ငါက အတိုင်ခံလိုက်ရတယ်
Vol. 51 Ch. 753
“ အဲ့ဒါကြောင့်မို့လည်း ကျုပ်တို့က ဥက္ကဌလီဆီ ဒီတိုင်ပင်ဖို့ ရောက်လာခဲ့ကြတာလေ…”
ဝမ်းဇီချန်းနှင့် မာဝေ့အန်း နှစ်ယောက်လုံးက ကြွယ်ဝချမ်းသာသည့် နောက်ခံမိသားစုမှ လာခဲ့ကြသူများဖြစ်ပြီး မီဒီယာ ကုမ္ပဏီ တစ်ခုက သူတို့ မိသားစု၏ ဝင်ငွေနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူတို့ ကိုယ်ပိုင် တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် တန်ဖိုးထားလေသည်။
ထို့ပြင် အရေးကြီးဆုံးကတော့ သူတို့၏ မောင်းမဆောင်ကို တည်ဆောက်နိုင်သောကြောင့်ပင်။
သူတို့ စကားတစ်ခွန်းဆိုလိုက်သည်နှင့် သူတို့ ကုမ္ပဏီ လက်အောက်ရှိ အလှအပလေးများမှာ လိုလိုချင်ချင်နှင့် ကုတင်ပေါ် တက်လာပေးကြပေမည်။ ယင်းကလည်း သူတို့ စတူဒီယို လုပ်ထားရသည့် အဓိကရည်ရွယ်ချက်ဖြစ်၏။
သူတို့ အတွက်တော့ Dou Yu က သူတို့ မွေ့လျော်ရာ အမဲလိုက် ကွင်းပြင်ကြီးဖြစ်ပြီး လင်းရီကတော့ အနှောက်အယှက် ဖြစ်လာခဲ့လေသည်။
တိုက်ဆိုင်စွာဖြင့် လင်းရီ၏ ရေပန်းစားမှုက ခွိုက်ရှုံ၏ အာရုံကို ဆွဲဆောင်သွားခဲ့ကာ ချဉ်းကပ်ရန် ရောက်လာခဲ့၏။ ထို့ကြောင့် ယခု အခွင့်အရေးကို အသုံးချ၍ လင်းရီကို မောင်းထုတ်ရန် သုံးယောက်သားခေါင်းချင်းဆိုင်ပြီး လီဝေ့ချန်းထံ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
“ ဒါပေမယ့် ခက်ခဲလောက်တယ် … ငါ့ကို စကားပြောဖို့ အခွင့်အရေးလေးတောင် မပေးဘူးဆိုတော့ Dou yu မှာပဲ နေဖို့ ဆုံးဖြတ်ထားပြီနဲ့တူတယ်…”
“ ကိစ္စမရှိဘူး.. ဒီနည်းနဲ့ မရရင် နောက်တစ်နည်းပေါ့…”ဝမ်ဇီချန်း အပြုံးလေးဖြင့် ဆိုလိုက်၏။
“ ဘာနည်းလမ်းလဲ… မြန်မြန်ပြော…” လီဝေ့ချန်း တက်ကြွသွားခဲ့၏။
“သူ့ကို… တိုင်ပစ်လိုက်မယ်ဆိုရင်...…”
……..
တစ်ချိန်တည်းတွင် လင်းရီနှင့် ကျန်းရှောင်ယွီမှာ ကမ်းခြေတစ်လျှောက်၌ လမ်းလျှောက်ရင်း စထွင်းလုပ်နေကြသည်။
သို့သော်လည်း အချိန်အများစုတွင်တော့ ကျန်းရှောင်ယွီကသာ စကားပြောနေပြီး လင်းရီကတော့ ရှိကြောင်းပြရန်အတွက် တိုက်ဆိုင်မှ တစ်ခွန်းစ နှစ်စသာ ဝင်ပြောတော့၏။
ယခုဆို လင်းရီ၏ အခြေအနေက စတင်ထုတ်လွင့်သည့် အချိန်ကနှင့် ကွာခြားသွားချေပြီ။ သူ စထွင်းထဲ၌ မျက်နှာမပြလျှင်တောင် သူ၏ ရေပန်းစားမှုက တရိပ်ရိပ်နှင့် မြင့်တက်နေဦးမည်ဖြစ်၏။
“ သောက်လိပ်… ဘာတွေဖြစ်နေတာတုန်း… ဘာလို့ စခရင်က အမည်းရောင်ဖြစ်သွားခဲ့တာ…”
စထွင်းလုပ်နေသည့် ကျန်းရှောင်ယွီမှာ ၎င်းကို မြင်တော့ တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။ သူမ စထွင်းနေရင်း ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ မင်း အရင် စထွင်းတွေလုပ်တုန်းကကော ဒီလိုမျိုး ကြုံဖူးလား…” လင်းရီ မေးမြန်းလိုက်၏။
“ အာ…. ကြည့်ရတာ ကျွန်မတို့ရဲ့ စထွင်းချာနယ်က အဘန်းခံလိုက်ရပြီနဲ့တူတယ်…” ကျန်းရှောင်ယွီ အပြစ်ရှိသလို ဖြစ်သွားခဲ့ပြီး “ စောနက ကျွန်မ ဘီကီနီနဲ့ ကောင်မလေးတွေ အများကြီးကို ပြလိုက်မိလို့ ဖြစ်မယ်…”
“ အဆင်ပြေပါတယ်… ငါ ဖုန်းတစ်ချက်လောက်ဆက်ပြီး မေးကြည့်ကြည့်လိုက်မယ်….”
လင်းရီ ဖုန်းထုတ်၍ လင်းရီထံ ဆက်သွယ်လိုက်၏။
“ ဟယ်လို မစ္စတာလင်း…”
တစ်ဖက်မှ ချိုသာယဉ်ကျေးသည့် အသံက ထွက်ပေါ်လာသည်။
“ ဘာတွေဖြစ်နေတာ… ခုလေးတင် ငါ့ချာနယ် အဘန်းခံလိုက်ရတယ်…”
“ ဟမ်… အဲ့လိုမျိုး ဖြစ်သွားခဲ့တယ်လား…” သိသာစွာဖြင့် လီလင်းလည်း မျှော်လင့်မထားသည့်အတွက် အံ့အားသင့်သွားခဲ့၏။
မျက်နှာဖုံး အစ်ကိုကြီးမှာ Dou yu ပေါ်ရှိ ထိပ်တန်း စထွင်မာ တစ်ဦးဖြစ်ပြီး အကယ်၍ သူ့စထွင်းသာ အဘန်းခံခဲ့ရသည် ဆိုပါက ယင်းက ပလတ်ဖောင်းအတွက် ကြီးမားသည့် ကိစ္စကြီးပင်။
“ ခဏနော်… ကျွန်မ ဘာဖြစ်နေလဲ သွားမေးကြည့်လိုက်ဦးမယ်… ပြီးမှ မစ္စတာလင်းဆီ အကြောင်းပြန်လိုက်ပါမယ်နော်….”
“ အင်း… ကောင်းပြီ…”
လီလင်း ဖုန်းချသွားပြီးနောက် ကျန်းရှောင်ယွီမှ စိတ်မကောင်းဖြစ်နေသည့် လေသံဖြင့် “ အစ်ကိုရီ … ကြည့်ရတာ ကျွန်မ မပြသင့်တဲ့ ဟာတွေ ပြမိသွားလို့နဲ့တူတယ်… ဒါကြောင့်မို့ ဒီလို ဖြစ်သွားခဲ့တာဖြစ်မယ်…”
“ အဓိပ္ပာယ် မရှိတာ.. ဒီတိုင်း ဘီကီနီနဲ့ မိန်းကလေး တစ်သိုက်ကို ပြမိရုံလောက်နဲ့ ဒီလိုမျိုး ဖြစ်စရာ အကြောင်းမရှိဘူး.. ကြည့်ရတာ ဒီကိစ္စ နောက်ကွယ်မှာ တစ်စုံတစ်ယောက်တော့ ရှိနေပြီနဲ့ တူတယ်…”
လင်းရီ သူ၏ အနေအထားကို ကောင်းမွန်စွာသိ၏။ သူ စထွင်းသည့် အကြိမ်တိုင်း သူ၏ ရေပန်းစားမှုက တိုးတက်လာလျက်ရှိကာ ယခုဆို Dou yu ၏ ထိပ်တန်း စထွင်မာတစ်လက် ဖြစ်လို့ နေချေပြီ။
အကယ်၍ သူသာ မသင့်လျော်သည့် တစ်စုံတစ်ရာကို လုပ်ခဲ့မိပါက စောင့်ကြည့်ရေး ဌာနမှ သူ့ကို ကြိုတင်စွာ အကြောင်းကြားလာရမည်။ ယခုလို ကောက်ကာငင်ကာကြီး ဘန်းချလိုက်သည်က လုံးဝ မဖြစ်သင့်သည့် ကိစ္စကြီးပင်။ ထို့ကြောင့် တစ်ခြားအကြောင်းပြချက်များ ရှိနေကြောင်း လင်းရီ သေချာနေတော့သည်။
“ အစ်ကိုရီ… ဒီကိစ္စက သူများ အကောက်ကြံသွားတာများလားနော်…”
“ ဖြစ်နိုင်တယ်… ဒါပေမယ့် မှန်းဆချက်သပ်သပ်ပါ… လီလင်း ဖုန်းပြန်ဆက်လာတဲ့ အခါမှ သူဘာပြောလဲ စောင့်ကြည့်ကြတာပေါ့…”
ထိုအချိန် လင်းရီ ဖုန်းသံ မြည်လာပြီး လီလင်းမှ ပြန်ခေါ်လာခဲ့၏။
“ ခုလေးတင် လူတွေအများကြီးက ရှင့်ကို ရီပို့ လုပ်ခဲ့ကြတာ… အဲ့တာနဲ့ အက်မင်ကလည်း တစ်ခုခု ဖြစ်မှာ စိုးရိမ်တာနဲ့ ရှင့်အကောင့်ကို ယာယီ ပိတ်ထားလိုက်တာပဲ….”
“ ငါ့ကို တိုင်ထားကြတယ်…. ဘယ်သူ တိုင်လဲဆိုတာ ရှာပေးလို့ရလား.. ပလတ်ဖောင်းက ငါ့ကို အမြင်မကြည်တဲ့သူတွေများလား…”
“ ဟင့်အင်း… တစ်ဖက်လူက လူငှားပြီးတော့ လုပ်လိုက်တာနဲ့တူတယ်…”
လီလင်း စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်ပြီး “ ကျွန်မအထင် ပြောရမယ်ဆို တခြား ပလတ်ဖောင်းက လူတွေ ဖြစ်ဖို့များတယ်…. ဘာလို့ လဲဆိုတော့ ရှင့်ရဲ့ ရေပန်းစားနှုန်းကို မြင်ပြီး ဒီလိုလုပ်လိုက်တာ နေမှာ…”
“ ကောင်းပြီ.. ငါနားလည်ပြီ…”
“ ရှင် စထွင်း ပြန်မလုပ်ခင် ခဏလောက် စောင့်ပေးဦးနော်.. ကျွန်မ အခြေအနေကို တစ်ချက်လေ့လာပြီးတော့မှ ပြန်ခေါ်လိုက်မယ်…”
“ အင်း… ကောင်းပြီ…”
ဖုန်းချပြီးနောက် လင်းရီ၏ မျက်လုံးမှာ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား မျက်မှောင်ကြုတ်သွားခဲ့၏။
“ အစ်ကိုရီ .. ကျွန်မတို့ခု ဘာလဲလုပ်ကြမှာ… ဟိုဘက်က သတင်းကို စောင့်နေကြမှာလား…” ကျန်းရှောင်ယွီ မေးလိုက်သည်။
“ မလိုဘူး… ငါ့ဘာငါ ကိုင်တွယ်လို့ရတယ်…”
လင်းရီ ဖုန်းပြန်ဖွင့်လိုက်ပြီး လီဝေ့ချန်းထံ ပြန်ခေါ်လိုက်၏။
“ ရို.. မစ္စတာလင်း.. ဒီလောက်မြန်မြန်ကြီး ပြန်ဆက်သွယ်လာလိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး… စဉ်းစားပြီးသွားပြီလား….”
“ ကျုပ်အခု တည့်တိုးပဲ ပြောမယ်… “ လင်းရီ ခပ်ရေးရေးလေး ပြုံးလိုက်ပြီး “ ကျုပ် ချာနယ် အဘန်းခံလိုက်ရပြီ… အဲ့လိုဖြစ်အောင် လုပ်တာ ခင်များမလား….”
“ စွပ်စွပ်စွဲစွဲတွေပါ မစ္စတာလင်းရာ… ကျုပ်က အဲ့လောက်ထိ မစွမ်းသာပါဘူး… ဒါပေမယ့် မစ္စတာလင်းက အကူအညီလိုတယ်ဆိုရင်တော့ ကျုပ်မှာ နည်းပညာ အဆက်အသွယ်တွေရှိတယ်…. ကျုပ်သေချာပေါက် ကူညီပေးနိုင်တယ်…”
“ ကောင်းပြီလေ…. ကျုပ် ခင်များနဲ့ လူချင်းတွေ့ပြီး စကားပြောချင်တယ်…”
“ ရတာပေါ့.. ကျုပ် ခု လိန်ထျန်းဟိုတယ်ရဲ့ အခန်း 1807 မှာ … ကျုပ် လက်ဖက်ရည်ဖျော်ရင်း မစ္စတာလင်း အလာကို စောင့်နေပါ့မယ်…”
လင်းရီ ဘာမျှ မပြောဘဲ ဖုန်းချလိုက်၏။ ထို့နောက် ကျန်းရှောင်ယွီထံ လှည့်ပြီး “ ချင်းဟန်နဲ့ ကျန်တဲ့သူတွေကို သွားရှာလိုက်.. ငါပြီးရင် လိုက်လာခဲ့မယ်…”
“ ကျွန်မ ကူညီပေးဖို့ မလိုဘူးဆိုတာ သေချာပါတယ်နော်..….”
“ မင်း လိုက်လာခဲ့ရင်တောင် ကူညီဖော်ရမှာမို့လား.…”
“ ဟွန့်… အစ်ကိုရီက သူများကို အထင်သေးနေတာပဲ…” ကျန်းရှောင်ယွီ နှာခေါင်းရှုံ့လိုက်၏။
“ ဟားဟား… တစ်ခါတစ်လေလည်း ကိုယ့်ကိုယ်ကို သိတာ ကောင်းတယ်… ထုတ်ပြောလိုက်ရင် ဘယ်အဓိပ္ပာယ် ရှိတော့မှာ…”
သို့နှင့် လင်းရီ ကျန်းရှောင်ယွီ ပခုံးကို ပုတ်လိုက်ပြီး “ သူတို့နောက် လိုက်သွားလှည့်… ပြီးရင် မင်းတို့ကို လာရှာမယ်…”
“ အစ်ကိုချင်းကို ဒီအကြောင်း ပြောပြလိုက်ရဦးမလား… သူတို့မေးလာခဲ့ရင် ဘယ်လိုပြောလိုက်ရမှာ..”
“ အမှန်အတိုင်းပဲ ပြောလိုက်ပေါ့…ဘာလို့ ကွယ်ဝှက်ထားနေမှာ.... “
“ အိုကေ.... “
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ ကမ်းခြေဝန်းကျင်မှ ထွက်လာခဲ့လေသည်။
သူ အပြင်လမ်းဘက်ကို ရောက်တော့ အထပ် နှစ်ဆယ်မြင့်သည့် အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရပြီး ၎င်းကတော့ လီဝေ့ချန်း ပြောသည့် လိန်ထျန်း ဟိုတယ်ကြီးပင်။
သို့နှင့် သူ အထဲသို့ ဝင်သွားလိုက်ပြီး ဓာတ်လှေကားစီး၍ 18 လွှာသို့ ရောက်လာကာ အခန်း 1807 တံခါးကို ခေါက်လိုက်၏။
လင်းရီ ဤအချိန်တွင် ရောက်လာလိမ့်မည်ကို ကြိုသိနေသည့် အလား သူ တစ်ကြိမ်ခေါက်ပြီးသည်နှင့် အခန်းတံခါးမှာ ပွင့်လာခဲ့လေသည်။
လင်းရီ မျက်နှာဖုံးနှင့် နေကာမျက်နှာ ဝတ်ထားသည်ကို မြင်တော့ လီဝေ့ချန်းမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့၏။ လင်းရီ ယခုလိုမျိုး ဝတ်စားလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သို့သော်လည်း မကြာမီ သူ၏ နဂို ကိုယ်နေဟန်ထားကို ပြန်ရရှိသွားကာ အထဲသို့ ဝင်လာရန် ဖိတ်မန္တက ပြုလိုက်၏။
“ မစ္စတာလင်း.. ကျေးဇူးပြုပြီး… ကျုပ် စောင့်နေတာတောင် အတော်လေး ကြာနေပြီ…”
လင်းရီ အားနာမနေပဲ ဆိုဖာပေါ် တန်းထိုင်ချလိုက်၏။
“ ဒီလိုလုပ်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခင်များ ထင်နေတာလား….”
“ အာ.... မစ္စတာလင်းကတော့ နားလည်မှု လွဲနေပြီ တူပါရဲ့…” လီဝေ့ချန်း ခါးသီးစွာ ပြုံးလိုက်ပြီး “ ကျုပ်က ရာဝမ်းကျွန်းကို ဒီနေ့ နေ့လည်မှ ရောက်လာခဲ့တာပါ… ပြီးတော့ အရိုးခံစိတ်ထားနဲ့ပဲ လာခဲ့တာ… ကျုပ်လို လူမျိုးက ဘယ်လိုလုပ်ပြီး အဲ့လိုကိစ္စမျိုးလုပ်ရမှာလဲ….”
“ ဖြစ်နိုင်ပါတယ်… ဒါပေမယ့် ဒီကိစ္စ နောက်ကွယ်မှာရှိတဲ့ လူက ခင်များနဲ့ ပတ်သက်နေတယ်မလား…” လင်းရီ နားကလော်ရင်း စိတ်မရှည်စွာ ပြောလိုက်ပြီး “ ကျုပ်ခု ဒီရောက်နေပြီ… ဆိုတော့ ရှင်းရှင်းလေးပဲ… အကုန်လုံးကို ခေါ်လိုက်… ကျုပ်တို့နှစ်ယောက်တည်း ဆိုလို့ကတော့ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး…”