မျိုးနွယ်ကြီးလေးခု အဆင့်တက်ပြီး အတူတကွ ကျင့်ကြံခြင်း
Vol. 34 Ch. 663
“အာ... ပေထင်းဟွမ် ဟေ့ကောင် ငါ မင်းကိုအရှင်မထားဘူး” ယဲ့ချင်သည် မြေကြီးပေါ်တွင် ခွေးသေတစ်ကောင်အလား အချိန်ကြာသည်အထိ ဝပ်နေရ သည်။ စူးရှသောအသံတစ်ခုသည် သူမရင်ဘတ်ထဲမှထွက်လာသည့်အလား နားကိုစူးသွားစေသည်။ ၎င်းသည် နန်းတော်ရှေ့ရှိရင်ပြင်ကိုဖြတ်ကာ ပေထင်းဟွမ်၏ နားထဲသို့ဝင်လာသည် “နန်းတော်ကိုစောင့်ကြပ်နေတဲ့ စစ်သည်တွေ ပေထင်းဟွမ်ကို သတ်ကြ”
ပေထင်းဟွမ်သည် နှာမှုတ်ကာ ခြေလှမ်းများကိုရပ်လိုက်သည်။ သူ လှည့်ပြီး အေးစက်စွာပင် လူအုပ်ကိုဖြတ်လျှောက်ကာ ယဲ့ချင်ရှိရာဘက်သို့ ကြည့်လိုက်သည်။
ထိုလူများသည် သူတို့၏အခေါင်းကို မတွေ့ခင်အထိ မျက်ရည်ကျမည် မဟုတ်ပေ။ သူမသည် အစက သူမ၏အသက်ကို ချမ်းသာပေးရန် ရည်ရွယ်ထား သည်။ ဒီမိန်းမက သူမရဲ့ကြင်နာမှုကို တန်ဖိုးမထားမှတော့ သူမကို လွင့်အောင် လုပ်ပေးရမှာပေါ့။
“ကိုယ်လုပ်တော်ယဲ့... ရာယာအင်ပါယာကို ပေထင်းမိသားစုရဲ့ ရန်သူဖြစ် အောင်လုပ်မလို့လား” ပေထင်းချင်၏ ရှင့်ကျက်ပြီး အေးစက်သောအသံထွက် လာရာ ကွင်းထဲမှလူများအားလုံးသည် ထိတ်လန့်သွားကြသည်။
တိုက်ကြီးပေါ်တွင် အမျိုးမျိုးသောအင်အားစုများကြားမှ ဟန်ချက်ကို နှစ်ပေါင်းတစ်သောင်းကြာအောင် ထိန်းသိမ်းခဲ့ကြသည်။ ဟန်ချက်သာ ကျိုးပေါက်သွားပါက ရာယာအင်ပါယာနှင့် ပေထင်းမိသားစုကြားတွင် စစ်ဖြစ်ရုံ တင်သာမကဘဲ စစ်မီးတောက်သည် အင်အားစုအားလုံးကိုပါ သက်ရောက်သွား စေနိုင်သည်။
ထိုအရာကို အင်အားစုကြီးများက မမြင်ချင်ကြပေ။ သူတို့၏အဆင့်တွင် သူတို့၏ပန်းတိုင်သည် အာဏာအတွက်တိုက်ခိုက်ရန်မဟုတ်ဘဲ နတ်ဘုံသို့ ဖြစ်နိုင်သလောက်မြန်မြန်အဆင့်တက်ကာ အသက်ရှည်ရန်ဖြစ်သည်။
“ပေထင်းမိသားစုနဲ့ ရာယာအင်ပါယာက စစ်ဖြစ်ဖို့ကံပါလာရင်တော့ ရှီမန်မိသားစုလည်း အပျော်ဝင်ပါချင်ပါတယ်.. မိသားစုကြီးလေးခုက အတွင်းထဲမှာ တိုက်ခိုက်တာက ကျုပ်တို့ကိစ္စပဲ.. အပြင်ဘက်ကမ္ဘာနဲ့ဆိုရင် တော့ စည်းလုံးရမှာပေါ့” ရှီမန်ဆုန်းသည် အမှုမထားသလိုကြေညာသည်။ သို့သော် အားလုံးအတွက် မှင်တက်စရာဖြစ်သွားပြန်သည်။
အားလုံး၏အကြည့်များသည် တုန်ဖန်းမိသားစုကို တစ်ယောက်စီကြည့် ကာတုန်ဖန်းမိသားစု၏ သဘောထားကို သိချင်နေကြသည်။ သူတို့သည် တုန်ဖန်းမိသားစုကို ရှီမန်မိသားစုအား လိုက်အတုမယူစေလိုပေ။ ထို့အပြင် ဤတိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းကြာအောင် အေးချမ်းလာခဲ့ရာ မည်သူ ကမှ လှိုင်းဂယက်မဖြစ်စေလိုပေ။
သို့သော် ထိုလူများ၏ဆန္ဒသည် ကျရှုံးတော့မည်မှာ ထင်ရှားလွန်းသည်။ တုန်ဖန်းအောင်သည်ပြုံးပြီး ပေထင်းချင်အား ပြောလိုက်သည် “သခင်အို စစ်ပွဲ စရင်တော့ ကျွန်တော်တို့ကို သတင်းပေးဖို့ မမေ့ပါနဲ့.. တုန်ဖန်းမိသားစုမှာ ဘာဖြစ်လာမလဲဆိုတာ ဂရုမစိုက်ဘူး.. ကျွန်တော်တို့ညီအစ်ကိုက သေချာပေါက် ရှောင်ကျို့ ကို ကူညီမှာပါ”
တုန်ဖန်းမိသားစုခေါင်းဆောင်သည် ဒေါသထွက်လွန်းသဖြင့် ထိုမြေးနှစ် ယောက်ကို သေအောင် လည်ပင်းညှစ်ပစ်ချင်နေသည်။ သူသည် အေးစက်စွာ နှာမှုတ်လိုက်သော်လည်း မငြင်းဆန်ပေ။ သို့သော် သူတို့နှစ်ယောက်သည် တုန်ဖန်းမိသားစု၏ တိုက်ရိုက်မြေးများဖြစ်သည်ကို ကမ္ဘာပေါ်မှလူအားလုံး သိကြသည်။ သူတို့၏ထူးချွန်သော အရည်အချင်းကြောင့် မိသားစုထဲတွင် မည်သူကမှ သူတို့၏ရာထူးကို မလှုပ်ခတ်ရဲပေ။ အဖွဲ့ကိုဦးဆောင်သွားသော တုန်ဖန်းအောင်သည် မွန်မြတ်သောသားရဲ ၅ ကောင်နှင့် ခရမ်းရောင် မီးတောက်သွေးသောက်ကို ဝိညာဉ်ခွဲချောက်မှယူလာသည့်အချိန်မှစပြီး တုန်ဖန်းအောင်ကို မိသားစု၏ ဆက်ခံသူဟု အတွင်းပိုင်းတွင် သတ်မှတ်ပြီးသား ဖြစ်၏။
တုန်ဖန်းအောင်နှင့် တုန်ဖန်းကျောက်တို့ ပေထင်းမိသားစုကို ထောက်ပံ့ မည်ဟု ကြေညာလိုက်ကတည်းကပင် တုန်ဖန်းမိသားစုသည် မည်သို့ပြောနိုင်ဦး မည်နည်း။
“ဘိုးဘိုး နန်ကုန်းမိသားစုက ဆအင့်တက်ဖို့လိုပြီး တခြားမိသားစုသုံးခုနဲ့ အတူ တပ်ခေါက်မှာမလား” နန်ကုန်းချန်ရှီးသည် နန်ကုန်းချန်း၏ အင်္ကျီလက် ကို လှုပ်ယမ်းလေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် သမီးဂရုမစိုက်ဘူး.. သမီးရဲ့ ခေါင်းဆောင်ကို တခြားသူတွေ အနိုင်ကျင့်ခွင့်မပြုနိုင်ဘူး.. ဘိုးဘိုးမကူညီချင် ရင်လည်း မိသားစုထဲက တခြားလူကိုသွားရှာတော့မှာ”
“အကြီးဆုံးသခင်မလေး ကျွန်တော်တို့က သခင်မလေးနဲ့အတူရှိမယ်.. သခင်လေး ၉ ကိုဘယ်သူမှအနိုင်ကျင့်ခွင့်မပေးဘူး”
“ဟုတ်တယ် သခင်လေး ၉ ကိုထိချင်ရဲင် ငါ့အလောင်းကို နင်းသွားမှရမယ်”
“ငါရောပဲ”
“ငါရောပဲ”
နန်ကုန်းမိသားစုအဖွဲ့မှ သဘောတူသည့်အသံများထွက်လာရာ နန်ကုန်းချန်းကို တုန်လှုပ်သွားစေသည်။ သူသည် ခြေထောက်ကို ခပ်ကြမ်းကြမ်းဆောင့်ကာ ဒေါသတကြီးပြောလေသည် “မင်းတို့အကုန် ဝင်ပူး ခံလိုက်ရပြီထင်တယ်.. အဲကောင်တစ်ခုခုဖြစ်ရင် မင်းတို့က တကယ်ပဲ အသက် မရှင်ကြတော့ဘူးလား”
“ဘိုးဘိုး.. ဘိုးဘိုးက တော်လိုက်တာ အဲဒါကိုဘယ်လိုသိတာလဲ” နန်ကုန်းချန်ရှီးသည် တုံးအသည်လား တုံးအဟန်ဆောင်နေသည်လား မသိပေ။ သူမသည် လက်ခုတ်တီးက သူ့ကိုပင် ချီးကျူးနေသည်။ နန်ကုန်းချန်းသည် ဒေါပွလေ၏...