← Chapters

တိုက်ရိုက်၊ လွယ်ကူ၊ ကြမ်းတမ်းသော ကန်ချက်ကြောင့် လွင့်သွားခြင်း

Vol. 34 Ch. 662

တိုက်ရိုက်၊ လွယ်ကူ၊ ကြမ်းတမ်းသော ကန်ချက်ကြောင့် လွင့်သွားခြင်း

Vol. 34 Ch. 662

ထိုလူငယ်သည် အနည်းငယ် လျှာစောင်းထက်သည်။ အရည်အချင်းတွင် လည်း အလွန်ပါရမီပါသည်။ ၁၄ နှစ်အရွယ်တွင် အဆင့်မြင့်ဓားကြယ်ဝိညာဉ် သခင်ဖြစ်နေပြီဖြစ်၏။ သို့သော် ဘာတတ်နိုင်မည်နည်း။ သူသည် အခြေအနေ အား အကဲခတ်ရာတွင် ညံ့လွန်းသည်။ ညအရှင်အိမ်တော်နှင့် ပေထင်းမိသားစု ၏ ကာကွယ်မှုမပါလျှင် သူသည် တော်ရုံအရည်အချင်းရှိသူများထက် မြန်မြန် ဆန်ဆန်သေလိမ့်မည်။

“ရှောင်ကျို့...”

ပေထင်းဟွမ် လှည့်ထွက်သွားသည်ကိုကြည့်ပြီး ပေထင်းကျင်သည် ဓားနှင့်မွှမ်းခံရသလို ခံစားလိုက်ရသည်။ သူသည် အပြင်တံခါးတွင် အတားခံ လိုက်ရပြီး ဝင်ခွင့်မရလိုက်ပေ။ သူပင်လျှင် ဤကဲ့သို့အရှက်ခွဲမှုမျိုးကို မခံနိုင်ရာ သူ့ထက် ၁၀ နှစ်ငယ်သော ပေထင်းဟွမ်ဆိုလျှင် မဆိုထားနှင့်တော့။ ပေထင်းကျင်သည် ပေထင်းဟွမ်အား ပြန်ဆွဲပြီး သူမနှင့်အတူ တရားမျှတမှု ရှာ တော့မည်အပြုတွင် သူ့ဘေးမှ လေပွေတစ်ခုဖြတ်သွားလေသည်။

ဝင်ပေါက်တွင် မုန်တိုင်းဖြစ်ပေါ်လာသည်။

ပေထင်းဟွမ်သည် လှည့်ထွက်ပြီးနောက် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူမသည်လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ ရင်ပြင်တွင် ဝိညာဉ်သခင်ကြီးတချို့အပါအဝင် အားကောင်းသော ကျင့်ကြံသူများစွာရှိသည်။ သို့သော် သူတို့သည် လူငယ်အား ရှင်းရှင်းလင်းလင်း မမင်လိုက်ရပေ။ သူတို့ရှေ့တွင် သူတော်စင်မယဲ့ချင်အား ချည်းကပ်သွားသည့် ပုံရိပ်အနည်းငယ်ကိုသာမြင်လိုက်ရသည်။

မည်သူမှ အချိန်မှီမတုံ့ပြန်နိုင်လိုက်ပေ။ သူတို့သည် နန်းတော်ဝင်ပေါက် ကို ဖြတ်ပြီး တိမ်တိုက်များထိ တိုးဝင်သွားသော သူတော်စင်မယဲ့ချင်၏ ကြေကွဲ ဖွယ်အော်သံကိုသာကြားလိုက်ရသည်။ ထို့နောက်တွင် သူမ၏အစ်ကိုယ်လုံး သည် ပေထင်းဟွမ်၏ကန်ချက်ကြောင့် အသားလုံးသဖွယ် မိုးပေါ်သို့ ပျံတက် သွားလေသည်။

ထိုအခိုက်အတန့်တွင် အားလုံးမှင်တက်သွားကြသည်။ မည်သူမှ သတိ ပြန်မဝင်လာသေးပေ။ သူတို့သည် ငေးငိုင်ကာ အသားလုံးနောက်သို့ လိုက်ကြည့်ကြသည်။ နန်းတော်တစ်ခုလုံးရှေ့ကို ဖြတ်ကျော်ပြီး ရင်ပြင်ဘက်ရှိ မီးတိုင်မျှော်စင်တစ်ခုဆီသို့ ပြင်းထန်စွာရိုက်ကျသည်ကို သူတို့ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။

ဘုန်း...

မီးတိုင်သည်ပြိုကျပြီး မြေပေါ်သို့လဲကျသွား၏။ သူတော်စင်မယဲ့ချင်သည် မြေပေါ်တွင် နှစ်ပတ်လိမ့်ကာ သူမ၏အင်္ကျီများသည် ရှုပ်ပွနေသည်။ သူမ ရင်ဘတ်တွင် အက်ကွဲကြောင်းပေါ်ပြီး ဝိုင်းစက်နေသော ရင်သားနှစ်မွှာသည် လျှံထွက်လာခဲ့သည်။ အလင်းအောက်တွင် မြေကြီးဖြူဖြူများသည် ရွေ့လျား သွားသည်။

ရင်ပြင်ထဲမှ ကျွမ်းကျင်သူများသည် ထိုလှပသောမြင်ကွင်းကို ချီးကျူးမည့် ခံစားချက်များမရှိပေ။

ဆန့်ကျင်ဘက်အနေနှင့် အားလုံး၏အကြည့်များသည် သူတော်စင်မ ယဲ့ချင်ဆီမှခွာကာ ပေထင်းဟွမ်ဆီသို့ ချွင်းချက်မရှိရောက်လာကြသည်။ ပြောင်မြောက်သောအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည် လူငယ်သည် လက်နှစ်ဖက်ကိုခါကာ ဖုန်မတင်သည့်အင်္ကျီကို ခါခတ်ပြီး နန်းတော်ဝင်ပေါက် ဆီသို့ တည်ငြိမ်စွာပင်လျှောက်သွားလေသည်။

ထိုအခိုက်အတန့်တွင် သူမကို မည်သူကတားရဲတော့မည်နည်း။

ဤလူငယ်သည် ငယ်လွန်းသည်။ သို့သော် သူ၏သဘောထားသည် အားကောင်းလွန်းသည်။ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ မည်သည့် အဆင့်ထိ၊ မည်သို့သော ကောင်းကင်အံတုသည့် အရည်အချင်းထိရောက်မည်ကို မည်သူမှမသိကြပေ။ သူသည် လက်ရှိတွင် ၁၄ နှစ်သာရှိသေးက သူ့ခွန်အားသည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။ အစောက သူ ပြသသွားသောအရှိန်ကို အခြေခံရလျှင် အားလုံး၏စိတ်ထဲတွင် စွဲနေသည့် ပုံရိပ်များသည် အားလုံး၏ကျောပြင်ကို အေးစိမ့်သွားစေသည်။

မြန်လိုက်တာ။ ဒီလူငယ်ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုမြန်တာပဲ။

အားလုံးသည် သူ ဒေါသတကြီးထွက်သွားတော့မည်ဟု ထင်လိုက်ကြပြီး လှောင်ပြောင်မည်ပြုခဲ့ကြသည်။ သူမသည် လူတိုင်းကိုစိတ်ရှုပ်ထွေးစေမည့် လှည့်ဖြားမှုတစ်ခုကို ဖန်တီးလိမ့်မည်ဟု မျှော်လင့်မထားကြပေ။ ယဲ့ချင်အား သူမ၏ရွေးချယ်မှုကို နောင်တမရရန် သတိပေးချိန်တွင် သူမအား ချေမွရန် ရည်ရွယ်ပြီးသားဖြစ်သည်။

ဤလူငယ်၏အတွေးသည် သာမန်လူများနှင့် ကွဲပါးသည်။ ပေထင်းချင် ပင် ဒေါသထွက်ကာ သူ၏စိတ်ပျက်သွားသောမြေးဖြစ်သူအတွက် တရားမျှတမှု ကိုရှာရန် ရှေ့တစ်လှမ်းတိုးရန် ပြင်ဆင်ပြီးသားဖြစ်သည်။ သူ ထွက်သွားချင်လျှင် ပေထင်းမိသားစုတစ်ခုလုံးသည် ပေထင်းဟွမ်နှင့်အတူထွက် သွားမည်ဖြစ်သည်။ ပေထင်းဟွမ်သည် လူတစ်ယောက်အား အညှာတာမဲ့စွာ ကန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

စီရင်ချက်ဗိမာန်၏ အကြီးအကဲ ၂ သည် ပေထင်းဟွမ်လှုပ်ရှားချိန်တွင် တားရန်ပြင်ဆင်ထားသည်။ သို့သော် ပေထင်းဟွမ် ချောချောမွေ့မွေ့လှုပ်ရှား ပြီးချိန်မှပင် သူ ရှေ့တိုးနိုင်တော့သည်။ သူတော်စင်မယဲ့ချင်ဆီသို့ ချည်းကပ်ပြီး သူမအား မိုးပေါ်ထိလွင့်သွားအောင် ကန်သည့် လုပ်ငန်းစဉ်တစ်ခုလုံးသည် မြန်ဆန်လွန်းရာ ခေါင်းမွေးများပင် ထောင်သွားစေသည်...

All Chapters