ပင်လယ်ထက်က နဂါးတွေလို ဓားချက်များ
Vol. 56 Ch. 745
နဂါးသွဲ့ရေကန်သည် ပင်လယ်တစ်စင်းသဖွယ် ဖြစ်၏။
ရုပ်ခန္ဓာ ကြီးမားသော ရှေးဟောင်းနတ်ဘုရားများအတွက် နဂါးသွဲ့ရေကန်မှာ ရေကန်လေးတစ်ကန်သာ ဖြစ်သော်ငြား လူသားများအတွက်မူ ဤနေရာသည် ပင်လယ်တစ်စင်းပမာ ကျယ်ဝန်း၏။ အမှန်တွင် နဂါးသွဲ့ရေကန်တွင် နာမည်နောက်တစ်ခု ရှိသေးသည်။
နဂါးသွဲ့ပင်လယ်
ပင်လယ်ထဲတွင် နတ်လိပ်ကြီးများက တောင်တန်း၊ မြေပြင်များကို ကျောတွင် သယ်လျက် အေးအေးလူလူ ကူးခတ်စီးမျောနေကြသည်။ ပွင့်ချပ်များက တောင်တစ်လုံးအရွယ် ရှိသည့် ဧရာမကြာပွင့်ကြီးများလည်း ရှိ၏။ ပန်းပွင့်များမှာ အရောင်အသွေးစုံလင်စွာ တောက်ပလင်းလက်နေချေသည်။
နဂါးသွဲ့ရေကန်သို့ ရောက်လျှင် ကောင်းကင်နတ်သိုင်းပညာရှင်များသည် နဂါးသွဲ့ကန်ကား ကြီးမားလိုက်လေခြင်း ဟု မမြင်။ သူတို့၏ခန္ဓာကိုယ်များ သေးငယ်ကျုံ့ဝင်သွားသည်ဟုသာ ခံစားရလိမ့်မည်။
အရှေ့တွင် ကောင်းကင်နတ်အရှင်ဟောင်မှာ မည်သည့်နေရာသို့ ရောက်လာမှန်း မသိတော့ပေ။ ဤနေရာသည် နဂါးသွဲ့ရေကန်နန်းဆောင်ငယ် နှင့် နဂါးသွဲ့ကျွန်းဆီမှ အလွန်ဝေးကွာ၏။ သူ၏ပတ်ဝန်းကျင်တွင် နတ်ဘုရားတစ်ပိုင်းများ လျှောက်သွားနေကြပြီး တချို့က ကောင်းကင်ထက်၌ ပျံသန်းကာ တချို့က တိမ်တိုက်များအတွင်း၌ နစ်မြုပ်နေကြသည်။
ပင်လယ်အောက်သို့ ငုပ်လျိုးနေကြသူများလည်း ရှိသည်။ ချင်မူ ပင်လယ်မျက်နှာပေါ်တွင် လျှောက်နေစဉ် အလျင်အမြန် ကူးခတ်နေသော သားရဲကြီးများ၏ ခန္ဓာကိုယ်တို့အား မြင်ရ၏။ သူတို့၏အကြေးခွံများမှာ လှိုင်းဂယက်များနှင့် အရောင်အတူတူပင်။
“ကောင်းကင်နတ်အရှင်ယွီ... တကယ်ပဲ မင်းလား”
ကောင်းကင်နတ်အရှင်ဟောင်က သူ လျှောက်လာသည်ကို ကြည့်ရင်း သက်ပြင်းချသည်။ သူက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြော၏။ “အခုလို ပြောရတာ ထူးဆန်းပေမယ့် ငါ တကယ် မင်း ဖြစ်ပါစေ ဆုတောင်းမိတယ်... ဒါပေမဲ့ မင်း မဟုတ်နိုင်မှန်းလည်း ငါ သိနေတယ်... မင်းက သေနေပြီ၊ မရှင်နိုင်တော့ဘူး... အဲဒီလိုအခြေအနေဆိုးနဲ့ မင်းက ဘယ်လိုလုပ် အသက်ရှင်လာနိုင်မှာလဲ... ဒါတောင် အခု ငါ့အရှေ့မှာ အသက်ရှူနေသေးတော့ အင်မတန် ဇဝေဇဝါ ဖြစ်မိတယ်”
သူ့အမူအရာက တွေဝေသွားသောပုံစံ ပြောင်းသွားသည်။ “ငါ မင်းကို သေသေချာချာ သတ်ပြီး မင့်ဝိညာဉ်ကို ဖျက်စီးခဲ့ပါတယ်... ဒါပေမဲ့ မင်းက သေရွာက ပြန်ရှင်နိုင်သေးတယ်တဲ့လား... ဘယ်လို လုပ်လိုက်တာလဲ”
ကောင်းကင်ယံတွင် နားရွက်အကြီးကြီးဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် နဂါးသွဲ့ရေကန်ထဲ၌ ဖြစ်ပျက်နေသော အရာအားလုံးကို နားထောင်နေ၏။ ကောင်းကင်နတ်အရှင်ဟောင်၏ စကားအား ကြားလျှင် သူ တုန်လှုပ်သွားပြီး လှည့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် နဂါးသွဲ့ရေကန်၏ မြေကြီးအောက်ရှိ မျက်လုံးတစ်လုံး နတ်ဘုရားတစ်ပါးလည်း အမူအရာအကြီးအကျယ် ပြောင်းလဲသွားသည်။ သူလည်း မြေကြီးအောက်ထဲမှ ထွက်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။
ရှေးဟောင်းနတ်ဘုရားနှစ်ပါး ပက်ပင်းတိုးပြီး တစ်ယောက်ကို တစ်ယောက် မြင်သည့်အခါ မျက်နှာအမူအရာများ ထူးဆန်းသွားကြသည်။
သူတို့သည် ဤကိစ္စကို စုံစမ်းရန် ကောင်းကင်နတ်ဧကရာဇ် လွှတ်ထားသော ကောင်းကင်သောတစစ်သူကြီးနှင့် မြေပြင်စက္ခုစစ်သူကြီး တို့ အပြင် တခြားမဟုတ်ပေ။
“ကျုပ်တို့ ဒီအကြောင်း အရှင်မင်းကြီးဆီ တင်ပြသင့်လား” ကောင်းကင်သောတစစ်သူကြီးက မေးသည်။
မြေပြင်စက္ခုစစ်သူကြီးမှာ ခေါင်းယမ်းကာ ညည်းတွားလိုက်၏။ “ခင်ဗျား သေရမှာ မကြောက်ဘူးလား... အရှင်မင်းကြီးကို ပြောလိုက်ရင် ကျုပ်တို့ နှစ်ယောက်လုံး သေလိမ့်မယ်”
ကောင်းကင်သောတစစ်သူကြီး မျက်မှောင်ကြုတ်သွားပြီး သူ့နားရွက်များ လိပ်တက်သွားသည်။ သူက ခပ်တိုးတိုး ပြောသည်။ “အရှင်မင်းကြီးက ကျုပ်တို့ကို ဒီကိစ္စစုံစမ်းဖို့ တာဝန်ပေးထားတာနော်... ကောင်းကင်နတ်အရှင်ယွီရဲ့ သေဆုံးမှုက သာမန်မဟုတ်ဘူး... သူက ကောင်းကင်နတ်အရှင်၊ ပထမဆုံး ကောင်းကင်နတ်အရှင်မဟုတ်လား... ဒါ့အပြင် နတ်ဘုရားအားလုံး ကောင်းချီးပေးထားတဲ့ ကောင်းကင်နတ်အရှင်လေ... သူ့သေဆုံးမှုက ပြဿနာအကြီးကြီး ဖြစ်လိမ့်မယ်”
မြေပြင်စက္ခုစစ်သူကြီးတွင် မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးတစ်လုံးတည်းသာ ရှိ၏။ သူက မျက်လုံးပိတ်ကာ ခေါင်းယမ်းသည်။ “အရှင်မင်းကြီးဆီ တင်ပြရင်ရော ဘာထူးသွားမလဲ... အရှင်မင်းကြီးက ဒီတိုင်း ထားလိုက်မှာပဲ... ပြဿနာ ပိုကြီးလာရင် ကျုပ်တို့နှစ်ယောက်ကို နှုတ်ပိတ်ဖို့ သတ်တောင် သတ်ပစ်နိုင်တယ်”
ကောင်းကင်သောတစစ်သူကြီးမှာ မကြံတတ်တော့ပေ။ “ကျုပ်တို့ ဘာလုပ်သင့်လဲ”
“မကောင်းမှုကို မျက်ကွယ်ပြုပြီး မကြားချင်ယောင်ဆောင်ရုံပေါ့”
မြေပြင်စက္ခုစစ်သူကြီး ပြောလိုက်သည်။ “ကျုပ်က မျက်ကန်း၊ ခင်ဗျားက နားကန်း ... ဒါဆို ကျုပ်တို့ အသက်ချမ်းသာရာရမယ်”
ကောင်းကင်သောတစစ်သူကြီးမှာ ခေါင်းညိတ်လိုက်၏။ “အဲဒီလို လုပ်ရမှာပဲ... ကောင်းကင်နတ်အရှင်ယွီ အဓိပ္ပါယ်မဲ့ သေဆုံးသွားခဲ့တာတော့ နှမြောစရာကောင်းတယ်... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီ အယောင်ဆောင်ပြီး သူ့ကျင့်စဉ်ကို ဖြန့်ဝေပေးခဲ့တဲ့အပြင် သူ့အတွက်တောင် ကလဲ့စားချေပေးသေးတယ်... သူလည်း အကြောင်းမဲ့ သေဆုံးရလောက်တယ်... ကောင်းကင်နတ်အရှင်နှစ်ပါး ဆုံးရှုံးသွားတာ တကယ် နှမြောစရာပါ”
မြေပြင်စက္ခုစစ်သူကြီးလည်း သက်ပြင်းချသည်။ “သူ ကောင်းကင်နတ်အရှင်ယွီရဲ့ အလောင်းကို ထုတ်လိုက်တုန်းက ကျုပ်ဖြင့် လန့်လွန်းလို့ ထတောင်ခုန်မိတယ်... သူက ကောင်းကင်နတ်အရှင်ယွီပုံစံ ပြောင်းလိုက်တော့လည်း ထပ်လန့်ရပြန်တယ်... သူ ဘာလုပ်ချင်မှန်း မသိပေမယ့် ကောင်းကင်နတ်အရှင်ယွီအစား ကျင့်စဉ်ဖြန့်ဝေပေးနေတာ နားထောင်လိုက်ရတုန်းက ကျုပ် သူ့ကို လေးစားသွားမိတယ်”
ကောင်းကင်သောတစစ်သူကြီး တခဏ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ “ဒါဆို သူ့ကိစ္စကို ဘယ်လိုဖြေရမလဲ”
မြေပြင်စက္ခုစစ်သူကြီးလည်း တခဏ တွန့်ဆုတ်သွား၏။ “မျက်ကွယ်ပြုပြီး မကြားချင်ယောင်ဆောင်ရုံပေါ့... ကျုပ်က မျက်ကန်းနဲ့ နားကန်း... သူ့ကို မမြင်သလို သူ ကောင်းကင်နတ်အရှင်ယွီပုံစံ ပြောင်းလိုက်တာလည်း မသိဘူး”
“ဟုတ်တယ်... ဒီမှာ ဘာမှမဖြစ်ခဲ့ဘူး... ငါတို့ ဘာမှမသိဘူး”
နတ်ဘုရားနှစ်ပါး ဆွေးနွေးညှိနှိုင်းပြီးနောက် တမုဟုတ်ချင်း ထွက်ခွာသွားကြသည်။
ပင်လယ်ရေပြင်ထက်တွင် နတ်ဘုရားတစ်ပိုင်းများ ပျံဝဲနေကြသည်။ သူတို့က ပတ်ဝန်းကျင်ကို အဝင်အထွက် ပိတ်ထားကြ၏။
ကောင်းကင်နတ်အရှင်ဟောင်၏ အနားတွင် နတ်ဘုရားတစ်ပိုင်းများက ဝိုင်းရံကာ ကာကွယ်ပေးထားကြသည်။
“ကောင်းကင်နတ်အရှင်ယွီ၊ မင်း တိုက်ခိုက်ချင်နေတာလား”
ကောင်းကင်နတ်အရှင်ဟောင်က သက်ပြင်းချကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါ့နောက်ခံကို မင်း သိပါတယ်... မင်း ငါ့ကို ထိလို့မရဘူး... မင်း မတရားသဖြင့် ခံခဲ့ရတာ မှန်ပေမယ့် သည်းခံရုံပဲ ရှိတယ်”
“ကောင်းကင်နတ်အရှင်ယွီ၊ မင်း ထွက်သွားလိုက်လို့ရတယ်”
သူ့အရှေ့ရှိ ကျားနှုတ်ခမ်းမွှေးနှင့် နဂါးအကြေးခွံများဖြင့် လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်းက မှင်သေသေ ပြောသည်။ “မင်း မတရားသဖြင့် ခံခဲ့ရပေမယ့် မင့်ခန္ဓာကိုယ်က မသေဘူး.... မင်းက ဉာဏ်ကြီးရှင်ပါ... လက်ရှိအခြေအနေကို မြင်ပြီး နားလည်သင့်ပါတယ်”
“မှန်တယ်”
နတ်ဘုရားတစ်ပိုင်း နောက်တစ်ယောက်ကလည်း လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအသွင် ပြောင်းလိုက်သည်။ သူက လှောင်ရယ်ရယ်ကာ ပြောသည်။ “မင်း မန့်လန်အဆောင်မှာ သေသွားကတည်းက ကောင်းကင်နတ်အရှင်ဟောင်ကို မင်း မတိုက်ခိုက်နိုင်မှန်း သိခဲ့သင့်တယ်... မန့်လန်အဆောင်ကနေ မင်း ဘယ်လို ထွက်မပြေးနိုင်ခဲ့တာလဲ မေ့သွားပြီလား... ဘယ်သူက မှော်စွမ်းအင်သုံးပြီး မန့်လန်အဆောင်ကို ပိတ်ထားခဲ့တာလဲ မေ့သွားပြီလား”
နတ်ဘုရားတစ်ပိုင်း နောက်တစ်ယောက်က အသွင်ပြောင်း၍ ပြုံးလိုက်၏။ “မင်းက လူသားမျိုးနွယ်ရဲ့ ဉာဏ်ကြီးရှင်၊ နတ်ဘုရားအားလုံး ချီးမြှင့်မြှောက်စားထားတဲ့ ကောင်းကင်နတ်အရှင်ဆိုပေမယ့် လူသားဖြစ်နေတုန်းပဲ မဟုတ်လား... ‘သူ’ မန့်လန်အဆောင်ကို ပိတ်ပေးထားလို့ မင်း ဘယ်လောက်အော်အော် ဘာအကူအညီမှ မရခဲ့တာပဲ”
နတ်ဘုရားတစ်ပိုင်းနောက်တစ်ယောက်သည် ရှေ့သို့ လျှောက်လာပြီး သရော်ပြုံးပြုံး၏။ “လူသားတွေက သဘာဝအတိုင်း အားနည်းတယ်... မင်းတို့ ကောင်းကင်နန်းဆောင်ကို ဖွဲ့တည်နိုင်ရင်တောင် နတ်ဘုရားတစ်ပိုင်းတွေနဲ့ ယှဉ်ဖို့ မဖြစ်နိုင်သေးဘူး... ထပ်ပြီး အမှားလုပ်ရင် မင်း ဒီမှာ ထပ်သေရတာပဲ အဖတ်တင်လိမ့်မယ်... ဒီတစ်ခေါက်တော့ မင်း လုံးဝပြန်ရှင်နိုင်မှာ မဟုတ်တော့ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီ...”
တစ်ချိန်လုံး စကားမပြောခဲ့သော ချင်မူက ရုတ်တရက် သူ့ကို ကြားဖြတ်ပြောလိုက်၏။ “မင်း ငါ့ကို အစ်ကိုကြီး ဒါမှမဟုတ် ဖေဖေကြီးလို့ ခေါ်သင့်တာ မဟုတ်လား”
ကောင်းကင်နတ်အရှင်ဟောင်က တဟားဟား အော်ရယ်လိုက်သည်။ “မင်းကို အစ်ကိုကြီးလို့ ခေါ်ရမယ်... ဖေဖေကြီးလို့ ခေါ်ရမယ် ဟုတ်လား... ငါ့အဖေ ဘယ်သူလဲ မင်းသိလား... ငါ့အစ်ကိုကြီး ဘယ်သူလဲ သိလား...”
ဝုန်း
ချင်မူ ရှေ့တစ်လှမ်း တက်လိုက်သည့်အခါ ပင်လယ်ရေပြင်သည် ဝုန်းခနဲ ပေါက်ကွဲသွား၏။ ကောင်းကင်နတ်အရှင်ဟောင် အံ့အားသင့်သွားသည်။ ရုတ်တရက် အမှောင်ထုက သူ၏မျက်ဝန်းများကို လွှမ်းခြုံသွားလေသည်။ ‘မြန်လိုက်တာ’
သူ့ကို ဝန်းရံနေသော ဤနတ်ဘုရားတစ်ပိုင်းများသည် သူ သေသေချာချာ ရွေးချယ်ထားသည့် နောက်လိုက်များဖြစ်၏။ တစ်ယောက်ချင်းစီတွင် အားကောင်းပြင်းထန်သော အစွမ်းအစများ ရှိပြီး သူ့ထက်ပင် အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းများလည်း ပါဝင်သည်။
ကောင်းကင်နတ်အရှင်ဟောင်ကိုယ်တိုင်မှာလည်း နတ်ဘုရားတစ်ပိုင်း ဖြစ်သည်။ သူ၏သွေးသည် ကျန်နတ်ဘုရားတစ်ပိုင်းများထက် မြင့်မားသောကြောင့် သူ အရွယ်ရောက်ကြီးထွားလာပါက ကျန်နတ်ဘုရားတစ်ပိုင်းများထက် များစွာသန်မာအားကောင်းလိမ့်မည်။ သူက ယခုမှ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်မဟုတ်ပါလော။
ယခု သူ့ထက် ပိုမိုအစွမ်းထက်နေသော နတ်ဘုရားတစ်ပိုင်းများက အသက်များစွာကြီးကြသည်။
သို့တိုင်အောင် ချင်မူ့ခြေလှမ်းက လျှပ်စီးလို မြန်ကာ ချင်မူသည် အရိပ်တစ်ကောင်လို သူ့ဆီ ရွေ့လျားလာ၏။ ကျန်နတ်ဘုရားတစ်ပိုင်းများ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
သူ့မျက်လုံးအရှေ့ရှိ အမှောင်ထုသည် မိုးမှောင်ကျသွား၍မဟုတ်၊ ချင်မူ့လက်သီးက သူ့မျက်နှာအရှေ့တည့်တည့်သို့ ရောက်လာပြီး သူ့မြင်ကွင်းကို ပိတ်ကွယ်လိုက်သောကြောင့် ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟောင်၏မျက်နှာ တွန့်ရှုံ့သွားပြီး ချင်မူ့လက်သီး သူ့မျက်နှာကို ထိုးချလိုက်သည့်အခါ နှာခေါင်းရိုး ဖျောက်ခနဲ ကျိုးသွားသည့်အသံ ကြားလိုက်ရသည်။ နောက်တခဏတွင် သူ့နံရိုးကျိုးသံ ထွက်လာသည်။
ယင်းက ပထမဆုံးနံရိုးဖြစ်သည်။
ထို့နောက် ဒုတိယနှင့် တတိယနံရိုးများ ဆက်တိုက် ကျိုးသွားကြသည်။
ချင်မူ့လက်သီးက သူ့မျက်နှာပေါ် ကျရောက်လာသည့်အချိန် သူ၏ဒူးခေါင်းက သူ့နံရိုးများဆီသို့ ပြင်းပြင်းထန်ထန် တိုက်ထည့်လိုက်သည်။
အားလှိုင်းနှစ်ခုက တစ်ပြိုင်တည်း ပေါက်ကွဲထွက်ပေါ်လာ၍ ကောင်းကင်နတ်အရှင်ဟောင် လွင့်ထွက်သွား၏။ သူ့မှာ မျက်စိရှေ့အား မမြင်ရသေးပေ။
ဖြောင်း
သူ အပေါ် မြောက်တက်သွားပြီးနောက် ရေပြင်ပေါ် ကျသွားသည်။ ထို့နောက် ပြန်မြောက်တက်ကာ ပြန်ကျသွား၏။
“မင်း..”
ထိုအခါမှ နတ်ဘုရားတစ်ပိုင်းများ တုံ့ပြန်နိုင်ကြပြီး ကျားနှုတ်ခမ်းမွှေး၊ နဂါးကြေးခွံများဖြင့် နတ်ဘုရားတစ်ပိုင်းက ဟိန်းလိုက်သည်။ သူ့ကိုယ်ထဲရှိ သွေးများ ပွက်ပွက်ဆူလာကာ နတ်ဘုရားစွမ်းအား မြင့်တက်လာ၏။ သူ၏အရှိန်အဝါမှာ တမုဟုတ်ချင်း တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းကောင် ကြမ်းတမ်းခက်ထန်နေတော့သည်။
သို့သော် သူ၏သိုင်းကွက် ကျပင်မကျရောက်သွားခင် ဓားရောင်တစ်ချက်က သူ့ဦးခေါင်းကို ထိုးဖောက်သွားပြီဖြစ်သည်။
ချင်မူက ဓားဆွဲထုတ်၍ ခန္ဓာကိုယ်ကို ထူးဆန်းသောအနေအထားဖြင့် ကိုင်းလိုက်သည်။ သူက အနောက်မှ တိုက်ခိုက်မှုကို ရှောင်ရင်း နတ်ဘုရားတစ်ပိုင်းတစ်ယောက်၏ လက်ကို ဆွဲကိုင်လိုက်၏။ ထိုနတ်ဘုရားတစ်ပိုင်း၏ လက်ပေါ်ရှိ အကြေးခွံများက မြောက်တက်လာကာ ချင်မူ့အား ခုတ်ပိုင်းကြသည်။
ချင်မူ့လက်ထဲရှိ ဓားသည် ဓားရောင်တစ်ချက် လက်သွားပြီး ကြက်ခြေခတ်လိုက်၏။ ထိုနတ်ဘုရားမှာ သူ့လည်ပင်းသူ ဆုပ်ကိုင်လိုက်သော်လည်း ချီနှင့်သွေးတို့ ပန်းထွက်လာမှုကြောင့် ခေါင်းမှာ ကောင်းကင်သို့ ပျံတက်သွားချေပြီ။
နတ်ဘုရားတစ်ပိုင်းအားလုံး ချင်မူ့ကို ဝိုင်းကာ ဒေါသတကြီး အော်ဟစ်ကြသည်။ ပင်လယ်ရေသည် ရေတိုင်လုံးကြီးသဖွယ် မြင့်တက်လာပြီး ဧရာမအရိပ်ကြီးများက ချင်မူ့ဆီသို့ တစ်ပြိုင်တည်း တိုက်ခိုက်ကြ၏။
“ကောင်းကင်ဘုံ၏ ဆန်းကြယ်တောင်ထွတ်များ အလွန်မှ”
ချင်မူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သူ၏အရိပ်များစွာ ဖွဲ့တည်လာကာ ဖျတ်ခနဲ တစ်သားတည်း ပေါင်းစည်းသွားသည်။
“တစ်ကျော့ပြန် လက်ဝါးတစ်ထောင်”
ဘုန်း
သိုင်းလမ်းစဉ်မှ သူ၏ခွန်အား ပေါ်ထွက်လာသည်နှင့် ဧရာမအရိပ်ကြီးများ လွင့်ထွက်ကုန်သည်။ သူတို့ ပင်လယ်ပြင်ပေါ် ကျသွားသည့်အခါ ဧရာမလှိုင်းလုံးကြီးများ ထကြွလာ၏။
ချင်မူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်း ပင်လယ်ထဲ ပြုတ်ကျသွားသော ကောင်းကင်နတ်အရှင်ဟောင်ဆီ လျှောက်သွားသည်။
ပင်လယ်ပြင်မှာ ရုတ်ခြည်း နှစ်ခြမ်းကွဲသွားပြီး ရေအောက်၌ ငုပ်လျှိုးနေသည့် နတ်ဘုရားတစ်ပိုင်းက ပါးစပ်ဖြဲကာ သူ့ကို လှမ်းဟပ်သည်။
သင်္ကေတအမှတ်အသားများက ချင်မူ့အား ဝန်းရံလိုက်ကာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသက်ဝင်သွား၏။ ထိုနတ်ဘုရားတစ်ပိုင်း၏ ဦးခေါင်းလည်း နေရာရွှေ့ပြောင်းခံလိုက်ရ၍ ခေါင်းပြတ်နေသော ခန္ဓာကိုယ်သာ ရေထဲ ပြန်ပြုတ်ကျသွားသည်။ နတ်ဘုရားသွေးများ ပင်လယ်ရေတွင် စွန်းထင်သွားလေသည်။
နောက်တစ်ခဏတွင် ချင်မူ၏ပုံရိပ် ပေါ်လာပြီး ထိုနတ်ဘုရားတစ်ပိုင်း၏ ဦးခေါင်းပြတ်ကို လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲပစ်လိုက်သည်။ သူ့ရှေ့သို့ ဆက်လျှောက်သွားနေစဉ် သွေးတစ်ပေါက်မှ သူ့ကို မစင်လိုက်ပေ။
အရှေ့တွင် ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာတစ်ခုလုံး သွေးသံရဲနေသည်။ သူက ဒဏ်ရာများကို ချုပ်ထားရင်း လှည့်ပြေးကာ အော်လိုက်သည်။ “သူ့ကို တားကြ”
နတ်ဘုရားတစ်ပိုင်း တစ်ယောက်က တောင်ပံများ ခတ်ကာ ကောင်းကင်ထက်မှ ထိုးဆင်းလာသဖြင့် ချင်မူ့ဦးခေါင်းနောက်မှ လေတိုးသံများ ထွက်လာသည်။ ထိုနတ်ဘုရားတစ်ပိုင်း၏ အမြန်နှုန်းက အတိုင်းထက်အလွန် မြန်၍ ကြယ်တံခွန်ကြီးသဖွယ် ထင်ရသည်။
နတ်ဘုရားတစ်ပိုင်းတို့သည် ရှေးဟောင်းနတ်ဘုရားတို့၏ သွေးကို ပိုင်ဆိုင်ထားပြီး ကျွမ်းကျင်ရာ နယ်ပယ်အသီးသီး ရှိကြသည်။ အရွယ်ရောက်ကြီးထွားလာမည့်အချိန်နှင့် နီးကပ်လာလေလေ၊ သူတို့၏သိုင်းစွမ်းအားက အားကောင်းပြင်းထန်လေလေ ဖြစ်၏။
နတ်ဘုရားတစ်ပိုင်းတချို့ဆိုလျှင် ရှေးဟောင်းနတ်ဘုရားများအောက် အားမနည်းပေ။
ကောင်းကင်နတ်အရှင်ဟောင်၏ နောက်လိုက် နတ်ဘုရားတစ်ပိုင်းများတွင် ကောင်းကင်နတ်အရှင်ဟောင်ထက် အသက်ကြီးသူ ပါသော်လည်း အားလုံးက လူငယ်မျိုးဆက် ဖြစ်ကြပေသည်။ လူငယ်အရွယ်သာ ရှိသေးသော်လည်း သူတို့၏အစွမ်းအစများက အခြားသူများနှင့် မတူညီပေ။ သို့သော် တောင်ပံများဖြင့် နတ်ဘုရားတစ်ပိုင်းမှာ အောက်သို့ ထိုးဆင်းနေသည့်အချိန် ရုတ်တရက် ချင်မူ့ကို ပျောက်သွား၏။
သူ့လည်ပင်း အေးခနဲ ဖြစ်သွားပြီး သူ၏ဦးခေါင်းခန္ဓာကိုယ် ပင်လယ်ထဲ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။
‘ဒါ ဘာကောင်းကင်နတ်သိုင်းလဲ... တစ်ခါမှ မမြင်ဖူးပါဘူး...’
ချင်မူက ရှေ့ဆက်လျှောက်လာပြီး သူ့အကြည့်သည် ကြောက်အားလန့်အား ထွက်ပြေးနေသော ကောင်းကင်နတ်အရှင်ဟောင်ကိုသာ မမှိန်မသုန် စူးစိုက်ထား၏။ ပင်လယ်ပြင်မှာ တဗွမ်းဗွမ်း မြည်ဟည်းနေပြီး ဆင်ဖြူတစ်ကောင် သူ့ဆီသို့ ပြေးလာသည်။ ဆင်ကြီး၏ ဘယ်နှင့်ညာတွင် ကိုက်သုံးရာမြင့်မားသော လှိုင်းလုံးကြီးများ ထကြွနေသည်။
ဆင်ကြီး အော်လိုက်သည့်အခါ အော်သံသည် နားကွဲလုအောင် ကျယ်လောင်၏။ သူက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်လာသည်။
ချင်မူ လက်နှစ်ဖက်လုံး မြှောက်လိုက်သည့်အချိန်တွင် ဓားမရောင်တစ်ချက်က ဆင်ကြီးအား နှစ်ပိုင်း ခြမ်းပစ်လိုက်သည်။ သူက ဆင်ကြီး၏ ကိုယ်နှစ်ခြမ်းကြားမှ ဖြတ်ပြေးသွား၏။
ကောင်းကင်နတ်အရှင်ဟောင်မှာ ဤမြင်ကွင်းကို လှည့်ကြည့်ရင်း အံ့ဩမဆုံးဖြစ်နေတော့သည်။
ပင်လယ်ရေများ လွင့်စင်ပြန့်ကြဲသွားကာ ငါးကြီးတစ်ကောင် ပျံတက်လာသည်။ ငါးကြီးက ပင်လယ်ရေကို ထိန်းချုပ်၍ ချင်မူ့အပေါ် ဖိချလိုက်၏။ ရုတ်တရက် ပင်လယ်ပြင်မှာ တုန်ခါသွားပြီး ချင်မူ့ကို အုပ်မိုးလိုက်တော့သည်။
“သေစမ်း သေစမ်း” ငါးကြီးမှာ အလွန်ဝမ်းမြောက်စွာ အော်ဟစ်နေသည်။
ကျန်နတ်ဘုရားတစ်ပိုင်းများလည်း ပျံသန်းလာကြပြီး ရေပြင်ပေါ် ဆင်းသက်လိုက်ကြသည်။ သူတို့၏မျက်လုံးများဆီမှ ကောင်းကင်အလင်းတန်းများ ဖြာထွက်လာကာ ချင်မူ့ကို ရှာနေကြ၏။
ကောင်းကင်နတ်အရှင်ဟောင်လည်း ရပ်လိုက်ပြီး သွေးများ ထွေးထုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် မည်းနက်နေသော မုခ်ဝတစ်ခု ပင်လယ်ရေပြင်ထက်၌ ထူမတ်လာပြီး ဝိုက်လည်စပြုလာသည်။ မုခ်ဝက နတ်ဘုရားတစ်ပိုင်းတို့၏ ခန္ဓာကိုယ်များအား ဝိုက်ဖြတ်လိုက်ကာ သူတို့၏ဝိညာဉ်များအား ယိုတုထဲသို့ ဆွဲသွင်းလိုက်၏။ အလောင်းများ ရေပြင်ပေါ် တဗွမ်းဗွမ်း ပြုတ်ကျကုန်ကြသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ ချင်မူက ပင်လယ်ထဲမှ ခေါင်းထွက်လာကာ ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ သူကား ပင်လယ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်နေဆဲပင်။
ချင်မူ၏ ခန္ဓာကိုယ်သည် အရပ်ရှည်သည်ထက် အရပ်ရှည်လာပြီး သူက ပင်လယ်ရေပြင်အပေါ် ပြန်ရောက်လာ၏။
“မင်းက ကောင်းကင်နတ်အရှင်ယွီ မဟုတ်ဘူး... ကောင်းကင်နတ်အရှင်ယွီမှာ အခုလို အံ့အားသင့်စရာ ကောင်းကင်နတ်သိုင်းတွေ မရှိဘူး...”
ကောင်းကင်နတ်အရှင်ဟောင် ချင်မူ့ကို စိုက်ကြည့်ရင်း နောက်ဆုတ်နေမိသည်။ ကျန်နတ်ဘုရားတစ်ပိုင်းများ ရောက်လာကြပြီး မီးမှုတ်ထုတ်လိုက်သူက မှုတ်ထုတ်လိုက်ကြသည်။ မျက်လုံးများဆီမှ အလင်းတန်းများ ထုတ်လွှတ်ကြသူက ထုတ်လွှတ်လိုက်ကြသည်။ တချို့၏တောင်ပံများက ဓားမများ၊ ဓားမများ ဖြစ်သော်လည်း ချင်မူ့အတွက် ဤရှေးခေတ်မှလူတို့၏ သိုင်းကွက်များမှာ အားနည်းလွန်း၏။
ကောင်းကင်နတ်သိုင်းများ သူ့ဆီ မရောက်နိုင်ခင် ကောင်းကင်နတ်သိုင်း၏ ပိုင်ရှင် အသတ်ခံလိုက်ရပြီဖြစ်သည်။
ဤခေတ်တွင် သူ အချိန်ပေးရန် ထိုက်တန်သော ကောင်းကင်နတ်သိုင်း မရှိပေ။
နတ်ဘုရားလို အစွမ်းအစများပင် ရှိနေစေကာမူ သူတို့၏ကောင်းကင်နတ်သိုင်းများက သူ့မျက်လုံးထဲတွင် ဟာကွက်ပြည့်နေသည်။ ရန်သူအနေဖြင့် သူ့အာ တိုက်ခိုက်လိုက်သည်နှင့် သေရလိမ့်မည်။
သူ ရှေ့ဆက်လျှောက်လာနေ၍ ကောင်းကင်နတ်အရှင်ဟောင်မှာ အံကြိတ်ကာ ဆက်ပြေးသည်။ သူက အော်လိုက်၏။ “မင်း ဘယ်သူမှန်း ငါ သိပြီ... ကောင်းကင်နတ်အရှင်မူ”
သူက တောင်တန်းတစ်ခုဆီ ထွက်ပြေးပြီး ကျယ်လောင်စွာ အော်ဟစ်သည်။ “ကောင်းကင်နတ်အရှင်မူက ငါ့ကို သတ်ချင်နေတယ်”
တောင်တန်းများ သယ်ဆောင်ထားသော လိပ်ကြီးက တစ်လှမ်းချင်း လျှောက်လာနေသော ချင်မူ့ဆီသို့ လှည့်ကြည့်သည်။ “ကောင်းကင်နတ်အရှင်ယွီ၊ မင်းမှာ သူများနဲ့ မတူတဲ့ အစွမ်းအစတွေ ရှိပေမယ့်... ဒါက နဂါးသွဲ့ရေကန်ပါ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အမေက ဘယ်သူမှန်း မင်း သိတယ်မလား... သိရင်...”
ချင်မူ လက်မြှောက်လိုက်သည့်အခါ မရေမတွက်နိုင်သော ဓားများက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရေအောက်မှ ဖြတ်သန်းသွားသည်။ လိပ်ကြီး ဒေါသထွက်သွားပြီး သရော်တော်တော် ပြောလိုက်၏။ “ပုလဲက နေနဲ့ လာတုနေတယ်...”
“ကပ်ဘေးဖွင့်”
ဓားရောင်တစ်ချက်သည် ဆယ်မိုင်ကျော် ဖြတ်ကျော်ကာ လိပ်ကြီး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ပြီး နောက်စေ့မှ ထွက်သွား၏။
တောင်တန်းများ နစ်မြုပ်သွားသည်။
ချင်မူ ဓားပျံများကို ပြန်ခေါ်လိုက်သည့်အခါ ဓားပျံများက စက်ဝိုင်းသဏ္ဍာန်အလုံးတစ်လုံးအဖြစ် လျင်မြန်စွာ ဖွဲ့စည်းသွားသည်။
တောင်တန်းပေါ်ရှိ ကောင်းကင်နတ်အရှင်ဟောင်မှာ ကပျာကယာ ခုန်ချကာ ထွက်ပြေးတော့သည်။
သင်္ကေတအမှတ်အသားများ ချင်မူ၏ပတ်ပတ်လည်တွင် လည်သွားပြီး သူတို့နှစ်ယောက်အကြားရှိ အကွာအဝေး နီးကပ်သွား၏။
ရုတ်တရက် ထူးဆန်းသောအရှိန်အဝါတစ်ခု ထွက်လာကာ ပတ်ဝန်းကျင်ကို တသိမ့်သိမ့် လှုပ်ခတ်သွားစေသည်။
ကောင်းကင်နတ်အရှင်ဟောင် ဝမ်းသာပျော်ရွှင်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ “အမေ”
ချင်မူ့သူငယ်အိမ်များ ကျုံ့သွားသည်။ သူက လက်နှစ်ဖက်လုံး ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်လိုက်သည်။ ဓားစက်လုံး၏ အမြန်နှုန်းသည် ရုတ်ခြည်း ဆယ်ဆတိုးသွား၏။ သူ၏မှော်စွမ်းအင်အားလုံး၊ အဆီအနှစ်အားလုံး၊ စွမ်းအင်အားလုံး ဤဓားနှင့် တစ်သားတည်း ဖြစ်သွားချေပြီ။
ထိုမျှမယှဉ်နိုင်အောင် သန်မာအားကောင်းသော ပုဂ္ဂိုလ် ဆင်းသက်မလာခင် ကောင်းကင်နတ်အရှင်ဟောင်အား သူ သတ်ရလိမ့်မည်။
၎
င
၎
၎
၎
င
၎
၎