← Chapters

မင်းထင်သလိုမဟုတ်ဘူး

Vol. 34 Ch. 666

မင်းထင်သလိုမဟုတ်ဘူး

Vol. 34 Ch. 666

ပေထင်းဟွမ်သည် တခြားသူများ၏အတွေးကို မည်သို့ဂရုစိုက်မည်နည်း။ စီရင်ချက်ဗိမာန်မှလူများသည် ယန်ယဲ့၏ ဖိနှိပ်မှုကြောင့် အညံ့ခံချင်ဟန်ပြုပြီး သူမကို တိတ်တိတ်လေး သတ်ချင်နေလျှင်လည်း သူမ ဂရုစိုက်မည်မဟုတ်ပေ။

သူမသည် စီရင်ချက်ဗိမာန်နှင့် အနှေးနှင့်အမြန် တိုက်ခိုက်ရမည်ဖြစ်၏။ နှောင့်နှေးလေလေ သူမအတွက် အကျိုးရှိလေဖြစ်သည်။ သို့သော် တစ်သက်လုံး အချိန်ဆွဲနေရန် အစီအစဉ်မရှိပေ။

ထို့အပြင် ယဲ့ဟွာနှင့် အကြီးအကဲယန်ချင်းတို့မဆိုထားနှင့် ဤကမ္ဘာတွင် သူမ၏ သေဆုံးမှုကိုအလိုရှိသူမှာအများအပြားပင်။

သူမသည် နန်းတော်ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ ပေထင်းဟွမ် သည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း စစ်သည်တူညီဝတ်စုံ ဝတ်ဆင်ထးသည့် အစောင့်နှစ်ဖွဲ့သည် ဂိတ်ပေါက်မှ ပြေးထွက်လာခဲ့သည်။

ပေထင်းဟွမ်သည် ထိုအရာကို အရေးမယူမရှိပေ။ ထိုလူများထဲမှ အားအကောင်းဆုံးလူသည် အဆင့် ၃ သာရှိသည်။ ရာယာအင်ပါယာ၏ ဧကရာဇ်သာ သူ၏အချစ်တော် ကြင်ယာတော်အတွက် လက်စားချေပေးလို လျှင် သူသည် ဤကဲ့သို့အားနည်းသောစစ်သည်များကို စေလွှတ်မည်မဟုတ် ပေ။ သူမ ထိုလူများကို ဖြတ်လျှောက်တော့မည်အပြုတွင် သူတို့သည် တညီတညာတည်းပင် ညာဘက်လက်ကိုမြှောက်ပြီး ဘယ်ဘက်ပခုံးပေါ်တင် လေသည်။ သူတို့သည် ပေထင်းဟွမ်အား ဦးညွှတ်ကြသည် “သခင်လေး ၉.. ညအရှင်သခင်ရဲ့ အမိန့်နဲ့ သခင်လေးနဲ့ သခင်လေးသူငယ်ချင်းတို့ကို ကြိုဖို့ လာတာပါ”

ပေထင်းဟွမ်နောက်မှလိုက်လာသော လူစုသည် တစ်ယောက်နှင့်တစ် ယောက်ကြည့်ပြီးနောက် ပေထင်းဟွမ်အား တညီတည်းကြည့်ကြလေသည်။ သူတို့သည် သူမအား မေးခွန်းထုတ်သည့်အကြည့်ဖြင့်ကြည့်လေသည်။ သူမသည် ညအရှင်သခင်နှင့် မည်သို့သောဆက်ဆံရေးမျိုးရှိသည်ကို ရှင်းလင်း အောင် ရှင်းပြရမည်ဖြစ်သည်။

ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့နေပုံရကာ နှာခေါင်းကိုပွတ်လေ သည်။ သူမ ပြောလို့ရမလား။ သူမနဲ့ ယန်ယဲ့က တစ်ခုခုဆိုတာပြောသင့်သလား အာ... သူတို့တွေက အဲလောက် မဖြူစင်တော့ဘူးထင်တယ်။ သူမက သူမရဲ့ ပထမဆုံးအနမ်းကို သူ့ကိုပေးခဲ့ပြီး သူမက မိန်းကလေးဖြစ်နေတာလေ။

“အင်း တကယ်တော့ မင်းတို့ထင်သလိုမဟုတ်ပါဘူး” ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်လိုက်ကာ အနည်းငယ်ပူလာသည်။ မျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် သူမသည် ရှင်းပြနေရန်လိုမည်မထင်ပေ။

“ရှောင်ကျို့ ငါတို့ကဘာတွေတွေးနေလို့လဲ” ရှီမန်ဆုန်းသည် တအံ့တဩ မေးလေသည်။ ဤကလေးသည် မိန်းကလေးများနှင့် ပရောပရည်လုပ်ရာတွင် အတွေ့အကြုံရှိသည်။ အခုမှ ဘာတွေလာရှက်နေတာလဲ။

“ဟုတ်တယ် ရှောင်ကျို့.. ပြောပါဦး ညအရှင်သခင်က မင်းကို အနိုင်ကျင့် ခဲ့တာလား မင်းကို တစ်ခုခုလုပ်ဖို့ အတင်းဖိအားပေးခဲ့တာလား” တုန်ဖန်းကျောက်သည် ဒေါသတကြီးလက်သီးဆုပ်ကို ဝေ့ယမ်းလေသည်။ ဟင်း ညအရှင်သခင်သာ သူ့ကိုအနိုင်ကျင့်ရဲရင် သူ သေအောင်ရိုက်ပစ်မယ်။ “မင်းကို ပြောမယ် ရှောင်ကျို့ အဲလူညအရှင်က မိန်းကလေးတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး... သူက လူကောင်းမဟုတ်ဘူး ယောက်ျားလေးတွေကိုပဲ သဘော ကျတာလို့ ငါ သံသယဝင်နေတာကြာပြီ”

“ဟင် မဟုတ်နိုင်တာ” နန်ကုန်းချန်ရှီးသည် ထအော်ကာ မယုံနိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်လေသည်။ သူမသည် ပေထင်းဟွမ်အား စိတ်လှုပ်ရှားစွာဖြင့်ကြည့်ကာ သူမ၏မျက်လုံးများဖြင့် တားလေသည်။ သူမ သည် ပေထင်းဟွမ်အား ထိုအစောင့်များနောက်သို့လိုက်မသွားစေလိုပေ။

အစောင့်များအားလုံးသည် ချွေးပြန်သွားကြသည်။ သူတို့သည် သူတို့နား ကိုအုပ်ကာ တိုက်ကြီးတစ်ခုလုံးကိုလည်း ဘာမှမကြားရန် ကြေညာလိုက်ချင် သည်။ ထိုစကားများကိုကြားပြီးနောက် ညအရှင်သည် သူတို့ကို သတ်ပစ်မည် ကို သူတို့ကြောက်သည်။

ပေထင်းဟွမ်သည် ယောက်ျားလေးမဟုတ်သည်ကို ပေထင်းကျင်တစ် ယောက်သာသိသည်။ သူသည် ပေထင်းဟွမ်အား စိတ်လှုပ်ရှားစွာကြည့်လေ သည်။ သူသည် စိုးရိမ်သော်လည်း ပေထင်းဟွမ်ဘက်တွင် ရပ်တည်နေတုန်းဖြစ် သည် “ရှောင်ကျို့က ညအရှင်သခင်ဆီကနေ အဂ္ဂိရတ်ပညာသင်နေတာ.. မင်းတို့ ဘာတွေတွေးနေကြတာလဲ.. ညအရှင်သခင်က ယောက်ျားလေးတွေကို သဘောကျရင်တောင် ဘာဖြစ်လဲ.. ယောက်ျားနဲ့မိန်းမကြားမှာ ဘာကွာခြားမှု ရှိလို့လဲ”

အိုး အစ်ကိုကြီးရေ တော်လိုက်တာ။ ဒါပေမဲ့ ဘာလို့ပိုဆိုးအောင်လုပ်ရတာ လဲ။

တစ်ဖက်တွင် တုန်ဖန်းကျောက်သည် စိတ်အေးလက်အေးရှိနေပုံပင်။ သူသည် ပေထင်းဟွမ်အား မီးတောက်သည့်အကြည့်ဖြင့်ကြည့်ကာ တအံ့တဩ မေးလေသည် “တကယ်လား ရှောင်ကျို့.. တကယ်ကြီးလာ.. အဲတော့ မင်းလည်း ယောက်ျားလေးတွေကို ကြိုက်တာလား”

ထိုသို့ဆိုလျှင် သူ့တွင်လည်း မျှော်လင့်ချက်ရှိသေးသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။ သူ ရှောင်ကျို့နှင့် ခွဲခွာရသည့်နေ့ရက်များတွင် သူ မည်မျှ ဝမ်းနည်းရသည်ကို မည်သူမှမသိကြပေ။ သူသည် သူ၏ အကျင့်စာရိတ္တနှင့် တားမြစ်ချက်များကို စိတ်ထဲတွင်မေးခွန်းထုတ်ခဲ့ပြီး ထိုအရာက သူ့ကို နေ့ရော ညပါမကျေမနပ်ဖြစ်စေခဲ့သည်...

All Chapters