← Chapters

အခန်း (၇၆၆)

Vol. 55 Ch. 766

အခန်း (၇၆၆)

Vol. 55 Ch. 766

ဓားစံအိမ်သည် ခေါင်းဆောင်မရှိတော့ပေ။ အကြီးအကဲများသည် အာဏာကို ထိန်းသိမ်းထားကြသည်။

အကြီးအကဲအသစ်တစ်ယောက်သည် အင်အားစုတစ်ခုကို ကိုယ်စားပြုသည်။

“ကျောက်ယွီ၊ မင်းက ဟန်မူယဲ့နဲ့ မဟာဓားကျင့်ကြံသူတစ်ယောက်ရဲ့ လျှို့ဝှက်နယ်မြေကို သွားပြီး ရှာဖွေခဲ့တယ်။ ဘယ်လိုနေလဲ။ မင်းက ဟန်မူယဲ့ရဲ့ လှုပ်ရှားမှုကို မြင်ခဲ့ရလား”

ခန်းဆောင်၏ဘေးမှ အသံထွက်လာသည်။

အနက်ရောင်ဝတ်စုံနှင့် ဘယ်ဘက် တစ်ဆင့်နိမ့်သောနေရာတွင် ထိုင်နေသည့် တန်မင်ထောင်က ကျောက်ယွီကို ကြည့်လိုက်သည်။

ထိုအကြောင်းပြချက်ကြောင့် ကျောက်ယွီကို ခန်းဆောင်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။

သူတို့က အမတ်ချုပ်ကြီးဟန်နှင့် ဆေးတောင်ကြား၏ ဟန်မူယဲ့ကို ကောင်းမွန်စွာ နားမလည်ကြပေ။

ဤတစ်ကြိမ်တွင် ကျောက်ယွီက ဟန်မူယဲ့ကို အဖော်ပြု၍ လျှို့ဝှက်နယ်မြေသို့ သွားခဲ့သည်။

ဤနေရာတွင် ရှိနေသော လူများထဲတွင် ကျောက်ယွီက ဟန်မူယဲ့၏ခွန်အားကို အကောင်းဆုံးသိထားသည်။

ခန်းဆောင်ထဲတွင် ရှိနေသော လူများသည် ကျောက်ယွီကို ကြည့်လိုက်ကြပြန်သည်။

ဖိအားများကြောင့် ကျောက်ယွီ၏မျက်နှာက ဖြူဖျော့သွားပြန်သည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ ပြောသည်။

“အကြီးအကဲတို့၊ ဟန်မူယဲ့ရဲ့ နားလည်နိုင်စွမ်းနဲ့ ဓားပညာရပ်က စိတ်မကူးနိုင်လောက်အောင်ပါပဲ”

သူက ကြယ်သေပေါ်တွင်ရှိနေသော ခရီးစဉ်ကို ပြန်ပြောပြလိုက်သည်။

ထိုအချိန်တွင် သူက နားမလည်နိုင်သောပုံစံဖြင့် ပြောသည်။

“ကျွန်တော်တို့က ကြယ်ပေါ်ကို ခြေချလိုက်တဲ့အချိန်မှာ ပျက်စီးနေတဲ့ကြယ်က စိမ်းလန်းနေတဲ့ကုန်းမြေအဖြစ် ပြောင်းလဲသွားတဲ့။ မြို့တွေနဲ့ လူတွေရဲ့ ပုံရိပ်ကိုလည်း မြင်လိုက်ရတယ်”

“အဲဒါကို လျှို့ဝှက်နယ်မြေရဲ့ အကြီးအကဲက ပုံရိပ်ယောင်ဝင်္ကပါတစ်ခုနဲ့ စီစဉ်ထားတယ်လို့ ထင်ခဲ့ကြတယ်”

“ဒါပေမဲ့ အဲဒါက အစ်ကိုဟန်ရဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိတယ်”

ကျောက်ယွီက တီးတိုးပြောသည်။

“အစ်ကိုဟန်က တာအိုလက်တွဲဖော်ဖြစ်တဲ့ နတ်မိမယ်မူကို ရှုခင်းတွေပြမယ်လို့ ပြောခဲ့တယ်”

လမ်းတစ်လျှောက်တွင် ဟန်မူယဲ့က လျှို့ဝှက်နယ်မြေ၏ စူးစမ်းရှာဖွေခြင်းကို အလေးအနက် မထားခဲ့ပေ။

ကြယ်သေပေါ်တွင်လည်း ရှုခင်း မရှိပေ။ ထို့ကြောင့် သူက ပုံရိပ်ယောင်ကို အသုံးပြု၍ ရှုခင်းတစ်ခု ဖန်တီးလိုက်ပုံရသည်။

ခန်းဆောင်ထဲတွင်ရှိသော အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က အချိန်စွမ်းအားကို နားလည်ထားတယ်”

ပိုင်ယွီမင်၏အသံက လေးနက်နေသည်။

အချိန်တာအို ....

‘အချိန်တာအိုလား။ ငါမြင်ခဲ့တဲ့ မြင်ကွင်းတွေက လွန်ခဲ့တဲ့ နှစ်တစ်‌သောင်းရဲ့ ခမ်းနားတဲ့မြင်ကွင်းတွေလား’

ဟန်မူယဲ့က ဓားဘုရင်ယွီလု၏ ဓားနည်းစနစ်ကို ပုံရိပ်ယောင်မှတစ်ဆင့် သင်ယူခဲ့သည်။

ဓားဘုရင်ယွီလုကပင် သူ့ကို ချီးကျူးခဲ့ရသည်။

ထို့အပြင် ကောင်းကင်ကို ထောက်ပံ့ပြီး ကြယ်ကို လွှမ်းမိုးခဲ့သော သစ်ကိုင်းတစ်ခုလည်း ရှိနေသည်။

“အမတ်ချုပ်ကြီးဟန်မှာ ထိပ်တန်းအဆင့် ရတနာတစ်ခု ရှိတယ်။ အဲဒီသစ်ကိုင်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို အသက်တစ်ရာရှူကြိမ်အထိ ဖွင့်ပေးခဲ့တယ်”

ပိုင်ယွီမင်က ကျောက်ယွီကို စိုက်ကြည့်လိုက်ပြီး လက်မြှောက်သည်။ ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်ထဲတွင် ဟန်မူယဲ့က ကောင်းကင်အထိ ရောက်နေသော သစ်ကိုင်းတစ်ခု၏ရှေ့တွင် ရှိနေသည်။ ဓားချီများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ထောင်ချီနေသော ဓားအလင်းများသည် လှုပ်ရှားနေကြသည်။

ကျောက်ယွီကလည်း လက်မြှောက်လိုက်သည်။ ယွီလုမြို့တွင် ဟန်မူယဲ့၏ ဓားတစ်သောင်းက လှုပ်ရှားနေကြသည်။

“ဒါက အမတ်ချုပ်ကြီးဟန်ပဲ”

“ဒါက အစ်ကိုဟန်ပဲ”

လူတစ်ယောက်၏ပုံစံကို အမျိုးမျိုးပြောင်းလဲနိုင်သော နည်းစနစ်များသည် လောကတွင် ရှိနေကြသည်။

လူတစ်ယောက်၏ပုံစံကိုသာ ကြည့်ရှု၍ အကဲဖြတ်လျှင် ကျင့်ကြံခြင်းလောကသည် အလွန်ရှုပ်ထွေးနေလိမ့်မည်။

ယခုအချိန်တွင် ကျောက်ယွီနှင့် ပိုင်ယွီမင်က ဟန်မူယဲ့၏ ခွန်အားနှင့် ပုံစံကို ဖော်ပြခဲ့ကြသည်။ ထိုမှသာ သူတို့နှစ်ယောက်က ဆေးတောင်ကြားတွင် ပေါ်လာသော ဟန်မူယဲ့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။

ပြိုင်ဘက်ကင်းပါရမီ၊ ထူးခြားသောနားလည်နိုင်စွမ်း၊ ပြိုင်ဘက်ကင်း ဓားစွမ်းရည် ....

ခန်းဆောင်ထဲတွင် လူတိုင်းက ပုံရိပ်နှစ်ခုကို ကြည့်ပြီး ဆွံ့အနေကြသည်။

“ဟန်မူယဲ့က တာအိုပြိုင်ပွဲပြီးသွားတဲ့အချိန်မှာ အထက်ဘုံကို ချက်ချင်းရောက်လာခဲ့တယ်”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ပုံရိပ်နှစ်ခုကို စိုက်ကြည့်နေပြီး တီးတိုးပြောသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အထက်ဘုံကို ဖိနှိပ်နိုင်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဟန်မူယဲ့နဲ့ ငါတို့ဓားစံအိမ်က မိတ်ဆွေတွေပဲ။ ရန်သူမဟုတ်ဘူး”

ထိပ်ဆုံးတွင်ထိုင်နေသော လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

ရှစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲချီယုသည် ဓားစံအိမ်၏ အစောင့်အရှောက်အကြီးအကဲဖြစ်ပြီး တာအိုဘိုးဘေးအဆင့်တွင် ရှိနေသည်။

ယခုအချိန်တွင် သူက ဓားစံအိမ်၏ အသန်မာဆုံးကျွမ်းကျင်သူ ဖြစ်ပြီး ဓားစံအိမ်နှင့် အထက်ဘုံမှ အင်အားစုအသီးသီး၏ ယှဉ်ပြိုင်မှုကို တည်ငြိမ်စေသည်။

“လောကကြီးက ပြောင်းလဲသွားပြီ။ အထက်ဘုံက ပျက်စီးသွားပြီး မဟာပုဂ္ဂိုလ်ကြီးတွေက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားကြတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ သက်တမ်းက လျော့နည်းနေပြီ။ တကယ်လို့ ငါက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားရင်တောင် အင်မော်တယ်အသွင်ပြောင်းရေကန်မှာ သေဆုံးသွားလိမ့်မယ်”

ချီယု၏ အကြည့်ထဲတွင် နောင်တအချို့ ရှိနေသည်။

“ငါက လက်ကျန်သက်တမ်းနဲ့ ဓားစံအိမ်ကို ကာကွယ်ပေးချင်လို့ ဒီလောကမှာ နေခဲ့တယ်”

“ဒါပေမဲ့ ငါ့ရဲ့ ခွန်အားနဲ့ သက်တမ်းက လျော့ကျနေပြီ။ တကယ်လို့ တိုက်ပွဲမှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးနဲ့ ရင်ဆိုင်ရရင် အသက်စွန့်ပြီး တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်”

“အဆုံးမှာ မင်းတို့ကပဲ ဓားစံအိမ်ကို ကာကွယ်ရလိမ့်မယ်”

တာအိုဘိုးဘေးချီယု၏ စကားကြောင့် ခန်းဆောင်၏ လေထုသည် လေးလံသွားခဲ့သည်။

ဓားစံအိမ်သည် သန်မာပုံပေါ်သော်လည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူကို လိုအပ်နေသည်။

တာအိုဘိုးဘေးတစ်ယောက်ဖြစ်သော ချီယုသည် တခြားလူများကို ခြိမ်းခြောက်ရုံသာ တတ်နိုင်ပြီး အမှန်တကယ်ဖိနှိပ်ရန် မစွမ်းတော့ပေ။

အကယ်၍ သူသေသွားလျှင် ဓားစံအိမ်၏ ကျွမ်းကျင်သူများသည် တခြားအင်အားစုများနှင့် ရင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။ သူတို့က ဓားတာအို၏ တော်ဝင်နယ်မြေဟူသော ဂုဏ်ပုဒ်ကို လက်လွှတ်ရပြီး ယွီလင်တာအိုဂိုဏ်းနှင့် တခြားအင်အားစုများကို အရှုံးပေးရလိမ့်မည်။

“ဂိုဏ်းတူအစ်ကိုပြောတာကို ကျွန်တော် နားလည်ပါတယ်”

တာအိုဘိုးဘေးချီယု၏ ဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက်က ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ အမတ်ချုပ်ကြီးဟန်က ကျွန်တော်တို့ဓားစံအိမ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်နေတယ်။ ဓားစံအိမ်က သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ အကောင်းဆုံးကြိုးစားမှာပါ”

“တစ်နေ့မှာ ကျွန်တော်တို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ အမတ်ချုပ်ကြီးဟန်ရဲ့ ထောက်ပံ့မှုကို ရလာရင်တောင် ဓားစံအိမ်က ဓားတာအိုရဲ့ ‌တော်ဝင်နယ်မြေအဖြစ် ရှိနေအုံးမှာပါ”

တာအိုဘိုးဘေးချီယု သေဆုံးသွားလျှင်ပင် ဓားစံအိမ်က ချက်ချင်းကျဆင်းသွားမည်မဟုတ်ပေ။

သူ့စကားများသည် ရှုပ်ထွေးသော်လည်း နားလည်ရလွယ်သည်။

“အားလုံးပဲ အထက်ဘုံက တည်ငြိမ်နေသေးတယ်လို့ ထင်ရပေမဲ့ နောက်ကွယ်မှာ လှုပ်ရှားနေကြပြီ”

“မင်းတို့က ဆေးတောင်ကြားရဲ့ ဖြစ်ရပ်ကို မြင်ပြီးသားဖြစ်မှာပါ”

“ငါတို့ရဲ့ ဓားစံအိမ်က လွတ်လွတ်လပ်လပ်လှုပ်ရှားတတ်တဲ့ ဓားကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပေမဲ့ တစ်ခါတလေမှာ ငါတို့က အစီအစဉ်ချထားရမယ်”

ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲနှစ်ယောက်က စကားပြောလိုက်သောအခါ ခန်းဆောင်ထဲတွင် ရှိနေသော လူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။

ဓားစံအိမ်မရှိလျှင် သူတို့က သန်မာသော်လည်း အထက်ဘုံ၏ အရင်းအမြစ်များကို စုဆောင်းထားနိုင်တော့မည် မဟုတ်ပေ။

ဓားစံအိမ်ကို ကာကွယ်မှသာ အရာအားလုံးကို ကာကွယ်နိုင်မည်။

“ယွီမင်နဲ့ ‌ကျောက်ယွီရဲ့ စကားအရ ဟန်မူယဲ့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက ထူးခြားတယ်။ သူက အင်အားစုကြီးတစ်ခုကိုလည်း ထိန်းချုပ်ထားတယ်”

ချီယုက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

“တကယ်လို့ လိုအပ်မယ်ဆိုရင် ငါတို့က သူ့ကို ဓားစံအိမ်ဆီ ဖိတ်ခေါ်လိုက်လို့ရတယ်”

“ငါတို့ရဲ့ ကောင်းကင်တက်လှမ်းဓားစံအိမ်က ပိုင်ရှင်မဲ့နေတာ နှစ်သိန်းချီကြာပြီ”

ဓားစံအိမ်ကို ထိန်းချုပ်ခြင်း ....

ကျောက်ယွီက မျက်လုံးပြူးသွားသည်။

ခန်းဆောင်ထဲတွင် လူအများအပြားက အံ့အားသင့်သွားပြီး ပါးစပ်အ‌ဟောင်းသား ဖြစ်နေကြသည်။

ပိုင်ယွီမင်က ကျေနပ်နေပုံပေါ်သည်။

ခဏအကြာတွင် ခန်းဆောင်၏လေထုက ပြန်လည်တည်ငြိမ်သွားသည်။

ဟန်မူယဲ့ကို လေ့လာရန် ချဉ်းကပ်ပြီး မိတ်ဆွေဖွဲ့မည်။

“ဟန်မူယဲ့နဲ့ မိတ်ဆွေဖွဲ့ဖို့ ကျောက်ယွီနဲ့ ပိုင်ယွီမင်ကို တာဝန်ပေးလိုက်မယ်”

ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲလုယွမ်ရှန့်က ဆုံးဖြတ်လိုက်သည်။

ကျောက်ယွီနှင့် ပိုင်ယွီမင်က အကြီးအကဲကို ဦးညွတ်လိုက်ကြသည်။

“အကြီးအကဲ၊ ဂိုဏ်းတူအစ်ကိုကျောက်ယွီက အမတ်ချုပ်ကြီးဟန်နဲ့ ညီအစ်ကိုဖြစ်နေတဲ့အတွက် ဂိုဏ်းခွဲမှူးအကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်သင့်ပါတယ်”

ဂိုဏ်းခွဲမှူးအကြီးအကဲ ....

ကျောက်ယွီက ခန်းဆောင်ထဲမှ ထွက်လာသည်အထိ ငေးမောနေသည်။

ယခုအချိန်တွင် သူက ဓားစံအိမ်၏ အကြီးအကဲတစ်ယောက် ဖြစ်သွားသည်။

ထိုအရာသည် အပေါ်ယံသာဖြစ်သည်။ သူက အကြီးအကဲအဆင့်အတန်းနှင့် အရင်းအမြစ်တချို့ကို အသုံးပြုပြီး ဟန်မူယဲ့နှင့် မိတ်ဆွေဖွဲ့ရမည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူက အကြီးအကဲတစ်ယောက် ဖြစ်သွားသည်။

အထက်ဘုံမှ နံပတ်တစ်ဓားဂိုဏ်း၏ အကြီးအကဲ ဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုပိုင် ....”

ကျောက်ယွီက လှေကားထစ်တွင် ရပ်နေပြီး စကားပြောလိုက်သည်။ သို့သော် ပိုင်ယွီမင်က လျင်မြန်စွာ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြောသည်။

“အကြီးအကဲကျောက်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီလိုမျိုး မခေါ်ပါနဲ့။ တူလေးယွီမင်လို့ပဲ ခေါ်ပါ”

အကြီးအကဲကျောက် ....

ကျောက်ယွီက ဖျော့တော့စွာပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“ကျေးဇူးပါပဲယွီမင်”

“အခု ငါတို့ ဘာလုပ်ကြမလဲ”

ပိုင်ယွီမင်က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

“အမတ်ချုပ်ကြီးဟန်က ဆေးတောင်ကြားအတွက် အစီအစဉ်လုပ်ထားတယ်ဆိုတော့ အဲဒီကိုပဲ သွားကြရအောင်။ ကျွန်တော်တို့က လီချင်းရှစ်နဲ့ ဆက်သွယ်ပြီး အမတ်ချုပ်ကြီးဟန် ပြန်လာတာကို စောင့်နေရမယ်”

ပိုင်ယွီမင်က တာအိုပြိုင်ပွဲနယ်မြေတွင် ဟန်မူယဲ့၏ လှုပ်ရှားမှုများကို မြင်ခဲ့ရသောကြောင့် အချိန်တစ်ခုကြာလျှင် အထက်ဘုံသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားလိမ့်မည်ဟု ယုံကြည်နေသည်။

လက်ရှိအချိန်တွင် အထက်ဘုံသို့ ပြန်ရောက်လာသော လက်ရွေးစင်များသည် ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ အနာဂတ်လမ်းကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်။

“ကောင်းပြီ။ ဆေးတောင်ကြားကို သွားကြရအောင်”

ကျောက်ယွီက ခေါင်းညိတ်လိုက်ပြီး ပိုင်ယွီမင်နှင့်အတူ လူစုသည်။ နောက်တစ်နေ့မနက်တွင် သူက ဓားကျင့်ကြံသူများကို ဦးဆောင်၍ ဆေးတောင်ကြားသို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် သူတို့စောင့်နေသော ဟန်မူယဲ့က ဆေးတောင်ကြားသို့ တိုက်ရိုက်ပြန်မလာခဲ့ပေ။

ဟန်မူယဲ့နှင့်မူဝမ်က သင်္ဘောပျံကို စီးနင်းလာကြသည်။ ယခုအချိန်တွင် သူတို့က အထက်ဘုံ၏ အပြင်ဘက်တွင်ရှိသော ကြယ်တစ်စင်း၏ရှေ့တွင် ရှိနေသည်။

“အစ်ကိုဟန်၊ ဒါက သိုးငါးကောင်စံအိမ်ရဲ့ အခြေစိုက်စခန်းလား”

မူဝမ်က ရှုပ်ထွေးနေသော ကြယ်များနှင့် ဥက္ကာခဲများကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောသည်။

သိုးငါးကောင်စံအိမ်သည် အထက်ဘုံ၏ အင်အားစုကြီးတစ်ခု ဖြစ်ပြီး သူတို့၏ စီးပွားရေးကွန်ရက်သည် အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် ပတ်ဝန်းကျင်ကမ္ဘာများကို ဖြန့်ကျက်ထားသည်။

ထိုအင်အားစုကြီး၏ အခြေစိုက်စခန်းသည် အထက်ဘုံတွင် မရှိခဲ့ပေ။

“ဒါက သူတို့ရဲ့ နည်းဗျူဟာပဲ”

“သိုးငါးကောင်စံအိမ်ရဲ့ ဂိတ်တံခါးက အထက်ဘုံသုံးပါးမှာ မရှိဘူး။ ပြီးတော့ နေရာတစ်ခုထက်ပိုပြီး ခွဲထားတယ်”

“အပေါက်သုံးပေါက်ရှိတဲ့ ယုန်တွင်းလိုမျိုးပဲ။ သူတို့က ယုန်တွေထက်တောင် ဉာဏ်များသေးတယ်။ အခြေစိုက်စခန်းကို ငါးခုခွဲထားတယ်”

ဟန်မူယဲ့က ပြန့်ကျဲနေသော ကြယ်များကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“ဒီနေရာမှာရှိနေတဲ့ သိုးငါးကောင်စံအိမ်က သိုးတစ်ကောင်ပဲ”

သူက လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်အလင်းသည် ပေသောင်းချီပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

အချိန်စွမ်းအား ....

အချိန်ထပ်ခြင်း ....

အာကာသထဲတွင် ပုံရိပ်များသည် သင်္ဘောပျံများနှင့် တစ်ခုပြီးတစ်ခု ပေါ်လာပြီး ရှင်းလင်းသောလမ်းကြောင်းကို ချန်ရစ်ခဲ့ကြသည်။

ထိုအရာသည် လွန်ခဲ့သော နှစ်တစ်ရာခန့်တွင် ဤနေရာကို ဝင်ထွက်သွားလာခဲ့သော ပုံရိပ်များပင် ဖြစ်ကြသည်။

“သွားကြရအောင်။ အတူတူ သိုးဖမ်းကြမယ်”

ဟန်မူယဲ့က မူဝမ်၏လက်ကို ဆုပ်ကိုင်ပြီး ရှေ့တက်သွားသည်။ သူတို့က လှုပ်ရှားသွားလာနေသော လူအုပ်များ၊ သင်္ဘောပျံများနှင့် ရောနှောသွားကြသည်။

သူတို့က အချိန်စွမ်းအားနှင့်‌ ရောနှောနေသောကြောင့် သူတို့၏တည်ရှိမှုကို တခြားလူများက အာရုံခံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က အချိန်နှင့် တည်နေရာစွမ်းအားကို နားလည်ထားသောကြောင့် တခြားစွမ်းအင်များနှင့် ထိုစွမ်းအင်နှစ်ခု၏ ကွာခြားချက်ကို ပိုသိလာသည်။

တခြားဓာတ်စင်စွမ်းအားများသည် အချိန်နှင့်တည်နေရာစွမ်းအားကို မယှဉ်နိုင်ကြပေ။

သူတို့က ပုံရိပ်များထဲတွင် ဖြတ်သန်းလာခဲ့‌သောအခါ မူဝမ်က ဟန်မူယဲ့၏ တောက်ပနေသောမျက်လုံးများကို မြင်လိုက်ရသည်။

“အစ်ကိုဟန်က ဘာကြည့်နေတာလဲ”

သူမက သိချင်စိတ်များနှင့် မေးသည်။

“ဒီနေရာကို အများဆုံးလာတဲ့လူက ကုန်သွယ်ရေးလမ်းကြောင်းနဲ့ အရင်းနှီးဆုံးဖြစ်ပြီး လုပ်နိုင်စွမ်းအရှိဆုံးလူ ဖြစ်လိမ့်မယ်”

“ဒီနေရာကို အများဆုံးလာတဲ့ သင်္ဘောပျံက ကုန်သွယ်ရေးလမ်းကြောင်းကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်လိမ့်မယ်”

“အမြန်ဆုံးလူက ကျင့်ကြံဆင့်အမြင့်ဆုံး ဖြစ်လိမ့်မယ်”

“လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူက သိုးငါးကောင်စံအိမ်မှာ အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားလိမ့်မယ်”

ဟန်မူယဲ့က ပုံရိပ်များကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

မူဝမ်က ရပ်တန့်လိုက်ပြီး ပုံရိပ်များကို လေ့လာကြည့်နေသည်။

သူမက ထပ်ကာတလဲလဲပေါ်လာသော ပုံရိပ်များနှင့် သင်္ဘောပျံများကို ကြည့်လိုက်ပြီး အလိုလျောက် ခေါင်းညိတ်သည်။

“ဝီ”

သူတို့က မိုင်တစ်ထောင်ခန့်အထိ ရောက်လာသောအခါတွင် ပုံရိပ်များက ပျောက်ကွယ်သွားပြီး ရှင်းလင်းနေသော နယ်မြေတစ်ခုကို မြင်လိုက်ရသည်။

All Chapters