Chapters

ညအရှင်သခင်ပဲ

Vol. 34 Ch. 665

ညအရှင်သခင်ပဲ

Vol. 34 Ch. 665

ထိုအသံကိုမရင်းနှီးကြသော်လည်း အသံစွမ်းအားသည် လူအများကို အလိုလိုဒူးထောက်သွားစေသည်။ နန်းတော်ဝင်ပေါက်တွင် မသန်မာသူများ သည် ထိုအသံကိုကြားပြီးနောက် လဲကျကြသည်။

ကံကောင်းစွာပင် မျိုးနွယ်ကြီးလေးခုမှလူများနှင့် စီရင်ချက်ဗိမာန်ကဲ့သို့ အဖွဲ့အစည်းသည် အနည်းဆုံးကောင်းကင်အဆင့်ရှိသူများဖြစ်ကြသည်။ သူတို့ သည် အနည်းငယ်ခံနိုင်ရည်ရှိသော်လည်း မြေပြင်ပေါ် ဒူးထောက်မိလျှင် အရှက်ရစရာဖြစ်သွားမည်။

“ညအရှင်သခင်ပဲ” သူတော်စင်မယဲ့ဟွာသည် အော်လေသည်။ သူမသည် ရင်ဘတ်ပေါ်သို့လက်တင်ကာ ပတ်ပတ်လည်ကိုကြည့်လေသည်။

အသံသည်လေနှင့်အတူ ပါလာသည်။ ထိုအသံသည် မည်သူ့အသံဖြစ် သည်ကို လူနည်းစုသာသိကြသည်။ တချို့လူများသည် ခန့်မှန်းနေကြသည်။ မိသားစုလေးခုအပြင် တခြားနည်သူဖြစ်နည်နည်း။ သခင်လေး ၉ ၏နောက်ခံ များဖြစ်နေမည်လား။ ဤအခိုက်အတန့်တွင် သူတော်စင်မယဲ့ဟွာသည် အသံပိုင်ရှင်ကို ပြောလာသည်။ လူအများသည် သိလိုက်သည့်တစ်ချိန်တည်း မှာပင် ကြောက်လန့်သွားကြ၏။

ညအရှင်သည် သခင်လေး ၉ ၏နောက်ခံဖြစ်နေသည်။ သခင်လေး ၉ သည် အမှန်တကယ်ပင် ယန်းမြို့တော်မှဖြစ်သည်။

“အရှင် ဘယ်မှာလဲ” သူတော်စင်မယဲ့ဟွာသည် အသံကိုမြှင့်ကာ နန်းတော်ရှိရာဘက်သို့ မတ်တတ်ရပ်လိုက်သည်။

ပေထင်းဟွမ်သည် စိတ်ထဲတွင် အေးစိမ့်သွားပြီး ယဲ့ဟွာအား အေးစက်စွာ ကြည့်လိုက်သည်။ ဒီမိန်းမက အရူးအမူးစွဲလမ်းသလိုမလုပ်ရရင် သေတော့မှာ လား။ ယဲ့ဟွာဘေးတွင်ရှိနေသော ပေထင်းယိသည် စိတ်ထဲမရှိဘဲ ယဲ့ဟွာအား ညအရှင်သခင်ကိုပင် ကူရှာပေးနေသည်။ ပေထင်းဟွမ်သည် ဆွံ့အမိသည်။

“အာ.. အစ်ကိုကြီး စီရင်ချက်ဗိမာန်က ပေထင်းမိသားစုနဲ့လက်ထပ်ဖို့ သူတော်စင်မယဲ့ဟွာကို အသုံးချမှာဆို.. သူတော်စင်မယဲ့ဟွာက ညအရှင်ခင်ကို တစ်ဖက်သတ်ကြိုက်နေသလိုမျိုး ဘာလို့ခံစားမိနေတာလဲ” ပေထင်းဟွမ်၏ စကားများသည် ထိတ်လန့်လောက်စရာပင်။

သူမ ထိုသို့ပြောလိုက်သည်နှင့် အားလုံးသည် လေအေးများ ရှိုက်သွင်းမိ လေသည်။

သူတို့အားလုံးသည် စိတ်ထဲမှ ကျိန်ဆဲမိကြသည်။ သခင်လေး ၉ စားချင်တာစားလို့ရတယ် ဒါပေမဲ့ ပြောချင်တာပြောလို့မရဘူးလေ။ တိုက်ကြီးမှာ ညအရှင်သခင်ကို မက်မောတဲ့ ယောက်ျားလေး၊ မိန်းကလေး မှန်သမျှ ဝိညာဉ်တွေ ကြေသွားတာနဲ့ အဆုံးသတ်သွားတာမလား။ သူတော်စင်မ ယဲ့ဟွာကို သေလမ်းကိုတွန်းပို့နေတာလား။

သူတော်စင်မယဲ့ဟွာက မင်းကို ပြစ်မှားနေတာမဟုတ်ဘူးလေ။ သူမက မင်းရဲ့မရီးဖြစ်ချင်နေတာ။

အကြီးအကဲ ၂ သည် ကြောက်လန့်၍သေတော့မည်။ သူ၏ တင်းမာသော ကြေက်လန့်မှုကြောင့် ပေထင်းဟွမ်သည် ယန်းမြို့မှဖြစ်သည်ကို မေ့သွားခဲ့၏။ သူသည် ဒေါသတကြီး သတိပေးလေသည် “သခင်လေး ၉ မင်းက ယန်းမြို့က ဆိုတာမသိလို့ အရင်က ပြစ်မှားမိတယ်.. ဒါပေမဲ့ မဟုတ်တာတွေမပြောနဲ့.. စီရင်ချက်ဗိမာန်နဲ့ ပေထင်းမိသားစုက လက်ထပ်ဖို့စိတ်ကူးမရှိဘူး.. သူတော်စင် ယဲ့ဟွာက ညအရှင်ကို သဘောမကျဘူး”

ယန်ယဲ့က အဲလောက်အများကြီး တားမြစ်ထားတာကို ပေထင်းဟွမ်က ဘယ်လိုလုပ်သိမှာလဲ။ သူမသည် ခေတ္တမျှမှင်တက်သွားကာ သူမ၏အကြည့်မှာ ယဲ့ဟွာ၏ တုန်ယင်နေသောခန္ဓာကိုယ်ဆီရောက်သွားသည်။ သူမသည် ရှုပ်ထွေး စွာ ပြောလေသည် “ဘာအဓိပ္ပာယ်လဲ.. ယန်ယဲ့က မင်းနဲ့မတန်ဘူး.. ထူးဆန်း လိုက်တာ မင်းရဲ့အဆင့်ကိုမင်းမတွေးဘူးလား.. ဘာလို့ ယန်ယဲ့ကိုအထင်သေး နေတာလဲ”

ပေထင်းဟွမ်သည် ပြောဆိုပြီးနောက် ထိုလူများကို အရေးလုပ်ပြီးမပြော တော့ပေ။ သူသည် ရှေ့တိုးလျှောက်ကာ ရှုပ်ယှက်ခက်နေသောလူများကို နောက်တွင်ချန်ထားခဲ့သည်။

သခင်လေး ၉ သည် အဆိပ်ဖြစ်စေသည်။ သူတို့သည် သူနှင့်ခပ်ခွာခွာနေရ မည်။ သူသည် ပြစ်မှားမိလျှင် လူများကို သေသည်အထိ ညှဉ်းပန်းမည့်သူဖြစ် သည်။

ဤတိုက်ကြီးတွင် ညအရှင်သင်ကို မည်သူမှ မော်မကြည့်ရဲပေ။ ဤအလှ လေးတွင် ဇာတ်သိမ်းကောင်းကောင်းရှိလိမ့်မည်ဟု မည်သူမှ မပြောရဲကြပေ။ မည်သူကမှ သူ့အကြောင်းကို စိတ်ထဲ၌ပင် စိတ်ကူးမယဉ်ရဲကြပေ။ သို့သော် ညအရှင်သခင်ကို အထင်သေးသည်ဟု ပြောရဲသူသည် အရူးနေခြင်းဖြစ်မည်။

စီရင်ချက်ဗိမာန်မှလူများ၏ မျက်နှာထားများသည် မစင်စားမိသည့် အလား အကျည်းတန်သွားကြသည်။ ယဲ့ဟွာသည် အံကိုတင်းတင်းကြိတ်ရာ သွားများပင် အက်ကွဲမတတ်ပင်။ သူမသည် စိတ်ထဲမှ တွေးလိုက်သည် “ပေထင်းဟွမ် ကောင်းတယ်... မင်းက သေချင်နေမှတော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့”