အစကတည်းက ယောက်ျားလေးတွေကို သဘောကျတာ
Vol. 34 Ch. 667
ပေထင်းဟွမ်သည် ခြေလှမ်းလှမ်းလိုက်ချိန်တွင် ယိုင်နဲ့သွားကာ မြေကြီး ပေါ်သို့ လဲကျတော့မလိုဖြစ်သွားသည်။ ကံကောင်းစွာပင် ရှီမန်ဆုန်းသည် သူမ ကို ဖမ်းဆုပ်ကိုင်ထားလိုက်သည်။ သူသည် သက်ပြင်းချပြီး ညင်သာစွာပြောလေ သည် “သတိထားလေ”
တုန်ဖန်းအောင်သည် ထိတ်လန့်နေရာမှ သတိပြန်ဝင်မလာသေးပေ။ သူသည် စိတ်ထဲမှ ဒေါသလှိုင်းလုံးကြီးကိုသာ ခံစားရလေသည်။ သူ့ရင်ကြီး တစ်ခုလုံး ပေါက်ကွဲတော့မတတ်ခံစားရလေသည်။
ပေထင်းကျင်မှ တုန်ဖန်းကျောက်၏မျက်နှာကို ဖြတ်ရိုက်မှပင် တုန်ဖန်းအောင်သည် သတိပြန်ဝင်လာသည်။ သူသည် ညီဖြစ်သူအရိုက်ခံရချိန် တွင် မကူညီရုံတင်သာမကဘဲ ထအော်လေသည် “ကောင်းတယ်”
“ဘာလို့ လာရိုက်တာလဲ” တုန်ဖန်းကျောက်သည် သူ့နှာခေါင်းကို ထိနေ သည် “ငါပြောတာ ဘာမှားလို့လဲ.. ငါက မေးရုံတင်ပဲကို”
“အဲလိုမေးခွန်းမျိုးမေးသင့်လို့လား” ပေထင်းကျင်သည် ဒေါသတကြီး ပြောလေသည် “ရှောင်ကျို့ကို ဘယ်လိုလူမျိုးထင်လို့လဲ”
ပေထင်းကျင် ဒေါသမထိန်းချုပ်နိုင်ဘဲ ပြန်မတိုက်ခိုက်နိုင်သည့် တုန်ဖန်းကျောက်ကို ရိုက်တော့ မလိုဖြစ်နေသည်ကိုကြည့်ပြီး ပေထင်းဟွမ် သည် ရွေးချယ်စရာမရှိတော့ဘဲ ရှေ့တိုးကာ အစ်ကိုဖြစ်သူ၏လက်ကို ဆုပ်ကိုင် လိုက်သည် “အစ်ကို မေ့နေပြီလား.. ကျွန်တော်.. ကျွန်တော်က အစကတည်းက ယောက်ျားလေးတွေကို ကြိုက်တာ”
“ဟင်” သည်တစ်ကြိမ်သည် နန်ကုန်းချန်ရှီး ငိုရမည့်အလှည့်ဖြစ်သည်။ သူမသည် မြေပေါ်မှ ထခုန်လေသည် “မဟုတ်တာ ခေါင်းဆောင် မိန်းကလေး တွေလည်း လှပါတယ်.. ရှင်က ယောက်ျားလေးပဲ ဘယ်လိုလုပ် ယောက်ျားလေး တွေကို ကြိုက်ရတာလဲ”
ပေထင်းဟွမ်သည် ခေါင်းကိုက်လာသည်။ လေဟာနယ်ထဲတွင် ကင်းကောင်သည် လူးလှိမ့်ရယ်မောကာ အဂူးသည် ငိုရမည်လား ရယ်ရမည် လားမသိဖြစ်နေသည်။ ပေထင်းဟွမ်သည် မိန်းကလေးဖြစ်သည်ကို သူမ၏ စာချုပ်သားရဲများသည် သူမနှင့်စာချုပ်တည်ထောင်စဉ်က သိပြီးသားဖြစ်သည်။ ထို့ကြောင့် သူမသည် ကြမ်းတမ်းသည့်မိန်းကလေးဖြစ်သည်ကို ကင်းကောင် လည်းသိပြီးသားဖြစ်သည်။ မဟုတ်လျှင် သူ၏ပထမဆုံးအကြိမ်ကို ပေထင်းဟွမ်အားပေးမည်ဟု ပြောမည်မဟုတ်ပေ။
“ဟား ဟား.. သခင် အခုဘယ်လိုလုပ်ကြမလဲ.. ကြည့်ရတာ မိန်းကလေး ယောက်ျားလေးမခွဲဘဲ သူတို့သာ သခင့်ကိုလက်ထပ်ချင်ရင် လက်ထပ်ကြမယ့်ပုံ ပဲ”
“အဓိပ္ပာယ်မရှိတာ.. မင်းက သေချင်လို့လား” အဂူးသည် ကင်းကောင် အား သတိပေးလေသည် “သခင့်ရဲ့သရုပ်မှန်ကို မင်းမသိဘူးလား.. မဟုတ်တာ တွေမပြောနဲ့”
“ဟုတ်ပြီ” ပေထင်းဟွမ်သည် နားထင်ကိုပွတ်လိုက်သည်။ သူမသည် သူတို့၏ အငြင်းပွားမှုကြောင့် ရူးတော့မည်။ သူမသည် ငိုနေသော နန်ကုန်းချန်ရှီးကို ဆုပ်ကိုင်လိုက်သည် “ကဲပါ အခုမင်းတို့နဲ့ ဆွေးနွေးနေဖို့ အချိန်မရှိဘူး.. ငါ့မှာလုပ်စရာတွေရှိသေးတယ်.. အခုမသွားရင် လေလံပွဲပြီးသွား တော့မယ်”
ပေထင်းကျင်သည် မိဘများအတွက် လက်စားချေမပြီးခင်အထိ အိမ်ထောင်မပြုဟု ပြောခဲ့သည်ကိုတွေးပြီး နန်ကုန်းချန်ရှီး၊ တုန်ဖန်းကျောက် နှင့် တခြားသူများသည် ပေထင်းဟွမ်၏ခံစားချက်များကို နားလည်ကြသည်။ သူတို့သည် အငြင်းမပွားတော့ဘဲ ပေထင်းဟွမ်နောက်လိုက်ကာ လေလံပွဲ ကျင်းပရာနေရာသို့ သွားကြသည်။
နန်းတော်အတွင်းပိုင်းသည် အရောင်အဝါ တောက်ပခံ့ညားသည်။ ရာယာ အင်ပါယာ၏ ပထမဆုံးဧကရာဇ်သည် နှစ်စဉ်လေလံပွဲကျင်းပရန် မြို့အပြင်တွင် အနောက်တိုင်းပုံစံနန်းတော်တစ်ခုကို အထူးတည်ဆောက်ခဲ့သည်ဟု ဆိုကြ သည်။
နန်းတော်ဝင်ပေါက်သို့ဝင်ပြီးနောက် သူတို့သည် ခြံဝင်းတစ်ခုကို ဖြတ်ရ သည်။ အဆောက်အဦးနှစ်တန်းကို ဖြတ်ပြီးနောက် လူတစ်သောင်းဆန့်သည့် ကြီးမားသောရင်ပြင်တစ်ခုသို့ရောက်သည်။ ရင်ပြင်၏မျက်နှာချင်းဆိုင်တွင် တိုက်တစ်ခုလုံးတွင် နာမည်ကျော် ပဲရစ်တော်ဝင်လေလံအိမ်ရှိသည်။ အနီရောင် တိုင်လုံး ၂၀ ကျော်သည် ငါးထပ်မြင့်သည့် နှင်းဖြူရောင်အဆောက်အဦးကို ထောက်ထားသည်။ နို့နှစ်ရောင်အပြင်ဘက်နံရံကို အပြာနုရောင် သလင်း ကျောက်များဖြင့် စီခြယ်ထားသည်။ ညပင်လျှင် ၎င်း၏ဂုဏ်သရေကို ဖုံးဖိ၍ မရပေ။
ထူထဲလှသော တိုင်လုံးနီနီအောက်တွင် လူတန်းတစ်ခုရပ်နေသည်။ သူတို့သည် ရှေ့တွင်ရပ်နေသော လူနှင့် ပေထင်းဟွမ်နောက်မှလိုက်လာသော လူများကို မြင်သောအခါ ခြေလှမ်းများရပ်ပြီး ခေါင်းငုံ့ထားကြသည်။ သူတို့သည် မြေပေါ်တွင် ဒူးထောက်ပြီး အရိုအသေပြုကြသည်။
လူတစ်ယောကသည် အတောက်ပဆုံးမီးအိမ်အောက်တွင် ရပ်နေသည်။ အလင်းသည် သူ၏မျက်နှာဆီသို့ မရောက်နိုင်သော်လည်း သူ၏ သဘောထား သည် ငရဲမှတက်လာသည့် နတ်မိစ္ဆာကဲ့သို့ဖြစ်နေရာ လူအများကို တည့်တည့် ပင်မကြည့်ရဲစေပေ။ သို့သော် ထိုလူသည် ရှေ့တွင် မားမားမတ်မတ်ရပ်နေသည့် ပေထင်းမိသားစုမှ သခင်လေးကိုမြင်သောအခါ ပြုံးလေသည်။ အားလုံးသည် ပန်းပွင့်သည့်အသံကိုကြားလိုက်ရသလို၊ ကောင်းကင်မှ နတ်တေးဂီတကို နားဆင်လိုက်ရသလိုပင်။