← Chapters

ယန်းမြို့မှလူများ

Vol. 34 Ch. 664

ယန်းမြို့မှလူများ

Vol. 34 Ch. 664

ပြီးခဲ့သည့်နှစ်တစ်သောင်းတွင် မျိုးနွယ်ကြီးလေးခုသည် တစ်ခါမှ မစည်းလုံးဖူးပေ။ ယနေ့ သူတို့သည် ၁၄ နှစ်အရွယ်လူငယ်တစ်ယောက်ကြောင့် စည်းလုံးနေကြသည်။ တိုက်ကြီးပေါ်မှ တခြားအင်အားစုများ မအံ့ဩဘဲ မည်သို့ နေမည်နည်း။

မျက်လုံးများအားလုံးသည် ပေထင်းဟွမ်ပေါ်သို့ ကျရောက်သွားသည်။ ဤအခိုက်အတန့်တွင် လူများအားလုံးနီးပါးသည် ဤစစ်ကြေညာပွဲကို ကြည့်ရန်လာခြင်းမဟုတ်ဘဲ လေလံပွဲတက်ရန်လာခြင်းဖြစ်ကြောင်း သတိရ သွားတော့သည်။

“မင်း.. မင်းက တကယ်ပဲ.. မင်းတို့ကတကယ်ပဲ ကောင်းကင်နဲ့ကမ္ဘာမြေ ဘယ်လောက်ကြီးလဲဆိုတာ မသိတဲ့ကောင်လေးကြောင့် စီရင်ချက်ဗိမာန်နဲ့ ရာယာအင်ပါယာကို တစ်ပြိုင်တည်း ရန်သူဖြစ်အောင်လုပ်တော့မှာလား” အကြီးအကဲ ၂ ယန်ချင်းသည် လက်မြှောက်ကာ မျိုးနွယ်ကြီးလေးခုကို လက်ညှိုးထိုးလေသည်။ သူ့လက်ချောင်းများသည် ဒေါသကြောင့် တုန်ယင်နေ ရာ ရယ်စရာဖြစ်နေသည် “ကောင်းတယ် အရမ်းကောင်းတယ်.. မင်းတို့ နောင်တမရဖို့ မျှော်လင့်ပါတယ်”

“နောင်တဟုတ်လား” ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းရှေ့ထွက်လာ သည်။ သူမ၏ပုံရိပ်သည် အနည်းငယ်ပိန်ပါးသော်လည်း သူမ၏ရောင်ဝါသည် သက်တန့်လိုပင်။ သူမ၏အနက်ရောင်ဝတ်ရုံနှင့် ဆံနွယ်ရှည်များသည် ညလေ အဝေ့တွင် လွင့်သွားရာ ရှေးခေတ်များဆီမှ ပြန်လည်မွေးဖွားလာသည့် စစ်နတ်ဘုရားတစ်ပါးအသွင်ဖြစ်နေသ်။ မည်သူမှ သူမကို အထင်မသေးရဲပေ “ကျွန်တော်တို့က ဘာလို့နောင်တရရမှာလဲ.. ဒီမေးခွန်းမေးချင်တယ်.. စီရင် ချက်ဗိမာန်နဲ့ ရာယာအင်ပါယာတို့က ဒီလိုမိန်းမအတွက် မျိုးနွယ်ကြီးလေးခုနဲ့ ရန်သူဖြစ်ချင်လား”

“ဟုတ်တယ် ကောင်းလိုက်တဲ့မေးခွန်းပဲ” ရှီမန်ဆုန်းသည် အထူးသဖြင့် ထောက်ပံ့ပေးနေသည်။ သူသည် တစ်ချိန်တည်းမှာပင် ရှေ့တစ်လှမ်းတိုးကာ ပေထင်းဟွမ်၏အနောက်တွင်ရပ်လေသည်။ သူသည် အကြီးအကဲ ၂ ကို မေးခွန်းမေးလေသည် “သူမက စီရင်ချက်ဗိမာန်နဲ့ ရာဘာအင်ပါယာတို့ မဟာမိတ်ဖွဲ့ဖို့ လက်ထပ်ပေးလိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပဲ.. စီရင်ချက်ဗိမာန်က သူမကို ကောင်းကောင်း သင်ပေးထားရင် ဒီနေ့လိုမျိုး ရလဒ်ဆိုးတွေ ဖြစ်လာ စရာအကြောင်းမရှိဘူး.. ကျွန်တော်တို့လည်း လေလံပွဲမှာထိုင်နေတာ ကြာလှ နေလောက်ပြီ”

“ဟုတ်တယ်” တုန်ဖန်းကျောက်သည် သံယောင်လိုက်လေသည် “ရှောင်ကျို့က ကျွန်တော့်ညီလေးပဲ.. သူ့အတွက် ကျွန်တော်သေရင်တောင် တွေဝေနေမှာမဟုတ်ဘူး.. ဘာလို့ နောင်တရရမှာလဲ”

“ကျွန်မရောပဲ.. ဟင်း သံမဏိသွေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ခေါင်းဆောင်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်.. သူတော်စင်မ တစ်ယောက် အတွက် မိသားစုကြီးလေးခုနဲ့ သံမဏိသွေးတို့ရဲ့ ရန်သူဖြစ်ချင်တာသေချာရဲ့ လား” နန်ကုန်းချန်ရှီးသည် အထူးသဖြင့် 'သံမဏိသွေး' ဟုပြောချိန်တွင် ဂုဏ်မောက်စွာပြောလေသည်။ သူမမျက်နှာထားနှင့် စကားလုံးများထဲမှ ထောင်လွှားမှုသည် သူမ၏ မျိုးရိုးနာမည်ကိုပြောချိန်ကထက် ပို၍ခက်ထန်နေ သည်။

အမျိုးသားငယ်၊ အမျိုးသမီးငယ်တွေက သူ့ကို သူတို့အသက်ထက် ကာကွယ်၊ ချစ်ခင်၊ တန်ဖိုးထားအောင်လို့ ဒီလူငယ်က ဘယ်လိုမျိုးလုပ်ခဲ့တာ လဲ။

ထိုအခိုက်တွင် ပေထင်းဟွမ်ပေါ်ကျရောက်သော အားလုံး၏မျက်လုံးများ သည် ကြောက်ရွံ့မှုများနှင့် စိစစ်မှုများဖြင့် ပြည့်နေသည်။ သူတို့သည် စိတ်အတွင်းမှပင် ထိတ်လန့်နေကြသည်။

“ဟုတ်ပြီ ဟုတ်ပြီ...”

အကြီးအကဲ ၂ သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်ကာ စကားပင်မပြောနိုင်ပေ။ သူသည် စကားဆုံးအောင်ပြောရန်ပင်မလိုတော့ပေ။ အသံခပ်တိုးတိုးသည် အဘက်ဘက်မှထွက်လာပြီး နန်းတော်ဝင်ပေါက်တစ်ခု လုံးကို ပြည့်နှက်သွားလေသည်။

စကားလုံးတိုင်းသည် အားလုံး၏ရင်ထဲကို ထုရိုက်သည့် ဗုံတစ်လုံးကဲ့သို့ ပင် “ဘာအဓိပ္ပာယ်လဲ.. အကြီးအကဲ ၂ က အိုလို့ အမြင်မကောင်းတော့တာလား၊ သခင်လေး ၉ ဝတ်ထားတဲ့ အင်္ကျီတွေကိုမမြင်ဘူးလား.. ယန်းမြို့ကလူတွေကို ဘယ်တုန်းကစပြီး အနိုင်ကျင့်တာလဲ”

ပထမတစ်ချက်ကြည့်လိုက်လျှင် ထူးခြားသောအနက်ရောင်ဝတ်စုံသည် ပေထင်းမိသားစု၏ ဝတ်စုံနှင့် ခပ်ဆင်ဆင်ပင်။ ပေထင်းဟွမ်သည် ပေထင်း မိသားစုနှင့်အတူလာခဲ့သည်။ ညလွှမ်းမိုးမှုအောက်တွင် ပေထင်းဟွမ်၏အင်္ကျီ ပေါ်မှ ငွေရောင်ချည်ဖြင့်ထိုးထားသည့် ဖွင့်ဖတ်ကိုးခု ပင့်ကူနှင်းပန်းနီနီများကို မည်သူမှ မမြင်ခဲ့ကြပေ။ ဤအခိုက်အတန့်တွင် ထိုအသံသည် အားလုံးကို သတိပေးလိုက်သလိုဖြစ်ကာ ပေထင်းဟွမ်၏ အင်္ကျီကို ကြည့်လိုက်ကြသည်။

သူတို့ မမြင်လျှင် ပြဿနာမဟုတ်ပေ။ သို့သော် ကြည့်လိုက်လျှင် လူတစ်ဦးကို မေ့လဲသွားစေလောက်သည်။

ပြောရလျှင် သူသည် အထက်တန်းစားဖြစ်လျှင် ဘာကြောင့် သိုသိုသိပ်သိပ်နေနေသနည်း။ ညအရှင်ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင် ပင့်ကူနှင်းပန်းများ လွှမ်းထားသည်ကို သူ မမြင်မိသည်သလား။ ထင်ရှားလွန်း သည်။ မျက်လုံးမကန်းသရွှေ့ သူတို့ ကျိန်းသေပေါက်မြင်မည်ဖြစ်သည်။ ငွေရောင်သည် သရုပ်ခွဲရန်မလွယ်သလို ၎င်းကို အနက်ရောင်ဝတ်ရုံပေါ်တွင် ချည်ထိုးထားသည်။ ညအခါတွင် ခွဲခြားရန် ပိုခက်ခဲလှသည်...

All Chapters