သူမကို ကိုယ်တိုင်ကြိုဖို့လာတာပဲ
Vol. 34 Ch. 668
သူသည် မြေကြီးထိကျနေသည့် ခရမ်းရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင် ထားသည်။ ရွှေရောင်ချည်ဖြင့်ထိုးထားသော ပင့်ကူနှင်းပန်းနီများသည် အသက် ဝင်နေသလိုပင်။ အလင်းအောက်တွင် ပန်းများသည် ဖူးပွင့်နေကာ ထူးဆန်း သောရနံ့သည် ပျံ့လွင့်နေသည်။ သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာ သည်။ အလင်းသည် သူ့ဦးခေါင်းထက်တွင်ရှိနေသည်။ သို့သော် မျက်နှာကို တော့ မထင်ဟပ်နိုင်ပေ။ အားလုံးသည် တိတ်တိတ်လေး ခေါင်းမော့ကြည့်လိုက် သော်လည်း ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ပေထင်းဟွမ်တစ်ယောက်သာ ခေါင်းကိုအနည်းငယ်ယမ်းပြီး စိတ်ထဲတွင် သက်ပြင်းချိသည်။ ကောင်းကင်က ဒီလူ့ကို ဘယ်လောက်တောင် ချစ်တာလဲ။ သူ၏ခရမ်းရောင်မျက်လုံးများသည် ကောင်းချီးပေးခံရပြီး မျက်ခုံးများသည် လွန်စွာကြည့်ကောင်းလှသည်။ နက်ရှိုင်းသော ခရမ်းရောင်မျက်လုံးသည် နဂိုက လှပသောမျက်နှာကို ပို၍နတ်မိစ္ဆာဆန်စေသည်။
“ဘာတွေ ဒီလောက်ကြာနေတာလဲ”
ထိုလူသည်လျှောက်လာပြီး ပေထင်းဟွမ်၏ လက်ကိုသဘာဝကျကျပင် ဆွဲယူကာ ဘေးချင်းယှဉ်ရပ်လိုက်လေသည်။ သူသည် စီရင်ချက်ဗိမာန်မှလူများ ရှိရာဘက်သို့ကြည့်လိုက်သည်။ ရှေ့တွင်ရပ်နေသော အကြီးအကဲ ၂ နှင့် သူတော်စင်မတို့ မည်သည့်ဖိအားအောက်တွင်ရှိနေသည်ကို မည်သူမှမသိကြ ပေ။ ပလုံဆိုသည့်အသံနှင့်အတူ သူတို့နှစ်ယောက်သည် ပေထင်းဟွမ်၏ရှေ့ တွင် ဒူးထောက်လျက်သားကျသွား၏။
အကြီးအကဲ ၂ ၏ဒူးသည် အဖြူရောင်ကျောက်စိမ်းကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာရိုက်မိလေသည်။ သူသည် ဖိအားကိုခံစားနေရပြီဖြစ်ကာ သူ၏ တစ်ကိုယ်လုံးမှ အကြောများသည် ကျုံ့သွားလေသည်။ နာကျင်လွန်းသဖြင့် သူ့ တစ်ကိုယ်လုံးသည် ချွေးများဖြင့်စိုရွှဲကုန်သည်။ ဤအခိုက်အတန့်တွင် သူတော်စင်မ၏ နှလုံးသားထဲမှ အရှက်ရခြင်းများ လူးလိမ့်တက်လာကာ သူ၏ ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသည်။ သူမသည် ရုတ်တရက်ခေါင်းမော့ကာ ယန်ယဲ့အား မယုံကြည်နိုင်စွာကြည့်လေသည်။
“ညအရှင်...သခင်”
သူတော်စင်မသည် ယန်ယဲ့အား လှပသောမျက်လုံးထဲမှ မျက်ရည်များဖြင့် သနားစဖွယ်ကြည့်လေသည်။ သူမ၏မျက်လုံးထဲမှ ခံစားချက်များသည် ရှုပ်ထွေးလှသည်။ ချစ်ခြင်းမေတ္တာ၊ နာကျင်မှု၊ မလိုလားမှုများ... ခံစားချက် အမျိုးမျိုးသည် ရောယှက်နေသည်။ လှပသောမိန်းမငယ်လေးသည် သနားစဖွယ်ဖြစ်နေသည်။ သူမ ထိုပုံစံဖြစ်နေသည်ကို ယောက်ျားမှန်သမျှသည် အသည်းကွဲကြသည်။ သူတို့ရှေ့တွင် သူမ ခံစားနေရသည်ကို မခံနိုင်ကြပေ။
သို့သော် ယန်ယဲ့သည် ထိုသို့မခံစားရပေ။ သူ့အကြည့်သည် စီရင်ချက် ဗိမာန်ရှိရာဘက်သို့ ဂရုမစိုက်စွာ ကြည့်လိုက်သည်။ သို့သော် သူသည် သူတော်စင်မ၏မျက်နှာကို ကြည့်လိုက်သလားဆိုသည်ကို မည်သူမှ မသေချာ ပေ။ သူသည် ပေထင်းဟွမ်၏ပခုံးပေါ်သို့ လက်တင်ကာ အသနားခံသလို ဟန်ဆောင်လေသည် “ဟွမ်အာ.. ဒီနေ့က ရာယာအင်ပါယာ တော်ဝင်မိသားစု ရဲ့ နေ့ကြီးပဲ.. စီရင်ချက်ဗိမာန်ကလူတွေက မင်းကိုအနိုင်ကျင့်ခဲ့တယ်.. ဒါပေမဲ့ ကြည့်လိုက်ပါဦး ငါ့ရှေ့မှာ မင်းကို တောင်းပန်နေပြီပဲ.. ငါ့မျက်နှာထောက်ပြီး သူတို့ကို သက်ညှာပေးလို့ရမလား”
လူတစ်သောင်းဆန့်သော ရင်ပြင်ထဲတွင် လူအများသည် လေလံပွဲတက် ရောက်ရန် စုဝေးလာခြင်းဖြစ်သည်။ ဤအခိုက်တွင် သူတို့သည် ခါးကုန်းပြီး မြေကြီးကိုသာ ငုံ့ကြည့်နေကြသည်။ သို့သော် တကယ်တော့ သူတို့သည် နားစွင့်ထားကာ သူတို့ရှေ့မှလူများကို မျက်လုံးထောင့်မှကြည့်နေကြသည်။ သူတို့သည် ပေထင်းဟွမ်နှင့်ယန်ယဲ့တို့ လုပ်သမျှ လှုပ်ရှားမှုတိုင်းကို သိကြ၏။
ယန်ယဲ့၏စကားများကိုကြားပြီးနောက် အားလုံးသည် ပေထင်းဟွမ်နှင့် ယန်ယဲ့အကြားမှ အပြုအမူကြောင့် ထိတ်လန့်သွားကာ ငိုချင်သွားကြသည် “အရှင်သခင် ဘယ်လိုလုပ် ဒီလောက်အရှက်မဲ့၇တာလဲ.. ပေထင်းဟွမ်က အားကောင်းပေမဲ့ အကြီးအကဲ ၂၊ ယန်ချင်းနဲ့ သူတော်စင်မ ယဲ့ဟွာတို့လည်း ကောင်းကင်အဆင့်ပါပဲ.. ပေထင်းဟွမ်ရဲ့ ကြယ်ဝိညာဉ်သခင်ခွန်အားထိပ်ဆုံး အဆင့်နဲ့ဆိုရင် သူမက အဆင့်တူတဲ့သူကို မြေကြီးပေါ်ဒူးထောက်ဖို့ ဖိအားပေး လို့မရဘူးလေ”
ညအရှင်ကသာ သူတို့နှစ်ယောက်ကို ဒူးထောက်ရန် ဖိအားပေးနေသည် ကို ဦးနှောက်ရှိသူတိုင်းသိကြသည်။ ညအရှင်သခင်သည် ပေထင်းဟွမ်အတွက် တရားမျှတမှုရရန် လုပ်နေသည်ကို သံသယဝင်ဖွယ်ရာမရှိပေ။
ဒီနှစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မဲ့ရတာလဲ။ နန်းတော်ဝင်ပေါက်တွင် စီရင်ချက်ဗိမာန်သည် ပေထင်းဟွမ်နှင့် ပဋိပက္ခဖြစ်ခဲ့ သော်လည်း မည်သူက မည်သူ့ကိုအနိုင်ကျင့်သည်မှာ မသေချာပေ။ ညအရှင် သခင်သည် ထိုကိစ္စကို ကျော်မသွားဘဲ သူတို့၏မျက်နှာကို ကိုယ်တိုင် တက်နင်း ရန် ခုခံနေခြင်းပင်...