← Chapters

လူခိုးခြင်း

Vol. 51 Ch. 752

လူခိုးခြင်း

Vol. 51 Ch. 752

“ အာ….”

ကျန်းရှောင်ယွီ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ မသိပါဘူး… ကျွန်မကို ကြိုက်နေတာများလားလို့ ဟိဟိ…”

“ မနေ့ညက ဝအောင် မအိပ်ခဲ့ရဘူးလား… ဘာလို့ စားပြီးတာတောင် အိပ်မက်လာမက်နေတာ…”

“ အစ်ကိုရီနော်… သူများကို စိတ်ဓာတ်ကျအောင် လာလုပ်မနေနဲ့… အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလေး ရှိပါရစေ..”

အုပ်စုမှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ သူတို့ ဘေးတွင် ကျန်းရှောင်ယွီရှိနေသည်က အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရလေသည်။

“ အိုးဟုတ်သား… မင်းပြောတော့ သင်္ဘောညစာစားပွဲက ဒီနေ့ဆို… ဘယ်အချိန်စမှာ..”

“ ည ခြောက်နာရီလောက်ပေါ့… လှေပေါ်တက်တာတော့ နေ့လည်လောက်ဖြစ်မယ်…” ချင်းဟန် ပြောလိုက်ပြီး “ ပြီးတာ့ မင်းရဲ့ ကြယ်ငါးပေါ်မှာပဲ…”

“ ဘာလို့ ကြယ်ငါးလဲ… သူတို့တွေ ပိုလန်းတဲ့ သင်္ဘောကို သုံးသင့်တယ် မဟုတ်ဘူးလား…”

“ မင်း ရွဲ့ပြောနေတာလား လင်းကြီး …” ချင်းဟန်ပြောလိုက်ပြီး “ ကြယ်ငါးထက်ကြီးတဲ့ သင်္ဘော ဟွာရှမှာ ရှိလိမ့်မယ်လို့ ထင်လား…”

“ ဒါဆို ငါ ပီစုန့်ကျန်းဆီကနေ ဘာလို့ ဘာမှ မကြားမိတာ…”

“ မင်းပဲ အကုန်လုံး သူ့ဆီ အပ်ခဲ့တာ မဟုတ်လား… ဒါကြောင့်မို့ သူကပဲ တာဝန်ယူပြီး မင်းကို မပြောပြတာ နေမှာပေါ့…” လျန်ကျင်းမင် ပြောလိုက်ပြီး “ပြီးတော့ ငါကြားတာ အစတုန်းက ကြယ်ငါးပေါ်မှာ လုပ်ဖို့ မစီစဉ်ထားဘူးတဲ့… နောက်မှ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး မင်း သင်္ဘောပေါ် ရောက်သွားလဲ မသိဘူး…”

“ အဲ့တာလည်း မကောင်းဘူးလား… မင်းရဲ့ ဝမ်ကျန်းဆိပ်ကမ်းကိုလည်း ကြေညာပြီးသားဖြစ်တာပေါ့… ကြည့်နေ.. ဒီပွဲပြီးရင် မင်းနေရာကို လူတွေ သောက်သောက်လဲ လာကြတော့မှာ.”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘာမျှ မပြောချေ။ မည်သို့ပင်ဆိုစေ သူ့အကျိုးစီးပွားအတွက်လည်း ကောင်းသည့် အချက်ဖြစ်နေသောကြောင့် သတင်းကောင်းပင်။

“ အစ်ကိုရီ… ကျွန်မတို့ နေ့လည်ကျရင် စထွင်းလွင့်ဦးမှာလား…”

“ ဒါပေါ့…စထွင်းရမှာပေါ့… အဲ့တာကို မေ့ထားလို့ ဘယ်ဖြစ်မှာ….”

ကြည့်ရှုသူ ဦးရေ ဆယ်မီလီယမ် ရရှိရန်က လွယ်ကူသည့် တာဝန်မဟုတ်ချေ။ ထို့ကြောင့် သူ၏ ကျော်ကြားမှု ဂုဏ်သတင်းများကို ဖြည်းညင်းစွာ တည်ဆောက်ရင်းဖြင့် မစ်ရှင်ကို တစ်ချီတည်းနှင့် အပြတ်ဖြတ်ရပေမည်။

အုပ်စုမှာ စားသောက်ပြီးနာက် ဖီးနပ်ဆိပ်ကမ်းဘေးရှိ ကမ်းခြေသို့ ရောက်လာခဲ့ကြ၏။

ကမ်းခြေနှင့် မလှမ်းမကမ်းတွင် ခမ်းနားထည်ဝါသည့် ကြယ်ငါး ဇိမ်ခံသင်္ဘောကြီးက ငြိမ်သက်စွာဖြင့် ကျောက်ဆူးချထားလေသည်။

လူအများအပြားကလည်း ၎င်းကို လက်ညိုးထိုးရင်းဖြင့် လှေပေါ်တက်သွားပြီး စူးစမ်းချင်နေသည့် အာသီသက ပြင်းထန်နေသည်။

သို့သော် ထိုကဲ့သို့ စူးစမ်းနိုင်ရန်ကလည်း ကန့်သတ်ခံထားရကာ လူတိုင်း စွမ်းသာသည့် ကိစ္စရပ်တစ်ခု မဟုတ်ခဲ့ချေ။

“ ဘုရားရေ… အစ်ကိုရီ… ဒီမိန်းကလေးတွေရဲ့ ဘော်ဒီကောက်ကြောင်းတွေကို ကြည့်စမ်းပါဦး… အရမ်းမိုက်တာပဲ…”

“ အားကျမနေနဲ့… ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အတုတွေ… ဘာမှ အထင်ကြီးစရာ အကြောင်းမရှိဘူး… တကယ်လို့ မင်း လိုချင်တယ်ဆိုရင်တော့ ဆေးရုံကောင်းကောင်းနဲ့ ချိတ်ဆက်ပေးမယ်လေ…”

“ တော်ပါ… ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်ထင်တယ်… ပြီးတော့ ကျွန်မက ငယ်ငယ်လေးပဲ ရှိသေးတာကို မျှော်လင့်ချက် ရှိပါသေးတယ်…”

“ အင်း… ကိုယ်က လူငယ်သခင်လေးတွေကို မြှူဆွယ်ချင်တာမှ မဟုတ်ရင် တကူးတကကြီး ဒုက္ခခံမနေနဲ့… အဲ့လောက် အကြီးကြီး ထည့်ပြီး ဘာလဲလုပ်မှာ ဟုတ်တယ်မလား…” လင်းရီ ပြောလိုက်ပြီး “ ကဲ လိုက်စထွင်း စကြစို့…”

“ မင်းတို့ပဲ စထွင်းကြတော့… ငါတို့ ဟိုဒီ လျှောက်ပတ်ကြည့်လိုက်ဦးမယ်…” ချင်းဟန်မှ မတ်တပ်ရပ်လိုက်ပြီး လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကို ခေါ်၍ ထွက်ခွာသွားလိုက်ပြီး “ ပြီးမှပဲ လှမ်းခေါ်လိုက်…”

“ အိုကေ…”

အဆိုပါ သုံးယောက် ထွက်ခွာသွားပြီးနောက် လင်းရီ သူ၏ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို တပ်လိုက်ပြီး လိုက်စထွင်းကို စတင်လိုက်လေသည်။

သူ တိုက်ရိုက် ထုတ်လွင့်မှု စတင်သည်နှင့် တစ်ပြိုင်နက် ဧရာမ များပြားသည့် ကြည့်ရှုသူ ဦးရေမှာ လင်းရီ အခန်းထဲသို့ ရောက်ရှိလာကြ၏။

“ သေချာပြီ… မင်းတို့ကောင်တွေ နေ့တိုင်း နေ့လည်လောက်မှ စထွင်းစတယ်ဆိုတော့ မရိုးသားတော့ဘူး….”

“ မင်းတို့ ကောင်တွေ စိတ်က တကယ့်ကို မည်းနက်နေတာပဲကွ… ငါတို့က ဒီတိုင်း မနေ့ညက ညဉ့်နက်သွားလို့ နေ့လည်ထိ အိပ်ပျော်သွားတာ… မင်းတို့ တွေးနေတဲ့ ညစ်တီးညစ်ပတ်တွေ ဘာမှမလုပ်ဘူး…”

“ ဘာမှ ရှင်းပြနေစရာ မလိုဘူး.. ရှင်းပြတယ်ဆိုတာ ဖုံးကွယ်တာပဲ… မပြောလည်း နားလည်ပါတယ်…”

“ဟဲ့... နင်တို့ရဲ့ အစ်ကိုကြီးက ကမ္ဘာကြီးကို မမြင်ဖူးတဲ့သူလို့ ထင်နေတာလား.. ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ…”ကျန်းရှောင်ယွီမှ ခါးထောက်လျက် ပြောလိုက်၏။

“ ရှောင်းယွီ.. မင်း ပြောတဲ့ ပုံစံကို ငါသိပ်သဘောမကျဘူး.. မင်းက ငယ်တယ်.. ပြီးတော့ ရုပ်ရည်လေးကလည်း မဆိုးဘူး… အလကားရတဲ့ လက်ဆောင်ကို သူငြင်းမယ် မထင်ပေါင်….”

“ လာကြ လာကြ ငါ့ကောင်တို့… မင်းတို့ကို ရာဝမ်းကျွန်းပေါ်က မိန်းကလေးတွေရဲ့ အလှကို မျက်စိအရသာ ခံခိုင်းမယ်…”

သို့နှင့် လင်းရီ ကင်မရာကို ကမ်းခြေဘက်သို့ လှည့်ခိုင်းလိုက်ပြီး ဘီကီနီနှင့် လျှောက်သွားနေသည့် မိန်းကလေးများကို ပြခိုင်းလိုက်သည်။

ထိုအခါ အခန်းထဲရှိ ကြည့်ရှုသူနှုန်းမှာလည်း ဒုံးပျံကဲ့သို့ ဆောင့်တက်လာခဲ့လေသည်။

“ သေစမ်း… ကောက်ကြောင်းက ဘယ်လိုတွေတောင် လန်းနေတာ… ဒါကြီးက ကျန်းရှောင်ယွီထက် အပုံကြီးသာတယ်ဆိုတာတော့ ငါ ဝန်ခံရတော့မယ်…”

“ သပပဲ… အဲ့လို လာမပြောနဲ့… ငါငယ်ငယ်တုန်းက နို့ကောင်းကောင်း မသောက်ခဲ့ရလို့ ဒီလိုဖြစ်နေတာနော်…”

“ ထင်ထားတဲ့အတိုင်းပဲ … တိုင်ကွန်းတွေရဲ့ အရုပ်က ငါ့ရဲ့ လေထိုးလို့ရတဲ့ အရုပ်ထက် အပုံကြီး သာနေတော့တာပဲ….”

ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ သွားစို့… မျက်နှာဖုံး အစ်ကိုကြီးနဲ့ ငါက နင်တို့ကို ဒီကမ်းခြေတစ်လျှောက် လိုက်ပြပေးမယ်… ခဏနေကျရင်လည်း သင်္ဘော အကြီးကြီးပေါ် တက်ဦးမှာနော်… လူတိုင်းပဲ .. မျက်ခြေမပျက်စေနဲ့… နင်တို့ မျက်နှာဖုံး အစ်ကိုကြီးကို အားပေးရမယ်….”

“ ငါလခွမ်းမို့လို့ မပံ့ပိုးပေးရမှာလား.. ဟွာရှမှာ သူ့လိုမျိုး သိတတ်တဲ့ စထွင်မာဆိုတာ အရမ်းရှားတယ်… ဒါပေမယ့် မျက်နှာဖုံးအစ်ကိုကြီး... မင်း အဘန်းခံရမှာကို မကြောက်ဘူးလား…”

“ ဘယ်ကောင်မှ ငါ့အကောင့်ကို မဘန်းရဲဘူး.. စိတ်ချလက်ချသာကြည့်…”

“ ရက်စ်... မျက်နှာဖုံး အစ်ကိုကြီးက အတော်ဆုံးပဲ… အားပေးတဲ့အနေနဲ့ ဒုံးပျံတစ်စင်းပေးပါရစေ…”

ကလင် ကလင် ကလင် …

ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုမှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဟယ်လို…. “

“ ဟယ်လို မစ္စတာလင်း … ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ… ကျုပ်က ခွိုက်ရှုံရဲ့ ဒါရိုက်တာ လီဝေ့ချန်းပါ… ခု အချိန်ရရင် စကား ခဏလောက် ပြောလို့ ရမလား….”

“ စာချုပ်ကိစ္စ ဆွေးနွေးချင်လို့လား… အဲ့တာဆိုရင်တော့ ဆောတီးပဲ.. ကျုပ်ဘက်က Douyu နဲ့ စာချုပ်ချုပ်ပြီးသွားပြီ… စိတ်မကောင်းစွာနဲ့ ငြင်းပါရစေ..”

“ မစ္စတာလင်း… ခင်များက Dou yu နဲ့ စာချုပ်ချုပ်ပြီးသွားပြီဆိုတာ ကျုပ်သိပါတယ်… ဒါပေမယ့် တကယ်လို့ ကျုပ်တို့ ပလတ်ဖောင်းဆီ ပြောင်းခဲ့ဖို့ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ဘက်က စာချုပ်ဖောက်ဖျက်လို့ ဆောင်ရတဲ့ လျော်ကြေးငွေကို ပေးမယ့်အပြင် မစ္စတာလင်း စိတ်ကျေနပ်စေလောက်မယ့် ပမာဏနဲ့ ကမ်းလှမ်းပေးဖို့ရာ ဆန္ဒရှိပါတယ်ဗျ… ကျုပ်ကို အခွင့်အရေး ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်ခု ချက်ချင်း ခင်များဆီ လာခဲ့ပါ့မယ်…”

“ မဟုတ်ဘူး.. ခင်များဘက်က ဘယ်လောက်ပဲ ပေးပေး အသုံးမဝင်ဘူး.. ဆွေးနွေးစရာ အကြောင်းလည်းမရှိတော့ဘူး.. ဒါကြောင့်မို့ လက်လျှော့လိုက်တော့…”

ပြောပြီးနောက် လင်းရီ တစ်ဖက်သူအား စကားပြောရန်ပင် အခွင့်ရေး မပေးတော့ပဲ ဖုန်းချလိုက်၏။

“ အစ်ကိုရီ.. တခြား ပလတ်ဖောင်းက ဆက်သွယ်လာတာလား…”

“ အင်း… ခွိုက်ရှုံကသူတို့ဆီ လာခဲ့ပေးဖို့ ကမ်းလှမ်းနေတာ…”

“ အစ်ကိုရီ ဘယ်လိုစဉ်းစားထားလဲ… တကယ်လို့ အစ်ကိုရီ ပြောင်းမယ်ဆို ကျွန်မလည်း ပြောင်းမယ်…”

“ ငါက ပိုက်ဆံရချင်လို့ စထွင်မာ လုပ်နေတာမှ မဟုတ်တာ… ဒီတိုင်း အတွေ့အကြုံရဖို့ သပ်သပ်ပဲ.. ဒါကြောင့်မို့ မပြောင်းပါဘူး…”

“ အွန်း… ကျွန်မလည်း Dou yu က တော်တော်လေး ကောင်းတယ်လို့ထင်တယ်…”

ထိုသို့ ဘာမဟုတ်သည့် စာချုပ်လေးကို လင်းရီ ဂရုစိုက်မနေချေ။ သို့သော်လည်း တစ်ဖက်သူမှ လွယ်လွယ်ကူကူနှင့် လက်လျော့လိမ့်မှာ မဟုတ်ကြောင်းကိုတော့ သူ ရေးတေးတေး အာရုံရနေလေသည်။

ထို့ကြောင့် ပို၍ ဂရုစိုက်သည်ကကောင်း၏။ သူ အရမ်းကာရော သတိလက်လွတ် ဖြစ်၍ မရချေ။

တစ်ချိန်တည်းတွင် ကမ်းခြေလမ်း၌ အဖြူရောင် RV တစ်စင်း ထိုးရပ်ထားလေသည်။

ကားထဲတွင်တော့ ဒရိုင်ဘာအပြင် လူသုံးယောက် ရှိနေကြ၏။

လင်းရီသာ မြင်သာခဲ့မည်ဆိုပါက နှစ်ယောက်ကို မျက်တန်းမှန်းမိပေလိမ့်မည်။ ထိုသူတို့က သူ တမြန်နေ့ညက သင်ခန်းစာပေးခဲ့သည့် ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့ပင်။

သို့သော်လည်း ထိုနှစ်ယောက်၏ အလယ်တွင်တော့ အသက် လေးဆယ် အရွယ် ရှိပုံရသည့် သက်လတ်ပိုင်း လူတစ်ယောက်မှ ထိုင်နေလေသည်။

ထိုလူက ဂျင်းနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကတုံးပေါက်ကေနှင့် ပြောင်လက်နေအောင် ဆီလည်း သုတ်လိမ်းထားကာ နေကာမျက်မှန် အမည်းရောင်ကြီးကိုလည်း တပ်ဆင်ထားလေသည်။

သူ့ကို ကြည့်လိုက်သည်နှင့် မည်သူမဆို တစ်ခုခု ထူးဆန်းသည့် ခံစားချက်တို့ ခံစားသွားရမည်ဖြစ်၏။

ထိုလူကတော့ ယခုလေးတင် လင်းရီထံ ဖုန်းခေါ်လာခဲ့သည့် လီဝေ့ချန်းပင်။

“ ဥက္ကဌလီ… အဲ့ကောင် ဘာပြောလဲ.. သူ စာချုပ်ချုပ်ဖို့ သဘောမတူလိုက်ဘူး… ဟုတ်တယ်မလား…”

“ အဲ့သောက်ကလေးက ဘာကောင်တုန်းကွ… သူ့လေသံနားထောင်ကြည့်ရသလောက်ကတော့ ငွေရေးကြေးရေး ခြေသလုံးမွှေးဆိုတဲ့ အထာနဲ့… အဲ့လိုကောင်က ဘာလို့ စထွင်မာလုပ်နေမှန်း ငါ နားမလည်နိုင်ဘူး…”

“ ကျုပ်အထင်တော့ Dou yu က သူ့ကို ပို့နင့်နေအောင် ပေးထားလို့နေမှာ… အဲ့ဒါကြောင့်မို့ ဒီလိုမျိုးလွယ်လွယ်နဲ့ ငြင်းလိုက်တာပေါ့…” မာဝေ့အန်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ထေ့လုံးတွေ လာသုံးမနေနဲ့… တကယ်လို့ အဲ့ကောင် ငါတို့နဲ့ စာချုပ်မချုပ်ဘူးဆိုရင် မင်းတို့လည်း Dou yu မှာ ကောင်းကောင်းနေရမယ် ထင်လား…”

All Chapters