အစိမ်းရောင်ဝတ်ရုံနဲ့ ပွင့်လင်းရိုးသားတဲ့ လူငယ်
Vol. 56 Ch. 744
“ကောင်းကင်နန်းဆောင်ကို ဖွင့်ဖို့ ရုပ်ခန္ဓာထဲက နတ်ဘုရားစွမ်းအား လိုအပ်တယ်”
ပလ္လင်ထက်တွင် ချင်မူသည် ချီစွမ်းအင်သုံး၍ ကောင်းကင်ရတနာများ၏ အတွင်းပိုင်းမြင်ကွင်းကို ဖွဲ့တည်ပြနေ၏။ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတွင် နေနှင့်လ ထွန်းလင်းလာပြီး သူ၏ တည်ငြိမ်အေးဆေးသော အသံက အရန်နန်းဆောင်တစ်လျှောက် ပျံ့လွင့်လာသည်။
“ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ မဟာနေဧကရာဇ် နဲ့ မဟာလဧကရာဇ်”
မြင်ကွင်းထဲ၌ နေတစ်စင်းနှင့် လတစ်စင်း ထွက်ပေါ်လာပြီးနောက် ဓာတ်ကြီးငါးပါး ကြယ်တာရာများ လင်းထိန်လာသည်။ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်ငါးပါးက သက်ဆိုင်ရာဂြိုဟ်များအပေါ်တွင် ရပ်နေကြ၏။
“ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၊ စနေဂြိုဟ်အရှင်သခင်... အင်္ဂါဂြိုဟ်အရှင်သခင်... သောကြာဂြိုဟ်အရှင်သခင်... ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်... ကြာသပတေးဂြိုဟ်အရှင်သခင်”
“အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၊ အရာခပ်သိမ်းကို ထွေးပိုက်သယ်ဆောင်တော်မူသော အမိမြေ”
“ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ၊ ခုနစ်စဉ်ကြယ် စီတန်း၍ နတ်ဘုရားခုနစ်ပါး၏ စွမ်းအားကို ပေါင်းစည်းခြင်း” (နေဧကရာဇ်၊ လဧကရာဇ်နှင့် ကြယ်တာရာအရှင်သခင်ငါးပါး)
“ကောင်းကင်နတ်အသွင်အဆင့်၊ ကောင်းကင်ထက်က ကြယ်ခုနစ်စင်း... ကြယ်တာရာအရှင်ခုနစ်ပါးမှ ကောင်းကင်နယ်စားမင်း၏ စွမ်းအင်အား ငှားယူလိုက်ခြင်း”
“ယိုတု တဖြစ်လဲ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ၊ နတ်ဘုရားတို့မှ မြေအောက်ဘုံအရှင်သခင်၏ စွမ်းအင်အား ငှားယူကာ ဝိညာဉ်များကို ထိန်းချုပ်ခြယ်လှယ်ခြင်း”
“ကောင်းကင်တံတား ကောင်းကင်ရတနာ၊ နတ်ဘုရားများအကြား၌ နတ်ဘုရားအဖြစ် ရပ်တည်သော မူလဝိညာဉ်”
....
ချင်မူက ချီစွမ်းအင်ဖြင့် နတ်ဘုရားတို့၏ အသွင်သဏ္ဍာန်များကို ဖွဲ့တည်ပြသနေသည်။ မြင်ကွင်းထဲရှိ နတ်ဘုရားများဆီမှ အလင်းတန်းများ ဖြာထွက်လာပြီး မူလဝိညာဉ်သည် စွမ်းအင်အလုံးစုံ ထိန်းချုပ်ခြယ်လှယ်နိုင်သော ကောင်းကင်နတ်ဧကရာဇ်ကို ကိုယ်စားပြုနေ၏။
“ကောင်းကင်တံတားအဆင့် ရောက်တာနဲ့ နတ်ဘုရားတွေက သူတို့နေရာသူတို့ ပြန်သွားကြလိမ့်မယ်... ငါတို့က သူတို့ရဲ့စွမ်းအားကို ငှားယူရင်း ကောင်းကင်နန်းဆောင်ကို တည်ဆောက်ရမှာ”
ချင်မူ ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းကင်ရတနာများအတွင်း၌ နတ်ဘုရားတို့သည် သူတို့စွမ်းအားကို ချေးငှားပေးနေပြီး စွမ်းအားကား ကြီးမားသည်ထက် ကြီးမားလာ၏။ နတ်ဘုရားတို့၏ စွမ်းအားများမှတစ်ဆင့် တောင်ကောင်းကင်မုခ်ဝ၊ နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်တို့ ထုဆစ်ပုံဖော်ခံနေရသည်။ တဖြည်းဖြည်း ကောင်းကင်တံတား၏ အရှေ့တွင် ကောင်းကင်နန်းဆောင်တစ်ဆောင် ရုပ်လုံးပေါ်လာချေပြီ။
အားလုံး ဤမြင်ကွင်းကို ငေး၍ ကြည့်နေမိကြသည်။ ပတ်ဝန်းကျင်မှာ အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေပြီး မည်သူမှ စကားမပြောကြပေ။
ကောင်းကင်နန်းဆောင်ကို ဤသို့ ဖွင့်လှစ်နိုင်သည်တဲ့လော....
တုနှိုင်းမဲ့ ပြိုင်ဘက်ကင်း မယှဉ်နိုင်အောင် ခမ်းနားကြီးကျယ်လှသော အဆင့်တစ်ဆင့်သည် အားလုံး၏ မျက်စိရှေ့တွင် ယခုလို ပေါ်လွင်လာခဲ့သည်တဲ့လော...
ဤဖြစ်ရပ်သည် အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်၏။ လူသားများနှင့် နတ်ဘုရားများကို တန်းတူ ဖြစ်သွားစေနိုင်သော အောင်မြင်မှုကြီးပင် ဖြစ်ချေသည်။
ဒဏ္ဍာရီလာ ခေတ်တစ်ခေတ်သို့ လျှောက်လှမ်းစေနိုင်မည့် သိုင်းအဆင့်ဆိုသည်ကား ဤအရာပေတည်း။
အတော်လေးကြာပြီးနောက်တွင် တစ်ယောက်က ထကြွေးကြော်သည်။ “ကောင်းကင်နတ်အရှင်ယွီ”
“ကောင်းကင်နတ်အရှင်ယွီ”
“ကောင်းကင်နတ်အရှင်ယွီ”
လူတိုင်း သောင်းသောင်းဖြဖြ ဟစ်ကြွေးလိုက်ကြသဖြင့် မိုးကောင်းကင်ပင် တုန်လှုပ်သွား၏။
ကောင်းကင်နတ်အရှင်ဟောင်မှာ ဤမြင်ကွင်းကို ငေးငေးငိုင်ငိုင် ကြည့်ရင်း ဝမ်းနည်းလာသည်။ ‘ငါ့မှာ ဒီလောက် အင်အားကြီးမားတဲ့ ထောက်ခံသူတွေ မရှိဘူး... သူက ကောင်းကင်နတ်အရှင်ယွီ မဟုတ်ဘဲ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ဘယ်လို သိနေတာလဲ... မဟုတ်မှ...’
ကြောက်စရာကောင်းသော အတွေးတစ်ခု သူ့ရင်ထဲတွင် ပေါ်လာပြီး ကြောက်ရွံ့မှုကို သူ ခံစားလိုက်ရသည်။ ‘ကောင်းကင်နတ်အရှင်ယွီက တကယ် အသက်ရှင်နေသေးတာလား... မဟုတ်သေးဘူး၊ မဟုတ်သေးဘူး... ငါ သူ့ကို အသေအချာ သတ်ပစ်ခဲ့တာပါ... ယင်ချောင်ကျင့်က သူ့ဝိညာဉ်ကို ဖျက်စီးပစ်ခဲ့တာပဲလေ... သူ ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ... ဒါ့အပြင် ‘သူ’ အတည်ပြုပေးထားပြီးသား... ‘သူ’ အတည်ပြုပေးရင် ဘယ်လိုမှ မမှားနိုင်ဘူး...’
သူ့ဆံပင်မွှေးများ ထောင်နေသည်။ ကောင်းကင်နတ်အရှင်ယွီ အသက်ရှင်နေသေးလျှင် အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ယွီသည် သူ့ကို တန်းမသတ်ခဲ့သနည်း။
သူ့နောက်ကွယ်က ‘ထိုသူ’ ကို ကောာင်းကင်နတ်အရှင်ယွီ ကြောက်နေခြင်းလား။
သို့မဟုတ် ကောင်းကင်နတ်အရှင်ယွီတွင် ပိုမိုကြီးမားသော အကြံအစည် ရှိနေခြင်းလား။
ဤကမ္ဘာတွင် သူ့ကို ခြောက်လှန့်နိုင်သူ များများစားစား မရှိပေ။ ကောင်းကင်နတ်အရှင်ယွီက သူ့ကို ခြောက်လှန့်နိုင်သူတစ်ယောက် ဖြစ်သည်။
ကောင်းကင်နတ်အရှင်ယွီ၏အရှေ့တွင် သူ အမြဲ သိမ်ငယ်သလို ခံစားရသည်။ သူသည်လည်း ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ယောက် ဖြစ်သော်ငြား ကောင်းကင်နတ်အရှင်ယွီကို မြင်တိုင်း အမြဲနိမ့်ကျနေသလို ခံစားခဲ့ရ၏။
ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွီကို သူ ဖယ်ရှားပစ်ချင်ခဲ့သည်။ သူ့ရင်ဘတ်ထဲရှိ နတ်ဘုရားကို ဖျက်စီးရန် ကောင်းကင်နတ်အရှင်ယွီအား ဖယ်ရှားပစ်မှ ရမည်။
သို့သော် သူ အသက်နုတ်ခဲ့သော ဤနတ်ဘုရားကား သေရွာမှ ပြန်ရှင်လာသည်တဲ့လား...
‘သူ သေရမယ်’ ကောင်းကင်နတ်အရှင်ဟောင် သူ့ဘာသာသူ တွေးနေသည်။
ဤအခိုက်အတန့်တွင် ချင်မူ့အသံ ထွက်လာ၏။ “ကောင်းကင်နတ်အရှင်ဟောင်၊ မင်းအလှည့် ရောက်ပြီ”
ချင်မူ ခဏခဏ ခေါ်လိုက်မှ ကောင်းကင်နတ်အရှင်ဟောင်မှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ဖြစ်ညစ်ပြုံးပြသည်။ သူက ကောင်းကင်နန်းဆောင် ဖွင့်လှစ်နိုင်မည့် နည်းလမ်းအား ဆက်လက် ရှင်းပြနေ၏။ သို့ရာတွင် စိတ်နှင့်ကိုယ် မကပ်သောကြောင့် တစ်ချက်တစ်ချက် ရပ်သွားတတ်သည်။
“အစ်ကိုကြီးယွီရဲ့ ကောင်းကင်နန်းဆောင် ဖွင့်လှစ်နည်းနဲ့ ... သိုင်းသမားတစ်ယောက်ဟာ နတ်ဘုရားတွေနဲ့ တန်းတူဖြစ်လာမယ်၊ မသေမျိုး ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်... အရှေ့မှာ စမ်းသပ်မှုတွေ စောင့်ကြိုနေတယ်... ကောင်းကင်ရတနာထဲက နတ်ဘုရားတွေဆီက စွမ်းအား ငှားနေတာဆိုတော့ ပြန်ပေးရလိမ့်မယ်... ပြန်မပေးလို့ကတော့ ပျက်စီးရမှာပဲ ... ပထမဆုံးစမ်းသပ်မှုက တောင်ကောင်းကင်မုခ်ဝ... တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်နိုင်မှ ကိုယ့်ရဲ့ ကောင်းကင်နန်းဆောင်ကို ခိုင်မာသွားအောင် လုပ်နိုင်မယ်”
“ဒီအဆင့်မှာ အတုအယောင်က အစစ်အမှန် ဖြစ်လာလိမ့်မယ်”
....
ကောင်းကင်နတ်အရှင်ဟောင်က စိတ်ကို အလျင်အမြန် ပြန်ထိန်းပြီး ကောင်းကင်နတ်အရှင်ယွီ ပြောပြထားသော တောင်ကောင်းကင်မုခ်ဝကျင့်စဉ်အား ရှင်းပြလိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် တောင်ကောင်းကင်မုခ်ဝအထိ မကျင့်ကြံသေးသလို၊ ကောင်းကင်နတ်အရှင်ယွီလည်း ထိုအဆင့် မရောက်သေးပေ။ သို့သော် တည်ထောင်သူဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ယွီသည် တခြားအဆင့်များကိုလည်း ဆုံးဖြတ်နိုင်ခဲ့၏။ သူ၏နားလည်မှုကလည်း အလွန်မြင့်မားသည်။ ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီ၏ စကားများကိုသာ ပြန်လည်ပြောပြနေခြင်း ဖြစ်၏။
ချင်မူက နဂါးသွဲ့ရေကန်ကျင့်စဉ်အကြောင်း ဆက်ပြောပြသည်။ နဂါးသွဲ့ရေကန်ပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားစီရင်ရာစင်မြင့်၏ အန္တရာယ်များအကြောင်း ရှင်းပြသည်။
ထို့နောက် ချင်မူသည် ကျောက်စိမ်းမြို့တော်၏ ဆန်းကြယ်သော သဘောတရားကို ရှင်းလင်းပြောဆိုပြီး ကောင်းကင်နတ်အရှင်ဟောင်က နတ်ကောင်းကင်ခန်းမအကြောင်း ပြောဆိုသည်။
သူ ပြီးလျှင် ချင်မူ ဧကရာဇ်ပလ္လင်အဆင့်အကြောင်း ရှင်းပြခြင်းဖြင့် မဟာသိုင်းအဆင့်ခုနစ်ဆင့်စလုံး ပြည့်စုံသွားစေ၏။
ခိုင်ဧကရာဇ် ရင်ထဲ လေးလံသွားသည်။ ‘ကောင်းကင်နန်းဆောင်ရဲ့ အဆင့်ခုနစ်ဆင့်စလုံး ရှင်းပြပြီးတာနဲ့ မူချင်း သူ့ကို သတ်တော့မယ် ထင်တယ်... သူက ကောင်းကင်နတ်အရှင်ယွီ ဖြစ်ကြောင်း အတည်ပြုပြီးပြီဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်ယင်သားတော်က သူ့ကို သတ်ခဲ့တဲ့ လူသတ်သမားတွေပါလို့ ဖော်ထုတ်လိုက်ရင် လူအုပ်လိုက်ကြီး သူတို့နှစ်ယောက်လုံးကို အမဲဖျက်လိမ့်မယ်... ဒါပေမဲ့ ကောင်းကင်ယင်သားတော် မသေခဲ့ဘူး... ဒါဆို ဘာဖြစ်ခဲ့တာ ဖြစ်မလဲ... ဘယ်သူ သေသွားတာလဲ... ဘယ်အရာ ပြောင်းလဲသွားတာလဲ’
သူ့အတွေး ဤနေရာအရောက်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ရယ်သံက ပလ္လင်ထက်မှ ပျံ့လွင့်လာသည်။ “အစ်ကိုကြီးယွီက နောက်ဆုံးအဆင့်ကို ကျွန်တော် ရှင်းပြပေးဖို့ ထားခဲ့မှတော့ ကျွန်တော်လည်း ရှင်းပြပေးရမှာပေါ့လေ... ဧကရာဇ်ပလ္လင်အထက်က အဆင့်အကြောင်း ပြောကြစို့...”
ခိုင်ဧကရာဇ် အကြီးအကျယ် တုန်လှုပ်သွားသည်။ သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။
အဋ္ဌမအဆင့်
အဋ္ဌမအဆင့် ရှိနေသည်လား
ဧကရာဇ်ပလ္လင်အဆင့်ထက် မြင့်မားသော အဆင့်တစ်ဆင့် ရှိကြောင်း သူ တစ်ခါမှ မကြားခဲ့ဖူးပေ။
နျိုစန်းသွောလည်း မည်သည်ကိုမှ မစဉ်းစားတတ်တော့။ အတိတ်ခေတ်မှ ပစ္စုပ္ပန်အထိ ဤအဆင့်နှင့် ပတ်သက်သော မှတ်တမ်းများ မရှိခဲ့သည့်အပြင် ကောလဟလများပင် မကြားခဲ့ရပေ။
‘ကောင်းကင်နတ်အရှင်ယွီ...’
ပလ္လင်ထက်တွင် ချင်မူ၏မျက်နှာ ညှိုးကျသွားသည်။ သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ခင်ဗျားက တကယ် ကောင်းကင်နတ်အရှင်ယွီ ပီသပါပေတယ်... ကျွန်တော် ခင်ဗျားနဲ့ မယှဉ်နိုင်သေးဘူး... ခင်ဗျား သေသွားတာ သိပ်နှမြောစရာကောင်းတာပဲ... ဒီလိုလူတစ်ယောက်က သမိုင်းထဲမှာ တိမ်မြုပ်မသွားသင့်ဘူး’
ကောင်းကင်နတ်အရှင်ဟောင်၏ ရှင်းပြမှုက ဗလုံးဗထွေးဖြင့် အမှားများ ပြည့်နေသော်လည်း အကြမ်းဖျင်း ရှင်းပြနိုင်ခဲ့သည်။ တောင်ကောင်းကင်မုခ်ဝမှ ဧကရာဇ်ပလ္လင်အဆင့်အထိ ပါဝင်သောနေရာများမှာ ကောင်းကင်နတ်ဘုံအတွင်းရှိ ကောင်းကင်နန်းဆောင်တစ်ခုသာ ဖြစ်၏။ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နန်းဆောင် ၃၆ ဆောင် ရှိသည်။ ဧကရာဇ်ပလ္လင်အဆင့်၏ အလွန်မှာ ကောင်းကင်နတ်ဘုံကို တည်ဆောက်၍ ကောင်းကင်နန်းဆောင် ၃၆ ဆောင် ဖွင့်လှစ်ရန် ဖြစ်ပေသည်။
ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်လာလျှင် အကြီးအကျယ် ခုန်ပျံကျော်လွှား တိုးတက်သွားလိမ့်မည်။
သို့တိုင်အောင် ဤအဆင့်နှင့် ပတ်သက်သော သဲလွန်စများ အနာဂတ်တွင် မကျန်ခဲ့ပေ။ သမိုင်းနှင့်အတူ တိမ်ကောပျောက်ကွယ်သွားခြင်း ဖြစ်မည်။
ကောင်းကင်နတ်အရှင်ဟောင်က ရှင်းပြပြီးသည့်အခါ ရှက်ရွံ့နေသည်။ “အားလုံးပဲ ကျုပ် ရှင်းအောင် မပြောတာ မဟုတ်ပါဘူး.. အစ်ကိုကြီးယွီက ဒီအဆင့်ကို သေသေချာချာ မလေ့လာရသေးဘူး ပြောခဲ့တာကြောင့်ပါ.... အစ်ကိုကြီးယွီ ဟုတ်တယ်မလား”
ချင်မူ ထရပ်လိုက်ပြီး သူ့မျက်နှာက အေးစက်နေသည်။ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေ၏။ “ဟုတ်တယ်... ကောင်းကင်နတ်ဘုံက သိပ်နက်နဲလွန်းတယ်... ငါကိုယ်တိုင်တောင် သေတဲ့အထိ မစဉ်းစားနိုင်ခဲ့ဘူး”
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးမှ ချွေးများကျလာသည်။ သူက မသိမသာ နောက်တစ်လှမ်း ဆုတ်ကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အစ်ကိုကြီးယွီ အသက်ပြန်ရှင်လာပြီပဲ မဟုတ်လား... ‘သေ’စကား ကြားရတာ နားထဲ တစ်မျိုးပဲဗျ... ကျွန်တော့်အမေက အစ်ကိုကြီးကို သိပ်လေးစားတာ၊ အစ်ကိုကြီး ပြန်ရှင်လာမှန်းသာ သိရင် သိပ်ဝမ်းသာသွားမှာပဲ”
သူ့စကား၌ သိုဝှက်ထားသော အဓိပ္ပါယ်က ကောင်းကင်နတ်အရှင်ယွီ ဤကိစ္စကို မဖော်ထုတ်စေရန်နှင့် သူ့နောက်ကွယ်ရှိ လူကိုလည်း ဖော်ပြရန် ဖြစ်သည်။
သို့သော် ချင်မူက လုံးဝဂရုမစိုက်ကြောင်း သူ မသိပေ။
ကောင်းကင်နတ်အရှင်ယွီအနေဖြင့် ချင့်ချင့်ချိန်ချိန် ဂရုစိုက်ကောင်း ဂရုစိုက်လိမ့်မည်။ သို့သော် ချင်မူက ကောင်းကင်နတ်အရှင်ယွီ မဟုတ်။
ခိုင်ဧကရာဇ်ပင် ချင်မူ့စိတ်ကို မပြောင်းလဲနိုင်ရာ ကောင်းကင်နတ်အရှင်ဟောင်၏ အမေကရော ဘာတတ်နိုင်မည်နည်း။
ဤအချိန်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ပျံသန်းလာပြီး ကျယ်လောင်စွာ ကြေညာသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်နဲ့အတူ အရှင်မင်းကြီး ကောင်းကင်နတ်ဘုံရဲ့ အမည်နာမတော်ကို ဆုံးဖြတ်တော်မူခဲ့ပါပြီ...”
အရန်နန်းဆောင်မှာ တမုဟုတ်ချင်း အုံးအုံးကြွက်ကြွက် ဆူညံသွားပြီး အားလုံး အပြေးအလွှား ထွက်သွားကြသည်။ ထိုရှေးဟောင်းနတ်ဘုရား၏အသံက သူတို့ခေါင်းပေါ်မှ ဖြတ်သွားကာ အဝေးရောက်သွားလေသည်။ “ကောင်းကင်နတ်ဘုံ၏ အမည်နာမတော် - နဂါးဟန်.... ယခုနှစ်ကား နဂါးဟန်၏ ပထမနှစ်ပေသတည်း”
ခိုင်ဧကရာဇ်နှင့် နွားအိုကြီး ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။
နဂါးဟန်ခေတ်၏ အစတဲ့လား...
‘နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံ... အခု စတာလား’
ချင်မူ အနည်းငယ် ငေးကြောင်သွားသည်။ ချိမင်ခေတ်၏ ကလေးကဗျာကို သူ သတိရလိုက်၏။
နဂါးဟန်၏ ကောင်းကင်ဘုံသုံးဘုံ၊ ချိမင်က နှစ်ပိုင်းကွဲ...
ယနေ့သည် နဂါးဟန်ခေတ်သို့ တရားဝင် ဝင်ရောက်သွားသော နေ့ဖြစ်နေ၏။
ချင်မူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက် ပေါက်ဖွားလာသည်။ သမိုင်းဆိုသည်မှာ အဘယ်နည်း။
ဤသည်ကား’ သမိုင်းပင် ဖြစ်၏။
သူသည် သမိုင်းအတွင်း၌ တည်ရှိကာ ဤခေတ်၏ အရိပ်တစ်ခု ဖြစ်လာခဲ့ချေပြီ။
ခမ်းနားကျယ်ပြောသော ဤကောင်းကင်နတ်ဘုံထဲတွင် ကြွေးကြော်အော်ဟစ်နေကြသူများ ပြည့်နှက်နေသည်။ နတ်ဘုရားများက အမြင့်၌ ပျံဝဲလျက် အောက်တွင် ပျော်ရွှင်စွာ အောင်ပွဲခံနေသည့် လူများဆီသို့ ငုံ့ကြည့်ရင်း ပြုံးနေကြ၏။
နတ်ဘုရားတစ်ပိုင်းများသည် မင်္ဂလာဂုဏ်ဆောင်သော ဖုန့်ဟွမ်သင်္ကေတများ၊ နဂါးသင်္ကေတများဖြင့် ပျံဝဲနေကြသည်။ အားလုံး အပြေးအလွှား သွား၍ သတင်းဖြန့်နေကြပြီး ကောင်းကင်နတ်မြစ်ပေါ်ရှိ လှေငယ်များအပေါ်တွင် ချစ်သူမောင်နှံများက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လျက် ကောင်းကင်ယံရှိ ကောင်းကင်နတ်သိုင်းများအား မော့ကြည့်နေကြ၏။ ဤကောင်းကင်နတ်သိုင်းတို့မှာ စိတ်လှုပ်ရှားနေသော လူများ ထုတ်လွှတ်နေကြသည့် သိုင်းကွက်များ ဖြစ်ပြီး ကောင်းကင်နတ်ဘုံတွင် အရောင်စုံခြယ်သပေးနေတော့သည်။
ဤသမိုင်း၏ ပုံရိပ်ကား ရွှေရောင်ခေတ်တစ်ခေတ်၏ နိဒါန်းကို ကိုယ်စားပြုချေသည်။
သို့တိုင်အောင် ဤအခိုက်အတန့်တွင် လူအနည်းစုသာ ကောင်းကင်နတ်အရှင်ယွီကို မှတ်မိကြလိမ့်မည်။ သူတို့အားလုံး ပျော်ရွှင်စွာ အောင်ပွဲခံနေကြသော်လည်း ဤခေတ်ကို ရွှေရောင်ခေတ်ဖြစ်လာအောင် အမှန်တကယ် တွန်းပို့ခဲ့သူအား တွေးပေးမည့်သူ ရှိပါသည်လော....
ထိုလူမှာ အခေါင်းထဲတွင် လှဲနေပြီး ရောက်လာတော့မည့် ရွှေရောင်ခေတ်အား မမြင်နိုင်တော့ပေ။
‘ဒီကမ္ဘာမှာ တရားမျှတမှု မရှိတော့ဘူးလား’
ချင်မူ သူ့လက်သူ ငုံ့ကြည့်ရင်း ဟက်ခနဲ ရယ်လိုက်မိသည်။ ‘ခိုင်ဧကရာဇ် မှန်တယ်... ဒီကိစ္စအတွက် တရားမျှတမှု မလိုဘူး.. အစကတည်းက တရားမျှတမှုကို ရှိမနေတာ.... ငါ တရားမျှတအောင် လုပ်ပေးဖို့ သမိုင်းက ငါ့ကို လိုအပ်မနေဘူး... ဒါပေမဲ့....’
သူက ခေါင်းမော့၍ ဆူညံပွက်လောရိုက်နေသော ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့ရယ်သံများသည် ပိုမိုလှောင်ရယ်သံ ပေါက်လာသည်။ ပို၍လည်း ကျယ်လောင်လာသည်။
‘ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီကတော့ လိုအပ်တယ်.... ကောင်းကင်နတ်အရှင်ယွီ တရားမျှတမှုကို လိုအပ်တယ်....’
‘သမိုင်းက တရားမျှတမှုကို မလိုအပ်ပေမယ့် သမိုင်းထဲက လူတွေအတွက် တရားမျှတမှု လိုအပ်တယ်’
သူက အင်္ကျီကော်လံကို ဆွဲပြီး ကောင်းကင်နတ်အရှင်ယွီ၏ ခရမ်းရောင်ဝတ်ရုံကို ဆွဲချွတ်လိုက်သည်။ ခရမ်းရောင်ဝတ်ရုံမှာ လေနှင့်အတူ လွင့်မျောသွား၏။
ချင်မူ့ရင်ထဲတွင် အမျက်ဒေါသတို့ တဟုန်းဟုန်း တောက်လောင်နေပြီး သူက ကောင်းကင်ကြီးအား လှောင်ရယ်ရယ်နေ၏။ သူ့စိတ်တိုင်းကျ အားကုန်ရယ်ပစ်လိုက်သည်။
‘သမိုင်းက သူတို့ကို တရားမျှတမှု မပေးပေမယ့် ငါကတော့ သောက်ရမ်း ပေးနိုင်တယ်.... ငါ သောက်ရမ်း တရားမျှတအောင် လုပ်ပေးမယ်’
‘ဒီတရားမျှတမှုကို ငါလည်း သောက်ရမ်း လိုအပ်တယ်’
ချင်မူ အရက်သောက်ချင်လာသည်။ သားသတ်သမားလို အရက်ပုလင်းကို ဖက်၍ တျန်းရှုလို မူးရူးသွားသည်အထိ သောက်ပစ်ပြီး ဓားမဆွဲကာ သတ်ပစ်ချင်သည်။
သူက အရက်မသောက်ရသေးသော်လည်း အရက်မူးသမားသဖွယ် ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ လျှောက်သွား၏။ ကောင်းကင်နတ်အရှင်ဟောင်မှာ လူအုပ်ကြီးကို တိုးဝှေ့ရင်း သူ့ဆီမှ ရှောင်ပြေးနေသည်။
ခိုင်ဧကရာဇ်နှင့် နွားအိုကြီးမှာ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို ကြည့်မြင်ရန် အပြင်ရောက်နေကြသော်လည်း ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံတစ်ခုက လေနှင့်အတူ လွင့်မျောလာသည်။ ၎င်းက နဂါးသွဲ့ရေကန်ဆီ ပျံ့လွင့်သွားပြီး ရေမျက်နှာပြင်ပေါ် ကျသွား၏။
“ကောင်းကင်နတ်အရှင်ယွီရဲ့ ခရမ်းရောင်ဝတ်ရုံ”
ခိုင်ဧကရာဇ် အံ့အားသင့်သွားပြီး ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ သူက နွားအိုကြီး၏ လက်ကို ဆွဲ၍ အလျင်အမြန် မေးလိုက်သည်။ “သူ စောစောက ပလ္လင်ပေါ်မှာ ရှိသေးတယ်...အခု သူတို့ ပင်မခန်းမထဲမှာပဲ ရှိလောက်ပါသေးတယ်နော် ဟုတ်တယ်မလား”
“ရှေးဟောင်းနတ်ဘုရား နဂါးဟန်နာမည် ကြေညာလိုက်တုန်းက သူလည်း ခန်းမအပြင် ထွက်လာတယ်လေ”
ခိုင်ဧကရာဇ် နွားအိုကြီးကို ဆွဲခေါ်သွားပြီး စိုးရိမ်ကြောင့်ကြစွာ ပြောလိုက်သည်။ “သူ ဒီလိုရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အချိန် လူသတ်ချင်လို့ အဝတ်ချွတ်လိုက်ပြီ... သွား ၊ မြန်မြန်သွား... ပြဿနာမတက်ခင် သူ့ကို ရှာရမယ်”
နွားအိုကြီးက မှော်စွမ်းအင်ကို ထုတ်ဖော်လိုက်၍ ခိုင်ဧကရာဇ် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မြောက်တက်သွားသည်။ သူတို့နှစ်ယောက်လုံး လေပေါ် ပျံတက်သွား၏။
“မင်းရဲ့ မှော်စွမ်းအင်က အားနည်းတယ်... ငါ မင်းကို ခေါ်သွားပေးမယ်”
နွားအိုကြီးက အလေးအနက် ပြောသည်။ “အောက်က လူအုပ်ကြီးထဲ ကြည့်ထား... ငါတို့ သူ့ကို ရှာရမယ်”
ခိုင်ဧကရာဇ်မှာ ပတ်ဝန်းကျင်ကို ကပျာကယာ ကြည့်ရင်း ချင်မူ့ကို ကြိုးစားရှာနေ၏။
“ပွင့်လင်းရိုးသားတဲ့ လူငယ်တစ်ယောက်... အစိမ်းရောင်ဝတ်ရုံ ဝတ်လို့ ခရီးသွားတယ်... ကြီးမားဩဇာ ဂုဏ်ရှိန်ဝါနဲ့အတူ... လေအဟုန်ကို ခံစားလို့.... ပျော်ရွှင်စွာနဲ့ ခေါင်းမာမာနဲ့ .... သူက ပြောတယ်... လေမှာ အထီးနဲ့ အမ ရှိသတဲ့”
ချင်မူမှာ သူ့သွေးများ ဆူပွက်လာသည်ကို ခံစားနေရသည်။ ‘ငါ ဘိုးဘိုးသားသတ်သမားလို ဖြစ်ချင်တယ်... လျှပ်စီးလို မြန်တဲ့ ဓားမ၊ ရစ်မူးစရာ အရက်နဲ့ ခေါင်းတွေ ဖြတ်ပစ်ချင်တယ်... သူ့လို သူရသတ္တိအပြည့်နဲ့ ကဗျာတွေ ရွတ်ရင်း တိုက်ပွဲဝင်ချင်တယ်... ဒါပေမဲ့ ငါ့မှာ ကဗျာပါရမီမပါတာ ဆိုးတာပဲ... သူက သိပ်ထူးချွန်တဲ့ စာပေသမား... သူ့စိတ်နဲ့ ကဗျာတွေ ရွတ်တယ်... သူ့ကဗျာတွေက ကောင်းကင်ဓားမကို ဝက်ခေါင်းမြန်မြန် ခုတ်နိုင်အောင် ကူညီပေးတယ်... ငါကတော့ လိုအပ်နေတုန်းပဲ’
သူ ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်မှ လိုက်သွားရင်း ပင်လယ်ပြင်ထက်သို့ ရောက်လာသည်။ သားရဲကြီးများ၊ လိပ်ကြီးများက ပင်လယ်အောက်၌ ကူးခတ်နေကြပြီး ဧရာမငါးကြီးများသာ လေထဲတွင် ကူးခတ်ပျံဝဲနေကြ၏။ သူတို့က ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်၊ နတ်ဘုရားတစ်ပိုင်းများ ဖြစ်ပေသည်။
ကောင်းကင်နတ်အရှင်ဟောင် ရှေ့ဆက်လျှောက်နေသည်နှင့်အမျှ နတ်ဘုရားတစ်ပိုင်းများစွာ သူ့ကို ဝန်းရံလာသည်။
ချင်မူလည်း ဆက်လျှောက်နေသည်။
‘ဒါပေမဲ့ ငါ့ဓားမက ဘိုးဘိုးသားသတ်သမားနည်းတူ မြန်တယ်’
‘ငါ့လက်သီးတွေကလည်း သူ့နည်းတူ အားကောင်းတယ်’
‘လူယုတ်မာတစ်ယောက်ကို သတ်ရမယ့်အချိန်မှာ ငါကလည်း ဘိုးဘိုးသားသတ်သမားအောက် နှေးနေမှာ မဟုတ်ဘူး’
၎
င
၎
၎
၎
င
၎
၎