← Chapters

အရှေ့တိုင်း ယှဉ်ကျေးမှု

Vol. 51 Ch. 763

အရှေ့တိုင်း ယှဉ်ကျေးမှု

Vol. 51 Ch. 763

အစဉ်အမြဲ သိမ်မွေ့ပြီး ကျက်သရေရှိခဲ့သည့် အာယာနဲ မစ်ဆူမှာ လင်းရီစကားကြောင့် ကြက်သေသေသွားတော့၏။

သူမ၏ ချယ်ရီရောင် နှုတ်ခမ်းဖူးလေးများက အနည်းငယ် ပွင့်အာနေပြီး မျက်ဝန်းတို့ကလည်း ပြူးကျယ်နေကာ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

လင်းရီ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ သူမ ထင်မထားခဲ့ချေ။

“ တီးလုံးက တော်တော်လေး ကောင်းတော့ ဆက်ပြီး ကကြတာပေါ့…”

အာယာနဲ မစ်ဆူ ဒေါသထွက်သွားခဲ့သော်လည်း ၎င်းကို ပုံမချနိုင်ချေ။

“ မစ္စတာလင်းက အရမ်းတွေ စိတ်ဝင်စားနေတယ်ဆိုမှတော့ ကျွန်မက သေချာပေါက် အဆုံးထိ အဖော်ပြုပေးရမှာပေါ့…”

“ မင်းပြောတာနော်… ငါမပြောဘူး…”

“ ဒါပေါ့ရှင့်… ကျွန်မက သေချာပေါက် မစ္စတာလင်း စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ…”

မိနစ်အနည်းငယ်ကြာပြီးနောက် တီးလုံးမှာ အဆုံးသတ်သွားခဲ့လေသည်။ အာယာနဲ မစ်ဆူမှ လင်းရီကို ပြုံးပြုလိုက်ပြီး “ မစ္စတာလင်းနဲ့ အတူတွဲကရတဲ့ အခိုက်အတန့်လေးက ကျွန်မအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ… နောက်တစ်ကြိမ်ကျရင်လည်း မစ္စတာလင်းနဲ့ အတူကနိုင်တဲ့ အခွင့်အရေးရှိဖို့ မျှောင်လင့်ပါတယ်…”

“ မပူနဲ့… အခွင့်အရေးက အခုရှိတယ်….”

“ ဟင်…”

“ တီးလုံး နောက်တစ်ပုဒ်လာတော့မှာလေ…. ဆက်ပြီးတော့ ကကြတာပေါ့…”

အာယာနဲ မစ်ဆူ ကြက်သေသေသွားခဲ့၏။

ယင်းက သူမမျှော်လင့်ထားသည်နှင့် ခြားနားနေလေသည်။

‘ သူမက ဒီတိုင်း ယဉ်ကျေးပြနေတာလေ… ဘာလို့ ဒီလိုတွေ ဖြစ်လာရတာတုန်း ‘

‘ သူက အရှေ့တိုင်း ယဉ်ကျေးမှုကို နားမလည်ဘူးလို့တော့ လာမပြောနဲ့… ‘

မကြာမီ ဒုတိယ သီချင်း တီးလုံးထွက်ပေါ်လာပြီး လင်းရီ အာယာနဲမစ်ဆူ၏ ခါးကို ပွေ့ဖက်လျက် ဆက်လက် ကခုန်လိုက်သည်။

နှစ်ယောက်သား ဆက်လက်ကခုန်နေကြသည်ကို မြင်တော့ အနီးနားဝန်းကျင်ရှိ လူတိုင်း၏ မျက်ဝန်းထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

' သူမက သီချင်းတစ်ပုဒ် ပြီးသွားတာတောင် မပြန်သေးပဲ ဆက်ကနေသေးတယ်ဆိုတော့… သေချာပြီ… သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လုံးဝ သာမန်မဟုတ်ဘူး… '

'သူတို့ ကခုန်ပြီးရင် လက်ခုပ်သံ အကျယ်ကြီး တီးပေးရမယ်… ဒါက အကောင်းဆုံး ဖော်လံဖားနည်းပဲ…'

ထိုစဉ် အာယာနဲ မစ်ဆူ၏ အမူအရာမှာ မူလကကဲ့သို့ အပြုံးပန်းလေးများ ဝေဆာမနေတော့ပဲ အနည်းငယ် အလေးအနက် ဖြစ်နေလေသည်။

ဆယ်မိနစ်ကြာပြီးနောက် ဒုတိယ သီချင်း တီးလုံးမှာလည်း ပြီးဆုံးသွားခဲ့၏။

အာယာနဲ မစ်ဆူမှ စကားပြောတော့မည့် ဆဲဆဲတွင် ဘေးဘက်ခြမ်းမှ အားတက်သရော ဩဘာပေးသံများကို ကြားလိုက်ရသည်။

“ ဝူးဟူး… အရမ်းကြည့်ကောင်းတာပဲ… နောက်တစ်ပုဒ်လောက်…”

အာယာနဲ မစ်ဆူ “ ??? “

“ မိန်းကလေး မစ်ဆူ ကနေတာက အရမ်းကို မျက်စိပဒါသ ရှိတာပဲ… “

“ ချောမော့ခန့်ညားတဲ့ လူငယ်လေးနဲ့ ဣန္ဒြေရှိပြီး လှပတဲ့ မိန်းမပျိုလေး… ဒီနှစ်တွေထဲမှာ ငါ တစ်ခုမှကို မမြင်ဖူးသေးဘူး…”

“ မစ္စတာလင်း… မိန်းကလေး မစ်ဆူ… နောက်တစ်ပုဒ်လောက်ပါဗျို့….”

လင်းရီ သူ့လက်မောင်းထဲရှိ အာယာနဲအား ကြည့်လိုက်ပြီး “ တောင်းဆိုနေကြမှတော့ ငြင်းလိုက်ရင် ဘယ်ကောင်းတတ်မှာ… နောက်တစ်ပုဒ်လောက် ဆက်ကကြတာပေါ့…”

“ ကျွန်မ……… “

လင်းရီ အာယာနဲ မစ်ဆူကို စကားပြောရန် အခွင့်အရေးမပေးပဲ ချက်ချင်း တစ်ဖက်သို့လှည့်ကာ ကျယ်လောင်သည့် အသံဖြင့် “ Music…! “

၎င်းတို့၏ သူဌေး အမိန့်ပေးလာသည်ကို ကြားတော့ စင်နောက်ရှိ ဝန်ထမ်းများမှာ အလေးမထား မပြုဝံ့ပဲ နောက်ထပ် သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်လေသည်။

အာယာနဲ မစ်ဆူ၏ မျက်နှာလှလှလေးမှာတော့ ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း လူအများကြီး ရှိသောကြောင့် သူမ၏ စရိုက် အစစ်အမှန်ကို ထုတ်ဖော်ပြလိုက်၍ မဖြစ်ချေ။ ထို့ကြောင့် သူမ၏ ဒေါသကို ဝမ်းထဲ၌ မျိုသိပ်ထားရန်သာ တတ်နိုင်လေသည်။

နှစ်ယောက်မှာ တီးလုံးနှင့် စည်းချက်ညီညီ လှုပ်ရှားရင်း အချိန်ကြာလာတော့ အာယာနဲ မစ်ဆူမှာ လင်းရီ၏ စည်းချက်နောက် မလိုက်နိုင်တော့ပေ။

“ ဘာဖြစ်တာ… သီချင်းသုံးပုဒ်လေးတောင် ပြီးအောင် မကနိုင်ဘူးလား… ကျွတ်… သက်လုံကလည်း ဆိုးလိုက်ပါဘိ…”

“ ကျွန်မက ဒေါက်ဖိနပ်ကြီးနဲ့လေ… ဒါကြီးနဲ့အချိန်အကြာကြီး ကလို့ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာ… ကြည့်ရတာ ကျွန်မတော့ မစ္စတာလင်းကို စိတ်ပျက်စေမိပြီနဲ့ တူတယ်…”

“ အဆင်ပြေပါတယ်… ဒါဆိုလည်း ဒေါက်ဖိနပ်တွေ ချွတ်ပစ်လိုက်ပေါ့… ခြေဗလာနဲ့ဆို ပိုလို့တောင် ကလို့ကောင်းသေး…. “

အာယာနဲ မစ်ဆူ တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်သွားခဲ့တော့၏။

သူမ နှစ်ပေါင်းများစွာတိုင်အောင် ပထမဆုံးအကြိမ် အဖြစ် ယခုလိုလူစားမျိုးနှင့် ကြုံတွေ့ဖူးချင်းပင်။

သူက လုံးဝကို လူယုတ်မာ စစ်စစ်ပဲ… ရေတောင်မရောဘူး…

“ အား… “

အာယာနဲ မစ်ဆူမှ လင်းရီအနား ထွက်ခွာတော့မည့် အချိန်တွင် ရင်ဘက်မှ ရုတ်ချည်းအောင့်တက်လာပြီး မတ်တပ်မရပ်နိုင်လုနီးပါး ဖြစ်သွားခဲ့၏။

“ မင်း ဒေါသထွက်နေတာလား… ဘာလို့လဲ… ငါ ကသာ မကောင်းလို့လား… တကယ်လို့ ပြောစရာ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောလေ… ဘာလို့ ဒေါသထွက်နေတာ…”

“ မစ္စတာလင်းက အထင်လွဲနေပါပြီ… ရှင့်ရဲ့ အရည်အချင်းတွေက ကျွန်မထက် သာလွန်နေတာကို ကျွန်မက ဘယ်လိုလုပ်ပြီး ဒေါသထွက်နိုင်မှာ..”

“ ငါမင်းကို ပြောပြမယ်.. အမျိုးသမီးတွေရဲ့ ရောဂါအများစုက အဲ့ဒီ ဒေါသထွက်တာကနေ စတာပဲ… အထူးသဖြင့် အဲ့နားက အဖုလိုမျိုးပေါ့… မင်း အရမ်း ဒေါသထွက်နေလို့ အဲ့လိုမျိုး ဖြစ်နေတာ…”

“ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာလင်း … ခုတော့ ကျွန်မ နေလို့မကောင်းလို့ ခွင့်ပြပါဦးနော်….”

“ ကောင်းပြီလေ….”

လင်းရီ ဘေးမှ ထွက်လာခဲ့ပြီးနောက် အာယာနဲ မစ်ဆူမှာ ငရဲတံခါးဝမှ လွတ်မြောက်လာခဲ့သည့်အလား ရင်ကိုဖိပြီး သက်ပြင်းတစ်ချက် ချလိုက်၏။

ထို မကောင်းဆိုးဝါး လက်ထဲမှ လွတ်မြောက်လာပြီးနောက် အာယာနဲ ဂါ၀န်ကို မလျက် ပွဲကျင်းပသည့် နေရာမှ ထွက်ခွာသွားခဲ့တော့သည်။

အာယာနဲ မစ်ဆူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပွဲကျင်းပသည့် နေရာတစ်ခုလုံးသို့ ကျယ်လောင်သည့် လက်ခုပ်ဩဘာသံများက ပျံ့နှံ့သွားခဲ့လေသည်။

လင်းရီနှင့် အာယာနဲတို့ တစ်ယောက်ကို တစ်ယောက် စမ်းသပ်နေစဉ်တွင် လေထုမှာ သိပ်သည်း ပြင်းထန်နေသော်လည်း အပြင်လူများကတော့ ဘာဖြစ်နေကြလဲဆိုတာကို မရိပ်မိကြချေ။

အားလုံးက သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် သွယ်တာမှုကို ပြသရန်အတွက် ပြင်းပြစွာ ကခုန်နေကြသည်ဟုသာ တွေးထင်နေခဲ့ကြသည်။

ထို့ကြောင့်ပဲ ကျောက်မိုမှာ လူအများစု၏ လှောင်ပြောင်ရယ်မောဖွယ်ရာ ဖြစ်လာခဲ့တော့၏။

ထိုစဉ် ဂိုအီချီမစ်ဆူကတော့ ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေပြီး ဖြစ်ပျက်သမျှကို တည်ငြိမ်စွာဖြင့် အကဲခတ်နေလေသည်။

“ အစ်မ…. နင့်ကြည့်ရတာ ဒီဟွာရှကောင်ကို မကိုင်တွယ်နိုင်တော့ဘူးနဲ့တူတယ်… အဲ့တော့လည်း ကျွန်တော်က ဝင်ပါ ပေးရတော့မှာပေါ့…”

ကပွဲပြီးနောက် လေလံပွဲ စတင်သည်။

ဝန်ထမ်းများက အင်မတန် မြန်ဆန်သွက်လက်ကြ၏။ ဆယ်မိနစ်မျှကြာပြီးနောက် ပွဲကျင်းပသည့် နေရာတစ်ခုလုံး သန့်ရှင်း သပ်ရပ်သွားကာ နေရာ အခင်းအကျင်းများလည်း ပြုလုပ်၍ ပြီးသွားခဲ့လေသည်။

လင်းရီ ကျန်းရှောင်ယွီဘေးတွင် မတ်တပ်ရပ်ရင်း နားအနားသို့ တိုးကပ်၍ “ ခဏနေကျရင် မင်း လိုက်စထွင်းလုပ်လိုက်… ငါကတော့ ကင်မရာထဲ မပါတော့ဘူး… ငါ့ထင် ကြည့်ရှုသူတွေလည်း ဒီလို လေလံပွဲမျိုး တစ်ခါမှ ကြုံဖူးမယ် မထင်ဘူး…”

“ ကောင်းပြီလေ…” ကျန်းရှောင်ယွီ စထွင်းလွင့်သည့် ကိရိယာများကို ကိုင်ဆောင်ရင်း ပြောလိုက်ပြီး “ ဒါပေမယ့် အစ်ကိုရီ… ရှင်ကတော့ ဂရုစိုက်ရမယ်နော်…. သတိလက်လွတ်ဖြစ်ပြီး မြင်ကွင်းထဲ မဝင်လာမိစေနဲ့… မဟုတ်ရင် သူများတွေ ရှင့်မျက်နှာကို တွေ့ကုန်မှာ….”

“ မပူနဲ့… ငါမလုပ်ပါဘူး…”

လင်းရီ၏ ညွှန်ကြားချက်ကို လက်ခံပြီးနောက် ကျန်းရှောင်ယွီ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီး လင်းရီအခန်းထဲသို့ ဝင်၍ စထွင်းကို စတင်လိုက်၏။

တစ်ချိန်တည်းတွင် ကျောက်မိုလည်း လင်းရီထံ ရောက်လာလေသည်။

“ လင်းရီ… မင်းက တစ်ခုခုတော့ တစ်ခုခုပဲ.. အာယာနဲ မစ်ဆူကိုတောင် ကြွေဆင်းသွားအောင် လုပ်နိုင်တယ်ပေါ့… ငါတကယ်ကို အံ့ဩမိသွားတယ်….”

“ မင်း စကားလုံးတွေကို ပြန်ပြင်လိုက်… ငါ သူမကို တစ်စက်ကလေးမှ မမြှူဆွယ်ခဲ့ဘူး…သူ့ ခြေထောက်နဲ့သူ ငါ့ဆီ လာခဲ့တာ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ သူ့ရင်ဘက်က ဇီးသီးလောက်လေးနဲ့ … ငါ့အကြိုက်လည်း မဟုတ်ဘူး… မင်း ခု ရောက်လာပုံကို ထောက်ရင် မင်းသူမကို အတော်လေး စိတ်ဝင်စားနေတယ်မို့လား… ဆိုတော့ ငါမင်း အသုံးပြုလို့ရမယ့် သီးသန့် လျှို့ဝှက်ချက်လေး တစ်ခု ပြောပြမယ်….”

ကျောက်မို မျက်မှောင်ကြုတ်သွားခဲ့ပြီး “ မင်း ဘာပြောချင်နေတာ….”

“ သူ ငါနဲ့ ခုလေးတင် နာရီဝက်ကျော်လောက် ကသွားခဲ့တယ်… ပြီးတော့ တစ်ချိန်လုံး ဒေါက်မြင့်ဖိနပ်ကြီး စီးထားတာဆိုတော့ ခုချိန် သူမ ခြေထောက်တွေ အတော်လေး နာနေလောက်ပြီ… ဆိုတော့ သွာပြီး ဥုံဖွ လုပ်ပေးလိုက်… အဲ့တာဆို သူမ ရင်ထဲ ဟပ်ထိသွားပြီး မင်းလည်း တစ်ခုခု ပြန်ရလာလိမ့်မယ်…. အခွင့်ကောင်းကရောက်လာနေပြီ… အမြန်သာလစ်လိုက်တော့… ဒီမှာ လေလံပစ်ပြီး အချိန်ကုန်ခံမနေနဲ့..”

ဟစ်……

၎င်းကို ကြားတော့ လူတိုင်း လေအေး တစ်ရှိုက် ရှူသွင်းမိလိုက်ကြ၏။

သူ ကျောက်မိုရှေ့မှာ အဲ့လိုစကားမျိုး ဘယ်လိုလုပ်ပြီး ပြောထွက်တာလဲ… ဒါကြီးက အတိအလင်း စော်ကားလိုက်တာ မဟုတ်ဘူးလား….

“ လင်းရီ… မင်း စကားတွေကို ဆင်ခြင်ပြီးပြောရင် ကောင်းမယ်… မင်းစကားကို ပြန်မငြင်းတောင် ကြောက်ပြီး ငြိမ်ခံနေတယ်လို့တော့ မထင်နဲ့… “ လုရွှမ် ပြောလိုက်၏။

“ ဟုတ်ပါတယ် ဟုတ်ပါတယ်… ရန်ကျင်းရဲ့ သခင်လေး လေးဖော်က သောက်ရမ်း ကြမ်းတာ… ငါ စော်ကားလို့ မရပါဘူး…” လင်းရီ စပ်ဖြီးဖြီးလုပ်ရင်း ပြောလိုက်သည်။

ကျောက်မို သူ့ပခုံးပေါ်ရှိ ဖုန်ကို ခါခပ်လိုက်ပြီး အလေးမထားသည့် ဟန်ပန်ဖြင့် “ စောနက ကိစ္စကို ငါ ဇာမချဲ့ ချင်သေးဘူး… လေလံပွဲပြီးတဲ့အထိ စောင့်ကြတာပေါ့…”

“ ကြည့်ရတာ ငါနဲ့ လေလံ အပြိုင်ဆွဲချင်နေတယ်နဲ့တူတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် အရှင်းဆုံးပြောရရင် ဒီတစ်ခေါက် လေလံပစ်မယ့် ပစ္စည်းတွေက အမှိုက်တွေချည်းပဲ… တကယ်လို့ မင်းက လိုချင်တယ်ဆိုရင် မင်းကို အကုန်လုံး ပေးလိုက်လို့ရတယ်…”

“ လေလံပွဲတောင် မစရသေးတာကို ပါမယ့် ပစ္စည်းတွေက အမှိုက်တွေပါလို့ မင်းက ဘယ်လိုလုပ်ပြီး သိနေတာ… မင်း မပြိုင်ရဲလို့ ဒီစကားမျိုး ပြောထွက်နေတာမလား… “ ကျောက်မို နှာခေါင်းရှုံ့လိုက်၏။

“ မင်းခု စီးနေတဲ့ သင်္ဘောကို ငါဝယ်ထားတာ… ပြောကြည့်... လေလံတင်မယ့် ပစ္စည်းတွေကို ငါ ကြိုပြီး မသိနိုင်ဘူးလား….”

All Chapters