← Chapters

အခန်း (၇၆၄)

Vol. 55 Ch. 764

အခန်း (၇၆၄)

Vol. 55 Ch. 764

ဟန်မူယဲ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး နောက်ကျောတွင်ရှိသော ဓားအိမ်ထဲမှ ထောင်ချီနေသောဓားရှည်များကို ထုတ်လွှတ်လိုက်သည်။

“ခလွမ် ....”

ဓားအလင်းသည် အနက်ရောင်အလင်းစီးကြောင်းများကို ဖျက်ဆီးပစ်လိုက်သည်။

ဓားချက်ကြောင့် အလင်းစီးကြောင်းများအားလုံးသည် တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။

“အထင်ကြီးစရာပဲ ....”

ကျောက်ယွီက ဓားများကို ကြည့်နေပြီး ရေရွတ်လိုက်သည်။

ဓားစံအိမ်၏ တပည့်များနှင့် တခြားကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

ထိုအနက်ရောင်အလင်းစီးကြောင်းများ တစ်ခုချင်းစီသည် ဝိညာဉ်ကိုယ်ခွဲအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ဟန်မူယဲ့၏ ဓားအလင်းတိုင်းသည် ဝိညာဉ်ကိုယ်ခွဲအဆင့် စွမ်းအားကို ဖျက်ဆီးနိုင်ကြသည်။

“ဟူး ....”

ကျောက်စိမ်းခရုခွံသည် တုန်ခါသွားပြီး ပြင်းထန်စွာဟိန်းဟောက်သည်။

ထို့နောက် ပုံရိပ်ယောင်တစ်ခုကို ထုတ်ဖော်သည်။

ထိုပုံရိပ်သည် ကျောက်စိမ်းဖြူဝတ်စုံနှင့် စင်မြင့်ထက်တွင်ရှိနေခဲ့သော တာအိုတန်ခိုးရှင် ဖြစ်သည်။

သို့သော် သူ၏ပုံစံသည် ဓားသမားတစ်ယောက်၏ တည်ငြိမ်အေးဆေးမှုမျိုး မရှိဘဲ ရက်စက်မှုများဖြင့် ပြည့်နေသည်။

သူက ဓားကိုင်ထားပြီး ဟန်မူယဲ့နှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည်။

ဓားရှည်သည် အလင်းစီးကြောင်းကို သယ်ဆောင်ထားပြီး စင်မြင့်ထက်တွင် သရုပ်ပြနေသည့်အတိုင်း လှုပ်ရှားလိုက်သည်။

သို့သော် ထိုဓားအလင်းသည် ခမ်းနားသောဓားဆန္ဒကို ထုတ်ဖော်ပြီး ပတ်ဝန်းကျင်တွင်ရှိသော အလင်းရောင်များကို လှုပ်ရှားသွားစေသည်။

ကျောက်ယွီက လှုပ်ရှားလိုက်ပြီး ထိုပုံရိပ်၏ရှေ့သို့ ရောက်လာသည်။

ဓားစံအိမ်၏ တပည့်များက နီးကပ်စွာလိုက်လာပြီး ဓားထုတ်လိုက်ကြသည်။

“ခလွမ် ....”

ဓားရှည်နှစ်လက်သည် ထိတွေ့သွားပြီး ကျောက်ယွီက လွင့်စင်သွားသည်။

“ဂရုစိုက်”

“အဲဒီဓားနည်းစနစ်က ....”

ကျောက်ယွီက အော်ဟစ်လိုက်သောအချိန်တွင် ဓားစံအိမ်၏ တပည့်များက လွင့်ထွက်လာကြသည်။

အဝေးတစ်နေရာတွင်ရှိနေသော ကျင့်ကြံသူများက ဝင်မပါချင်သောကြောင့် ထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။

အဖြူရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ဓားစံအိမ်၏ တပည့်များကို ဖိနှိပ်လိုက်ပြီး ဟန်မူယဲ့ကို ဓားဖြင့် ညွှန်ပြသည်။

“ဒါပဲလား”

ဟန်မူယဲ့က ခေါင်းခါသည်။

“အ‌ပေါ်ယံပါပဲ”

“ဝိညာဉ်ကို ဝါးမြိုတာက နားလည်နိုင်စွမ်းကို ဝါးမြိုနိုင်တာ မဟုတ်ဘူးလေ”

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။ သူ၏ ဓားအလင်းသည် စင်မြင့်ထက်တွင်ရှိနေခဲ့သော တာအိုတန်ခိုးရှင်၏ ဓားအလင်းနှင့် ထပ်တူညီနေသည်။

ထိုအရာသည် ဓားဘုရင်ယွီလု၏ ဓားနည်းစနစ် ဖြစ်သည်။

ထိုအရာသည် လူတိုင်းရှာဖွေနေသော အမွေအနှစ် ဖြစ်သည်။

ဟန်မူယဲ့က ထိုအမွေအနှစ်ကို တစ်နည်းနည်းဖြင့် ရရှိခဲ့သည်။

“ခလွမ် ....”

ဓားအလင်းနှစ်ခုသည် ထိတွေ့သွားပြီး တာအိုတန်ခိုးရှင်၏ ဓားသည် ချက်ချင်းပျက်စီးသွားသည်။ သူက နောက်သို့ ဆုတ်ပေးလိုက်ရသည်။

သို့သော် တာအိုတန်ခိုးရှင်က ပြုံးနေသည်။

“ဟားဟား၊ မဆိုးဘူး။ မဆိုးဘူး”

‘ဘာက မဆိုးတာလဲ’

ကျောက်ယွီနှင့် တခြားလူများက ပျောက်ကွယ်သွားသော တာအိုတန်ခိုးရှင်၏ပုံရိပ်ကို ကြည့်နေကြသည်။

လူတစ်ယောက်က ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။

‘သူက အဲဒီဓားနည်းစနစ်ကို အခုလေးတင် နားလည်လိုက်တာလား’

‘ပုံရိပ်ယောင်ထဲမှာရှိနေတဲ့ ဓားနည်းစနစ်ကို တစ်ခါပဲကြည့်ပြီး နားလည်သွားတဲ့လူက ကမ္ဘာပေါ်မှာ ရှိနေသေးတာလား’

ဟန်မူယဲ့၏ နားလည်နိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ပျောက်ကွယ်သွားသော တာအိုတန်ခိုးရှင်ကို ဦးညွတ်လိုက်သည်။

ရှေးခေတ်၏ မဟာဓားကျင့်ကြံသူတစ်ဦးကို နောက်ဆုံးအကြိမ်အဖြစ် အရိုအသေပေးလိုက်သည်။

“ဝီ”

သူက လက်ထဲတွင်ရှိသောဓားကို လှုပ်ရှားလိုက်သောအခါတွင် ခရုခွံ၏ ပတ်ဝန်းကျင်တွင်ရှိနေသော ဓားအလင်းများအားလုံးသည် ခရုခွံကို တိုက်ခိုက်လိုက်ကြသည်။

ခရုခွံက တုန်ခါနေပြီး ပြိုကွဲသွားသည်။

မရေမတွက်နိုင်သော ပုံရိပ်များသည် နေရာအနှံ့တွင် ပြန့်ကျဲနေသည်။ မြက်ရိတ်တံ၏ အလင်းစက်ကွင်းသည် ထိုပုံရိပ်များအားလုံးကို စုပ်ယူလိုက်သည်။

မြက်ရိတ်တံက လျင်မြန်စွာကြီးထွားလာပြီး ပေတစ်သောင်းရှည်လျားသော သစ်ကိုင်းတစ်ခုအဖြစ် ပြောင်းသွားသည်။

သစ်ကိုင်းသည် အသက်ဝင်နေပြီး အစိမ်းရောင်သစ်ရွက်များသည် တဖျပ်ဖျပ်လွင့်နေကြသည်။

သစ်ကိုင်းပေါ်လာသောအချိန်တွင် မူဝမ်၏ မျက်လုံးများက အစိမ်းရောင်တောက်လာပြီး သူမ သစ်ကိုင်းနှင့်တူညီသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဟန်မူယဲ့က သူမကို ကြည့်လိုက်သော်လည်း ထိုအငွေ့အသက်၏ အရင်းအမြစ်ကို အာရုံမခံနိုင်ပေ။

ကောင်းကင်သစ်ပင်၏ သစ်ကိုင်းသည် ချီစွမ်းအင်အလင်းဖြင့် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

မီးခိုးရောင်ပိုးကောင်များသည် တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားကြသည်။

ဝတ်ရုံရှည်နှင့် ကျင့်ကြံသူများ၊ သာမန်အဝတ်အစားနှင့် လူသားများ၊ အမျိုးမျိုးသော သားရဲများသည် သစ်ကိုင်းကို ဦးညွတ်၍ လွင့်ပြယ်သွားကြည်။

ကျောက်စိမ်းခရုက သူတို့၏ဝိညာဉ်ကို ဝါးမြို၍ ထိန်းချုပ်ထားခဲ့သည်။

သူတို့က အတိတ်တွင် သေဆုံးသွားခဲ့ကြသော်လည်း ကျောက်စိမ်းခရု၏ ထိန်းချုပ်မှုကြောင့် မလွတ်မြောက်နိုင်ဘဲ ဖြစ်နေခဲ့သည်။

ယခုအချိန်တွင် သူတို့သည် အမှန်တကယ် လွတ်မြောက်သွားသည်ဟု ပြောနိုင်သည်။

“အစ်ကိုဟန်၊ သူတို့က ပြန်လာနိုင်ကြမှာလား”

မူဝမ်က ပျောက်ကွယ်သွားသော ဝိညာဉ်များကို ကြည့်လိုက်ပြီး အချိန်နောက်ပြန်ရစ်ထားသော မြင်ကွင်း ပျောက်ကွယ်သွားသောအခါတွင် ဖြစ်ပေါ်လာသည့် ဝမ်းနည်းမှုကို နားလည်လိုက်သည်။

သက်ရှိများ ကွယ်လွန်ခြင်းသည် ကရုဏာသက်ဖွယ်ကောင်းသော တေးသံကို သယ်ဆောင်ထားသည်။

“သူတို့က ပြန်လာကြမှာပါ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

အဆုံးမဲ့နတ်ဘုရားဘုရင်၏ လွတ်မြောက်ခြင်းလမ်းစဉ်သည် သူတို့၏ အိမ်ပြန်လမ်းဖြစ်သည်။

ထိုဝိညာဉ်များသည် အဆုံးမဲ့ပင်လယ်၏ငရဲကို ဖြတ်သန်းပြီး တခြားသက်ရှိပုံစံဖြင့် ပြန်လည်မွေးဖွားလာကြလိမ့်မည်။

ထိုအရာသည် အဆုံးမဲ့နတ်ဘုရားဘုရင်၏ လွတ်မြောက်ခြင်းလမ်းစဉ် ဖြစ်သည်။

ဟန်မူယဲ့က ပျောက်ကွယ်သွားသော ဝိညာဉ်များကို ကြည့်လိုက်ပြီး ပိုမိုနားလည်လာသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က ထိုလမ်းစဉ်ကို မှီခို၍ အဆင့်တက်နိုင်သည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။

ထိုလမ်းစဉ်သည် အချိန်နှင့်တည်နေရာကို ကျော်လွှားပြီး အတိတ်နှင့်အနာဂတ်ကို ဆက်သွယ်ပေးထားသည်။

ယခုအချိန်တွင် ဟန်မူယဲ့က အားကျမှုတချို့ကို ခံစားရသည်။

သို့သော် ဤလောကတွင် အဆုံးမဲ့ပင်လယ်အား အုပ်ချုပ်သော အဆုံးမဲ့နတ်ဘုရားဘုရင်သာလျှင် ထိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်သည်။

ထို့အပြင် အဆုံးမဲ့နတ်ဘုရားဘုရင်က လွတ်မြောက်ခြင်းလမ်းစဉ်အတွက် အင်မော်တယ်ကမ္ဘာသို့ မသွားဘဲ နေရစ်ခဲ့သည်။

“ငါ .... ငါက အသက်ရှင်နေသေးတာပဲ ....”

“ဘုရားရေ၊ ငရဲပဲ။ ဒီလျှို့ဝှက်နယ်မြေက ငရဲတစ်ခုပဲ”

ရာချီနေသော ပုံရိပ်များသည် တစ်ကိုယ်လုံးတုန်ခါနေပြီး ဖြူဖျော့နေသော မျက်နှာများဖြင့် ပြန်ပေါ်လာကြသည်။

လူအများစုသည် စိတ်ထိခိုက်သွားပြီး နေရာတွင်ရပ်၍ တီးတိုးရေရွတ်နေကြသည်။

သူတို့က စင်မြင့်မှတစ်ဆင့် ကျောက်စိမ်းခရုထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ပြန်ထွက်လာသည်အထိ ဆယ်ငါးမိနစ်ခန့်သာ ကြာသေးသည်။

ရတနာများကို ရှာဖွေရမည်ဖြစ်သော လျှို့ဝှက်နယ်မြေသည် ပြင်းထန်သော ထိခိုက်မှုဖြင့် အဆုံးသတ်သွားသည်။

ဤအရာသည် လျှို့ဝှက်နယ်မြေမဟုတ်ဘဲ သေခြင်းထောင်ချောက်တစ်ခုသာ ဖြစ်သည်။

“ဘုန်း”

ကောင်းကင်သစ်ပင်၏ သစ်ကိုင်းသည် ပေတစ်ထောင်အထိ မြင့်မားသွားပြီး ဆက်လက်ကြီးထွားနေသည်။ ထိုသစ်ကိုင်းက ကောင်းကင်အား လွှမ်းမိုးနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။

သစ်ကိုင်း၏စွမ်းအားသည် လျင်မြန်စွာတိုးတက်လာသည်။

ယခုအချိန်တွင် သစ်ကိုင်းသည် ယခင်စွမ်းအားကို ကျော်လွန်သွားပြီဖြစ်သည်။

ဟန်မူယဲ့က ငေးမောနေသော မူဝမ်ကို ကြည့်သည်။

သူမက ထူးခြားဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူမ၏ နဖူးတွင် အနီရောင်ပန်းတစ်ပွင့်ကို ရေးရေးလေး မြင်နိုင်သည်။

“ညီမမူ”

ဟန်မူယဲ့က ခေါ်လိုက်သည်။

“အာ၊ အစ်ကိုဟန်”

မူဝမ်က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။

“မြက်ရိတ်တံက မှတ်ဉာဏ်တချို့ လက်ဆင့်ကမ်းပေးခဲ့တယ်။ ကျင့်ကြံခြင်းနည်းစနစ်တချို့ ရှိနေတယ်”

အံ့အားသင့်နေရန် မလိုတော့ပေ။

ထိုအရာသည် မူဝမ်၏ အခွင့်အရေး ဖြစ်သည်။

ဟန်မူယဲ့က မူဝမ်၏ မျက်လုံးထဲတွင်ရှိသော တုံ့ဆိုင်းမှုနှင့် ရှုပ်ထွေးမှုတချို့ကို အာရုံခံမိသည်။

“ဝီ”

ပေတစ်ထောင်အထိ မြင့်မားသွားသော ကောင်းကင်သစ်ပင်၏ သစ်ကိုင်းသည် ကြီးထွားမှုရပ်တန့်သွားပြီး ကြွေကျလာသော သစ်ရွက်များသည် ကြယ်တစ်စင်းလုံးကို လွှမ်းခြုံလိုက်သည်။

သစ်ကိုင်းနှင့်သစ်ရွက်များ ပျောက်ကွယ်သွားသောအခါတွင် ကြယ်သည် အသက်စွမ်းအားတချို့ကို ပြန်ရလာသည်။

“ကြယ်နှလုံးသားက အသက်ရှင်နေတုန်းပဲ။ ပြန်လည်ကောင်းမွန်လာနိုင်တယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

မူဝမ်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။ နှစ်ပေရှည်လျားသော သစ်သားတုတ်သည် သူမ၏လက်ထဲသို့ ပြန်ကျလာသည်။

ထိုအရာသည် မြက်ရိတ်တံ၏ ပုံစံအမှန် ဖြစ်သည်။

ရိုးရှင်းသော သစ်ကိုင်းတစ်ကိုင်းပင် ဖြစ်သည်။

“အစ်ကိုဟန်၊ ဒီကမ္ဘာတွေမှာ ဝိညာဉ်ရှိတယ်လို့ ထင်လား”

“ဝိညာဉ်ရှိရင် သူတို့က ဘာတွေကို တွေးနေမှာလဲ”

မူဝမ်က မြက်ရိတ်တံကို ကိုင်ထားပြီး ညင်သာစွာမေးသည်။

‘ကမ္ဘာရဲ့ ဝိညာဉ်လား’

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကမ္ဘာတစ်ခုရဲ့ ဝိညာဉ်က ကောင်းကင်တာအို ဖြစ်မှာပေါ့”

“ကောင်းကင်တာအိုရဲ့အတွေးကို အဆင့်တူတဲ့လူတွေကပဲ နားလည်နိုင်ကြလိမ့်မယ်”

ကောင်းကင်တာအိုနှင့် ဝိညာဉ်သည် သိပ်မတူပေ။

သို့သော် ဤကမ္ဘာသည် ကိုယ်ပိုင်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။

သို့သော် ဟန်မူယဲ့က ကိုယ်ပိုင်ကျင့်ကြံဆင့်သည် ထိုအဆင့်သို့ ရောက်နေသည်ဟု မသေချာသေးပေ။

ကြယ်တစ်စင်းလုံးသည် တိတ်ဆိတ်နေပြီး ထိန်းသိမ်းထားသော အသက်စွမ်းအားတချို့ကသာ ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်။

ဟန်မူယဲ့က လက်ဝါးဖြန့်ပြီး ကျောက်စိမ်းခရုခွံကို ကြည့်သည်။

ဓားရှည်နှင့် ဝိညာဉ်သတ္တုများသည် ဖျတ်ခနဲပေါ်လာကြသည်။

ထိုပစ္စည်းများသည် ကျောက်စိမ်းခရု ဝါးမြိုခဲ့သော ကျင့်ကြံသူများ၏ ပစ္စည်းများပင် ဖြစ်ကြသည်။

“ညီအစ်ကိုကျောက်၊ ဒီပစ္စည်းတွေကို ခွဲယူလိုက်ကြလေ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ဓားရှည်နှင့် ဝိညာဉ်သတ္တုများကို ကျောက်ယွီတို့ဆီသို့ တွန်းပို့လိုက်သည်။

ဟန်မူယဲ့က ထိုပစ္စည်းများကို တစ်ဦးတည်း ရရှိထားသော်လည်း ကျောက်ယွီတို့နှင့် ခွဲဝေရန် ဆန္ဒရှိသည်။

သူက ရတနာများကို မလိုအပ်ပေ။ ဤခရီးစဉ်တွင် သူနှင့်မူဝမ်က အကျိုးအမြတ် ရခဲ့သည်။

ကျောက်ယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လက်မြှောက်၍ ပစ္စည်းများကို သိမ်းယူသည်။

သူတို့က အချိန်ဆွဲမနေဘဲ ထွက်သွားကြသည်။

သူတို့နောက်မှ လိုက်လာသော ကျင့်ကြံသူအများစုသည် သေဆုံးမသွားလျှင် ဒဏ်ရာရနေကြသည်။ သူတို့က အကျိုးအမြတ်ကို နည်းနည်းလေးမှ မရခဲ့ကြပေ။

သို့သော် သူတို့က ညည်းညူမနေနိုင်ပေ။

သူတို့က ဟန်မူယဲ့၏ ကျေးဇူးကြောင့် ဆက်လက်ရှင်သန်နိုင်ခဲ့ကြသည်။

မဟုတ်လျှင် သူတို့က သေဆုံးသွားကြလိမ့်မည်။

All Chapters