ရန်ကျင်း၏ သရဖူဆောင်းမင်းသား(၀မ်မြန်)
Vol. 51 Ch. 760
“ ယွမ်ယွမ်.. မင်း လူစကားပြောစမ်း…”
“ ကျွန်မက ဘယ်မှာ မပြောနေလို့လဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘော့စ်ဆို ပလေးဘွိုင်းလေ… ကျွန်မက ရှင့်ရဲ့ လက်အောက်ငယ်သား… အဲ့တော့ ကျွန်မလည်း ပလေးဂဲဖြစ်လို့ မရဘူးလားလို့…”
“ ငါ အသက်ရှင်လာတာ အနှစ်နှစ်ဆယ်ကျော်နေပြီ… ဒါပေမယ့် မင်းလောက် အရှက်ကင်းမဲ့တဲ့ လူစားမျိုးတော့ မမြင်ဖူးသေးဘူး…”
“ အဲ့လိုဆို ရှင်လည်း အရှက်မရှိဘူးလေ… ကျွန်မတို့ နှစ်ယောက်လုံးကကော လူကောင်းတွေ ဟုတ်လို့လား… တခြား အကြောင်းပဲ ပြောကြစို့….”
ဘယ်သူ ဖုန်းထဲမှာ သူတို့ရဲ့ သူဌေးကို ဒီလိုမျိုး ပြန်ပြောရဲလဲ…
ဒါပေါ့… ဟော်ယွမ်ယွမ်အပြင် ဘယ်သူရှိနိုင်မှာ…
“ ငါက အရပ်လည်းရှည်တယ်.. ရုပ်လည်း ချောတယ်… ပြီးတော့ ဆစ်ပတ်လည်းရှိတယ်… ငါဆိုတဲ့ ကောင်က ပလေးဘွိုင်းဖြစ်ဖို့ မွေးဖွားလာတာကွ…” လင်းရီ ပြောလိုက်ပြီး “ မင်းကျတော့ ဟိုင်းဝေးလမ်းမ ပုံစံကြီးနဲ့ … ပလေးဂဲဖြစ်ဖို့ ဘာအရည်အချင်းရှိလဲ…”
“ သပပဲ… တော်ပြီ… ရှင်နဲ့ စကားမပြောတော့ဘူး… ကျွန်မ ရှင့်ကို စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဗျူရိုမှာသွားတိုင်တော့မယ်…”
“ မ.. မလုပ်ပါနဲ့… အလှလေးဟော်ကလည်း … စိတ်ကြီးလိုက်တာ… တခြား အကြောင်းပြောရအောင်လေနော်…”
“ အဲ့လိုနေ…” ဟော်ယွမ်ယွမ် ဘဝင်ခိုက်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဘာမှ စိတ်မပူနဲ့… ကျွန်မလို သဘာဝအလှနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့သူ တစ်ယောက်က လှေနံနှစ်ဖက် မနင်းပါဘူး… ရှင် ကောင်းကျုံးယွမ် အကြောင်းလည်း စိတ်ပူမနေနဲ့… ဒါပေမယ့် သူ့ကိုတော့ ရှင်းအောင် ပြောထားလိုက်နော်… ယွမ်ယွမ်က သူငယ်ချင်း တစ်ယောက်လိုမျိုး သာမန် စကားပြောနေတာ…များများ မစဉ်းစားပါနဲ့လို့… တကယ်လို့ တစ်နေ့ သူ့အပေါ် စိတ်ပါလာခဲ့ရင်လည်း အသိပေးမယ်လို့ ပြောလိုက်…”
“ အင်း.. အဲ့တာကောင်းတယ်..” လင်းရီ ပြောလိုက်ပြီး “ တစ်နေ့ မင်းတို့နှစ်ယောက် ညားသွားခဲ့ရင် ငါမင်းကို စီနီယာ ဒုဥက္ကဌ ရာထူးပေးမယ်… “
“ဟီးဟီးဟီး…” ဟော်ယွမ်ယွမ် အထင်သေးစွာဖြင့် ရယ်မောလိုက်ပြီး “ တကယ်လို့ အဲ့လိုနေ့မျိုးရောက်လာခဲ့ရင် ကျွန်မက ကောင်းမိသားစုရဲ့ ချွေးမလေး ဖြစ်သွားမှာလေ… ကိုယ့်လက်ထဲမှာ ယွမ်ဘီလီယမ်ချီ ရှိနေမှတော့ ဘာလို့ ရှင့်ရဲ့ အစုတ်ပလုတ် ရုံးခန်းထဲမှာ ဆက်လုပ်နေတော့မှာလဲ…”
“ ငါယိုးမ ဟော်….. တီ တီ တီ…..”
လင်းရီကို စကားပြောရန် အခွင့်အရေး မပေးဘဲ ဟော်ယွမ်ယွမ် ဖုန်းချပစ်လိုက်၏။
“ ဖက်ခ်ပဲ…. “
ဟော်ယွမ်ယွမ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ အခန်းထဲမှ ထွက်လာခဲ့လိုက်၏။
ထိုအချိန်တွင်တော့ ရေကူးကန်ပါတီမှာ ပြီးဆုံးတော့မည့် အချိန်အပိုင်းအခြားသို့ ရောက်ရှိလာလေသည်။
“ အစ်ကိုရီ… ကျွန်မမှာ သတင်းကောင်းရှိတယ်… ခု စထွင်းက ကြည့်ရှုသူ ၉.၆ မီလီယမ်တောင် ကျော်သွားပြီ… ဆယ်မီလီယမ် ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်….” ကျန်းရှောင်ယွီမှ ပြောလိုက်၏။
“ တကယ်… အဲ့လောက်တောင် ရေပန်းစားနေတယ်လား…”
“ ဒါပေါ့… ဘယ်သူကများ ရေကူးကန် ပါတီကို မကြည့်ချင်မှာ….”
“ ဒီကောင်တွေကတော့…”
သူမ ပြောရင်းဖြင့် ကျန်းရှောင်ယွီ ပနားမီးယား ကားသော့ကို ထုတ်လိုက်ပြီး “ အစ်ကိုရီ.. ကြည့်လိုက်… ခုလေးတင် မဲနှိုက်ခဲ့တာ…. အစ်ကိုကောင်း ကောင်းမှုနဲ့ တစ်စီးရခဲ့တယ်….”
“ ကောင်းတာပေါ့…..” လင်းရီ ပြောလိုက်ပြီး “ ကပွဲပါတီနဲ့ လေလံပွဲက ခဏနေဆိုရင် စတော့မှာ… တစ်ချက်လောက်သွားကြည့်ကြစို့…”
“ ငါတော့ မလိုက်တော့ဘူး… “ လျန်ကျင်းမင် ပြောလိုက်ပြီး “ ခဏနေချိန်ထားတာလေးရှိလို့ အရင်သွားနှင့်တော့မယ်…”
“ ဖက်ခ်… မင်းလည်း ဒါတွေချည်း နေ့တိုင်း လုပ်နေတာ မပင်ပန်းသေးဘူးလား…” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။
လျန်ကျင်းမင် ရယ်မောလိုက်ပြီး “ ငါနဲ့ ချိန်းထားတာ ဘယ်သူလို့ မင်းထင်လဲ….”
“ ဘယ်သူလဲ…”
“ တစ်နေ့တုန်းက မင်းကို မျက်နှာသာ မပေးသွားတဲ့ ကျောက်ဝန်ရှီးလေ… သူမကြည့်ရတာတော့ မင်းကို စကားမပြောရဲလို့ ငါ့ဆီ လာရှာတာနဲ့တူတယ်…”
ပြောရင်းဖြင့် လျန်ကျင်းမင် လက်ဝှေ့ယမ်းလိုက်ပြီး “ ကောင်းပြီ… ငါ အရင်လစ်တော့မယ်… ပွဲစရင် ငါ့ကို အသိပေးဦး… ငါ အစ်ကိုကြီးလင်းကို လာအားပေးမယ်…”
“ သွား သွား…”
လျန်ကျင်းမင်နှင့် လမ်းခွဲပြီးနောက် လေးယောက်သား ပွဲကျင်းပသည့် ခန်းမထဲသို့ ရောက်လာကြလေသည်။
ထိုအခိုက်အတန့်တွင်တော့ စည်းချက်ကျသည့် ဂီတသံမှာ စတင်ထွက်ပေါ်နေပြီး လူတိုင်းကလည်း အတွဲကိုယ်စီနှင့် စုံတွဲအက ကနေခဲ့ကြ၏။
“ ဝိုး…. သူတို့ ဝတ်စားထားတာကို ကြည့်ကြည့်လိုက်ဦး… အရမ်းအထက်တန်းဆန်တာပဲ.. ကျွန်မတို့ပုံစံကတောင် ဒီနေရာနဲ့ နည်းနည်းလေး သိပ် မအပ်စပ်သလိုပဲနော်….” ကျန်းရှောင်ယွီမှ အပြစ်ရှိနေဟန်ဖြင့် ပြောလိုက်၏။
“ ငါ မင်းကို ပြောပြမယ်… အဲ့လူတွေ အကုန်လုံးက လူအရေခွံ ခြုံထားတဲ့ တိရစ္ဆာန်တွေ… “ ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အဲ့ဒီ ပြုံးဖြီးပြီး ဖက်ကနေကြတဲ့သူတွေကို ကြည့်ကြည့်လိုက်…သူတို့ရဲ့ ပါတနာက သူများရဲ့ လင်တွေ မယားတွေ ချည်းပဲ….”
“ ဒါပေမယ့် ကျွန်မလည်း လှပတဲ့ တရစ္ဆာန်လေး ဖြစ်နိုင်မယ်လို့ ခံစားနေရတယ်…”
“ အဲ့တာဆို ကြပ်ကြပ်သတိထားနေလိုက်တော့…”
လင်းရီ ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်တော့ အလှမ်း သိပ်မဝေးသောနေရာရှိ ကျောက်မိုနှင့် ကျန်သူများကို တွေ့လိုက်ရလေသည်။
ဂူချန်းချွမ်ကတော့ ကော့တေး တစ်ခွက်ကို ကိုင်ရင်း တစ်ယောက်တည်း သီးခြား ရပ်တည်နေသည်။ သူ၏ အမူအရာမှာလည်း အေးစက်နေပြီး နဖူးထက်တွင်တော့ ‘ မနှောင့်ယှက်ရ ‘ ဟု စာသားက အထင်းသား ရေးထိုးထား၏။
“ ဂူချန်းချွမ်… အဲ့ကောင်က တကယ်ကြီး အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ် မနေဘူးပဲ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ သူ့သောက်ခွက်ကြီးကိုလည်း ကြည့်စမ်းပါဦး… သူ့မယား လင်ငယ်သွားတဲ့ ရုပ်နဲ့…”
“ အမှန်ပဲ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ သူ့ဘေးနားမှာ ဒီလောက်ထိ ခြေတံသွယ်သွယ်နဲ့ မိန်းမလှလေးတွေ ဝိုင်းနေတာကို သူတော်စင်ကြီးလို နေနနိုင်တာ တကယ် အံ့ဩလို့ မဆုံးဘူး… ကျွန်မသာဆို စိတ်ပါသွားလောက်တယ်…”
“ အဲ့ကောင် လူပျိုရည် ပျက်လို့ မရတဲ့ သိုင်းတွေ ဘာတွေများ ကျင့်နေသလားပဲ…” လင်းရီ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
“ အဲ့တာတော့ ငါလည်းမသိဘူး…” ချင်းဟန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါကြားတာတော့ ရန်ကျင်းရဲ့ သရဖူဆောင်းမင်းသား.. ဝမ်မြန်လည်း မိန်းမ အရှုပ်အရှင်း ကင်းတယ်လို့ ကြားဖူးတယ်… အဲ့ကောင်ကို လိုက်အတုခိုးနေတာ ဖြစ်မှာပေါ့…”
“ ရန်ကျင်းရဲ့ သရဖူဆောင်းမင်းသား…” လင်းရီ ရေရွတ်လိုက်ပြီး “ နာမည်နားထောင်ကြည့်ရသလောက်တော့ ရန်ကျင်းမှာ တော်တော်လေး အရှိန်အဝါကြီးတယ်နဲ့တူတယ်…”
“ အဲ့တာထက်ကို ပိုတယ်…” ချင်းဟန် လင်းရီကို ကြည့်လိုက်ပြီး “ တကယ်တမ်းကျတော့ သူ့နာမည်က အစတုန်းကတည်းက ဝမ်မြန် မဟုတ်ဘူး… သူ့ဘာသူ ပြောင်းလိုက်တာ… သူ့နာမည်က ဘာအဓိပ္ပာယ်လဲ သိလား…”
“ ကျွန်မ သိတယ်…” ကျန်းရှောင်ယွီပြောလိုက်ပြီး “ တကယ်လို့ မြန်ဇီကို ခွဲလိုက်မယ်ဆိုရင် သရဖူပေါင်းခြင်းလို့ အဓိပ္ပာယ်ရတယ်လေ… တကယ်လို့ သရဖူကို လက်လွှတ်လိုက်ရတယ်ဆိုရင်တောင်မှ နောက်ဆုံးကျရင် သူ့လက်ထဲ ပြန်ရောက်လာမယ်လို့ ဆိုလိုချင်တာမလား…”
လင်းရီ “ …. “
ချင်းဟန် “ ….. “
ကောင်းကျုံးယွမ် “…. “
“ သရဖူဆောင်းတယ်လို့ အဓိပ္ပာယ်ရတယ်… ပြီးတော့ သူ့ရဲ့ မျိုးရိုးနာမည်ကလည်း ဝမ်.. ဆိုတော့ ဘာပြောချင်လဲဆိုတာ မင်းတို့ နားလည်မှာပါ… “
( ဝမ်က ဘုရင် ၊ မြန် က သရဖူလို့ အဓိပ္ပာယ် ရပါတယ် )
“ နာမည်က အတော်လေး အသွားထက်တာပဲကွ…” လင်းရီ ပြောလိုက်၏။
“ ဒါပေမယ့် ဘယ်တတ်နိုင်မှာ…သူက တကယ်လည်း အထင်ကြီးဖို့ကောင်းတယ်…” ချင်းဟန် ပြောလိုက်ပြီး “ သူက ငါတို့နဲ့ အတူညီတဲ့ လယ်ဗယ်တစ်ခုကို ရောက်နေတာ….”
“ သခင်လေးချင်းလို လူတောင် သူ့အောက် နိမ့်ကျတယ်လို့ ဝန်ခံနေတယ်ပေါ့…” လင်းရီ အံ့အားသင့်သွားခဲ့၏။
“ နောက်နေတာ မဟုတ်ဘူးငါ့ကောင်… ငါတို့က ပိုက်ဆံလောက်ရှိတာ… တကယ့် မျိုးရိုးမြင့်တွေနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်သေးဘူး…” ချင်းဟန်ပြောလိုက်ပြီး “ ငါတို့ကောင်တွေက တခြား ဘာမှ လုပ်စရာမရှိလို့ ဒီမှာ လာပြီး ပျော်ပါးနေတယ်… ဒါပေမယ့် မင်း သူ့လို အဆင့်မျိုး ရောက်သွားတဲ့ အချိန်ကျရင်တော့ ဒီလို ကိစ္စမျိုးတွေကို ခေါင်းထဲထည့်နေမှာ မဟုတ်တော့ဘူး…”
လင်းရီ နှုတ်ခမ်း ကွေးညွှတ်သွားခဲ့ပြီး “ မင်း ပြောတဲ့ ပုံစံအတိုင်းဆို ဂူချန်းချွမ်နဲ့ ကျောက်မိုတို့က သူနဲ့ အလှမ်းဝေးနေသလိုပဲ…”
“ ဝေးတာထက်ကို ပိုတာပေါ့… ကမ္ဘာကြီးလောက်ကို ခြားနားနေတာ… တကယ်လို့ အဲ့ကောင်တွေ ဝမ်မြန်ကို တွေ့ခဲ့ရင် တို့စ်လုပ်ပေးဖို့ပဲ တတ်နိုင်မှာ…”
လင်းရီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
ရေက တဖြည်းဖြည်း နက်သထက် နက်လာပုံပင်။
' ကျောက်မိသားစုရဲ့ အင်အားက လျန်မိသားစုနဲ့ မတိမ်းမယိမ်းပဲ… သူတို့က ဟွာရှ ထိပ်တန်း မိသားစုကြီးတွေလို့တောင် ပြောလို့ရတယ်… '
' ဒါပေမယ့် ခု အဲ့ဒီ ဝမ်မြန် ဆိုတဲ့ကောင်က သူတို့ထက်ကို လယ်ဗယ်တစ်ခုလောက် ကျော်တက်နေတယ်… '
' ဒါကြီးက ငါငိုးကျလောက်အောင် ရယ်ချင်စရာကောင်းနေပြီ… '
“ ဒါဆို အဲ့ကောင်က အတိုက်အခိုက်လည်း တော်ရောပေါ့…”
“ တော်တာထက်ကို ပိုတယ်… ပြိုင်ဘက်ကင်း…” ချင်းဟန် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့ကောင် ဘယ်လောက်ထိ အထင်ကြီးဖို့ကောင်းလဲတော့ ငါလည်းသေချာမသိဘူး… ဒါပေမယ့် သူက စွမ်းအားကြီးမားတယ်ဆိုတာကတော့ လူတိုင်းသိတဲ့ အချက်ပဲ… “
“ ဟုတ်တယ်… ကျွန်တော်လည်း ကြားတယ်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အရင်တုန်းက ဂူချန်းချွမ် မျက်နှာပြောင်တိုက်ပြီး သူ့နောက် သုံးလေးနှစ်လောက် လိုက်လိုက်တာ တဖြည်းဖြည်းနဲ့ သောက်ကြမ်းကြီး ဖြစ်လာတော့တာပဲ…”