← Chapters

သုံးယောက်ကော မဖြစ်နိုင်ဘူးလား

Vol. 51 Ch. 751

သုံးယောက်ကော မဖြစ်နိုင်ဘူးလား

Vol. 51 Ch. 751

ရှုံးဟွေ့၏ အမူအရာမှာ ကြောင်အမ်းနေပြီး လင်းရီ ထိုသို့ ပြုမူလိမ့်မည်ဟု လုံး၀ မျှော်လင့်ထားခြင်း မရှိချေ။

' မဟုတ်သေးဘူးလေ... ငါက သူ့ကို ရန်စတဲ့ စကားတွေ ပြောဖို့ ကျန်နေသေးတယ်လေ.... အဲ့တာကို သူက ဘာလို့ ဆက်တိုက် ဆင့်ရိုက်နေတာ .... ဒီ‌ကောင်ဘာလို့ ဇာတ်ကွက်အတိုင်း မလုပ်တာတုန်းဟ...'

" မ.. မရိုက်ပါနဲ့တော့... ညီကို... ဒါက နားလည်မှု လွဲနေတာ .. သူက မင်းကို ရန်လာရှာနေလို့ ငါက လိုက်တား ပေးနေတာပါကွာ..... " ရှုံးဟွေ့ ရောင်ကိုင်းနေသည့် သူ့ပါးကို ကိုင်ရင်း ပြောလိုက်ပြီး " နောက်တောင် ကျနေပြီဆို‌တော့ စောစော အနားယူတော့နော်...."

" မင်း အဘွားပဲ အနားယူခိုင်းလိုက်...."

ဘန်း ...

လင်းရီ ရှုံးဟွေ့ကို နောက်သို့ လွင့်စင်သွားသည်အထိ ကန်ကျောက်လိုက်လေသည်။

“ ဒီနေရာကို လာချင်တိုင်းလာပြီး ပြန်ချင်တိုင်း ပြန်နေရအောင် ရေချိုးစင်တာများ ထင်နေတာလားကွ…”

“ မ… မဟုတ်ပါဘူး…” ရှုံးဟွေ့ သူ၏ ဗိုက်ကို ကိုင်ထားရင်း “ ငါ… ငါ အမြင်တွေ ကန်းခဲ့မိပါလို့ပါ… ကျေးဇူးပြုပြီး ငါ့လို့ နိမ့်ကျသူကို ဗွေမယူပါနဲ့…”

လင်းရီ ရှုံးဟွေ့ကို ဆက်လက် အာရုံထားမနေတော့ပဲ ကျိန်းချောင် ဘက်သို့ လှည့်၍ “ မင်းကကော… ငါ့ညီကိုက မင်းကို နေ့ခင်းတုန်းက ရိုက်လိုက်တယ်… အဲ့တာကို မင်းက စိတ်တိုပြီး မင်းရဲ့ ဒေါသတွေကို ငါ့အပေါ် ပုံချချင်နေတယ်ပေါ့ ဟုတ်လား…”

“ ငါ… ငါ….”

ဘန်း….

လင်းရီ ကျိန်းချောင် စကားဆုံးသည်အထိ စောင့်မနေပဲ ခန္ဓာကိုယ်ကို ကွေးသွားအောင် ကန်လိုက်၏။ ထို့နောက် ကော်လံကို ဆွဲစုလိုက်ပြီး တင်းမာသည့် လေသံဖြင့် “ မင်းကိုယ်မင်း MIT က ဘွဲ့ရလာတိုင်း သောက်ရမ်းတွေ အဆင့်မြင့်သွားပြီလို့ ထင်နေတာလား… ဒီနေ့ တကယ် အကန်ခံရတာက ဘယ်လို အရသာမျိုးရှိလဲဆိုတာ မင်းသိအောင် ပြပေးလိုက်မယ်…”

ဝှစ်.. ဘန်း…

လင်းရီ ခြေထောက်မြောက်၍ ရင်ဝကို ဆောင့်ကန်လိုက်ပြီး ကျိန်းချောင်ကို တံခါးဝသို့ လွင့်စင်သွားစေလေသည်။

ကျိန်းချောင် ရင်ဘက်ကို ဖိလိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရ၏။

ထိုအခိုက်အတန့်တွင်တော့ ကျိန်းချောင် စိတ်ထဲ၌ မေးခွန်းတစ်ခုကသာ ကြီးစိုးနေလေသည်။

သူ ရှုံးဟွေ့ကိုကျ တစ်ချက်တည်းကန်ပြီး ဘာလို့ ငါ့ကိုကျ နှစ်ချက်တောင် ကန်တာ….

“ လစ်စမ်း… မင်းတို့ရဲ့ ဘောမရှိတဲ့ သောက်ခွက်တွေကို ငါမမြင်ချင်ဘူး….”

လင်းရီ ထိုစကားပြောလိုက်သည်နှင့် နှစ်ယောက်မှာ အတောင်ပံ ပေါက်လာသကဲ့သို့ ပြေးထွက်သွားကြလေသည်။

အခန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး လင်းရီ ရန်စီကို လှည့်ကြည့်လိုက်၏။

“ မင်းဦးနှောက်ကိုကော မြည်းကန်သွားလို့ အဲ့လို ငကြောင်ကောင်နဲ့ နှစ်တွေအကြာကြီး အတူတွဲခဲ့တာလား… တန်ကောတန်ရဲ့လား…”

“ ပေါက်တတ်ကရတွေ… “ ရန်စီ ပြောလိုက်ပြီး “ ကျွန်မတို့နှစ်ယောက်က နှစ်တွေအကြာကြီး တွဲတယ်ဆိုပေမယ့် LDRS တွေပါနော်… ပြီးတော့ ကျွန်မက ရှင်ထင်သလိုလည်း လွယ်တဲ့ အတန်းစားမျိုး မဟုတ်ဘူးရှင့်….”

“ ငါတော့ နားမလည်တော့ဘူး… အဲ့ကောင်က ဘာတွေများ ဆွဲဆောင်မှုရှိနေလို့…” လင်းရီ ပြောလိုက်ပြီး “ ငါနဲ့ယှဉ်ရင် အဝေးကြီးကိုများ…”

“ ဘယ်အမျိုးသားက မစ္စတာလင်းကို ယှဉ်နိုင်မှာမို့လို့လဲ…”

“ ဟားဟား... အဲ့လိုတွေ ပြောတတ်နေတော့ မင်းကို သဘောကျစတောင် ပြုလာပြီ…”

လင်းရီ ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး “ ငါ့အိပ်ရာက နွေးနေတုန်းပဲနော်… အနားယူချင်တယ်ဆို ပြော…”

“ တော်ပါ… မစ္စတာလင်း အနားယူတာကို မနှောင့်ယှက်တော့ဘူး.. ကိုယ့်ဘာကိုယ်ပဲ အခန်းသစ် တစ်ခန်း ယူလိုက်တော့မယ်…”

“ သေချာပြီလား.. အခွင့်အရေးက နှစ်ခါမရဘူးနော်…”

“ အမ်… အဲ့လိုပြောကြေးဆို… ကျွန်မတို့ နောက်တစ်ခါတွေ့တဲ့အချိန်ကျ ကျွန်မရဲ့ ပထမဆုံးဆိုတဲ့ အရသာကို မြည်းစမ်းကြည့်ခိုင်းမယ်လေ…”

“ အဲ့လိုဆိုရင်တော့ နောက်တစ်ခါတွေ့တဲ့အချိန်ကျ မြေကမ္ဘာတုန်ဟီးတော့မယ့် တိုက်ပွဲတွေ ဖြစ်လောက်တယ်…”

ရန်စီ ဆံပင်ကို နောက်သို့ သပ်လိုက်ရင်း အပြုံးလေးဖြင့် “ ဒါပေါ့… ကျွန်မက ယောက်ျားလေးတွေ ဘယ်လိုပုံစံမျိုး ကြိုက်လဲဆိုတာ အကုန်သိတယ်လေ… ရှင့်ကို စိတ်ကျေနပ်စေရမယ်လို့ သေချာပေါက် အာမခံတယ်…”

“ ကောင်းပြီ… ပြန်ရင် ငါ့အခန်းတံခါးကို ကူပိတ်သွားပေးဦး… ငါ သွားအိပ်တော့မယ်…”

အညောင်းဆန့်ပြီးနောက် လင်းရီ အထဲရှိ အိပ်ရာပေါ်သို့ ပြန်သွားလိုက်ကာ ရန်စီကိုတော့ ဒီတိုင်း လျစ်လျူရှုထားလိုက်၏။

လင်းရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရန်စီ နှုတ်ခမ်းကိုက်လိုက်မိသည်။

အကယ်၍ လင်းရီဘက်ကသာ လက်ဦးမှု ရယူခဲ့ပါက သူမဘက်က တစ်ကြိမ်တစ်ခါလောက် လိုက်လျော၍ ရသည် မဟုတ်ပါလော။

ခေါင်းခါရမ်းလိုက်ရင်း သူမရင်ထဲရှိ လိုအင်များကို ဖိနှိပ်လျက် လင်းရီအခန်းထဲမှ တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။

အချိန်မည်မျှ ကြာအောင် လင်းရီ အိပ်စက်မိနေမှန်း မသိသော်လည်း ရုတ်ချည်းဆိုသလို သူ့အခန်းတံခါး လာခေါက်သံကို လင်းရီ ကြားလိုက်ရ၏။

“ ငိုးပဲ.... ဟော်ယွမ်ယွမ်… မင်း ဘာလာလုပ်ပြန်တာတုန်းကွ…”

အပြင်ဘက်ရှိ တံခါးခေါက်နေသူမှာ ဟော်ယွမ်ယွမ် မဟုတ်မှန်း သိသာနေသော်လည်း လင်းရီ နှုတ်ကျိုးနေခဲ့လေသည်။

အိပ်စုံမှုန်များဖြင့် တံခါးထဖွင့်လိုက်ပြီး အပြင်ဘက်ရှိ ရပ်နေသည့် လူကို မြင်တော့ လင်းရီ သူ၏ ငိုက်မျဉ်းနေသည့် စိတ်တို့ပင် ပျောက်ရှသွားခဲ့တော့၏။

တံခါးဝ၌ ရပ်နေသည့် သူမှာ ရန်စီပင်။

ထို့ပြင် သူမဘေး၌ ခရီးဆောင်အိတ် တစ်လုံးကလည်း ရှိနေသေးပြန်သည်။

“ မစ္စတာလင်း… ကျွန်မ ရှင်နဲ့ ဒီညတူတူနေလို့ ရမလားဟင်…” ရန်စီမှ ကြည်လဲ့နေသည့် မျက်ဝန်းတို့ဖြင့် လင်းရီအား တောင်းဆိုလိုက်၏။

“ ဟို အခန်း ထဲမှာ မနေချင်တော့လို့လား…”

“ အွန်း….” ရန်စီ ပြောလိုက်ပြီး “ ကျွန်မ သူ ဘွတ်ကင်လုပ်ထားပေးတဲ့ အခန်းထဲမှာ မနေချင်လို့ တစ်ခြား အခန်း လိုက်ရှာနေတာ… ဒါပေမယ့် ဟိုတယ် အခန်းတွေ အကုန်လုံးကလည်း ပြည့်သွားပြီ… တစ်ခန်းမှ မကျန်တော့ဘူး….”

“ ဆိုတော့……” လင်းရီ ရပ်တန့်လိုက်ပြီး “ မင်းက မင်းအရင် နေခဲ့တဲ့ အခန်းကိုလည်း ပြန်မသွားချင်ဘူး… ဒါကြောင့်မို့ ငါ့ဆီလာခဲ့တာ… ဟုတ်တယ်မလား….”

“အွန်း အွန်း …” ရန်စီ ပေါ့ပါးစွာ ခေါင်းညိမ့်လိုက်၏။

ရန်စီ၏ လက်မောင်းကို ဆွဲလိုက်ပြီး လင်းရီ အထဲသို့ ခေါ်သွင်း၍ “ ဒါဆိုလည်း မြန်မြန်ဝင်လာလေ… ဘာတွေစောင့်နေတာ…”

“ ခဏစောင့်ဦးနော်… ရေချိုးလိုက်ဦးမယ်…”

………………………

( ကျွန်တော်မရေးတာ မဟုတ်ဘူးနော်.. မူရင်း Author က ဆက်မရေးတာ…(⁠´⁠°̥̥̥̥̥̥̥̥⁠ω⁠°̥̥̥̥̥̥̥̥⁠`⁠) )

နောက်တစ်နေ့ နေ့လည်ခင်းတွင်တော့ လင်းရီ အခန်းတံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရ၏။

သူ ဝေဝါးနေသည့် မျက်လုံး အစုံဖြင့် ကြည့်ကြည့်လိုက်တော့ သူ့ဘေးရှိ ရန်စီမှာ ထွက်ခွာသွားခဲ့ချေပြီ။

သို့သော်လည်း သူ၏ ဘေးအိပ်ရာ ပေါ်တွင်တော့ ဒေါ်လာ ရာတန်များကို ထားပေးခဲ့လေသည်။

“ ငိုးမ.. မင်းအဘွားပဲလို့… ဒါငါ့ကို သပ်သပ်နှပ်ချသွားတာ…”

အားပါးတရ ကျိန်ဆဲပြီးနောက် လင်းရီ ထပြီး တံခါးသွားဖွင့်လိုက်သည်။ ထိုအခါ ချင်းဟန်နှင့် ကျန်သူများ တံခါးအပြင်ဘက်၌ ရှိနေကြောင်း မြင်တွေ့လိုက်ရလေသည်။

“ လင်းကြီးဟျောင့်… မင်းက မဟုတ်သေးပါဘူး… မနေ့ညက ပါတီလည်း မလာပဲနဲ့ကို ဘာလို့ ဒီလောက်ထိ အိပ်နေတာ…”

“ ငါ့ အခန်းထဲမှာလည်း ပျော်လို့မရဘူးလား…” လင်းရီ သာမန်အေးဆေး လေသံဖြင့် ပြောလိုက်၏။

“ ဖက်ခ်… ဒါဘာကြီးလဲ…”

ထိုစဉ် လျန်ကျင်းမင် ဆိုဖာထံ ရောက်လာခဲ့ပြီး နီရဲရဲ သွေးစများကို မြင်တော့ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ကာ “ ဝှက်တယ်ဖက်… ဒါဘာကြီးလဲ…”

လျန်ကျင်းမင်လည်း ရောက်လာခဲ့ပြီး ရှော့ခ်ရစွာဖြင့် “ ဒါ ... လခွမ်း သွေးတွေ မဟုတ်ဘူးလား…”

“ ဖက်ခ်.. ဝင်ပေါက်ဝမှာကော သွေးတွေဟ….” ကောင်းကျုံးယွမ် အလန့်တကြားဖြင့် ထအော်လိုက်၏။

ထို့နောက် လေးယောက်သား တိုင်ပင်မထားပဲ လင်းရီကို ပြိုင်တူကြည့်လိုက်ကြလေသည်။

“ အစ်ကိုကြီးလင်းကတော့ အရမ်းတွေ ပျော်ခဲ့တယ်နဲ့တူတယ်…” ကျန်းရှောင်ယွီမှ ပြုံးစစဆိုလိုက်၏။

“ ငိုးပဲ… ခဏနေဦး…”

ချင်းဟန် လင်းရီ အိပ်ရာပေါ် သွားကြည့်လိုက်ပြီး “ အိပ်ယာပေါ်မှာလည်း ပိုက်ဆံတွေနဲ့ဟ….”

လျန်ကျင်းမင်မှ လက်မထောင်ပြလိုက်ပြီး “ အစ်ကိုကြီးလင်းက အတော်ဆုံးပဲ… ကြည့်ရတာ ကောင်မလေးက အပျိုမြှေးပေါက်သွားတာနေမှာ…”

“ အစ်ကိုကြီးလင်းကတော့ နေရာစုံမှာ လိုက်သောင်းကြမ်းထားတော့တာပဲ…” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ မင်းတို့ကောင်တွေကလည်း ဝေးလိုက်တာ.. အသစ်လေး သုံးယောက်ကော မဖြစ်နိုင်ဘူးလား…”

ချင်းဟန် “ …. “

လျန်ကျင်းမင် “ …. “

ကောင်းကျုံးယွမ် “ …. “

ကျန်းရှောင်ယွီ “ အစ်ကိုရီက အရမ်း အံ့ဩဖို့ ကောင်းတာပဲ… ”

“ ကောင်းပြီ… အချိန်ဖြုန်းနေတာတွေ တော်လိုက်တော့.. သွားစားကြစို့…” လင်းရီ အဝတ်စားလဲပြီးနောက် အုပ်စုမှာ စားသောက်ရန် ထွက်လာကြလေသည်။

ထိပ်ဆုံးထပ်ရှိ စားသောက်ဆိုင်ကို ရောက်တော့ လူအများအပြားမှာ လင်းရီကို လေးစားအားကျနေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။

ဦးစွာအနေဖြင့် ချင်းဟန်ကဲ့သို့ နာမည်ကြီး ဒုတိယမျိုးဆက် ဆက်ခံသူမှာ ဘယ်နေရာ သွားသွား လူတိုင်းက ရောက်လာပြီး နှုတ်ဆက်ကြပေမည်။

ထို့ပြင် ယမန်နေ့ညက အဖြစ်အပျက်ကလည်း လူတိုင်း၏ စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ် ကျန်ရှိနေသေး၏။

ချင်းဟန်မှာ အထင်ကြီးဖို့ ကောင်းသော်ငြား သူ့ဘေးရှိ လူချောလေးက………

ပို၍ အထင်ကြီးဖို့ ကောင်း၏။

ထို့ပြင် ဒုတိယမျိုးဆက် ဆက်ခံသူများကြား ပဋိပက္ခက ရာဝမ်းကျွန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ကာ လူတိုင်း၏ အာရုံစိုက်ရာ ပစ်မှတ် ဖြစ်လာခဲ့လေသည်။

“ သခင်လေးချင်း… ကျွန်မတို့ ဒီမှာထိုင်ပြီး စားလို့ရမလားဟင်…”

စကတ်တိုတိုနှင့် ရင်အရှိုက်ဖော်ထားသည့် မိန်းကလေး နှစ်ယောက်မှ ချင်းဟန်ဘေးတွင် ရပ်လျက် မဝံ့မရဲလေး မေးလိုက်သည်။

“ မရဘူး..”

“ ဒါဆိုလည်း သခင်လေးချင်းကို မနှောင့်ယှက်တော့ပါဘူးနော်…”

မိန်းကလေးနှစ်ယောက်မှာ စိတ်မဆိုးသွားချေ။ ထိုအစား သူမတို့ထံ ဆက်သွယ်နိုင်သည့် အချက်အလက်များကို လျှို့ဝှက်စွာ ချန်ထားရစ်ခဲ့ကြပြီး “ သခင်လေးချင်း… ပျင်းရင် ကျွန်မတို့ဆီ ဖုန်းခေါ်လိုက်နော်…”

ချင်းဟန် ခေါင်းညိမ့်လိုက်၏။

မကြာမီ မိန်းကလေး အများအပြား ထပ်မံရောက်ရှိလာပြီး မိနစ်အနည်းငယ်အတွင်း မိန်းကလေးအုပ်စု သုံးခုမှ စကားလာပြောပြီး သူမတို့၏ လိပ်စာကတ်များကို ချန်ထားခဲ့ကြလေသည်။

ကျန်းရှောင်ယွီကတော့ ဘေးတွင်ထိုင်ရင်း တိတ်ဆိတ်စွာ စားသောက်လျက်ရှိ၏။ သူမလည်း အနှီမိန်းကလေးများ၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။

သူမ ရာဝမ်းကျွန်းသို့ ရောက်လာပြီးမှသာ စစ်မှန်သည့် ကမ္ဘာကြီးကို မြင်တွေ့လိုက်ရခြင်းပင်။

မူလကတော့ သူမကိုယ်သူမ ပွင့်လင်းလှပြီဟု ထင်ထားခဲ့သော်လည်း ယခု ရောက်လာကြသည့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ သူမက ဘာမျှ မဟုတ်တော့ပေ။

လူချမ်းသာတို့၏ နေထိုင်မှုပုံစံက သာမန်လူတို့ စိတ်ကူးယဉ်နိုင်သည်မျိုး မဟုတ်ခဲ့ချေ။

“ အစ်ကိုရီ… ကျွန်မရှင့်ကို တစ်ခုလောက် မေးချင်ယို့…” ကျန်းရှောင်ယွီမှ နူးညံ့စွာ ပြောလိုက်၏။

“ ပြောလေ…”

“ ဘာလို့ အဲ့ဒီ မိန်းကလေးတွေက ကျွန်မကို ဝါးစားချင်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ…သူတို့က နှစ်လမ်းသွားတွေများလား….”

“ ဘယ်သူက မင်းကို ဝါးစားချင်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြလို့….”

“ အာ…. မဟုတ်ဘူးလား…”

ကောင်းကျုံးယွမ် ရယ်မောလိုက်ပြီး “ သူတို့က မင်းကို မနာလို ဖြစ်နေကြတာ.. မင်းက ကောက်ကြောင်းလှလှလေးတွေ မရှိတာတောင် ငါတို့ လေးယောက် အလယ်မှာ ထိုင်နေနိုင်တယ်လေ….”

All Chapters