← Chapters

တောင်အရပ်နတ်မင်း

Vol. 56 Ch. 747

တောင်အရပ်နတ်မင်း

Vol. 56 Ch. 747

ခိုင်ဧကရာဇ်သည် ချင်မူ၏ ဘိုးဘေးကြီးဖြစ်သော်လည်း ဤရက်ပိုင်းအတွင်းမှ သူ့ကို အမှန်တကယ် သိရခြင်းဖြစ်၏။ ဤမျှတိုတောင်းသော ရက်ပိုင်းလေးတည်းနှင့် ခိုင်ဧကရာဇ်၏ အကျင့်စရိုက်ကိုလည်း  ချင်မူ မြင်ခဲ့ရသည်။

ခိုင်ဧကရာဇ်ကား တစ်လသာ သိကျွမ်းသေးသော လူ၊ သူ့ကို အမြဲ အပြစ်တင်ထေ့ငေါ့နေသော လူတစ်ယောက်ကို သက်စွန့်ဆံဖျား ကယ်တင်ပေးသော လူတစ်ယောက် ဖြစ်ရာ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် သူ့နောက်မှ လိုက်ခဲ့သော လက်အောက်ငယ်သားများ၊ ခိုင်ဧကရာဇ်ခေတ်၏ ပြည်သူပြည်သားများဆိုလျှင် မည်မျှအရေးထားလိုက်မည်နည်း။

ထိုကဲ့သို့ လူတစ်ယောက်က ရွှင်ပျော်ပျော်ကျေးရွာတွင် ပုန်းအောင်းကာ အေးဆေးသက်သာစွာ နေထိုင်မည်တဲ့လော။

မဖြစ်နိုင်။

သူသည် ထိုသို့ နေမည့်လူစားမျိုးမဟုတ်။

လှည့်စားမှုမရှိ၊ အမြတ်မထုတ်၊ အကြောင်းအကျိုး ထည့်မတွက်... သူ၏အကျင့်စရိုက်ပင် ဖြစ်ပေသည်။

ယင်းအကျင့်စရိုက်သည် သူ ခိုင်ဧကရာဇ်ဖြစ်လာနိုင်သော အကြောင်းအရင်းဆိုလည်း မမှားပေ။

‘ခင်ဗျား ရွှင်ပျော်ပျော်ကျေးရွာမှာ ပုန်းနေတာ မဟုတ်ရင်... ‘

ချင်မူ လေးနက်သွားသည်။

သူက ဖန်ဆင်းကျင့်စဉ်ဖြင့် သူ့ကိုယ်သူ ဆက်လက်ကုသနေသည်။ နတ်ဘုရားမ၏ ပုံရိပ်ဆီမှ ဖိအားသည် သူ့ကို ဒဏ်ရာရစေခဲ့၏။ ဤခေတ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ အကြမ်းထည်သာ ရှိ‌သေးသော်လည်း စွမ်းအားတန်ခိုးကွာခြားမှုမှာ ကောင်းကင်နတ်သိုင်းများ ဖြည့်ဆည်းပေးနိုင်သော အရာမဟုတ်ပေ။

နဂါးသွဲ့ရေကန်ထဲရှိ နတ်ဘုရားတစ်ပိုင်းများက သူတို့ဆီ ပြေးဝင်လာနေကြပြီး အင်အားများသထက် များလာသည်။

ခိုင်ဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ နတ်ဘုရားတစ်ပိုင်းတို့၏ အင်အားကား များလွန်း၏။

သူ့မှာ ဒဏ်ရာရထားသော ချင်မူ့ကို သယ်ထားရသည့်အပြင် ချင်မူ့အတွက် အသက်မထွက်သည်ကပင် ကံကောင်းနေပြီဖြစ်သည်။ ဤနတ်ဘုရားတစ်ပိုင်းများကို မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“ကျွန်တော့်ကို ကုန်းပိုးလို့ရတယ်” ချင်မူ အားနည်းဖျော့တော့စွာ ပြောလိုက်သည်။

ခိုင်ဧကရာဇ်က သူ့ကို ကျောပေါ် တင်လိုက်ပြီး ချင်မူ့လက်များမှာ သက်သာနေပြီဖြစ်သည့်အတွက် သူ့ပခုံးအား ဆုပ်ထားနိုင်သည်။ လက်နှစ်ဖက်လုံး အားသွားသည့်အခါ ခိုင်ဧကရာဇ်သည် သိုင်းကွက်များ စတင်ထုတ်လွှတ်တော့၏။ သူ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေသော အမြန်နှုန်းမှာ အတိုင်းထက်အလွန် မြန်လွန်းသည်။ သူက လက်ချောင်းများ တောက်ထုတ်ခြင်းဖြင့် ကောင်းကင်နတ်သိုင်းအသေးစားလေးများကို ထုတ်ဖော်နေသည်။

သူ့အတွက် ဤနတ်ဘုရားတစ်ပိုင်းများတွင် ဟာကွက်များ ပြည့်နေသည်။ ဟာကွက် ရှိနေသရွေ့ သူ သူတို့ကို အလွယ်တကူ သတ်နိုင်သည်။ သို့တိုင်အောင် နတ်ဘုရားတစ်ပိုင်းတို့က အစုလိုက်အပြုံလိုက် ရောက်လာကြကာ ကောင်းကင်၊ မြေပြင်၊ ပင်လယ်အောက်၊ ပင်လယ်အပေါ်၊ ဘယ်နှင့်ညာ... မည်သည့်ဘက်တွင်မဆို နေရာယူထားကြ၏။

ခိုင်ဧကရာဇ်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ကျင့်စဉ် မကျင့်ကြံထား၍ အလျင်မှီအောင် မတိုက်ခိုက်နိုင်ပေ။

“ငါ့ကို မင့်ဓား ငှား” ခိုင်ဧကရာဇ်မှာ ရှေ့ဆက်သွားရန် ခက်သထက် ခက်လာကြောင်း တွေ့ရသဖြင့် ချွေးပြန်နေသည်။

ချင်မူက အရိုးတစ်ဝက်ကျော် အစားထိုးပြီးသွားပြီ ဖြစ်ပြီး လောလောဆယ်တွင် အသစ်များ ပြန်ပေါက်အောင် လုပ်နေသည်။ ခိုင်ဧကရာဇ်၏စကား ကြားသည့်အခါ သူက မေးလိုက်သည်။ “ဓား ဘယ်နှလက် သုံးလဲ”

“တစ်လက်ဆို လောက်တယ်”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ရွှင်ပျော်ပျော်ဓားက သူ၏ထောင်ကျယ်အိတ်ထဲမှ ပျံထွက်လာကာ ခိုင်ဧကရာဇ်၏လက်ထဲသို့ ဆင်းသက်လာ၏။

ခိုင်ဧကရာဇ်က ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် အတန်ငယ် မှင်သက်သွားပြီးနောက် ချီးကျူးလိုက်၏။ “မင်းရဲ့ ဓားက ထူးဆန်းသားဟ.... င့ါရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေသလို ငါ လှုပ်ရှားတဲ့အတိုင်း လိုက်ရွေ့လျားနိုင်တယ်... သိပ်ကောင်းတဲ့ ဓားပဲ... နောင်ကျ ဒီလို နတ်ဓားမျိုး ငါ သွန်းလုပ်ချင်မိတယ်”

သူက ဓားကို ကိုင်ကာ လှုပ်ရှားနေသည်။ သူ့လက်ထဲတွင် ရွှင်ပျော်ပျော်ဓားသည် တဝှမ်ဝှမ် အော်မြည်ရင်း စိတ်လှုပ်ရှားနေပုံရ၏။ တုန်ရီနေပြီး ငိုနေသယောင်လည်း ထင်ရသည်။

ချင်မူပင် ရွှင်ပျော်ပျော်ဓား၏ စွမ်းအားကို တစ်ခါမှ မထုတ်လွှတ်ခဲ့ဖူးသော်လည်း ခိုင်ဧကရာဇ်၏ လက်ထဲ၌ ရွှင်ပျော်ပျော်ဓား၏ စွမ်းအားက အားကောင်းသည်ထက် အားကောင်းလာသည်။

ခိုင်ဧကရာဇ်၏ ဓားချက်များက အလွန်လှပသေသပ်သည်။ သူသည်လည်း ဓားဖြင့် လမ်းစဉ်အဆင့် ရောက်ရှိထားသော လူတစ်ယောက် ဖြစ်၏။

ရွှင်ပျော်ပျော်ဓား၏ စွမ်းအားမှာ ကြောက်ခမန်းလိလိ မြင့်တက်လာပြီး ဓားရောင်များကား လေထဲတွင် အတားအဆီးမရှိ ရွေ့လျားကခုန်နေတော့သည်။ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် ‌လက်နေသကဲ့သို့၊ လရောင်များ ဖျတ်ဖျတ်လက်နေသကဲ့သို့ ထင်ရ၏။ တခဏအတွင်း နဂါးသွဲ့ရေကန်တွင် ညအချိန်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရပြီး ဓားချက်များက အမှောင်ကို စုတ်ဖြဲနေသော နှင်းဖြူရောင်အလင်းတန်းများ ပမာဆောင်နေတော့သည်။

ကောင်းကင်၊ ပင်လယ်အောက်၊ ပင်လယ်အပေါ်.... သွေးစက်များက ပန်းပွင့်များ ပွင့်အာကျလာသကဲ့သို့ ဖြာထွက်လွင့်စင်နေသည်။

ဓားတစ်လက်ဖြင့် ခိုင်ဧကရာဇ်အား အဘယ်သူ ဟန့်တားနိုင်ပါမည်နည်း။

ချင်မူမှာ ဤမြင်ကွင်းကို ကြည့်ရင်း မိန်းမောသွားသည်။

ရွှင်ပျော်ပျော်ဓားသည် အစကတည်းက ခိုင်ဧကရာဇ်၏ ဓား ဖြစ်သောကြောင့် ချင်မူအနေဖြင့် ဓား၏ ထက်မြမှုကိုသာ အသုံးချနိုင်ခဲ့သည်။ သို့ရာတွင် ခိုင်ဧကရာဇ်၏ လက်ထဲ၌မူ ဓားကား အသက်ရှင်လာသကဲ့သို့ ခမ်းနားကြီးကျယ်နေ၏။

ရုတ်တရက် ကမ္ဘာမြေတုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ နျိုစန်းသွောက နတ်ဘုရားမ၏ ပုံရိပ်ကို ခြေမွပစ်လိုက်ကြောင်း မြင်လိုက်ရ၏။

နွားအိုကြီးက ခုန်လိုက်ပြီး နောက်တခဏတွင် ခိုင်ဧကရာဇ်အရှေ့သို့ ဆင်းသက်လာသည်။ သူ၏ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ အသံလှိုင်းများသည် ခေါင်းလောင်းကြီးတစ်လုံး တုန်ခါလိုက်သကဲ့သို့ ဖြာထွက်သွားပြီး ပင်လယ်ပြင်တစ်လျှောက် မုန်တိုင်းထန်သွားစေ၏။ ရှေးဟောင်းနတ်ဘုရားများမှာ သူ၏အသံလှိူင်းများကြောင့် လွင့်ထွက်ကုန်တော့သည်။

နွားအိုကြီးမှာ ခန္ဓာကိုယ်ကို ကျုံ့ကာ စိုးရိမ်ထိတ်လန့်နေသည်။ “ငါတို့ ပြဿနာအကြီးကြီး ရှာလိုက်မိပြီ... ရှေးဟောင်းနတ်ဘုရားတွေလည်း လာနေကြပြီ... သူတို့အင်အားများလာရင် ငါလည်း မရင်ဆိုင်နိုင်တော့ဘူး... ဘယ်လိုမှကို မရင်ဆိုင်နိုင်တာ”

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်၍ ပြောလိုက်၏။ “ကျွန်တော်တို့မှာ သွားစရာနေရာ ရှိသေးတယ်... မလှုပ်ကြနဲ့ ... မှော်အစီအရင် သုံးမလို့”

နှစ်ယောက်လုံး ငြိမ်ငြိမ် ရပ်လိုက်ကြသည်။ ချင်မူ၏ ကိုယ်အပေါ်ပိုင်းမှာ သက်သာနေပြီဖြစ်ပြီး သူက တမုဟုတ်ချင်း ချီစွမ်းအင် ထုတ်လွှတ်လိုက်ရာ သင်္ကေတအမှတ်အသားများက သူတို့ကို ဝန်းရံလှည့်ပတ်သွားသည်။

အဝေးရှိ ကောင်းကင်နန်းဆောင်များဆီမှ ရှေးဟောင်းနတ်ဘုရားများ အပြေးအလွှား လာနေကြလေသည်။

မဟာနေဧကရာဇ်က တောင်ပံခတ်လျက် အမြန်ဆုံး ပျံသန်းလာနေ၏။ သူက လှမ်းအော်သည်။ “မင်းပဲလား... ရွှေအဆင့်တပ်မှူး နျိုပန်း... စောစောကပဲ မင်း ကောင်းကင်နတ်ဘုံမှာ ပြဿနာရှာခဲ့တာလေ... အရှင်မင်းကြီး မင်းကို အရာရှိအဆင့် အပ်နှင်းပေးခဲ့တာတောင် မကျေနပ်သေးဘူးလား... ဒီတစ်ခေါက် ပြဿနာကို မင်း ဘယ်လိုရှင်းမလဲ ကြည့်ရသေးတာပေါ့... နတ်ဘုရားစီရင်ရာစင်မြင့်က အခုထိ သွေးမသောက်ရသေးဘူး... မင်း ပထမဆုံး လည်စင်းခံရလိမ့်မယ်”

သူက လျှပ်စီးလို ပျံသန်းလာကာ တဖျတ်ဖျတ် လှုပ်နေသော အရိပ်များလို သွက်လက်စွာ တိုက်ခိုက်လိုက်သည်။ ကောင်းကင်တွင် မီးတောက်မီးလျှံများ ပြည့်နှက်သွားသော်လည်း ဤအခိုက်အတန့်မှာပဲ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသက်ဝင်သွားသည်။ ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နျိုစန်းသွောကား အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားတော့၏။

မဟာနေဧကရာဇ်မှာ လေကိုသာ ဖမ်းဆုပ်မိလိုက်၍ အရှိန်နှင့် ပင်လယ်ထဲ ထိုးမကျသွားအောင် ကပျာကယာ တောင်ပံခတ်လိုက်ရသည်။ သူ၏တောင်ပံများက မိုင်တစ်ရာကျော် အုပ်မိုးထားလေသည်။ သူက မျက်လုံးဆီမှ အလင်းတန်းနှစ်တန်း ထုတ်လွှတ်၍ ချင်မူတို့အား ပတ်ဝန်းကျင်တွင် လိုက်ရှာနေသည်။

ရှေးဟောင်းနတ်ဘုရားနောက်တစ်ပါးက ကမန်းကတန်း ရောက်လာကာ အော်မေးသည်။ “နေဧကရာဇ်၊ အဲဒီသူပုန်တွေ ဘယ်ရောက်သွားလဲ”

“ထူးဆန်းတဲ့ လျှို့ဝှက်အတတ် သုံးပြီး လွတ်မြောက်သွားတယ်”

မဟာနေဧကရာဇ်က ဆက်ပြောသည်။ “ကောင်းကင်သံသရာကြယ်အဖွဲ့က ကြယ်တာရာအရှင်သခင်တွေကို ဘယ်အရာမှ ထွက်မပြေးနိုင်တဲ့ ပိုက်ကွန်တစ်ခု ဖွဲ့တည်ခိုင်းလိုက်... သူတို့ ပြေးစရာ နေရာမရှိအောင် နဂါးသွဲ့ရေကန်အပေါ် အုပ်မိုးထားရမယ်”

အစောပိုင်းတုန်းက ကောင်းကင်ထဲတွင် ကြယ်တာရာများ မမြင်ခဲ့ရသော်လည်း ယခုတွင် ရုတ်ခြည်း လင်းထိန်တောက်ပလာသည်။ ကြယ်များသည် ကြီးသထက် ကြီးမားလာကာ နဂါးငွေ့တန်းတစ်ခု ဖွဲ့တည်လိုက်၏။ နတ်ဘုရားများမှ သိုင်းကွက်များ ထုတ်လွှတ်လိုက်သည့်အခါ ကြယ်အလင်းတန်းများက မိုးပေါက်များသဖွယ် ရွာကျလာကာ တစ်တန်းနှင့်တစ်တန်း လိမ်ကျစ်ရစ်ပတ်လျက် အုပ်ဆောင်းသဖွယ် နဂါးသွဲ့ရေကန်အပေါ် အုပ်မိုးလိုက်သည်။

ကြယ်များအပေါ်တွင် နတ်ဘုရားများ ရပ်နေကြသည်။ သူတို့၏အကြည့်များက ကောင်းကင်ထက်မှ ကျရောက်လာကာ အိတ်သွန်ဖာမှောက် ရှာနေကြ၏။

အတော်လေး ကြာသည်အထိ သူတို့ ရှာဖွေနေကြသော်လည်း ခြေရာလက်ရာပင် မတွေ့ရသဖြင့် မဟာနေဧကရာဇ်လည်း အကြံကုန်သွားသည်။ “ကောင်းကင်သောတစစ်သူကြီးနဲ့ မြေပြင်စက္ခုစစ်သူကြီး ဘယ်မှာလဲ... ဒီလူသုံးယောက်က အင်မတန် သတ္တိကောင်းလွန်းတယ်... သူတို့ ဘယ်ပြေးပြေး ငါတို့ဆီက မလွတ်စေရဘူး”

တခဏကြာသော် ရှေးဟောင်းနတ်ဘုရားတစ်ပါးက တင်ပြသည်။ “ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို ဖော်ထုတ်ခိုင်းထားတဲ့ အရှင်မင်းကြီးရဲ့ အမိန့်တော်ကြောင့် ကောင်းကင်သောတစစ်သူကြီးနဲ့ မြေပြင်စက္ခုစစ်သူကြီးက အောက်ဘုံမှာ ဆင်းစုံစမ်းနေကြပါတယ်”

မဟာနေဧကရာဇ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ “အောက်ဘုံအထိ ဆင်းစုံစမ်းနေကြတယ် ဟုတ်လား... နဂါးသွဲ့ရေကန်မှာ စစ်ဆေးစုံစမ်းမယ့်အစား အောက်ဘုံမှာ ဘာသွားလုပ်ကြတာလဲ... အောက်ဘုံက ဘယ်သူက ကောင်းကင်နတ်အရှင်ယွီကို သတ်နိုင်လောက်တဲ့အထိ တော်မှာတုန်း... နတ်ဘုရားတစ်ပိုင်းတွေမှာပဲ အဲဒီလို သတ်နိုင်တဲ့ ..... အဟမ်း အဟမ်း”

သူက ရုတ်တရက် ပါးစပ်ပိတ်၍ ချောင်းဟန့်လိုက်သည်။ “ရွှေအဆင့်တပ်မှူး နျိုပန်း၊ နဂါးသွဲ့ရေကန်မှာ နှစ်ကြိမ်သောင်းကျန်းမှု၊ ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု... ဒီအမှုနှစ်ခုကို အရှင်မင်းကြီးဆီ တင်ပြရမယ်... ငါ အရင်ဆုံး နတ်ကောင်းကင်ခန်းမဆီ သွားလိုက်ဦးမယ်... မင်းတို့ ဒီမှာ စောင့်ပြီး ဆက်ရှာနေကြ... အဲဒီကောင်တွေကို မင်းတို့ ရအောင် ရှာရမယ်”

သူ ခပ်သုတ်သုတ် ထွက်သွားသည်။

ဤအချိန်တွင် အလွန်လှပခံ့ညားသော အပြင်အဆင်ရှိသော ဧရာမခန်းမကြီးတစ်ခုအတွင်းတွင် အလင်းရောင်တစ်ချက် လက်သွားပြီး ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နျိုစန်းသွောတို့ ပေါ်လာကြသည်။ ချင်မူမှာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ရသော်လည်း အခြားသူများ ကြားသွားမည်စိုး၍ အလျင်အမြန် အောင့်ထားလိုက်ရ၏။ သူ့မျက်နှာမှာ အောင့်ထားရသောကြောင့် နီရဲနေတော့သည်။

“ဒါ ဘာနေရာလဲ” နွားအိုကြီးနှင့် ခိုင်ဧကရာဇ်က သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။

ဤခန်းမတစ်ခုလုံးသည် မီးကဲ့သို့ နီရဲနေ၏။ တိုင်လုံးများ၊ ကြမ်းပြင်၊ နံရံများ၊ မျက်နှာကြက်... အရာအားလုံး နီရဲနေသည်။ လိုက်ကာများနှင့် ခန်းဆီးစများပင် အနီရောင် ဖြစ်လေသည်။

ဇာမဏီမီးငှက်ရုပ်လုံးရုပ်ကြွများကို နံရံများအပေါ်၌ ရေးထွင်းထားသည့်အပြင် မြေပြင်ပေါ်တွင်လည်း ဆန်းကြယ်နက်နဲသော မီးငှက်သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲထားသည်။ ခန်းဆီး ၊ လိုက်ကာများတွင်လည်း ကောင်းကင်ယံ၌ ပျံဝဲနေသော ဇာမဏီမီးငှက်သဏ္ဍာန်များ ပုံဖော်ချည်ထိုးထား၏။

မိစ္ဆာပိုးကောင်များကို စား၍ နတ်နဂါးများနှင့် တိုက်ခိုက်နေသော ဇာမဏီမီးငှက်တို့၏ ပန်းချီများလည်း တွေ့မြင်ရသည်။

“ဒါက ဇာမဏီမီးငှက်နန်းဆောင်ပဲ”

ချင်မူ ယိုင်နဲ့စွာ သက်ပြင်းချလိုက်သည်။ “ဒီနေရာက ကျူချွဲအာ နေတဲ့နေရာ ... ကျွန်တော်တို့ သူနဲ့ သိတယ်ဆိုတော့ ဒီမှာ ရက်ပိုင်းလောက် ပုန်းလို့ရလိမ့်မယ်”

နွားအိုကြီး စိတ်အေးလက်အေး ဖြစ်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “တောင်အရပ်နတ်မင်းနဲ့ နာမည်တူတဲ့ ကျူချွဲအာဆိုတဲ့ တစ်ယောက်လား... အဲဒီမိန်းမက လှပေမယ့် တောင်အရပ်နတ်မင်းနဲ့ နာမည်တူတူ သုံးရဲတဲ့အထိ ရဲတင်းလွန်းတယ်... စောစော သေရမှာ မကြောက်ဘူး”

ခိုင်ဧကရာဇ်၏အမူအရာမှာ ထူးဆန်းနေပြီး သူက နံရံပန်းချီတစ်ခုကို စိုက်ကြည့်ရင်း အတန်ကြာသည်အထိ ဆွံ့အနေသည်။ “ဒီပန်းချီထဲက အမျိုးသမီးက ကျူချွဲအာလား”

နွားအိုကြီးက ရှေ့သို့ လျှောက်လာကာ ပန်းချီကားထဲရှိ အမျိုးသမီးကို ကြည့်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “သူ ဟုတ်တာပေါ့... တော်တော်ရဲတင်းတဲ့ မိန်းမပဲ”

ခိုင်ဧကရာဇ်၏ အမူအရာက ပို၍ပင် ထူးဆန်းလာတော့သည်။ သူက သတိပေးလိုက်သည်။ “အစ်ကိုကြီးနျိုပန်း၊ သူက မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းအတူ တစ်ဝိုင်းတည်း ထိုင်နေရတာနော်... သူ့အဆင့်က သူတို့အောက် နိမ့်ကျမှာမဟုတ်ဘူး”

နွားအိုကြီးသည် ပန်းချီကို ကြည့်နေပြီး ပန်းချီက စားသောက်ပွဲတစ်ပွဲအား ရေးဆွဲထားခြင်း ဖြစ်၏။ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နတ်ယ်စားမင်းတို့နှစ်ယောက်လုံး ရှိနေကာ အရှေ့၌ ထိုင်နေကြသည်။ ကျူချွဲအာ အမည်ရှိ အမျိုးသမီးကလည်း သူတို့‌ဘေး၌ ထိုင်နေလေသည်။

“မင်း ဆိုလိုတာက... “ နွားအိုကြီး သွေးတိုးစမ်းလိုက်သည်။

ခိုင်ဧကရာဇ် သက်ပြင်းချမိ၏။ “သူက တောင်အရပ်နတ်မင်းပဲ... ကျုပ်တို့ သူ့နန်းဆောင်ထဲ ကျူးကျော်ဝင်လာပြီး သူ့အသိုက်ထဲ ဝင်တိုးမိတာပဲ... ဒီနေရာက...”

သူက ခန်းဆီးစဆီ ကြည့်လိုက်ပြီး ခန်းဆီးစ၏ အနောက်တွင် အနီရောင်သလွန်တစ်ခု ရှိနေသည်။ သလွန်သည် အသိုက်သဏ္ဍာန် ရှိပြီး မီးဟုန်းဟုန်း တောက်နေ၏။

ခိုင်ဧကရာဇ်၏ နဖူးမှ သွေးကြောများ ထောင်လာတော့သည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “ဒါက တောင်အရပ်နတ်မင်းရဲ့ အခန်းပဲ... ကျုပ်တို့ ဘယ်လိုသေရမလဲ တွေးလို့ရပြီ...”

နွားအိုကြီး ကြောက်ဒူးတုန်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ချင်မူဆီသို့ လှမ်းကြည့်သည်။ “မင်း ဒါကို ကိုင်တွယ်နိုင်မယ့် နည်းလမ်း ရှိပါတယ်နော် ဟုတ်တယ်မလား... မင်းမှာ အမြဲ တစ်နည်းမဟုတ် တစ်နည်းတော့ ရှိပါတယ်”

ချင်မူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် အပြင်မှ ဆူဆူညံညံအသံများ ကြားရသည်။ ကျူချွဲအာ၏အသံက သူတို့နားထဲ ရောက်လာပြီး သူမသည် ရယ်ရယ်မောမော ပြောနေ၏။ “ဒီတစ်ခေါက် ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲက အလှည့်အပြောင်းတွေ အပြည့်ပဲ... တွေ့ဆုံပွဲကျင်းပတာက ကောင်းကင်နတ်ဘုံရဲ့ နာမည်ကို ဆုံးဖြတ်ဖို့ ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ လူအိုကြီးတွေ ကိုယ်ကျိုးစီးပွားအတွက် ဗျစ်တီးဗျစ်တောက် စကားများဖို့ပါပဲဟယ်.... မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းက သတ္တိအပြည့်ပဲ သိလား... ယိုတုနဲ့ ရွှမ်တုရဲ့ အကျိုးအမြတ်တွေကို နည်းနည်းလေးမှ မပေးချင်ကြဘူး... နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်တွေကလည်း အကျိုးအမြတ်အတွက် ငမ်းငမ်းတက်နေကြတာ... နောက်ဆုံးတော့ ကောင်းကင်နတ်ဘုံရဲ့ နာမည်က ဘာမှတောင် မဟုတ်လိုက်ဘူး...”

“နတ်ဘုရားမ၊ နတ်ဘုရားမက ကောင်းကင်နတ်ဘုံ ရောက်နေတော့ နဂါးသွဲ့ရေကန်မှာ ဘယ်လောက်ပွဲဆူနေမှန်း မသိဘူး”

“ဟုတ်တယ် ဟုတ်တယ်...နဂါးသွဲ့ရေကန်တစ်ကန်လုံး ရစရာမရှိအောင် ပျက်စီးနေပြီသိလား နတ်ဘုရားမ... ပထမဆုံး ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်တို့ တိုက်ခိုက်ကြတယ်... နောက်လည်းကျရော နျိုပန်းက ဘာစိတ်ကူးပေါက်တယ် မသိပါဘူး... နဂါးသွဲ့ရေကန်မှာ သောင်းကျန်းတော့တာပဲ... အဲဒါပြီးတော့ ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံလိုက်ရပြီး အသက်ပြန်ရှင်လာတယ်.... သူကလေ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ... ကောင်းကင်နတ်အရှင်ဟောင် အခြေအနေလည်း မဟန်ရော ‌ကောင်းကင်နတ်ဧကရီရဲ့ ညီမတော်ရဲ့ ပုံရိပ် ရောက်လာတယ်... ဒါပေမဲ့ ရွှေအဆင့်တပ်မှူး နျိုပန်းက အဲဒီပုံရိပ်ကို ဖြိုခွဲပစ်လိုက်တာများလေ... အားရစရာကြီး...”

“ဟယ် အဲဒီလောက်တောင် ပွဲဆူသွားတယ်လား... ငါ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ မသွားဘဲ ပွဲကြည့်ဖို့ နေကျန်ခဲ့ရမှာ”

“အခုဆို ပိုလို့တောင် ပွဲဆူနေပြီ... ကောင်းကင်သံသရာနတ်ဘုရားအားလုံး ထွက်လာကြပြီ”

***

ဤအသံများက တဖြည်းဖြည်း နီးကပ်လာပြီး နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ၏ သတင်းများကြောင်း ပြောနေကြခြင်း ဖြစ်သည်။ ကျူချွဲအာက ရုတ်တရက် ပြောလိုက်သည်။ “ငါ နည်းနည်း ပင်ပန်းနေလို့ အနားယူလိုက်ဦးမယ်... ပြန်ကြတော့”

“အမိန့်အတိုင်းပါ”

အခြွေအရံမိန်းကလေးများ ပြန်သွားကြသည်။

ခြေသံများ ထွက်ပေါ်လာပြီး ကြက်သွေး‌ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က အခန်းထဲ ဝင်လာကာ တခစ်ခစ် ရယ်လိုက်သည်။ “အတင့်ရဲလိုက်တာ... ငါ့အခန်းထဲမှာ ပုန်းရဲတယ်... ငါ နင့်ကို မဖမ်းနိုင်ဘူး ထင်နေလား...”

“မမကြီး”

ချင်မူ အပြေးအလွှား ထွက်၍ မူလမျက်နှာအဖြစ် ပြန်ပြောင်းကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “မောင်လေး ခိုလှုံဖို့ ရောက်လာတာပါ... မမကြီး ကျေးဇူးပြုပြီး ခေါ်ထားပေးလို့ ရမလားဗျာ”

ကျူချွဲအာ အံ့အားသင့်သွားပြီး အော်လိုက်မိ၏။ “နင်... နင်က ကောင်းကင်နတ်အရှင်အသစ် မူ ဆိုတာလား.... မဟုတ်သေးဘူး... နင်က ငါ ကောင်းကင်နတ်မြစ်ပေါ်မှာ တွေ့ခဲ့တဲ့ မောင်လေး သေချာပါတယ်... ဘယ်လိုလုပ်ပြီး စောစောက ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာ ဖြစ်နေတာလဲ”

ခိုင်ဧကရာဇ် ချင်မူ့ကို ကြည့်ကာ အနည်းငယ် မှင်သက်သွားသည်။ ချင်မူ့မျက်နှာသည် မူချင်း၏မျက်နှာ မဟုတ်တော့ပေ။ ပိုမို ငယ်ရွယ်ပြီး ကလေးဆန်သော ရုပ်ကလေး ဖြစ်နေ၏။

‘သူ့မျက်နှာက နည်းနည်း ရင်းနှီးနေသလိုပဲ...’

ခိုင်ဧကရာဇ် ဇဝေဇဝါ ဖြစ်နေသည်။ ‘ငါနဲ့ နည်းနည်း တူနေသလားလို့...’

ချင်မူက မျက်နှာအစစ် ဖော်ပြပြီး ခါးသီးနေသောအသံဖြင့် ပြောနေသည်။ “ကောင်းကင်နတ်အရှင်ယွီ သေသွားပြီ မမကြီးရယ်... လူသတ်သမားတွေက ကောင်းကင်နတ်အရှင်ဟောင်နဲ့ ယင်ချောင်ကျင့်ပဲ... ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေဖို့ ကျွန်တော် သူ့အယောင်ဆောင်ထားတာပါ.... အခုတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အမေကို အတိုက်အခံလုပ်ခဲ့မိလို့ မမကြီးဆီမှာ ခိုလှုံ့ဖို့ အပြင် ရွေးချယ်စရာ မရှိတော့ပါဘူး”

ကျူချွဲအာက ရုတ်တရက် တခစ်ခစ် ရယ်လိုက်၍ မီးတောက်များသည် သူမခန္ဓာကိုယ်တစ်လျှောက် ဖြာဆင်းသွား၏။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အဲဒီအပျက်မလေးကို အတိုက်အခံလုပ်မိလို့ကတော့ သေပြီသာမှတ်... နင်တို့အားလုံး သေရတော့မယ်... ဒါပေမဲ့ မကြောက်ပါနဲ့ သူ ဒီကို မလာရဲဘူး... ဒီမှာ ရက်ပိုင်းလောက် ပုန်းနေလိုက်... အခြေအနေတွေ ငြိမ်သက်သွားရင် မမကြီး နင်တို့ကို‌ အောက်ဘုံပြန်ပို့ပေးမယ်”

သူမသည် ရုတ်တရက် စိတ်လှုပ်ရှားလာကာ တခစ်ခစ် ရယ်နေ၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အမေက ကောင်းကင်နတ်ဧကရီရဲ့ ညီမတော်ပဲ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နောက်ခံကို နင်တို့တွေ မသိကြသေးဘူးမလား... ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမက အမြွှာတွေလေ... ရုပ်တွေက တစ်ရုပ်တည်း... ကောင်းကင်နတ်ဧကရာဇ်က အစ်မလုပ်သူကို လက်ထပ်ခဲ့တုန်းက ညီမကိုပါ တစ်ခါတည်း လက်ထပ်ချင်ခဲ့တာ.... ဒါပေမဲ့ ကောင်းကင်နတ်ဧကရီက လက်မခံဘူး... ဆိုတော့ ခန့်မှန်းကြည့်.. အဲဒီနောက်ပိုင်း ဘာဖြစ်သွားတယ်ထင်လဲ”

ခိုင်ဧကရာဇ်မှာ ထူးဆန်းနေသောအမူအရာဖြင့် တစ်ယောက်တည်း တွေးနေသည်။ ‘ဒီတောင်အရပ်နတ်မင်းက ငါ ထင်ထားသလို မဟုတ်ပါလား... ဘာလို့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ အတွင်းရေးကိစ္စတွေကို ဒီလောက် စိတ်ဝင်စားနေတာလဲ’

ချင်မူ ဒဏ်ရာများကို ကုသနေရင်းမှ စပ်စုလိုက်၏။ “မမကြီး အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲ”

ခိုင်ဧကရာဇ်၏အမူအရာက ပို၍ပင် ထူးဆန်းသွား‌တော့သည်။ ‘ဒီမူချင်းကလည်း သိပ်စပ်စုတာပဲ’

နွားအိုကြီးလည်း နားရွက်များ ထောင်ထားပြီး အလွန်သိချင်နေကြောင်း ထင်ရှားသည်။

“အဲဒီနောက်ပိုင်း ကောင်းကင်နတ်အရှင်ယွီက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်လှစ်ပြီး လူသားတွေကို ကျင့်ကြံအားထုတ်နိုင်စေခဲ့တော့... ကောင်းကင်နတ်ဧကရာဇ်က မိန့်တယ်... ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်တွေဟာ ကျင့်ကြံအားမထုတ်နိုင်တဲ့အတွက် နောင်တစ်ချိန်မှာ နတ်ဘုရားမျိုးဆက်တွေအားလုံး လူသားတွေရဲ့ အနိုင်ကျင့်တာ ခံရမှာ စိုးရိမ်မိတယ်တဲ့လေ... အဲဒါနဲ့ သူက လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း ဖန်တီးလိုက်ရင် အဲဒီလူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်းကို  နတ်ဘုရားတစ်ပိုင်းတွေအတွက် ကျင့်ကြံအားထုတ်နိုင်မယ့် နည်းလမ်း ရှာဖွေခိုင်းလို့ ရမယ်လို့ တွေးခဲ့မိတယ်... အဲဒီလူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်းက ကောင်းကင်နတ်အရှင်ဟောင် ဖြစ်လာတာပဲ”

ကျူချွဲအာ ပြုံး၍ ပြောလိုက်သည်။ “ပြီးတော့ ကောင်းကင်နတ်အရှင်ဟောင်ကို မွေးပေးခဲ့တာက ကောင်းကင်နတ်ဧကရီရဲ့ ညီမ... ဆိုတော့ ခန့်မှန်းကြည့်၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အဖေက ဘယ်သူဖြစ်မယ်ထင်လဲ”

ချင်မူ့အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူက သူမကို လောတော့သည်။ “မမကြီး မြန်မြန်ပြောပါဗျာ... ကျွန်တော် သိချင်လွန်းလို့ မနေနိုင်တော့ဘူး”

ကျူချွဲအာက တခစ်ခစ် ရယ်ရင်း ပေါ့ပါးသွက်လက်စွာ ပြောပြ၏။ “ကောင်းကင်နတ်ဧကရာဇ်က လူသားအဖြစ် ပြန်ဝင်စားလိုက်ပြီး နောက်ဆုံးတော့ အလှလေးနဲ့ ရေနံတူးချင်တဲ့ ဆန္ဒ ပြည့်သွားတာပေါ့ မောင်လေးရဲ့”

၎

င

၎

၎

All Chapters