← Chapters

ဘဝ၏ ပြောင်းလဲမှုများ

Vol. 137 Ch. 1915

ဘဝ၏ ပြောင်းလဲမှုများ

Vol. 137 Ch. 1915

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီသို့ တိုက်ရိုက်တည်နေရာပြောင်းရွှေ့ မသွားဘဲ ကောင်းကင်ကြယ်တာရာနယ်နမိတ် အနီးရှိ ကြားမှတ်တစ်ခုသို့သာ တည်နေရာပြောင်းရွှေ့သွားလိုက်သည်။ ထိုကြာမှတ်ကို တည်ဆောက်ရန် တိရှဘုံမှ အရင်းအမြစ်များစွာကို သုံးခဲ့ရသည်။ သာမန်မျိုးနွယ်များသည် ထိုကဲ့သို့ အလွန်ဝေးကွာသောနေရာကို တည်နေရာပြောင်းရွှေ့ပေးနိုင်သော တည်နေရာပြောင်းရွှေ့အစီအရင်ကို တည်ဆောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။

အိုမင်းကာ သေဆုံးတော့မည့် နတ်ဘုရားဧကရာဇ် သုံးယောက်က ထိုကြားမှတ်တွင် စောင့်ကြပ်နေကြ၏။ ကျန်းရီသည် ထိုအဘိုးအိုသုံးယောက်ကို တွေ့သောအခါ သက်ပြင်းချလိုက်၏။ ထိုအဘိုးအိုသုံးယောက်ပင် ရှိနေသေးရာ ရုပ်လောကဘုံက တမလွန်ဘုံမျိုးနွယ်၏ တိုက်ခိုက်မှုကို မခံရသေးကြောင်း ထင်ရှားသည်။ အနည်းဆုံးတော့ ထိုဘုံက အပြီးတိုင် ဖျက်ဆီးမခံ‌ရလောက်သေးပေ။

“အရှင်...”

ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူ၏အရှိန်အဝါက အလွန်အားကောင်းသည်။ ထို့ပြင် သူက ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာနိုင်ခြင်းကြောင့် တိရှဘုံရှိ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သို့ဖြစ်ရာ ထိုအဘိုးအိုများက သူ့ကို မည်သို့ အပြစ်ပြုရဲကြပါမည်နည်း။

“ကျွန်တော့်ကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ ခေါ်သွားပေးပါ”

ကျန်းရီက အေးစက်စက် ပြောလိုက်၏။ သို့သော် သူ အမိန့်ပြားကို ထုတ်မပြလိုက်ပေ။ ထို့ကြောင့် အဘိုးအိုသုံးယောက် ချီတုံချတုံ ဖြစ်နေကြသည်။ ထိုအခါ ကျန်းရီသည် သူတို့ကို အေးစက်စက်ကြည့်၍ အော်ပြောလိုက်လေသည်။

“ခင်ဗျားတို့က အသက်မရှင်ချင်ကြတော့ဘူး ထင်တယ်”

“ကျုပ်တို့ မဝံ့ရဲပါဘူး”

အဘိုးအိုသုံးယောက်သည် ကျန်းရီ၏ ကြိမ်းမောင်းမှုကြောင့် စိတ်ဝိညာဉ်များ ပြိုပျက်သွားသလိုပင် ခံစားလိုက်ကြရသည်။ သူတို့ထဲမှ တစ်ယောက် ကျန်းရီကို အနောက်ဘက်သို့ ခပ်သုတ်သုတ် ခေါ်သွားလိုက်သည်။ တစ်ခဏမျှ ‌ပျံသန်းပြီးနောက် ကျန်းရီသည် သူတို့က အလွန်နှေးနေသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူ အဘိုးအို၏ ပခုံးကို ဆုပ်ကိုင်၍ ပြောလိုက်၏။

“လမ်းသာပြလိုက်”

ဝှစ်...

ကျန်းရီ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သူ အဘိုးအိုကို ဆွဲခေါ်၍ အရှေ့သို့ ပျံသန်းနေသည်။ မကြာခင်မှာပင် သူတို့ ဘုံငယ်လေးတစ်ခုကို ဖြတ်ကျော်သွားသည်။ ထိုဘုံငယ်လေးက တိရှဘုံ၏ ဆန်းကြယ်နယ်မြေတစ်ခုလောက်သာ ကြီးပေသည်။ ၎င်းဘုံငယ်လေးများမှာ ကောင်းကင်ထဲရှိ ကြယ်များကဲ့သို့ပင်။

‘ကြယ်တွေလား’

ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ လှမ်းမြင်ခဲ့ရသော ကြယ်များက ထိုဘုံငယ်လေးများလော။ သို့သော် ဘုံများအပြင်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ ရှိနေသည် မဟုတ်လော။ သို့ဆိုလျှင် သူက အဘယ်သို့ ထိုဘုံငယ်လေးများကို လှမ်းမြင်ခဲ့ရခြင်းနည်း။ သူ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များစွာကို ထိုးဖောက်ခဲ့ဖူးသည်။ ဘုံအထဲမှဆိုလျှင် အပြင်ကို လှမ်းမမြင်ရပေ။ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ လှမ်းမြင်ခဲ့ရသော ကြယ်များက မည်သည့်နေရာမှ ရောက်လာခြင်းနည်း။

‘အဲ့ဒါက လျှို့ဝှက်ချက်ကြီးတစ်ခုပဲ။ ကပ်လောကရဲ့ လျှို့ဝှက်ချက်ပဲ’

ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူ ထိုအကြောင်းကို နားလည်နိုင်လျှင် ထိုလျှို့ဝှက်ချက်ကိုလည်း သိသွားပေလိမ့်မည်။ ကပ်လောက၏ လျှို့ဝှက်ချက်မှာ အလွန်စွမ်းအားကြီးသော မိုးမြေစည်းမျဉ်းများပင်။

ကောင်းကင်ကိုးပါးကြယ်တာရာစွမ်းအားနှင့် မိုးမြေမူမမှန်မှုလည်း ရှိသေးသည်။ ကျန်းရီတစ်ယောက် တွေးလေ၊ ပိုရှုပ်လေဟု ခံစားလာရ၏။ သူ ရှင်းမပြနိုင်သော ထိုအရာများမှာ ကပ်လောက၏ လျှို့ဝှက်ချက်များ ဖြစ်ပေသည်။

“အရှင်... အရှေ့မှာပါ...”

ကျန်းရီက ကပ်လောက၏ လျှို့ဝှက်ချက်များအကြောင်း အတွေးနက်နေစဉ်တွင် အဘိုးအိုက သူ့ကို သတိပေးလိုက်၏။ ကျန်းရီ အတွေးစများကို ဖြတ်လိုက်ပြီး သူ့အရှေ့မှ ဘုံကို ကြည့်လိုက်၏။ ထို့နောက် သူ အဘိုးအိုကို ချပေးကာ သက်တံ့အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ အရှေ့သို့ ပျံသန်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ အဘိုးအိုထံလည်း အသံပို့လွှတ်လိုက်သည်။

“ကျွန်တော့်ကို ဒီမှာစောင့်နေ။ ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်”

“ဟုတ်ကဲ့ပါ အရှင်”

အဘိုးအိုက ရိုရိုသေသေ လက်ဆုပ်၍ ကျန်းရီက လက်အိတ်တစ်စုံကိုထုတ်ကာ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို စုတ်ဖြဲ၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။

“အာ...”

ကျန်းရီသည် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို စုတ်ဖြဲကာ ဝင်သွားလိုက်သည့်အခိုက်တွင် ဆောင်းရာသီအတွင်း ရေပူစမ်းတစ်ခုထဲ စိမ်လိုက်ရသလို ခံစားလိုက်ရ၏။ သူ့ကိုယ်ပေါ်ရှိ မွေးညင်းပေါက်တိုင်းက အတန်ငယ် ကျယ်သွားသည်။ သူ အလွန်လည်း သက်တောင့်သက်သာ ခံစားလိုက်ရပေသည်။

ထိုနေရာရှိ မိုးမြေဝိညာဉ်စွမ်းအင်က လွန်စွာသိပ်သည်းမနေပါ။ ဆန်းကြယ်နယ်မြေကြီးများနှင့်ပင် ယှဉ်နိုင်လောက်သည့် အနေအထား ရှိမနေပါ။ သို့သော် ထိုနေရာရှိ အငွေ့အသက်က ကျန်းရီကို အလွန်သက်တောင့်သက်သာ ဖြစ်စေနေသည်။ သူ ကောင်းကင်စိတ်အာရုံထုတ်၍ အာရုံခံရန် မလိုဘဲနှင့်ပင် ထိုနေရာက သူ မွေးဖွားကြီးပြင်းခဲ့ရာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ဖြစ်ကြောင်း သိနိုင်ပေသည်။

ရွှစ်...ရွှစ်..

ကျန်းရီက ကောင်းကင်စိတ်အာရုံ မထုတ်ရသေးခင်မှာပင် အောက်ဘက်မှနေ၍ ကောင်းကင်စိတ်အာရုံများစွာ ရောက်ရှိလာ၏။ ကျန်းရီ၏ အရှိန်အဝါက အလွန်အားကောင်းသည်။ ထို့ကြောင့် အောက်ဘက်ရှိ သိုင်းသမားများစွာက တုန်လှုပ်သွားကြပြီး ချက်ချင်း အာရုံခံလိုက်ကြခြင်းဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

သိုင်းသမားများစွာ ကောင်းကင်ထဲသို့ ပျံတက်လာကြသည်။ ကျန်းရီသည် အာရုံပြတ်သွားပြီဖြစ်၍ ‌အောက်ဘက်သို့ ဖြည်းဖြည်းချင်း ပျံဆင်းသွား၏။ တစ်ချိန်တည်းမှာပင် သူ ကောင်းကင်စိတ်အာရုံလည်း ထုတ်လွှတ်ကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို အာရုံခံကြည့်လိုက်သည်။

အတိတ်တွင် ကျန်းရီအတွက် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အကန့်အသတ်မဲ့လောက်အောင် အလွန်ကြီးမားခဲ့၏။ သူ ကောင်းကင်ကြယ်တာရာနယ်မြေထဲမှ ထွက်လာခဲ့ပြီးနောက် အရှေ့ဘက်တော်ဝင်နယ်မြေကို ရောက်ရန် တစ်နှစ်ကြာခဲ့သည်။ ထိုစဉ်က အရှေ့ဘက်တော်ဝင်နယ်မြေမှာ သူ့အတွက် အလွန်ကြီးမားခဲ့သည်။ သူ လမ်းလျှောက်သွားမည်ဆိုလျှင် တစ်သက်လုံး ထိုနယ်မြေအဆုံးသို့ မရောက်နိုင်လောက်ဟုပင် ထင်မိခဲ့သည်။

သို့သော် ယခုတွင်မူ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အလွန်သေးငယ်သည်ဟု ခံစားနေရ၏။ အထက်ဘုံမှ ဆန်းကြယ်နယ်မြေတစ်ခုသည်ပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထက် ပိုကြီးသည်။ ကောင်းကင်ဘုံတွင် သူ၏ ကောင်းကင်စိတ်အာရုံက ကီလိုမီတာသောင်းဂဏန်းအထိသာ အာရုံခံနိုင်ခဲ့သည်၊ အထက်ဘုံတွင် ကီလိုမီတာတစ်သန်းအထိ အာရုံခံနိုင်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်မူ သူ နယ်နမိတ်တစ်ခုလုံး သို့မဟုတ် ဘုံတစ်ခုလုံးကို အလွယ်တကူ အာရုံခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော ဤနေရာမှ အာကာပြင်က အလွန်မတည်မငြိမ် ဖြစ်နေ၍ပင်။

ထို့ပြင် အကယ်၍ ထျန်းဖုန့်ဧကရာဇ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ရောက်လာပြီး တိုက်ကွက်တစ်ကွက် ထုတ်လိုက်မည်ဆိုလျှင် နယ်နမိတ်၏ အာကာပြင်တစ်ခုလုံးနှင့် နယ်နမိတ်တစ်ခုလုံး ပျက်ဆီးသွားလိမ့်မည်ဟု ကျန်းရီ ခံစားနေရပေသည်။

“မင်းက ဘယ်သူလဲ”

ထောင်ချီသော လူများ လျင်မြန်စွာ ပျံတက်လာကြ၏။ လှံရှည်တစ်ချောင်း ကိုင်ထားသော စစ်သူကြီးငယ်တစ်ယောက်က အလွန်ဝံ့ထည်နေသည်။ သူက ကျန်းရီကို လှံနှင့်ပင် ချိန်ဝံ့ပေသည်။ သို့သော် သူသည် ကျန်းရီ၏ အရှိန်အဝါ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် အနားအထိတော့ ကပ်မလာရဲချေ။ မည်သို့ပင်ဖြစ်စေ သူ့မျက်ဝန်းများက ပြတ်သားနေသည်။ သူ့မျက်နှာထားကလည်း တည်ငြိမ်သည်။ အကယ်၍ ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို တိုက်ခိုက်မည်ဆိုလျှင် သူကလည်း ခုခံရန် တုံ့ဆိုင်းနေမည် မဟုတ်ပါ။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် နယ်နမိတ်တစ်ခုလုံးကို အာရုံခံလိုက်၏။ ထို့နောက် သူ အတန်ငယ် မျက်နှာပျက်သွားသည်။ သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် ထိုစစ်သူကြီးငယ်ကို ကြည့်လိုက်သည်။ ထိုအခါ ကျန်းရီ အတန်ငယ် အံ့ဩသွားရလေသည်။

ထိုစစ်သူကြီးငယ်က ကျန်ဝူရွှမ်းနှင့် အလွန်ဆင်တူ၏။ သူ့အသားအရေက ညိုကာ သူ့ရုပ်သွင်က အလွန်ခံ့ညားသည်။ အရေးအကြီးဆုံးမှာ သူ့အရှိန်အဝါကလည်း ကျန်ဝူရွှမ်၏အရှိန်အဝါနှင့် ဆင်တူနေခြင်းပင်။

ကျန်းရီသည် အာရုံခံကြည့်ပြီးနောက် ထိုစစ်သူကြီးငယ်က ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“မင်းက ကျန်မျိုးနွယ်က မျိုးနွယ်ဝင်တစ်ယောက်လား။ မင်း ဘယ်မျိုးဆက်ကလဲ”

“ခင်ဗျား.. ခင်ဗျားက...”

စစ်သူကြီးငယ် မှင်တက်သွား၏။ ကျန်းရီက သူ့ကို ကျောခိုင်းထားသည်။ ထို့ပြင် သူ့ကောင်းကင်စိတ်အာရုံက ကျန်းရီကို အာရုံမခံနိုင်ပေ။ ထို့ကြောင့် ကျန်းရီ၏ မည်သို့သောပုံစံရှိကြောင်း သူ မသိရပါ။ သို့သော် ယင်းအခိုက်၌ သူ့တစ်ကိုယ်လုံး တုန်ယင်လာ၏။ သူ နှုတ်ခမ်းတုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။

“ခင်ဗျားက... ကျန်းဧကရာဇ်လား”

“ကျန်းဧကရာဇ်တဲ့လား”

ထိုအမည်ကို ထပ်မံကြားရသောအခါ ကျန်းရီ၏ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွား၏။ သူ့လက်မှ လက်စွပ်က လင်းလက်လာသည်။ ထို့နောက် ကျန်ဝူရွှမ်း၊ ရီချန်၊ ချမ်ဝမ်ကွမ်းနှင့် အခြားသူများအားလုံး ထွက်ပေါ်လာကြသည်။

စစ်သူကြီးငယ်သည် ကျန်ဝူရွှမ်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဒူးထောက်လိုက်၏။ ကျန်းရီကို သူ မသေချာနိုင်ပေ။ သို့သော် ကျန်ဝူရွှမ်းမှာမူ သူ နေ့နေ့ညည အရိုအသေပေးခဲ့ရသူပင်။ သူ ဒူးထောက်ပြီးနောက် အော်ပြောလိုက်သည်။

“မြေး ကျန်ရုံရန် အဘိုးကို အရိုအသေပေးပါတယ်”

“အဘိုးတဲ့လား”

ကျန်ဝူရွှမ်း၏ ပြတ်သားနေသော မျက်နှာက အတန်ငယ် တွန့်သွား၏။ သူနှင့် ယွင်ဖေးထံတွင် ကလေးအနည်းငယ် ရှိခဲ့သည်။ သူတို့သည် ထိုကလေးများကို ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ချန်ထားခဲ့ရပေသည်။ ယခု ထိုကလေးများက အရွယ်ရောက်ကာ သူ့အတွက် မြေးများပင် မွေးဖွားပေးပြီးနေပြီလော။

ဝှစ်...ဝှစ်...ဝှစ်...

အောက်ဘက်မှနေ၍ မရေမတွက်နိုင်သော လူများ ပျံတက်လာကြ၏။ အရေအတွက်မှာ သောင်းနှင့်ချီသည်။ ရီချန်သည် ကောင်းကင်စိတ်အာရုံနှင့် အောက်ဘက်ကို အာရုံခံကြည့်လိုက်၏။ ထို့နောက် သူမ ချက်ချင်း ပျံဆင်းသွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်၏။

“ဘိုးဘိုး...”

“ဗုဒ္ဓဧကရာဇ်”

ကျန်းရီ အားတင်းကာ ပြုံးလိုက်၏။ ၎င်းနောက် သူ ယဉ်ရို့ပင်း၏လက်ကို ကိုင်ကာ သူမ၏ကျောကိုလည်း ပုတ်ပေးလိုက်သည်။ ပြီးမှ သူ အားလုံးကို ကြည့်၍ သတိပေးနှစ်သိမ့်လိုက်၏။

“ရို့ပင်း၊ ယောင်အာ၊ အစ်ကိုထောင်ထျန်း၊ အစ်ကိုရီရှောင်၊ ဝမ်ကွမ်း... အားလုံး စိတ်ကို ပြင်ဆင်ထားမှရမယ်။ ငါတို့ ထွက်သွားခဲ့တာ အရမ်းကြာခဲ့ပြီ။ ငါတို့သိခဲ့တဲ့ လူတွေအများကြီးက မရှိကြတော့ဘူး။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာဖျားခြင်းနဲ့ သေဆုံးခြင်းတွေက မိုးမြေစက်ဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ငါ စိတ်မကောင်းပါဘူး”

“အာ...”

ယဉ်ရို့ပင်းနှင့် မိုယောင်အာတို့ တုန်ယင်သွားကြ၏။ သူမတို့သည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်ကြသည်။ ဗုဒ္ဓဧကရာဇ်တစ်ပါးတည်းသာ အောက်ဘက်မှနေ၍ ပျံတက်လာနေသည်။ ကြည့်ရသည်မှာ ကျန်သောလူများအားလုံးက သေဆုံးသွားပြီးပုံပင်။ မိုယောင်အာ၏ အဖေလည်း သေသွားလောက်ပေပြီ။

“ဟူး... ငါသာ စောစောပြန်လာနိုင်ခဲ့ရင်...”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် ပူဆွေးမှုများ ပြည့်နှက်လာသည်။ သူ ကောင်းကင်စိတ်အာရုံ အသုံးပြု၍ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးကို ထပ်မံ အာရုံခံကြည့်လိုက်သည်။ ဤနယ်နမိတ်တွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သော်လည်း လူများစွာမှာ မရှိကြတော့ပေ။ သူတို့အားလုံး အသက်အရွယ်ကြီးရင့်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ပေမည်။

ကျန်းယွင်ဟိုင်လည်း သေဆုံးသွားခဲ့ပေပြီ။ နန်ကုန်းချီလင်းခေါ် အစ်မကြီးဆည်းလည်းကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရ။ ထန်ရွှယ်နှင့် ထန်ယန်တို့မှာလည်း ရှိမနေကြတော့။ ဧကရာဇ်များထဲတွင် ဗုဒ္ဓဧကရာဇ်သာ ကျန်သည်။ ထို့ပြင် ဗုဒ္ဓဧကရာဇ်ကလည်း သက်တမ်းသိပ်မကျန်တော့ဟု ကျန်းရီ ခံစားနေရပေသည်။

လောကကြီးက အမှန်ပင် ပြောင်းလဲခဲ့ပေပြီ။

All Chapters