← Chapters

အခန်း (၇၆၃)

Vol. 55 Ch. 763

အခန်း (၇၆၃)

Vol. 55 Ch. 763

ပြန့်ကျဲနေသော ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

‘ပုံရိပ်ယောင်က ဘာဖြစ်လို့ ရုတ်တရက် ပျောက်ကွယ်သွားတာလဲ’

“ဒီလို ပုံရိပ်ယောင်ဝင်္ကပါကြီးကို ထိန်းသိမ်းထားဖို့အတွက် စွမ်းအားတွေ အများကြီးလိုတယ်။ ငါတို့ ဒီနေရာကို ရောက်လာသည်အထိ တည်မြဲနေတာနဲ့တင် အရမ်းကောင်းနေပြီ”

အဖြူရောင်မုတ်ဆိတ်နှင့် တာအိုတန်ခိုးရှင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြောသည်။ သူက ယိုယွင်းနေသော စင်မြင့်ကို ကြည့်မိသည်။

သူက ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒီဓားက သော့ချက်ဖြစ်လိမ့်မယ်”

ဓား ....

ရှေ့တွင်ရှိနေသော စင်မြင့်သည် တစ်ဝက်သာကျန်တော့သည်။

သို့သော် သံချေးတက်နေသော ဓားတစ်လက်သည် စင်မြင့်ပေါ်တွင် ခိုင်မာစွာရှိနေသည်။

လူတစ်ယောက်က ပျံသန်းသွားသည်။

“ဟမ့်”

လူတစ်ယောက်က နှာမှုတ်လိုက်ပြီး ဓားဖြင့် ခုတ်ချသည်။

“ထွက်သွားစမ်း”

လူတစ်ယောက်က ခြေတစ်လှမ်းတိုးလိုက်ပြီး လျင်မြန်စွာလှုပ်ရှားသည်။

“သေစမ်း”

ဓားရှည်သည် ပေတစ်ရာရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်သည်။

ချက်ချင်းဆိုသလိုပင် တိုက်ပွဲသည် အပြင်းထန်ဆုံးအခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။

ကျဆုံးသွားသော လူများ၏ သွေးချီ၊ ချီစွမ်းအင်၊ ဝိညာဉ်စွမ်းအင်၊ ဝိညာဉ်သူငယ်နှင့် မူလဝိညာဉ်များသည် ထွက်ပေါ်လာကြသည်။ မန္တန်နှင့် ဓားနည်းစနစ်များသည် ကျယ်လောင်စွာအသံပေး၍ ထိတွေ့သွားကြသည်။

ရင်ပြင်တွင် ရုတ်တရက်ပေါ်ထွက်လာသော ချီစွမ်းအင်အလင်းသည် အသက်မဲ့နေသောကြယ်ကို အရောင်စုံသွားစေသည်။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးချနိုင်လျှင် ထိုတိုက်ပွဲသည် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးကို ပျက်စီးသွားစေလိမ့်မည်။

ကျောက်ယွီနှင့် ဓားစံအိမ်မှတပည့်များ၏ မျက်နှာထားသည် ပြောင်းလဲသွားကြသည်။ သို့သော် အဆုံးတွင် သူတို့က မလှုပ်ရှားဘဲ ဟန်မူယဲ့၏ဘေးတွင် ရှိနေခဲ့ကြသည်။

ထိုဓားသည် ကောင်းမွန်သောရတနာတစ်ခု ဖြစ်နိုင်သော်လည်း ဖရိုဖရဲဖြစ်နေသော တိုက်ပွဲအတွင်း၌ ရယူရန် မလွယ်ကူပေ။

သူတို့က ဓားစံအိမ်၏ တပည့်များ ဖြစ်နေကြသော်လည်း ဓားကို ထိုလူများ၏လက်ထဲမှ လုယူရန် မဖြစ်နိုင်ပေ။

ထို့အပြင် ယခုအချိန်တွင် သူတို့၏ အရေးအကြီးဆုံးတာဝန်သည် အသုံးဝင်မည်ဟု မသေချာသော ဓားကို လုယူရန် မဟုတ်ဘဲ ဟန်မူယဲ့နှင့်မူဝမ်ကို ကာကွယ်ပေးရန် ဖြစ်သည်။

“အစ်ကိုဟန်၊ အဲဒီဓားက အသုံးဝင်လား”

မူဝမ်က မနေနိုင်တော့ပဲ နှမြောနေသောမျက်နှာထားဖြင့် မေးသည်။

“အသုံးဝင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူ့စကားကြောင့် ဓားစံအိမ်၏ တပည့်များက လက်သီးဆုပ်ထားလိုက်ကြသည်။

“အဲဒီဓားက ဒီနေရာမှာ နှစ်တစ်သောင်းကြာအောင် ရှိနေပြီး ကျွမ်းကျင်သူတွေရဲ့ သွေးနဲ့ဝိညာဉ်ကို ဆွဲယူနေတယ်။ အဲဒါက အသုံးမဝင်ဘူးလို့ ထင်လား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

သွေးနှင့်ဝိညာဉ်ကို ဆွဲယူသည်။

ကျောက်ယွီက ကြောင်အသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဝီ”

ထိုအချိန်တွင် ဓားရှည်က ညင်သာစွာတုန်ခါသွားပြီး သွေးအလင်းသည် စင်မြင့်နှင့်အနီးဆုံး ကျွမ်းကျင်သူတချို့ကို ဆွဲယူလိုက်သည်။

သွေးအလင်း ပျောက်ကွယ်သွားသောအခါ ထိုလူများသည်လည်း ပျောက်ကွယ်သွားကြသည်။

“လျှို့ဝှက်နယ်မြေပဲ”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးဝင်သွားသည်။

တခြားလူများကလည်း လက်နှေးမနေကြပေ။

ရင်ပြင်ပေါ်တွင် ဟန်မူယဲ့နှင့် သတိကြီးသော ကျွမ်းကျင်သူတချို့သာ ကျန်ရစ်ခဲ့ကြသည်။

အသက်တစ်ရာရှူကြိမ်အတွင်း၌ ရင်ပြင်သည် ဗလာဖြစ်သွားသည်။

ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူတစ်ထောင်ခန့်သည် စင်မြင့်တွင် ပျောက်ကွယ်သွားကြသည်။

“ရောင်းရင်းကျင့်ကြံသူတို့ ဒီစင်မြင့်က အကြီးအကဲဓားကျင့်ကြံသူ ဉာဏ်အလင်းရခဲ့တဲ့နေရာကို ဦးတည်သွားတာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့ မသွားကြတာလဲ”

အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက ကျောက်ယွီတို့ကို ကြည့်လိုက်ပြီး ပြောသည်။

ကျောက်ယွီတို့က မတုံ့ပြန်ဘဲ ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က သွေးနှင့်ဝိညာဉ်၏အကြောင်းကို မပြောခဲ့လျှင် သူတို့က ပြေးဝင်သွားပြီးသား ဖြစ်နေကြလိမ့်မည်။

“သူတို့က ခရုခွံထဲကို တိုးဝင်သွားကြတယ်။ အသက်ရှင်လျက် ပြန်ထွက်လာချင်တယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး”

ဟန်မူယဲ့က လေးနက်သောအကြည့်ဖြင့် ခေါင်းခါလျက် ပြောသည်။

သူက တစ်ဖက်သို့လှည့်ပြီး ရင်ပြင်၏အပြင်ဘက်သို့ လျှောက်သွားသည်။

“သွားကြစို့။ အကြီးအကဲတစ်ယောက်ရဲ့ လျှို့ဝှက်နယ်မြေဆိုတာက ဟန်ပြသက်သက်ပဲ။ ဒီမှာ ထောင်ချောက်တစ်ခုပဲ ရှိတယ်”

ဟန်မူယဲ့က မူဝမ်၏လက်ကို ကိုင်ထားပြီး မြို့အပြင်ဘက်သို့ ဦးတည်လိုက်သည်။

“ဝီ”

သူက လှည့်ထွက်သွားသောအခါတွင် ဓားရှည်က တုန်ခါသွားပြီး တစ်ခုခုကို ပြောပြနေပုံပေါ်သည်။

ကျောက်ယွီနှင့် ဓားစံအိမ်၏ တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုတ်သည်။

အဝေးတစ်နေရာတွင် ရှိနေသော ကျင့်ကြံသူများက တုံ့ဆိုင်းနေကြသည်။

ဓားကျင့်ကြံသူတစ်ယောက်သည် အံတင်းတင်းကြိတ်ထားပြီး ဓားရှည်ကိုဆွဲထုတ်၍ စင်မြင့်ဆီသို့ ပြေးဝင်သွားသည်။ သူက သံချေးတက်နေသောဓားကို ခုတ်ချသည်။

“ဘုန်း”

နားအူလောက်သောအသံကို ကြားရသည်။

ဓားရှည်သည် တုန်ခါနေပြီး အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ် ပြောင်းသွားသည်။

အဆုံးမရှိသော အနက်ရောင်မြူခိုးများသည် မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။

အနက်ရောင်မြူလှိုင်းများကြားတွင် ပေဆယ်ချီရှည်လျားသော မရေမတွက်နိုင်သည့် အနက်ရောင်ပိုးကောင်များကို မြင်နေရသည်။ ထိုပိုးကောင်များက ဟန်မူယဲ့နှင့် တခြားကျင့်ကြံသူများဆီသို့ တိုးဝင်လာကြသည်။

ယခုအချိန်တွင် ဟန်မူယဲ့မှလွဲ၍ တခြားလူများ၏ မျက်နှာထားသည် ပြောင်းလဲသွားကြသည်။

ပိုးကောင်များသည် မရေမတွက်နိုင်အောင် များပြားသည်။

အနက်ရောင်မြူခိုးများသည် ဆက်လက်ပြန့်ပွားလာပြီး လူတိုင်းက အားနည်းသည်ဟု ခံစားလိုက်ရသည်။ ပိုးကောင်များက သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့်ပုံပေါ်သည်။

ဟန်မူယဲ့က မူဝမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး မူဝမ်ကို အနည်းငယ် စိတ်သက်သာသွားစေသည်။

“ညီမမူ၊ ပုံပြင်တစ်ပုဒ် ပြောပြရမလား”

“ရှေးခေတ်အချိန်တုန်းက လယ်ခင်းမှာ နေ့တိုင်းအလုပ်လုပ်တဲ့ လယ်သမားတစ်ယောက် ရှိခဲ့တယ်တဲ့”

“သူက ခရုတစ်ကောင်ကို ရေစည်ထဲမှာ ထည့်တားလိုက်တဲ့ အချိန်ကစပြီး လယ်ခင်းကနေ ပြန်လာတဲ့အချိန်မှာ အစားအသောက်တွေက ချက်ပြုတ်ပြီးသား၊ အိမ်က သန့်ရှင်းရေးလုပ်ပြီးသား ဖြစ်နေခဲ့တယ်”

“လူငယ်က အဲဒီအကြောင်းကို သိချင်နေခဲ့တယ်။ အဲဒါကြောင့် တခြားလူတွေကို ပြောပြခဲ့ပေမဲ့ အကြောင်းပြချက်ကို ရှာလို့မရဘူး”

“ညီမမူ၊ ဘာဖြစ်နေတာလဲ ခန့်မှန်းကြည့်လို့ရမလား”

မူဝမ်က စိုးရိမ်နေသော်လည်း ဟန်မူယဲ့၏စကားကို အာရုံစိုက်၍ နားထောင်ထားသည်။ သူမက ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် လျင်မြန်စွာပြောသည်။

“ခရုက အားကောင်းတဲ့မိစ္ဆာတစ်ကောင်ဖြစ်ပြီး အိမ်မှုကိစ္စတွေကို လုပ်ပေးနေတယ်လို့ ပြောချင်တာလား”

“အဲဒီ‌တော့ ခရုမိစ္ဆာက လူကောင်းလို့ ထင်နေတာလား”

ဟန်မူယဲ့၏နောက်တွင်ရှိသော ကျောက်ယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အကူအညီမဲ့စွာ ခေါင်းခါကြသည်။

သခင်လေးဟန်သည် ယခုလိုအချိန်မျိုးတွင် တာအိုလက်တွဲဖော်ကို ပုံပြင်ပြောပြနေသည်။

ထိုပုံပြင်က ပြေးဝင်လာ‌သော ပိုးကောင်များကို မည်သို့ တားဆီးနိုင်မည်နည်း။

ကျောက်ယွီတို့က ဓားကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ပြေးဝင်သွားကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က ဆက်ပြောနေသည်။

“ညီမမူ၊ အစ်ကိုဟန်ပြောပြမယ်”

“လူငယ်လယ်သမားက ခရုကို ရေစည်ထဲ ထည့်လိုက်တဲ့အချိန်မှာ သေသွားခဲ့ပြီ”

“ခရုက လူငယ်ရဲ့ ဝိညာဉ်ကို စားသုံးပြီး ဝိညာဉ်ကို ထိန်းချုပ်ထားခဲ့တယ်။ အိမ်မှုကိစ္စတွေအားလုံးကို လူငယ်က ကိုယ်တိုင်လုပ်ခဲ့ပေမဲ့ မမှတ်မိတော့ဘူး”

“သူက ဝိညာဉ်တွေကို ပိုပြီး စားသုံးချင်တာကြောင့် တခြားလူတွေကို ပြောပြခဲ့တာပဲ”

“အဲဒီလိုမျိုးပဲ ဒီကြယ်က အပြည့်အဝ ဝါးမြိုခံထားရတယ်”

ကြယ်တစ်စင်းလုံးကို ဝါးမြိုထားသည်။

ဟန်မူယဲ့၏အသံကြောင့် လူတိုင်းက နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

ပိုးကောင်များသည် လျှို့ဝှက်ချက်ပေါ်သွားသည့်အတိုင်း ဒေါသတကြီး မြည်သံပေးလိုက်ကြသည်။

ပိုးကောင်များ၏အော်သံကြောင့် ကျင့်ကြံသူနှစ်ဦးသည် တစ်ကိုယ်လုံးတုန်ခါပြီး ပေါက်ကွဲသွားကြသည်။

ကျောက်ယွီနှင့် ဓားစံအိမ်မှတပည့်များ၏ မျက်နှာထားသည် လေးနက်နေကြသည်။ သူတို့က ဓားအလင်းကို အလင်းလွှာတစ်ခုအဖြစ် ပြောင်းလိုက်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ထားကြသည်။

သာမန်မျက်လုံးဖြင့် မြင်နိုင်ရုံသာရှိသော လှိုင်းတွန့်လေးများသည် အရိုးခေါင်းပုံစံနှင့်အတူ အလင်းလွှာတွင် ဖြစ်ပေါ်လာကြသည်။

ထိုအရာသည် ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သည်။ အလင်းလွှာ၏ အတားအဆီးကြောင့်သာ မဟုတ်လျှင် ထိုအရိုးခေါင်းများသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး ဝိညာဉ်ကို ကိုက်ဖြဲကြလိမ့်မည်။

အလင်းလွှာသည် ဝိညာဉ်တိုက်ခိုက်မှုကို တားဆီးနိုင်သော်လည်း စွမ်းအင်ကုန်ဆုံးသည်။ ကျောက်ယွီတို့က အဆုံးမရှိသော ပိုးကောင်များကို ကြည့်လိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။

တခြားကျင့်ကြံသူများသည် ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း ပိုမိုထိတ်လန့်နေကြသည်။

ကျင့်ကြံသူအများစုသည် ပြိုလဲလုနီးပါး ဖြစ်နေကြသည်။

“ဝီ”

အစိမ်းရောင်ချီစွမ်းအင်အလင်းသည် မူဝမ်၏ကိုယ်ပေါ်တွင် လှည့်ပတ်နေသည်။

ထိုအလင်းသည် အရိုးခေါင်းများအားလုံးကို ဝါးမြိုပစ်လိုက်သည်။ ထို့နောက် အစိမ်းရောင်အလင်းသည် ပိုမိုသွက်လက်လာသည်။

ဟန်မူယဲ့၏ မျက်လုံးက တောက်ပသွားသည်။

မူဝမ်က အံ့အားသင့်နေသည်။

“အစ်ကိုဟန်၊ မြက်ရိတ်တံက အဲဒီဝိညာဉ်တွေကို တကယ်ကြိုက်တဲ့ပုံပဲ”

အစိမ်းရောင်ချီစွမ်းအင်အလင်းသည် မြက်ရိတ်တံပင် ဖြစ်သည်။

မြက်ရိတ်တံသည် လိုချင်သောဆန္ဒကို ဖော်ပြခဲ့သည်။

“ဒါက မြက်ရိတ်တံအတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

မူဝမ်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။ သူမက အစိမ်းရောင်အလင်းတစ်ခုကို တောက်ထုတ်ပြီး ပေတစ်ရာကျယ်ဝန်းသော အလင်းစက်ဝန်းတစ်ခုကို ဖြစ်လာစေသည်။

ပေတစ်ရာပတ်ဝန်းကျင်သည် ချက်ချင်းရှင်းလင်းသွားခဲ့သည်။

ပိုးကောင်များက ကြောက်ရွံ့စွာ အသံပြုလိုက်ကြသည်။

“ဝီ”

အလင်းစက်ကွင်းသည် ဆက်တိုက်ကျယ်ပြန့်နေပြီး အရောင်ပိုရင့်လာသည်။ အလင်းစက်ကွင်း၏ အပြင်ဘက်တွင် အစိမ်းရောင်သစ်ရွက်များပင် ပေါ်လာကြသည်။

မြက်ရိတ်တံ ....

ထိုအစိမ်းရောင်အလင်းသည် မြက်ရိတ်တံဖြစ်သည်။

အလင်းစက်ကွင်းသည် ပေတစ်ရာမှ ပေတစ်သောင်းအထိ ကျယ်ပြန့်သွားသည်။

အလင်းစက်ကွင်းထဲတွင်ရှိသော ပိုးကောင်များသည် ရုန်းကန်နေသော်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။

ထိုအချိန်တွင် အလင်းစက်ကွင်းသည် မီးခိုးရောင်အမျှင်တန်းများကို စုပ်ယူနေသည်။

ထိုအမျှင်တန်းများသည် ဝိညာဉ်စွမ်းအား ဖြစ်သည်။

မြက်ရိတ်တံသည် ဝိညာဉ်စွမ်းအားကို စုဆောင်း၍ လျင်မြန်စွာပြန်ကောင်းလာသည်။

မြက်ရိတ်တံက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖွင့်လှစ်ရန်အတွက် စွမ်းအားများ ကုန်ဆုံးသွားခဲ့သည်။

ယခုအချိန်တွင် ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ပြန်လည်အားဖြည့်နေသည်။

အလင်းစက်ကွင်းက စင်မြင့်ကို လွှမ်းခြုံသွားသောအခါတွင် စင်မြင့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

“ဘုန်း”

ကျောက်စိမ်းဖြူရောင် ခရုခွံတစ်ခုသည် ပေါ်ထွက်လာပြီး အလွန်မြင့်မားသော ပုံရိပ်တစ်ခုကို ဖန်တီးသည်။

ထိုပုံရိပ်ကို အလင်းစက်ကွင်းက ချက်ချင်းလွှမ်းခြုံလိုက်သည်။

ကျောက်စိမ်းခရုခွံသည် တုန်ခါသွားပြီး အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်သည်။

ထိုအလင်းတန်းများသည် အလင်းစက်ကွင်းကို ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။

မြက်ရိတ်တံကို ထိန်းချုပ်နေသော မူဝမ်၏မျက်နှာက ဖြူဖျော့သွားသည်။

All Chapters