ခင်ဗျားက ကျုပ်ကိုမဝင်ခိုင်းတာလား
Vol. 34 Ch. 661
များပြားလှသောအကြည့်များသည် ပေထင်းဟွမ်ဆီသို့ တည့်တည့် ရောက်လာကြသည်။ ထိုအထဲတွင် နန်ကုန်းချန်း၏အကြည့်သည် အစူးရှဆုံး ဖြစ်သည်။ ထိုအကြည့်သာ လူသတ်နိုင်လျှင် ယခုအချိန်တွင် ပေထင်းဟွမ်သည် အပိုင်းပိုင်းပြတ်သွားနိုင်သည်။ သူသည် ချောင်းအသာဟန့်ကာ ပေထင်းဟွမ် အား သတိပေးသည့်အကြည့်ဖြင့်ကြည့်ကာ သူမ၏သရုပ်မှန်ကိုမမေ့ရန်နှင့် အစ်ကိုဖြစ်သူနှင့်သူ့ကိုပါ ပြဿနာထဲမရှုပ်ထွေးသွားစေရန် ပြောနေသည်။
ထို့အပြင် မလျော်ညီသည့်နောက်ခံရှိသော မိသားစုနှင့် သူတို့၏ သမီးများ ကို လက်ထပ်စေလိုသည့် မိသားစုဟူ၍မရှိပေ။
“ဒါက ပေထင်းမိသားစုရဲ့ သခင်လေး ၉ လား” သူတော်စင်မယဲ့ချင်သည် ဖြည်းဖြည်းချင်းလျှောက်လာသည်။ သေချာပေါက်ပင် သူမသည် ပေထင်းဟွမ် သူမကို ကြိမ်းမောင်းသည်ကိုလည်း ကြားထားသဖြင့် မျက်နှာထားသည် အလွန် အကျည်းတန်နေသည် “မင်းက လူကြားသူကြားထဲမှာ လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ကို ကလူနေတာပဲ.. ပေထင်းမိသားစု သခင်အေို ဒါက ပေထင်း မိသားစုရဲ့ပုံစံပဲကိုး.. သခင်ပေထင်းကျင်ရွေးဖို့အတွက်လည်း တော်ဝင် မိသားစုထဲက မင်းသမီးတချို့ကိုပြင်ဆင်ထားတယ်.. အဲလိုဆိုရင်တော့ ကျွန်မ တွေဝေသွားပြီ”
“တော်ဝင်မိသားစုက မင်းသမီးတွေကိုလည်း ကျွန်တော်ဂရုမစိုက်ပါဘူး.. ကျွန်တော့်မိဘတွေအတွက် လက်စားမချေနိုင်သေးသရွေ့ ကျွန်တော် အိမ်ထောင်ပြုမှာမဟုတ်ဘူး.. သူတော်စင်မယဲ့ချင် အားစိုက်ထုတ်ဖို့မလိုပါဘူး” ပေထင်းကျင်သည် အထူးသဖြင့် ရဲရင့်သည်။ ပေထင်းချင်းဘာမှမပြောခင်မှာပင် သူ ငြင်းဆန်လိုက်သည်။
သူတော်စင်မယဲ့ချင်နှင့်ထိပ်တိုက်တွေ့သည်နှင့် ပေထင်းဟွမ်သည် ရှန်းယန်ပိုအား အဝေးသို့တွန်းပို့လိုက်သည်။ သူမသည် ရှန်းယန်ပိုအား ကြားမညပ်စေလိုပေ။ လေလံပွဲစတင်တော့မည်ကိုကြည့်ပြီး သူမ အထဲသို့ဝင် ရန် အလျင်လိုနေသည်။ ထို့အပြင် သူမသည် မူလအရည် ၁၀ စက်ရရန် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။
ပေထင်းဟွမ်သည် အရေးမပါသည့်စကားများ ပြောရသည်ကို မကြိုက် ပေ။ သူသည် တံခါးမှအစောင့်ကို လက်ညှိုးထိုးကာပြောလေသည် “ပြောလက်စကိုဆက်ပြောကြတာပေါ့ ကျုပ်ကိုဝင်ခွင့်မပေးတာ ခင်ဗျားလား”
“ဟုတ်တယ်” ယဲ့ချင်သည် ဒဲ့တိုးပင်။ ထို့အပြင် သူမ၏သားဖြစ်သူ ရှန်းယန်ကျို့၏ အသက်သွေးကို ပေထင်းဟွမ်မှ ဖြတ်တောက်ခဲ့သည်။ သူမသည် ညအရှင်အိမ်တော်သို့ပြေးသွားကာ ညအရှင်အားတောင်းပန်ပြီး တံခါးရှေ့တွင် ၆ နာရီကြာအောင် ဒူးထောက်ခဲ့သည်။ သူမသည် ညအရှင်ဆီမှ 'မတန်ဘူး' ဟုသာ ကြားခဲ့ရသည်။
သူမသည် မည်သို့ဒေါသထွက်ရမည်နည်း။ “သခင်ပေထင်းဟွမ်က ဘယ်လို သရုပ်မှန်မျိုးနဲ့ဝင်မလဲလို့ သိချင်ရုံတင်ပါ.. သခင်ကြီးပေထင်းဟွမ်က ပေထင်းမိသားစုကနေ ထွက်ပြီလို့ ကြေညာပြီးပြီလို့ကြားရတယ်.. သခင်ကြီး ပေထင်းဟွမ်က နောင်တရပြီး ပေထင်းမိသားစုဝင်အဖြစ် ပြန်ဝင်လိုက်ပြီလား”
ဒီမိန်းမကြီးကတော့.. ပေထင်းဟွမ်သည် ယဲ့ချင်အား အကဲခတ်လိုက်၏။ သူမသည် အသက် ၃၀ ဦးပိုင်းဟုထင်ရကာ ဆွဲဆောင်မှုရှိတုန်းပင်။ ယောက်ျား အများစုသည် ရင့်ကျက်သည့်မိန်းကလေးများကို သဘောကျကြသည်ဟု သူမ ကြားဖူးသည်။ ဤမိန်းကလေးသည် အလိုလိုက်ခံထားရသည်မှာ ယန်ယဲ့ပြော သည့် ကလူတတ်သည့်မိန်းကလေးဖြစ်မည်။ သူမ၏အင်္ကျီများသည် အနည်း ငယ် ဖော်လှပ်ထားကာ အရေးအကြီးဆုံးမှာ သူမ၏ခွန်အားသည် ကောင်းလှ သည်မဟုတ်ပေ။ သူမသည် ဓား ၁ လက်ကြယ်ဝိညာဉ်သခင်သာဖြစ်သည်။
သူမသည် ထိုအမျိုးသမီးကို ကန်ချက်တစ်ချက်တည်းနှင့် လဲကျသွား အောင်လုပ်နိုင်သည်။
ပေထင်းဟွမ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူမသည် ယဲ့ချင် အား အတန်ကြာအောင် စိုက်ကြည့်ရာ ဆံပင်များပင် ထောင်သွားစေလောက် သည်။ ထိုအခါမှပင် မေးခွန်းမေးလိုက်၏ “ကျုပ်ကိုဝင်ခွင့်မပေးတာ သေချာလား”
ယဲ့ချင်သည် ဘာမှမပြောဘဲ ပြုံးလေသည်။ သူမသည် ပရောပရည်ရှိလှ ကာ ထူးထူးခြားခြားဆက်ဆံပုံရသော်လည်း အဓိပ္ပာယ်မှာ အလွန်ရှင်းလင်း၏။ ဝင်ခွင့်မပေးနိုင်ဘူး။
“အရမ်းကောင်းတယ်” ပေထင်းဟွမ်လည်း ပြုံးလိုက်၏ “ဒီနေ့ ဆုံးဖြတ် ချက်ကို နောင်တမရဖို့မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမလှည့်ထွက်ကာ လျှောက်လာခဲ့သည်။
အစောပိုင်းတွင် သူမ လှုပ်ရှားတော့မည်ဟု အားလုံးထင်ထားခဲ့ကြသည်။ သို့သော် ပေထင်းဟွမ်သည် အပေးအယူလုပ်လိုက်ပုံရကာ ကြမ်းတမ်းသည့် စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားသည်ကိုကြည့်ပြီး အားလုံးသည် မှင်တက်ကာ ချက်ချင်းပင် ရယ်မောကြလေသည်။ ပေထင်းမိသားစု၏ သခင်လေး ၉ သည်လည်းသာမန်ပင်။ သူမသည် ညအရှင်သခင်နှင့် အလွန်ရင်းနှီးသည်ဟု သူတို့ကြားခဲ့ရသည်။ အမှန်တကယ်သာ ရင်းနှီးပါ ညအရှင်သည် နန်းတော်လေလံပွဲအား ဝင်ရန် လက်မှတ်ပေးမည်မဟုတ်ပါ လား။
ရာယာအင်ပါယာနှင့် တိုက်ကြီးတစ်ခုလုံးတွင် ညအရှင်သခင်၏ စွမ်းအား နှင့်အာဏာသည် ပထမတန်းစားအဆင့် အင်အားစုများထက် မနိမ့်သည်ကို သိထားရမည်။ လေလံပွဲသို့ဝင်ရန် ခွင့်ပြုချက်လောက်သည် ညအရှင်၏ စကား နှင့်တင်ပြီးသည်။
ထိုအခိုက်တွင် ပေထင်းဟွမ်အား အထင်ကြီးထားကြသော တိုက်ကြီးမှ အင်အားစုများသည် သူမအား အထင်သေးသောအကြည့်များဖြင့် ကြည့်ကြလေ သည်...