Showtime
Vol. 51 Ch. 758
“ မြေနိုးလေး.. မင်း လူစကားပြောစမ်း…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် တကယ်ကြီး ညားသွားမှာကိုတောင် ကြောက်လာပြီ… တော်နေကြာ နှစ်ယောက်ပေါင်းပြီး ငါ့ လာသတ်နေမှဖြင့် ဒုက္ခ…”
“ အစ်ကိုကြီးလင်း .. ဘာမှမစိုးရိမ်နဲ့… တကယ်လို့ ကျွန်တော်က သတ်ခဲ့တယ်ဆိုရင်တောင် ကမ္ဘာပေါ်က အကောင်းဆုံး သင်္ချိုင်းကို ရွေးပြီးတော့ ကမ္ဗည်းပြား စိုက်ထူပေးမယ်…”
“ ငိုးပဲ… ငါ တကယ်ကြီး ပင်လယ်ထဲသာ ကန်ချပစ်လိုက်ချင်တော့တယ်…”
“ဟားဟား….”
ကောင်းကျုံးယွမ် တစ်ခုခု ပြောရန် ပါးစပ်ဟလောက်သော်လည်း ရုတ်ချည်း ပြန်စေ့သွားပြီးလင်းရီကို တံတောင်ဖြင့် တွတ်လိုက်၏။
“ အစ်ကိုကြီးလင်း.. ဟိုကိုကြည့်လိုက်ဦး… တစ်စုံတစ်ယောက်တော့ ရောက်လာနေပြီ…”
လင်းရီ လှည့်ကြည့်လိုက်တော့ ကျောက်မိုနှင့် ဂူချန်းချွမ်တို့ ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ထို့ပြင် သူတို့နောက်က အလှလေး လေးဦးကလည်း လိုက်ပါလျက်ရှိ၏။
သူမတို့က ရေကူးဝတ်စုံများ မဝတ်ဆင်ထားကြသော်လည်း နေရာနှင့် လိုက်ဖက်ညီအောင်တော့ ဝတ်စားထာကြလေသည်။
“ ဒီသောက်ရူးနှစ်ကောင်က ဘာလာလုပ်လဲ မသိပါဘူး..” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ကြည့်စမ်း ကြည့်စမ်း.. လျှောက်နေတဲ့ ပုံစံကိုက ဘယ်လောက်တောင် ရိုက်သတ်ချင်စရာကောင်းထား… သေချာပေါက် ရှိုးလာပြတာပဲ နေမှာ…”လင်းရီ ပြောလိုက်သည်။
မကြာမီ ကျောက်မိုနှင့် ဂူချန်းချွမ်တို့ ရောက်ရှိလာပြီး “ ဘာလို့ ဒီမှာ မတ်တပ်ရပ်နေတာ… ဒီက ရေကူးကန်ပါတီက အရမ်းပျင်းစရာ ကောင်းနေလို့လား… ပျော်ချင်ရင် ကိုယ်တွေ ဘက်ခြမ်းကို လာခဲ့လို့ရတယ်နော်…”
လင်းရီ သူ့လက်ကို မြောက်၍ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ပြီးဖို့က လိုပါသေးတယ် ... အဲ့တာကို ဘာလို့ ရောက်လာပြီး ရှိုးပြဖို့ စိတ်မရှည်ဖြစ်နေရတာ…”
ကျောက်မို ပခုံးတွန့်လိုက်ပြီး “ ဒါပေမယ့် ရလဒ်ကတော့ တရားသေ ဖြစ်နေပြီလေ… မိန်းကလေးအများစုက ငါတို့ဘက်ခြမ်းမှာပဲ… ဒီမှာ အလှလေးတွေဆိုတာ မရှိသလိုတောင် ဖြစ်နေပြီ…”
“ ငါတို့ဘက်က ကတ်တွေတောင် အကုန်ချမပြရသေးတာာကို… ကြည့်နေစမ်းပါ… ခဏနေကျရင် ငါတို့ဘက် အကုန်ရောက်လာစေရမယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ မင်းတို့ကောင်တွေက ဘာလို့ အရှုံးကို လက်မခံချင်ကြတာ… ကျွတ်....ပျင်းဖို့တောင် ကောင်းလာပြီ…”
“ ကြည့်ရတာ ငါ့ကောင်က အမှတ်မရှိသေးဘူးနဲ့တူတယ်… ငါ့ DIDI ကို စတော့နည်းဗျူဟာ ကစားတုန်းကလည်း ဒီလိုပဲမဟုတ်ဘူးလား… အစတုန်းကတော့ မင်းတို့ကောင်တွေ နိုင်မလိုလိုနဲ့ နောက်ဆုံးကျတော့ ယွမ် ၁၀၀ ဘီလီယမ်တောင် ရှုံးသွားတယ်လေ….”
မူလက ပြုံးဖြီးနေသည့် ကျောက်မို၏ မျက်နှာမှာ ရုတ်ချည်းဆိုသလို သံပရာခြမ်း ကိုက်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။
ယင်းက ၁၀၀ ဘီလီယမ်ပင်။ သူပြန်တွေးမိသည့် နှလုံးသား တစ်ဆစ်ဆစ် နာကျင်မိ၏။
ဂူချန်းချွမ်မှ ကျောက်မို၏ ပခုံးကို ပုတ်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်၏။
“ စိတ်လျော့… ဒီတိုင်း ၁၀၀ ဘီလီယမ်လေးပဲမလား… ဘာလို့ ရေးကြီးခွင်ကျယ်တွေ လုပ်နေမှာ…”
ကျောက်မို အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
“ အတိတ်က အတိတ်ပဲ… ငါတို့က ခုလက်ရှိကို ပြောနေတာ….”
“ အဲ့လိုပြောကြေးဆိုရင်တောင် မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးပါဘူ… “ လင်းရီ လက်ကို လက်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး “ အိပ်ချင်နေရင်လည်း သွားအိပ်လိုက်… ဒီမှာလာပြီး အိပ်မက်လာယောင်မနေနဲ့…”
ကျောက်မို အထင်သေးစွာဖြင့် ကြည့်လိုက်ပြီး “ ဘာပဲဆိုဆို… သင်္ဘောက ခဏနေဆို ရွက်လွင့်တော့မှာ… ဆိုတော့ ဆက်ပြီး ကစားကြတာပေါ့… ဒါပေါ့…တကယ်လို့ မင်း ဘက်ခြမ်းက ပါတီက ပျင်းဖို့ ကောင်းတယ်ထင်ရင် ငါတို့ဘက်ခြမ်းကို လာခဲ့လို့ရတယ် … အချိန်မရွေးပဲ….”
သို့နှင့် ကျောက်မိုတို့ အုပ်စုမှာ လင်းရီ စကားပြန်ပြောသည်ကို စောင့်မနေတော့ပဲ သူတို့၏ မိန်းကလေးများနှင့်အတူ အခန်းထဲသို့ ပြန်ဝင်သွားကြလေသည်။
ယင်းကလည်းသူတို့၏ လာရင်းရည်ရွယ်ချက်မှာ လှောင်ပြောင် ထေ့ငေါ့ရန် ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက် ပြီးမြောက်သွားသောကြောင့် ပြန်သွားရန် အချိန်ကျချေပြီ။
ကျောက်မိုနှင့် ကျန်သူများ ထွက်ခွာသွားပြီးနောက် ချင်းဟန်နှင့် လျန်ကျင်းမင်တို့ ရောက်လာခဲ့ပြီး “ အဲ့နှစ်ကောင်က ဘာလာလုပ်တာ… လာကြွားနေတာလား…”
“ အင်း ဟုတ်တယ်…”
“ အစ်ကိုကြီးလင်း… အဲ့တာဆို ဖြေရှင်းမယ့် နည်းလမ်းကို မြန်မြန်စဉ်းစားလေ… ကျွန်တော်တို့ဘက်က ရှုံးနေပြီ…”
“ နည်းနည်းလေးပါကွာ..” လင်းရီ စောဒက တက်လိုက်ပြီး “ အမှန်လည်း ဒီနေရာက တကယ် ပျင်းဖို့ကောင်းတယ်… မင်းဘေးနား ထိုင်ပြီး ကစားနေတဲ့သူတွေကမှ မင်းရဲ့ ပရိသတ် အစစ်တွေပဲ… နောင်ကျရင် သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ.. မင်းသူတို့ကို အထူး အဆင့်အတန်း ပေးရမယ်….”
“ ငိုးပဲ… ငါ့လာပြီး ဝေဖန်မနေနဲ့… မနှစ်က ငါမရှိလို့ အဲ့ကောင်တွေနိုင်သွားတယ်… ဒီနှစ်ကျ ငါရှိနေတာတောင် ရှုံးတယ်ဆိုလို့ကတော့ ငါ့မျက်နှာ ဘယ်နားသွားထားရတော့မှာ…”
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး ခြောက်နာရီ ထိုးတော့မည်ကို မြင်တော့ မြင်တွေ့လိုက်ရ၏။
သင်္ဘောက မကြာမီ စတင် ထွက်ခွာချေတော့မည်။
“ မပူနဲ့.. ငါ ဆန်းကြယ်တဲ့ လက်ဆောင်တစ်ခု ပြင်ထားတယ်… ခဏနေဆို ဒီရောက်လာတော့မှာ…”
တစ်ချိန်တည်းတွင် ကျောက်မိုနှင့် ဂူချန်းချွမ်တို့ အခန်းထဲ ဝင်ရောက်လာခဲ့ကြလေသည်။
“ မင်းဘာတွေ မျက်မှောင်ကြုတ်နေတာ…” ဂူချန်းချွမ် မေးလိုက်၏။
“ ဘော့စ်ဂူ… လင်းရီ အဲ့ကောင် အရန် အစီအစဉ်တွေ လုပ်ထားလိမ့်မယ်လို့ ထင်လား….”
“ ဘာ အစီအစဉ် ရှိနိုင်မှာမို့…” ဂူချန်းချွမ် ပြန်မေးလိုက်၏။
“ ငါတို့ အရင် အတွေ့အကြုံတွေအရဆိုရင် သူက တကယ့်ကို မှန်းဆလို့မရတဲ့သူပဲ… ဘာမဆို အကုန်စွမ်းဆောင်နိုင်တဲ့သူပေါ့….”
“ မင်းမှန်တယ်… ဒါပေမယ့် လက်တွေ့ရဲ့ အမှန်တရားကိုတော့ ရင်ဆိုင်ရမှာပဲလေ…” ဂူချန်းချွမ်ပြောလိုက်ပြီး “ ခဏနေဆို သင်္ဘောက စထွက်တော့မယ်… လှေပေါ်မှာ အဲ့ကောင်လုပ်နိုင်တာ ဘာရှိမှာ… ဟယ်လီကော်ပတာနဲ့ ပစ္စည်းတွေ သယ်လာမှာလား… လာနောက်မနေစမ်းနဲ့… “
ဒက် ဒက် ဒက် !
ကျောက်မိုတို့ စကားပြောနေစဉ် လေထဲမှ ကျယ်လောင်သည့် အသံကို ကြားလိုက်ရ၏။
နှစ်ယောက်မှာ ရှော့ခ်ရသွားခဲ့ကြပြီး မော့ကြည့်လိုက်တော့ ဟော်လီကော်ပတာ သုံးစင်းမှာ ပင်လယ်နှင့် ခပ်နိမ့်နိမ့်ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရ၏။
အရေးကြီးဆုံးကတော့ Porsche panameras သုံးစင်းကို ချိတ်ဆွဲ သယ်ဆောင်လာခဲ့ခြင်းပင်။
ကျောက်မိုနှင့် ဂူချန်းချွမ်တို့ အံ့အားသင့်သွားခဲ့ကြ၏။
ဟယ်လီကော်ပတာက ပြိုင်ကားတွေ သယ်လာနေတယ်… ဘာတွေ ဖြစ်နေတာတုန်းဟ….
တစ်ချိန်တည်းတွင် သင်္ဘောပေါ် အခန်းထဲရှိ လူများအားလုံး အပြင်သို့ ပြေးထွက်လာခဲ့ကြလေသည်။
ဟယ်လီကော်ပတာသုံးစင်းက ပြိုင်ကားများ သယ်ဆောင်လာသည်ကိုမြင်တော့ အားလုံး ကြက်သေသေသွားကြ၏။
ဒီရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကတော့ ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိကြတာပဲ…
ချင်းဟန် လင်းရီကို ကြည့်လိုက်ကြပြီး “ ဒါမင်းလုပ်ထားတာမလား…”
“ မဟုတ်တော့ မင်းလုပ်ထားတာမို့လား…”
“ ငိုးပဲ… ဟားဟား… လင်းကြီး … မင်းက အတော်ဆုံးပဲ.. မိုက်တယ်.. စောက်ရမ်း မိုက်တယ်….”
ဖြည်းညင်းစွာဖြင့် ဟယ်လီကော်ပတာ သုံးစင်းမှာ သင်္ဘောပေါ်သို့ ချဉ်းကပ်လာကြသည်။
ချင်းဟန် လူ တစ်ဒါဇင်ကျော်ကို ခေါ်ထုတ်လာပြီး အရောင်မတူညီသည့် ပနားမီးယား သုံးစင်းကို ကြိုးဖြည်ပြီး အပြင်သို့ ထုတ်လိုက်၏။
တစ်ချိန်တည်းတွင် လင်းရီမှ ရောက်နေကြသည့်လူတိုင်းကို ကြည့်၍ “ အားလုံးပဲ.. ခဏနေကျရင် ငါတို့ ကံစမ်းမဲ ဖောက်မယ်… ဆုကတော့ ခု ငါ့ဘေးနားက ကားသုံးစင်းပဲ… ခုချိန်က ....…. Showtime…. “
သူ စကားပြောပြီးပြီးချင်းပဲ ဟယ်လီကော်ပတာပေါ်မှ အရောင်သုံးမျိုးစပ် ဘောလုံး ကျလာပြီး ပွင့်ဟလာခဲ့ကာ ယွမ်ရာတန်များ မိုးရွာသကဲ့သို့ ကျဆင်းလာလေသည်။
ယင်းက အောက်ရှိ အမျိုးသမီးတိုင်းအား ရွှင်မြူးသွားစေခဲ့၏။ ထိုအခိုက်အတန့်တွင်တော့ ရေကူးကန်ပါတီ၏ လေထုမှာ အထွတ်အထပ်သို့ ရောက်ရှိနေလေသည်။
လူတိုင်းက စိတ်လှုပ်ရှားနေစဉ် ဇိမ်ခံသင်္ဘောကြီး၏ ဥဩစွဲသံက ထွက်ပေါ်လာပြီး ပင်လယ်ခရီးမှာ တရားဝင် စတင်ချေပြီ။
ကျောက်မိုနှင့် ဂူချန်းချွမ်တို့မှာ လင်းရီ ဖန်တီးထားသည့် ရူးသွပ်ဖွယ်အစီအစဉ်ကို ငေးမောရင်း အသိပြန်လည်လာဖို့ရာ အတော်လေး အချိန်ယူလိုက်ရ၏။
ဤတစ်ကြိမ်တွင်လည်း.... သူတို့ ရှုံးနိမ့်သွားခဲ့ပြန်ပြီ။
“ ရှီးပဲ…”
ကျောက်မို ကျိန်ဆဲလိုက်၏။ သိသာစွာဖြင့် သူ အရှုံးကို လက်မခံနိုင်သော်လည်း ယခုအချိန်ရောက်မှတော့ တစ်ခုခု ပြန်လည်တုံ့ပြန်ဖို့ရာ မဖြစ်နိုင်တော့ချေ။
“ ဘော့စ်ဂူ… မင်း ဒီနေ့ည အဲ့ကောင်နဲ့ ထိုးဖို့ ချိန်းထားတယ်မလား… မင်း အဲ့ကောင်ကို အခွင့်အရေး လုံးဝမပေးနဲ့… “ ကျောက်မို မကျေမချမ်းဖြစ်စွာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။
“ ငါ ဘာလုပ်ရမလဲဆိုတာ သိတယ်…”