ငါ ဒီကို စာချုပ် လာချုပ်တာ
Vol. 51 Ch. 755
သူတို့နှစ်ယောက် ငှားထားသည့် ချန်ပီယံကြီးက လက်သီးတစ်ချက်တည်းနှင့် မြေခသွားသည်ကို မျက်မြင်တွေ့လိုက်ရတော့ ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ကြပြီး အိပ်မက်မက်နေသည့်နှယ် ခံစားလိုက်ရလေသည်။
ငါဘယ်သူလဲ..
ငါဘယ်ရောက်နေတာလဲ…
ခုလေးတင် ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ….
“ မင်းတို့ကို လူတွေ များများလေး ခေါ်ထားပါလို့ ကြိုပြောထားရဲ့သားနဲ့ ခုတော့ကြည့်… မိုးနတ်မင်းကြီးတောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး.. ဟင်း… ကိုးရို့ကားယား နိုင်လိုက်တာကွာ….”
ဘန်း ဘန်း…
လင်းရီ လက်မြောက်လိုက်ပြီး လက်သီးနှစ်လုံး ပစ်သွင်းလိုက်၏။ နှစ်ယောက်လုံး နှာခေါင်းသွေးထွက်သွားပြီး မြေပြင်သို့ လဲကျသွားကြလေသည်။
လင်းရီ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝမ်းဇီချန်း၏ ဆံပင်ကို ဆွဲစု၍ “ ငါ့ကောင်.. မင်း ဒီလိုတွေ မလုပ်ခဲ့သင့်ဘူး… နောက်ကျရင် ရင့်ကျက်လာပြီးတော့ အသေးအမွှားလှည့်ကွက်လေးတွေ မသုံးနဲ့တော့ .. နားလည်လား…. အဲ့တာကြီးက တော်တော်လေး ပျင်းဖို့ ကောင်းတယ်…”
“ နား.. နားလည်ပါပြီ…”
ထိုနှစ်ယောက်ကို ကိုင်တွယ်ပြီးနောက် လင်းရီ မတ်တပ်ပြန်ရပ်လိုက်ပြီး အင်္ကျီအဝတ်စားပေါ်မှ ဖုန်များကို ခါခပ်ရင်း ဓာတ်လှေကားထဲသို့ ဝင်၍ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို ချွတ်လိုက်သည်။
သူ့ကိုယ်သူ မျက်နှာနှစ်ဖက်နှင့် လူစွမ်းကောင်းကြီးလိုမျိုး လင်းရီ ရုတ်ချည်း ခံစားလိုက်ရလေသည်။
ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ လီလင်းကို ခေါ်လိုက်ပြီး “ ငါ့ စထွင်းကို ပြန်ဖွင့်ပေးလိုက်တော့… အကုန်လုံး ကိုင်တွယ်လို့ ပြီးသွားပြီ…”
လီလင်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “အမ်... နောက်ကွယ်က ဘယ်သူလုပ်လဲဆိုတာ ရှာတွေ့သွားပြီပေါ့…”
“ အင်း… မှတ်လောက်သားလောက်အောင် ဆုံးမပေးပြီးသွားပြီ… “
“ ဒါဆို ကျွန်မ ရှင့်ရဲ့ စထွင်းချာနယ်ကို ပြန်ဖွင့်ပေးလိုက်မယ်.. ဒါပေမယ့် နောက်ကျ စထွင်းလုပ်ရင် သေချာလေး ဂရုစိုက်ဦးနော်…”
ပြဿနာမှာ ကိုင်တွယ်ပြီး ဖြစ်သောကြောင့် လီလင်း မေးခွန်းတွေ အများကြီး မမေးချင်တော့ပေ။ သို့သော်လည်း စထွင်းသည့် content နှင့် စပ်လျဉ်း၍ကတော့ အိုင်ဒီယာအသစ်အဆန်းများ လိုအပ်နေသေးလေသည်။ အဘယ်ကြောင့်ဆိုသော် ယခု ဖြစ်သွာသည့် ပြဿနာက အထိခိုက်မခံသည့် စထွင်း content ကြောင့်ဖြစ်ပြီး အခြား စထွင်မာများကလည်း အခွင့်ကောင်း ယူလာနိုင်သည်။
လင်းရီနှင့်မတူသည်က သူတို့သာ ထိုသို့သော စထွင်းမျိုး ပြုလုပ်ဝံ့ပါက ရာသက်ပန် အကောင့်ဘန်းခံလိုက်ရမည် ဖြစ်၏။ လင်းရီကတော့ VIP ဖြစ်နေသည်မို့ သက်သာသွားလေသည်။
“ ပူမနေစမ်းနဲ့.. ကောင်းကင်ကြီး ပြိုကျလာခဲ့မယ်ဆိုရင်တောင် ငါထိန်းထားပေးမယ်.. အဆင်ပြေပါတယ်…”
“ ဒါက ရှင် ထိန်းနိုင်တာ မထိန်းနိုင်တာနဲ့ မဆိုင်ဘူး.. တကယ်လို့ သေချာလေး မကိုင်တွယ်ဘူးဆိုရင် ပလတ်ဖောင်းကြီး တစ်ခုလုံးပါ ဘန်းခံလိုက်ရမှာ စိုးရိမ်လို့… အဲ့ခါကျ ရှင်က ဘယ်နေရာမှာ သွားစထွင်းတော့မှာ….”
“ အေးဆေးပေါ့… ပလတ်ဖောင်းကြီး တစ်ခုလုံး အဘန်းခံရတယ်ဆိုရင်တောင် ငါရအောင် ပြန်လုပ်ပေးမယ်….”
သို့နှင့် လင်းရီ ဖုန်းချလိုက်ပြီး ချင်းဟန်နှင့် ကျန်သူများကို တွေ့ဆုံရန် ဟန်ပြင်လိုက်သည်။
ကလင် ကလင် ကလင်
လင်းရီ ဖုန်းချပြီးပြီးချင်းပဲ နောက်ထပ် ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်ရောက်လာခဲ့၏။ ယင်းကလည်း အမည်မသိ နံပါတ်တစ်ခု ဖြစ်နေပြန်သည်။
“ ဟယ်လို မစ္စတာလင်း… ကျွန်တော်ပါ … Gulfstream က မာဟုန်ထောင်လေ….. ကျွန်တော်တို့ မနေ့ညတုန်းကတောင် တွေ့ခဲ့ကြသေးတယ်.. မှတ်မိသေးလားမသိဘူး…..”
“ ဒါပေါ့.. မှတ်မိတာပေါ့… စာချုပ်က အဆင်သင့်ပဲလား…”
“ အသင့်ပါပဲ… မစ္စတာလင်းက ခု ဘယ်ရောက်နေတာ.. ကျွန်တော် လာပို့ပေးမယ်လေ…”
“ ကျွန်တော်ခု ကြယ်ငါးပေါ် တက်တော့မှာဆိုတော့ အဲ့မှာ ဆုံကြရင်ကော….”
“ ကောင်းတာပေါ့ဗျ… ကျွန်တော့်ကားကလည်း အဲ့နားမှာ ရပ်ထားတာနဲ့ အတော်ပဲ… ခဏနေတွေ့မယ် မစ္စတာလင်း…”
“ အိုကေ…”
မာဟုန်ထောင်၏ ဖုန်းကို ချပြီးနောက် လင်းရီ ဖီးနစ် ဆိပ်ကမ်းဘက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့လိုက်သည်။
ဆိပ်ကမ်းတွင်တော့ အရောင်အသွေးစုံလင်သည့် မိန်းမပျိုလေးများနှင့် လူငယ်စုံတွဲအများအပြားမှာ တစ်ယောက်ပြီး တစ်ယောက် သင်္ဘောပေါ်သို့ တက်နေကြလေသည်။
လင်းရီ သူတို့ နောက်မှ ဖြည်းညင်းစွာ လိုက်တက်လိုက်၏။
လူအချို့ကတော့ ဖုန်းများကို ကိုင်၍ ဗွီဒီယို အတိုလေးများ ရိုက်ကူးနေကြသည်။
ကြည့်ရသလောက်တော့ short video platform ကလည်း ကောင်းမွန်သည့် ရွေးချယ်စရာ တစ်ခု ဖြစ်နေသည့်ပုံပင်။
အကယ်၍များ သူသာ ထိုသို့ ဗွီဒီယို အတိုလေး ရိုက်လိုက်မည် ဆိုပါက သူ၏ လိုက်စထွင်းထဲသို့ ကြည့်ရှုသူအများအပြားကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပါလော။
လင်းရီ ခွိုက်ရှုံကို အသုံးပြုရန် မဖြစ်နိုင်သော်လည်း Tik Tok ပေါ်တွင်တော့ အရူးထ၍ ရသေးလေသည်။
“ အိုးဟိုး.. ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ… မင်းတို့ကောင်တွေလည်း ဒီရောက်နေကြတာလား…”
သူ ဆိပ်ကမ်းကို ရောက်၍ သင်္ဘောပေါ် တက်တော့မည့်ဆဲဆဲတွင် ကျိန်းချောင်နှင့် ကျန်းနီတို့ လမ်းလျှောက်လာကြသည်ကို မြင်တွေ့လိုက်ရ၏။
စိတ်ဝင်စားဖို့ ကောင်းစွာဖြင့် နှစ်ယောက်မှာ လက်ချင်းချိတ်လျက် ရောက်လာကြလေသည်။
ကျိန်းချောင်ကတော့ လင်းရီနှင့် အကြည့်ချင်း မဆုံချင်သည့်အလား တမင် ရှောင်ရှားနေသည်။
ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်မြင်ယောင်ကြည့်ရုံမျှနှင့် သူ ကြက်သီးတဖြန်းဖြန်း ထနေမိ၏။
ကျန်းနီ လင်းရီကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူမ ရှေ့ရှိ လူ၏ ပုံပန်းသွင်ပြင်မှာ ရင်းနှီးဟန် ပေါက်နေသော်လည်း မည်သူဖြစ်ကြောင်းကိုတော့ သူမ စဉ်းစားလို့မရနိုင် ဖြစ်နေလေသည်။
ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်းကိုလည်း နားလည်ပေး၍ရ၏။
လင်းရီ ယမန်နေ့ တိုက်ရိုက်ထုတ်လွင့်စဉ်အခါက ကျန်းနီမှာ လင်းရီ မျက်နှာဖုံး ဝတ်ထားသည့်သွင်ပြင်ကိုသာ မြင်ရပြီး သူ့ မူရင်းမျက်နှာကို မြင်ခဲ့ရခြင်း မဟုတ်ချေ။
ထို့ကြောင့် ယခု လူချင်းတွေ့သည့် အချိန်၌ ကိုယ်လုံးကိုယ်ပေါက်၊ ဆံပင်ပုံစံနှင့် အမူအကျင့်ကိုသာ ရင်းနှီးနေသကဲ့သို့ ခံစားနေရပြီး ယမန်နေ့က မျက်နှာဖုံး ဝတ်ထားသည့် စထွင်မာနှင့်တော့ ဆပ်စပ် မတွေးမိချေ။
“ အစ်ကိုကျိန်း… နင် သူနဲ့ သိနေတာလား…”
ကျိန်းချောင် ခေါင်းညိမ့်လိုက်ပြီး “ သိတယ်ရယ်တော့ မဟုတ်ပါဘူး... ဒါပေမယ့် မနေ့တုန်းက ပြဿနာ လာရှာသွားတဲ့ စထွင်မာကတော့ သူပဲ….”
“ သူ… ! “ ကျန်းနီ အံ့အားတကြီး ဖြစ်သွားခဲ့ပြီး “ ဒါကြောင့်မို့ ရင်းနှီးနေပါတယ်လို့…. မထူးဆန်းတော့ပါဘူး…”
လင်းရီ မည်သူလဲဆိုတာကို သိသွားတော့ ကျန်းနီ၏ အမူအရာမှာ ရုတ်ချည်း အကျည်းတန်သွားခဲ့သည်။
“ ဟွန့်… သူနဲ့ လာဆုံတယ်ဆိုတော့ ဘယ်လိုတောင် ကံဆိုးလိုက်လဲ…” ကျန်းနီ မျက်လုံးလှိမ့်လိုက်ပြီး “ မြန်မြန် လစ်လိုက်တော့… အစ်ကိုကျိန်းက သဘောထား ပြည့်ဝတော့ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကို တေးထားနေမှာ မဟုတ်ဘူး.. ဒီတော့ နင့်ကိုယ်နင် အရှက်လာမခွဲတာ ကောင်းလိမ့်မယ်…”
“ ဟက်… စိတ်သဘောထား ပြည့်ဝတယ်… ငါ့ကိုယ်ငါ အရှက်ခွဲမိမယ်..” လင်းရီ ဟားတိုက်ရယ်မောချင်သွားပြီး ကျန်းနင်ကို စိတ်ဝင်စားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်၏။
“ မင်း ဘာမှ မပြောခင် သူ့ကို မနေ့ညက ဘာဖြစ်ခဲ့လဲ အရင်မေးလိုက်ဦး….”
“ ဟမ်…”
ကျန်းနီ အေးခဲသွားခဲ့တော့၏။ သူမ ခေါင်းလေး ငဲ့စောင်းလျက် ကျိန်းချောင်ကို ကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရလေသည်။
“ အစ်ကိုကျိန်း… မနေ့ညက ဘာတွေလဲ ဖြစ်ခဲ့တာ….”
“ အဲ့ကောင် လျှောက်ပြောနေတာတွေ နားထောင်မနေနဲ့.. မနေ့ညက ဘာမှ မဖြစ်ခဲ့ဘူး…”
ကျိန်းချောင် လင်းရီကို ကြည့်လိုက်ပြီး “ လင်းမျိုးရိုးနဲ့ကောင် … ငါမင်းကို ပြောလိုက်မယ်… လက်သီး ဘယ်လို ထိုးရမလဲ သိတယ်ဆိုတာက အရည်အချင်းရှိတယ် မခေါ်ဘူးကွ… မင်းမှာ ပိုက်ဆံ မရှိရင် မင်းက အလကားကောင်ပဲ…”
“ ဒါဆိုငါလည်း ပြန်မေးမယ်…. ငါ့မှာ ပိုက်ဆံမရှိဘူးလို့ မင်း ဘယ်လိုလုပ်ပြီး သိလဲ….”
“ ဟမ့်… နင်သာ ပိုက်ဆံရှိရင် စထွင်မာ လုပ်နေမှာတဲ့လား….” ကျန်းနီ အထင်သေးစွာ ပြောလိုက်ပြီး “ ကိုယ့်ကိုယ်ကို သောက်စရာကြီးလို လာလုပ်မနေစမ်းပါနဲ့…”
လင်းရီ ဆွံ့အစွာ ပြုံးလိုက်ပြီး “ ခဏလေးစောင့်.. ငါဖုန်း တစ်ချက်လောက် ခေါ်လိုက်ဦးမယ်…”
“ ဟီးဟီး… နင်အခု အရမ်း အရှက်ရနေပြီမလား… ဖုန်းပြောချင်ယောင်ဆောင်ပြီး ဒီက လှည့်ထွက်သွားတော့မယ်ပေါ့…”
လင်းရီ ဖုန်းထုတ်၍ မာဟုန်ထောင်ထံ ဆက်သွယ်လိုက်သည်။
“ ခင်များ အခု ဘယ်မှာလဲ…”
“ မစ္စတာလင်း .. ကျွန်တော် အဲ့ကို တစ်မိနစ်အတွင်း ရောက်မယ်.. ခု မီတာ တစ်ရာလောက်ပဲ ဝေးတော့တာ… ခုတောင် လှမ်းမြင်နေရပြီ…”
“ အဲ့တာဆို မြန်မြန် ပြေးလာခဲ့… ဒီမှာ ဘီလီယမ်နာရှေ့မှာ ကားစီးနိုင်ကြောင်း လာကြွယ်ပြနေလို့ .. လာလုပ်ပါဦး….”
“ ဟမ်… မစ္စတာလင်းရှေ့မှာ ကြွားလုံးထုတ်ရဲတဲ့ကောင်တွေကလည်း ရှိသေးတာလား…”
“ အင်း… ရှိတယ်… မြန်မြန်လာခဲ့… ကျုပ် ခင်များကို ပြရအောင်လို့ လှမ်းခေါ်လိုက်တာ….”
“ အိုကေ… ခု ရောက်လာပြီ…”
လင်းရီ ဖုန်းချလိုက်ပြီး မိနစ်ဝက်မျှကြာတော့ မာဟုန်ထောင် ခပ်သွက်သွက် ပြေးလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော်လည်း လင်းရီ ဘာမျှ မပြောနိုင်သေးခင် ကျိန်းချောင်နှင့် ကျန်းနီက လျှောက်သွားခဲ့ပြီး “ အယ်… ဥက္ကဌမာလည်း ဒီကို လာတာပဲလား…”
နှစ်ဖက်မှာ စီးပွားပြိုင်ဘက်များ ဖြစ်ကြသော်လည်း အချင်းချင်းတော့ ရင်းနှီးကြလေသည်။
လုပ်ငန်း ပြင်ပ အချိန်တွင်ဆိုပါက နှစ်ဖက်မှာ သက်ဆိုင်ရာ နယ်ပယ်ရှိ သတင်းအချက်အလက်များကို ဖလှယ်လေ့ရှိကြ၏။
ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သည်ဟု ဆို၍ ရသည်။
မာဟုန်ထောင် အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိမ့်ရုံမျှသာ ညိမ့်ပြလိုက်ပြီး လင်းရီကို လျင်မြန်စွာ ကြည့်ကာ “ ဥက္ကဌလင်း ပြောတဲ့ နှစ်ယောက်က သူတို့တွေလား…”
“ တော်တယ်.. သူတို့ပဲ…”
“ ဟမ်…”
ကျိန်းချောင်နှင့် ကျန်းနီတို့ ကြက်သေသေသွားခဲ့ကြ၏။ အဆိုပါ စထွင်မာနှင့် မာဟုန်ထောင်မှာ အချင်းချင်း သိနေကြလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ ဥက္ကဌမာ… ဖြစ်နိုင်တာ သူလည်း မနေ့က ခင်များနေရာကို လေယာဉ်ဝယ်ဖို့ လာခဲ့တာပဲလား..” ကျိန်းချောင် မေးလိုက်၏။
“ မင်း သိနေတယ်….”
“ ဒီတိုင်း မှန်းကြည့်လိုက်တာ…” ကျိန်းချောင် ပြောလိုက်ပြီး “ သူက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ စထွင်မာလေ… မနေ့က ကျွန်တော့်ဆီလာပြီးတော့ လေယာဉ်ဝယ်မယ်လုပ်နေတာ… ဒါပေမယ့် ကျွန်တော်ကတော့ လျစ်လျူရှုထားလိုက်တယ်… အဲ့တာကြောင့် ခင်များဆီကို ရောက်လာတာနေမှာ… ဥက္ကဌမာ… ခင်များ ဒီကောင် အရူးလုပ်တာကို မခံရစေနဲ့နော်….”
ယခုတော့ မာဟုန်ထောင် ဘာဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း နားလည်သွားခဲ့တော့၏။ စထွင်မာ ဆိုသည်က ကျိုးဟိုင်လို နေရာမျိုးတွင် အလယ်အလတ်တန်းစားဟု သတ်မှတ်၍ရသော်ငြား တိုင်ကွန်းများဖြင့် ပြည့်နှက်နေသည့် ဤကျွန်းပေါ်တွင်တော့ သာမညောင်ညများသာ ဖြစ်ကြလေသည်။
ထို့ပြင် ထိုကဲ့သို့သော လူမျိူးက သီးသန့် လေယာဉ် ဝယ်ချင်နေသည်ဆိုတော့ ကလေးငယ်လေးမှ လမင်းကြီးကို လိုချင်နေသည့် ပမာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ယခုလို အသုံးအဆောင်မျိုးက ကမ္ဘာ့ထိပ်တန်း သူဌေးကြီးများကသာ ပိုင်ဆိုင်နိုင်သည့် ပစ္စည်းမျိုးဖြစ်လေသည်။
ထို့ကြောင့် သူကဲ့သို့ စထွင်မာတစ်ယောက်က ပိုင်ဆိုင်နိုင်ရန် ဖြစ်နိုင်ပါ၏လော။
“ အစ်ကိုကျိန်း ပြောတာ မှန်တယ်..” ကျန်းနီအသံ ထွက်လာခဲ့ပြီး “ ဥက္ကဌမာ… ရှင် သူ အရူး လုပ်တာကို ခံလိုက်လို့မရဘူးနော်… ပြောမရဘူး… ခုဆို ရှင်က သူ့ စထွင်း content ရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်နေလောက်ပြီ…”
“ ဒါပေမယ့် ငါဒီခု ရောက်လာတာက စာချုပ်ချုပ်ဖို့လေ…”