေးခေတ်နတ်ဘုရားခုံရုံးမှ ကျမ်းစာဆောင်၏ တည်နေရာကို ညွှန်ပြပေးနိုင်သည်။

ရှေးခေတ်၏ မရေမတွက်နိုင်သော ကျင့်ကြံခြင်းအမွေအနှစ်များအား စုစည်းထားသည့် ထိုခန်းဆောင်ကို ဖွင့်လိုက်မည်ဆိုလျှင် များပြားလှသော အာခီမီနည်းစနစ်များလည်း ရှိနေလိမ့်မည်။

အာခီမီနည်းစနစ် အနည်းငယ်သည် မရေမတွက်နိုင်သော အာခီမီပညာရှင်များကို ရူးသွပ်သွားစေနိုင်သည်။

ထိုအရာများသည် အခွင့်အရေးပင် ဖြစ်သည်။

ဆုံးဖြတ်ချက်ခိုင်မာသော အာခီမီပညာရှင်များကသာ ထိုအခွင့်အရေးကို ရနိုင်လိမ့်မည်။

မူဝမ်က တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။

‘စိတ်ကူးမယဉ်နိုင်တဲ့ အခွင့်အရေးတွေ ....’

လေထုထဲတွင် တိုက်ပွဲတစ်ခု၏ အလင်းတန်းများကို မြင်နိုင်သည်။

မူဝမ်က လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကို မြင်ခဲ့ရသည်။

All Chapters