← Chapters

ရှုံးတဲ့သူ လှေပေါ်က ဆင်း

Vol. 51 Ch. 765

ရှုံးတဲ့သူ လှေပေါ်က ဆင်း

Vol. 51 Ch. 765

" ဘာပြောလိုက်တယ်... မျက်နှာဖုံး အစ်ကိုကြီးကလည်း ပွဲ၀င်ထိုးမယ် ဟုတ်လား...."

ထိုစကားလုံးများ ကြားလျှင်ကြားချင်း စထွင်းကြီး တစ်ခုလုံး ထိတ်လန့်အံ့အားသင့်မှုတို့ဖြင့် ပြည့်လျှံသွားခဲ့သည်။

ပရော်ဖက်ရှင်နယ် စထွင်မာတစ်ယောက်က ကြိုးဝိုင်းထဲမှာ သတ်ပုတ်ချင်နေတယ်…

သေလမ်းရှာနေတယ်လို့ ပြောတာကလွဲရင် ဒီကိစ္စကို ပုံဖော်ဖို သူတို့ တခြားစကားလုံးတွေ ရှာလို့မရတော့ဘူး…

“ အဲ့တာသာ အမှန်ဆိုလို့ကတော့ မျက်နှာဖုံးအစ်ကိုကြီးက တကယ်ကြီး မောက်မာနေတာပဲ ဖြစ်ရမယ်…”

“ သူ့ရဲ့ ခြေထောက်တွေ လက်တွေကို ကြည့်စမ်းပါဦး… သူများတွေထက် ဆယ်ဆလောက် ပိန်နေတယ်… အဲ့တာတောင် ထိုးသတ်ချင်နေတယ်ဆိုတော့ လာနောက်နေတာပဲလား….”

“ မြန်မြန်... မျက်နှာဖုံး အစ်ကိုကြီးကို ဒီလိုမျိုး စတန့်တွေ လျှောက်မလုပ်ဖို့ ပြောလိုက်… မဟုတ်လည်း နံပါတ်ဝမ်း အောက်ဒေါစထွင်မာဆိုတဲ့ ပလ္လင်ပေါ်မှာ အခိုင်အမာ ခြေကုပ်ယူနိုင်နေပြီးသားပဲလေ… ဘာကြီးပဲ ဖြစ်နေပါစေ ငါတို့က သူ့ကို ထောက်ပံ့ပေးမှာပဲ…. “

“ ဟုတ်တယ် ဟုတ်တယ်… မျက်နှာဖုံး အစ်ကိုကြီးကို လျှောက်မလုပ်ဖို့ ပြောလိုက်… ငါ ခဏနေကျရင် ဒုံးပျံ ချီးမြင့်ပေးမှာမို့လို့ ပြန်လာပြီး သာမန်စထွင်မာပဲ ပြန်လုပ်လို့….”

လိုက်စထွင်းထဲရှိ လူတိုင်းမှ လင်းရီအတွက် စိတ်ပူနေကြောင်းကို မြင်တော့ ကျန်းရှောင်ယွီမှ ရယ်မောလိုက်ပြီး “ လူတိုင်းပဲ … ဘာမှ စိတ်ပူမနေကြနဲ့… မျက်နှာဖုံး အစ်ကိုကြီးက အဲ့ဒီ ပရောဖက်ရှင်နယ် ဘောက်ဆင်ကစားသမားတွေနဲ့ ထိုးသတ်မှာ မဟုတ်ဘူး… သူ ထိုးမှာက တစ်ခြားတစ်ယောက်နဲ့…”

ထိုသို့ပြောပြီးနောက် ကျန်းရှောင်ယွီ ကင်မရာကို လှည့်၍ ဂူချန်းချွမ်ကို တိတ်တဆိတ်ပြလိုက်ပြီး တီးတိုးလေသံဖြင့် “ မြင်ကြလား…. အဲ့လူကမှ မျက်နှာဖုံး အစ်ကိုကြီးနဲ့ တကယ် ထိုးသတ်မယ့်လူပဲ…”

“ ဟမ်… အဲ့ကောင်က ဘယ်ကနေရောက်လာခဲ့တာ…. သူ့ရုပ်ကြည့်ရတာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ပုံလည်း မပေါ်ပါဘူး…”

“ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူလေ… အရမ်းလည်း မောက်မာတယ်… မျက်နှာဖုံး အစ်ကိုကြီးက အတော်လေး မျက်စိရှုပ်လို့လာလို့ သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်တာ…”

ကျန်းရှောင်ယွီမှာ အတော်လေး ဉာဏ်ကောင်း၏။ သူမ၏ စကားလုံးများကြောင့် ကြည့်ရှုသူများမှာ ဒုတိယမျိုးဆက် ဆက်ခံသူက အတော်လေး လွန်ကျွံသည်ဟု ခံစားသွားရစေသည်။

“ ငိုးပဲ…. အဲ့တာဆို အဲ့ကောင်ကို သေအောင်သာသတ်… ငါ အဲ့လိုမျိုး မောက်မာတဲ့ ဒုတိယမျိုးဆက်တွေကို အမုန်းဆုံးပဲ….”

“ အဲ့လိုကောင်တွေက ဘာလို့ အလှလေးတွေနဲ့ အဆင့်မြင့် ဟိုတယ်ကြီးမှာ အိပ်နိုင်တာတုန်းကွ… သူတို့ အသက်ကြီးလာတဲ့အချိန်ကျရင် အစပ်ချောင်းတွေပဲ စားနိုင်မယ့်ကောင်… ငါတို့ သင်ခန်းစာပေးမှဖြစ်မယ်….”

“ အဲ့ကောင်ရဲ့ မျက်နှာကို ကြည့်လိုက်စမ်း.. တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ရုပ်နဲ့… အစ်ကိုကြီး သင်ခန်းစာပေးမယ်ဆိုလည်း ပေးလောက်စရာပဲ… ငါတော့ လမ်းမှာတွေ့ရင် ဂဲနဲ ကောက်ထုပြီး ပြေးမှာ…. “

“ ငိုးမသားတွေ…. ငါတို့ စူပါဒုံးပျံတွေ ပေးပြီးတော့ အစ်ကိုကြီးကို အားပေးကြရမယ်ကွ….”

လိုက်စထွင်းခန်းထဲရှိ လေထုမှာ မကြုံစဖူး သိပ်သည်းတင်းမာနေလေသည်။ လူတိုင်းက ပြိုင်ပွဲစတင်မည့် အချိန်ကို စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် စောင့်ဆိုင်းနေကြ၏။

ထိုအခိုက်အတန့်တွင် ဂူချန်းချွမ် လင်းရီထံသို့ လျှောက်လှမ်းလာပြီး “ စောင့်မနေနဲ့… ပထမပွဲမှာ သွားထိုးကြမယ်… ဒီလှေက မင်းအပိုင်ဆိုရင်တောင် မင်းနဲ့ တစ်ခန်းထဲတော့ အတူမနေနိုင်ဘူး….”

“ ဟမ်… တစ်ခန်းထဲရှိနေတာနဲ့ ထိုးသတ်တာ ဘာဆိုင်လို့…”

“ ရှင်းပါတယ်… မင်းရှုံးရင် မင်း ဒီကနေ ထွက်သွားရမယ်…. လက်ခံရဲလား….”

“ မင်း ဆိုလိုတာ ဒီရဲ့ မြေအောက်ခန်းထဲကနေလား… ဒါမှ မဟုတ် ဒီရဲ့ သင်္ဘောပေါ်ကနေလား….”

၎င်းကိုကြားတော့ ဂူချန်းချွမ် ပြုံးလိုက်ပြီး “ မင်းလေသံက ဘာလို့ တစ်ခုခု အကြီးစား လုပ်ချင်နေတဲ့ပုံ ပေါက်နေရတာ…”

“ ငါတို့က ယှဉ်ပြိုင်နေတာလေ… ဆိုတော့ စိတ်လှုပ်ရှားစရာလေးတွေ ထည့်တာက သဘာဝပဲ မဟုတ်လား.. မင်း သဘောတူလား မတူဘူးလား… ဒီတိုင်း သတ်ပုတ်ပြီး ပြန်လာရတာက ပျင်းဖို့ကောင်းတယ်…”

ဂူချန်းချွမ်မှ ပို၍ ဘဝင်ခိုက်စွာ ပြုံးလိုက်ပြီး “ ကောင်းပြီလေ… ဒါဆိုလည်း မင်းပြောတဲ့အတိုင်းပဲပေါ့…. ရှုံးတဲ့ကောင်က လှေပေါ်က ထွက်သွားရမယ်…”

“ ပြဿနာမရှိဘူး…”

ဂူချန်းချွမ် ကျေနပ်နေသည့် အပြုံးဖြင့် ပြန်ထွက်သွားခဲ့၏။ သူ့မျက်နှာပေါ်တွင်တော့ ယုံကြည်မှု အပြည့်ဖြစ်နေပြီး လင်းရီကို လှေပေါ်မှ အသာအယာ ကန်ထုတ်နိုင်သည့်နှယ်ပင်။

“ ဘာတုန်း အဲ့လောက်တောင် ပြုံးဖီးနေရတာ…” စွန်းချဲ့ မေးလိုက်ပြီး “ အဲ့ကောင် သဘောတူလိုက်လား…”

ဂူချန်းချွမ် အားရပါးရ ရယ်မောလိုက်ပြီး “ သူက သဘောတူရုံတင် မကသေးဘူ… ငါနဲ့ပါ ပြန်ပြီး လောင်းကြေးထပ်လိုက်သေးတယ်… ခု ရှုံးတဲ့ကောင်က လှေပေါ်ကနေ ဆင်းသွားရမယ်တဲ့… ဒါက စိတ်ဝင်စားဖို့ မကောင်းဘူးလား…”

“ တကယ်ကြီး အဲ့လိုမျိုး လောင်းကြေးထပ်ခဲ့တာလား…” ကျောက်မိုနှင့် ကျန်နှစ်ယောက်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

“ ဒါပေမယ့် လှေက ခု ရွက်လွင့်နေတာလေ…. ဘယ်လိုမျိုး ဆင်းကြမှာ…” လုရွှမ် မေးလိုက်သည်။

“ မင်းက ငတုံးပဲ…” ကျောက်မို လှောင်ပြောင်လိုက်ပြီး “ အသက်ကယ်လှေတွေရှိသေးတယ်လေ… သူတို့ရှုံးရင် အဲ့တာ စီးပြီး အိမ်ပြန်ကြပေါ့…”

“ ဖက်ခ်… စိတ်ကူးယဉ်ကြည့်တာနဲ့တင် စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ…” လုရွှမ် ပြောလိုက်ပြီး “ ကြယ်ငါးက သူ့ရဲ့ အပိုင်… ဒါပေမယ့် သူ့ပိုင်တဲ့လှေပေါ်ကနေ မောင်းချခံလိုက်ရတယ်… ဟားဟား… တွေးကြည့်လိုက်ရုံနဲ့ အရသာရှိလိုက်တာကွာ…”

“ အမှန်ပဲ… ဒါပေမယ့် ငါစဉ်းစားလို့ မပေါက်တာက ဘာလို့ သူက ဘော့စ်ဂူနဲ့ အဲ့လိုမျိုး လောင်းကြေးထပ်လိုက်လဲ ဆိုတာပဲ…” စွန်းချဲ့မှ ပြောလိုက်၏။

ကျောက်မို ပခုံးတွန့်လိုက်ပြီး “ အဲ့ကောင်က ဘော့စ်ဂူကို ငါတို့လိုမျိုး သာမန်လို့ပဲ ထင်နေတာ နေမှာပေါ့… ဒါပေမယ့် အဲ့ကောင် မသိတာက ဘော့စ်ဂူက သူ့ကို အမေပါ မမှတ်နိုင်လောက်အောင် ရိုက်နှက်ပစ်မယ့် လူစားမျိုးဆိုတာကိုပဲ….”

“ ဟားဟား… မိုက်နေပြီ မိုက်နေပြီ….” လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ မြန်မြန် ဒိုင်လူကြီးကို ပွဲစဖို့ သွားပြောလိုက်တော့… ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူး…”

“ မလောစမ်းနဲ့…. စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စတွေက ဖြည်းဖြည်းချင်းသွားမှ အရသာရှိတာ…”

ထို့နောက် ဂူချန်းချွမ်မှ တစ်စုံတစ်ယောက်ကို လက်ယှက်ခေါ်လိုက်ပြီး ကြံ့ကြီး၏ နားထဲသို့ တီးတိုးသွားပြောခိုင်းလိုက်၏။ တစ်ဖက်သူမှ မည်သို့ စီစဉ်ရမလဲဆိုတာကို နားလည်သကဲ့သို့ ဂူချန်းချွမ်ဘက်သို့ လှည့်ကာ ခေါင်းညိမ့်ပြလိုက်လေသည်။

“ အစ်ကိုရီ … ဒီမှာ စောင့်နေဦးနော်… ကျွန်မ ဒိုင်နဲ့ စကားသွားပြောလိုက်ဦးမယ်…”

ထိုသို့ ပြောပြီးနောက် ကျန်းရှောင်ယွီ ကြိုးဝိုင်းပေါ် တက်လာပြီး ကြံ့ကြီး၏ နားထဲတို့စကားတစ်ချို့ တီးတိုးပြောလိုက်၏။

တစ်ဖက်သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သော်လည်း ခေါင်းညိမ့်လိုက်ဆဲပင်။

နှစ်ဖက်လုံးမှ ပြောစရာရှိသည်များကို ပြောပြီးနောက် ကြံ့ကြီးမှ မိုက်ကိုကိုင်၍ “ လေးစားရပါသော‌ ဧည့်ပရိသတ်ကြီးခင်မျာ… လူကြီးမင်းတို့အားလုံး ဒီလို စိန်ခေါ်ပွဲတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်… ခု လက်ရှိ ယှဉ်ပြိုင် သတ်ပုတ်ကြမယ့် ကစားသမားတွေကတော့ ဂူချန်းချွမ်.. မစ္စတာဂူနဲ့ မစ္စတာလင်းတို့ပဲ ဖြစ်ပါတယ်…. လူတိုင်းပဲ … ခင်များတို့ စိတ်ထက်သန်ရာ ကစားသမားဘက်ကနေပြီးတော့ ပံ့ပိုးပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်….”

ကျန်းရှောင်ယွီ ပြောလိုက်သည်များကတော့ ရိုးရှင်း၏။ သူမက လင်းရီအကြောင်း သိပ် မဖော်ပြပေးရန်ပင်။

ထို့ကြောင့် မိတ်ဆက်ပေးစဉ်တွင် ကြံ့ကြီးမှ လင်းရီ၏ မျိုးရိုးနာမည်ကိုသာ ဖော်ပြသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် လင်းရီ မျက်နှာဖုံး တပ်လိုက်၏။ အလွန်အမင်း ထူးဆန်းမှုကို ရှောင်ရှားရန်အတွက် နေကာမျက်မှန်ကိုတော့ မဝတ်လိုက်ချေ။ သူကိုယ်တိုင်လည်း နေကာမျက်မှန်နှင့် လက်ဝှေ့ထိုးမည်ဆိုပါက ထူးဆန်းသလို ခံစားနေရလေသည်။

“ နှစ်ဖက် ယှဉ်ပြိုင်မယ့်သူတွေကတော့ အဆင်သင့်ပါပဲ… လူတိုင်းပဲ ခု လောင်းကြေးတွေ တင်လို့ရပါပြီ… အချိန်အကန့်အသတ်ကတော့ ဆယ်မိနစ်ပါ…. အကန့်အသတ်ရှိတာမို့ လက်မလွှတ်ပဲနဲ့ လောင်းကြေးထပ်လိုက်ကြပါစို့…”

ကြံ့ကြီး၏ စကားကို ကြားသည်နှင့် ချမ်းသာကြွယ်ဝသည့် သူဌေးကြီးများမှ သူတို့ ကြိုတင် ဒေါင်းလုတ်ရယူထားကြသည့် အက်ပ်မှ တစ်ဆင့်‌ လောင်းကြေးတင်ကြလေသည်။

အချို့ကလည်း ချက်ခ်လက်မှတ်နံပါတ်ကို ရိုက်ထည့်ကြသလို အချို့ကလည်း တိုက်ရိုက် ဘဏ်နှင့် ချိတ်ဆက်ကာ လောင်းကြေးများ ထိုးကြ၏။

“ ငါတော့ ဂူချန်းချွမ်က နိုင်မယ်လို့ ခံစားနေရတယ်… ဆိုတော့ တစ်မီလီယမ် လောင်းလိုက်မယ်…”

“ ဒါက နိုင်မှာ သေချာနေတဲ့ပွဲကို ဘာလို့ ပိုပြီး မထည့်လိုက်တာ… မင်း တစ်သန်းလောင်းတယ်ဆို နည်းနည်းလေးပဲ မြတ်မှာပေါ့ကွ… ဘယ်လိုတောင် ပျင်းဖို့ကောင်းထား…”

“ အမှန်ပဲ… ဆယ်သန်း ချမယ်… ဒီနေ့တော့ ကြေးကြီးကြီး ကစားကြတာပေါ့….”

“ အဟုတ်ပဲ… ဒီလိုမျိုးပျော်ဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး… စိတ်ထဲရှိတဲ့အတိုင်း လောင်းကြေးတင်လိုက်ူ… မဟုတ်ရင် ဒီပွဲရဲ့ အရသာကို အပြည့်အဝ ခံစားလို့ရမှာ မဟုတ်ဘူး…”

ရောက်ရှိနေကြသည့် လူတိုင်းမှ ဂူချန်းချွမ် သေချာပေါက် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြကာ ဂူချန်းချွမ်ဘက်သို့ လောင်းကြေးများ နင်းကန် ထည့်နေကြလေသည်။

သို့သော်လည်း လင်းရီ ဘက်တော်သား အလှနတ်သမီးလေးများ အတွက်တော့ ခြားနား၏။

သူမတို့ အားလုံး လင်းရီကို မြင့်မြင့်မှန်းထားကြသည်။

“ ဟဲ့ နင် ဘယ်သူ့ဘက်က လောင်းကြေးထပ်မှာ… “

“ သေချာပေါက် အချောလေးဘက်ကပဲပေါ့… ငါတို့ဘက်က ထောက်ပံ့ပေးဖို့ ဝတ္တရားရှိတယ်လေ…”

“ အွန်း… ငါလည်း အဲ့လိုထင်တယ်… ညီအစ်မတို့… တို့တစ်တွေ စည်းလုံးဖို့ အချိန်ရောက်လာပြီ… ဟိုဘက်ကကောင်ရဲ့ မျက်နှာကို မှတ်ထားကြ… တကယ်လို့ အဲ့ကောင် အချောလေးရဲ့ မျက်နှာကို ထိုးလိုက်တယ်ဆိုရင် fandom ထောင်ပြီး အဲ့ကောင်ကို ဝိုင်းဆဲကြမယ်…”

သို့သော်လည်း အမျိုးသမီးများ သုံးဖြုန်းနိုင်သည့် ငွေပမာဏကလည်း အကန့်အသတ်နှင့်ပင်။ အများဆုံး ပမာဏမှာ ယွမ် တစ်သိန်းမျှသာ ဖြစ်ပြီး ယွမ် ရာဂဏန်း လောင်းကြေးတင်ကြသူများပင် ရှိကြသေး၏။

ဂူချန်းချွမ်ဘက်မှ ပံ့ပိုးပေးကြသူများနှင့် နှိုင်းယှဉ်ပါက သူမတို့၏ လောင်းကြေးမှာ ရေးပုံးထဲမှ ရေတစ်စက်မျှလောက်သာ ရှိလေသည်။

“ ငါတို့ ဒီလိုမျိုး ဆက်ကစားလို့တော့ မဖြစ်တော့ဘူး… “ ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ငါတို့ဘက်က အဟုန်က တဖြည်းဖြည်းနဲ့ ကျလာနေပြီ…”

ချင်းဟန် ဖုန်းကိုင်ရင်း ကျိန်ဆဲလိုက်ပြီး “ ဒါဘယ်လို သောက်သုံးမကျတဲ့ ဆော့ဝဲတုန်းကွ…. တစ်ယောက်ကို အများဆုံးသန်းငါးဆယ်ပဲ ကြေးတင်လို့ရတယ်… ယီးပဲကွာ..... ”

“ သာမန်ပဲလေ…. ငွေစီးဆင်းမှုနှုန်းက တအား ကြီးလို့ ဘယ်ဖြစ်မှာ… မဟုတ်ရင် အင်တာနက် စောင့်ကြည့်ရေးဌာနနဲ့ ရန်ကျင်းရုံးချုပ်ကလူတွေ သေချာပေါက် စောင့်ကြည့်ခံရတော့မှာဟ… ယွမ်သန်းငါးဆယ်ဆိုတာလည်း နည်းတဲ့ ပမာဏမှ မဟုတ်တာ…”

ချင်းဟန်နှင့် ကျန်နှစ်ယောက်မှ လင်းရီကို ပံ့ပိုးပေးရန်အတွက် တစ်ယောက်ကို ယွမ်သန်းငါးဆယ် ကြေးတင်လိုက်ကြလေသည်။

ကျန်းရှောင်ယွီလည်း အင်မတန် ရက်ရောနေသည်။ သူမ၏ ဝက်စုဘူးထဲရှိ ငွေအကုန်လုံးကို ထုတ်၍ လင်းရီဘက်မှ ယွမ်နှစ်သန်း မျက်စိမှိတ်တင်လိုက်၏။

အကယ်၍ သူမ အနိုင်ရမည်ဆိုပါက အနည်းဆုံး နှစ်ဆပွားသွားပေမည်။

ဆယ်မိနစ် ကြာပြီးနောက် အခန်းထဲရှိ လူတိုင်း လောင်းကြေးတင်ကြပြီးဖြစ်၏။

ဂူချန်းချွမ်ဘက်ရှိ လောင်ကြေးမှာ ၇၃၈ မီလီယမ်ထိ မြင့်တက်နေပြီး သနားဖို့ကောင်းစွာဖြင့် လင်းရီဘက်မှ လောင်းကြေးမှာတော့ ၁၅၆ မီလီယမ်မျှသာ ရှိ၏။

၁၅၆ မီလီယမ်မှာ သေးငယ်သည့် ပမာဏ မဟုတ်သော်ငြား လူအများစုကတော့ ၁၅၀ မီလီယမ်မှာ လင်းရီ၏ သူငယ်ချင်းကောင်း သုံးယောက်မှ တင်ထားကြောင်း သိကြလေသည်။

တစ်နည်းအားဖြင့် ဆိုသော် လင်းရီဘက်မှ စစ်မှန်စွာ ထောက်ပံ့ပေးသည့် ပမာဏက ယွမ်ခြောက်သန်း ပမာဏမျှသာရှိ၏။

အဆိုပါ ပမာဏက တစ်ချို့လူများအတွက်တော့ နှစ်ဖက်ရှိ အင်အားကွာခြားမှုကို ကိုယ်စားပြုသည်။

တစ်နည်းအားဖြင့် ဆိုသော် ဂူချန်းချွမ်ဘက်မှ လောင်းကြေးတင်လိုက်ခြင်းက နိုင်ရန် သေချာလိမ့်မည်ဟူသော အတွေးမျိုးကို ရရှိသွားစေသည်။

All Chapters