← Chapters

သူတော်စင်မ၏အတွေးများ

Vol. 34 Ch. 669

သူတော်စင်မ၏အတွေးများ

Vol. 34 Ch. 669

ရင်ပြင်ထဲမှမိန်းကလေးများသည် ခေါင်းဖြတ်ခံရမည့်အရေးကို စွန့်စားကာ ခေါင်းမော့လိုက်ကြသည်။ သူတို့သည် သူတော်စင်မယဲ့ဟွာထက် မလျော့သည့် လှပသော မျက်လုံးများထဲမှ မျက်ရည်များနှင့် ယန်ယဲ့အား ကြည့်ကြလေသည်။ ပေထင်းဟွမ် မျက်နှာမပြတ်မသားဖြစ်နေသည်ကိုမြင် သောအခါ မုန်းတီးသောအကြည့်များဖြင့် စိုက်ကြည့်ကြလေသည်။ သူတို့သည် ယန်ယဲ့နှင့် ပေထင်းဟွမ်တို့အား သေလောက်အောင်မုန်းတီးသည်။

သူတို့သည် ကောင်းကင်နှင့်မြေကြီးအလှတရားကို ပိုင်ဆိုင်သည့် ယောက်ျားသားနှစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။ ဤတိုက်ကြီးရှိ ယောကျ်ားနှင့်မိန်းမများအားလုံးသည် သူ့အတွက် ချနင်းမည်ကို ကျေကျေနပ် နပ်ခံမည်မှာ ထင်ရှားသော်လည်း သူတို့သည် ဘာကြောင့်များ စုံတွဲဖြစ်သွားရ သနည်း။

သူတို့ လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကိုကြည့်ပြီး သူတို့နှစ် ယောက်ကြားတွင် တခြားဘာမှမရှိသည်ကို ထိုလူများမယုံကြည်ကြပေ။

ရင်ပြင်ထဲမှ မိန်းကလေးများကဲ့သို့ပင် ပေထင်းကျင်နှင့် တုန်ဖန်းအောင် တို့သည် သေရမည်ကိုမကြောက်ပေ။ သူတို့သည် ပေထင်းဟွမ်နှင့်ယန်ယဲ့တို့၏ တင်းကြပ်စွာကိုင်ထားသော လက်များကို စိုက်ကြည့်နေကြသည်။ တုန်ဖန်းအောင်သည် သူ့ညီမဖြစ်သူကို တားမြစ်ထားသည့်အချစ်အတွက် ပေးဆပ်မည်ဟု ပြောစဉ်က ပေထင်းကျင်သည် ရူးသွပ်မတတ်ဖြစ်ခဲ့သည်။ ဤ အခိုက်အတန့်တွင် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ လက်ကိုင်ထားသည်ကိုမြင် သောအခါ အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ပေ။ သူတို့နှစ်ယောက် သည် ယန်ယဲ့၏လက်ကို ဓားဖြင့်ခုတ်ချင်နေကြသည်။

ပေထင်းဟွမ်သည် ရယ်ချင်မိသည်။ သို့သော် သူမသည် နွေးထွေးမှု လှိုင်းလုံးကို ခံစားရလေသည်။ သူမသည် ယန်ယဲ့မှ တရားမျှတမှု‌ရှာပေးသည်ကို မလိုအပ်ပေ။ သို့သော် သူမဘက်တွင်ရပ်တည်ပြီး ထိုလူများကို ညှဉ်းပန်းပေး သည့်အတွက် ယန်ယဲ့အား ကျေးဇူးတင်မိသည်။

“ဟုတ်ပြီ ကျွန်တော်က အဲလောက်အကျိုးအကြောင်းမသင့်တဲ့လူမဟုတ် ပါဘူး.. သခင်က အသနားခံနေမှတော့ ဒီလူတွေကို လွှတ်ပေးရတော့မှာပေါ့” ပေထင်းဟွမ်သည် ယန်ယဲ့ဘက်သို့လှည့်ပြီး သူမ၏မျက်လုံးများကို ကျဉ်းမြောင်းကာ အန္တရာယ်ပြုမည့် အမူအရာမျိုး ထုတ်ပြလေသည်။

“ဒါပေမဲ့ ယန်ယဲ့၊ ကျွန်တော် လူတစ်ယောက်ကို လွှတ်လိုက်ရင် ခင်ဗျား ကျွန်တော့်ကိုအကြွေးတင်သွားပြီနော် ဟင်း လူတစ်ယောက်ရမှာ”

ပေထင်းဟွမ် ပြောနေသည့်အကြောင်းအရင်းများကို တခြားသူများ မသိ သော်လည်း သူမ၏အန္တရာယ်ပြုမည့်မျက်လုံးများမှတစ်ဆင့် မြေကြီးတွင် ဒူးထောက်နေသော သူတော်စင်မယဲ့ဟွာကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ယန်ယဲ့ ပြောနိုင်သည်။ ဒီကောင်လေးက တကယ်ပဲ သူနဲ့ယဲ့ဟွာကြားမှာ တစ်ခုခုရှိနေ တယ်လို့ တကယ်ကြီးထင်နေတာလား။ အဲလိုဆိုရင် သူက သက်သက်ကြီး စွပ်စွဲခံရတာပဲ။

သို့သော် သူသည် သူမ၏ အပြုအမူကြောင့် ပျော်သည်။ ယန်ယဲ့သည် ပြုံးကာ လက်မြှောက်ပြီး ပေထင်းဟွမ်၏ နှာခေါင်းကို ဆွဲဆိတ်လိုက်သည်။ သူ၏ မြတ်နိုးသည့်အကြည့်သည် ရင်ပြင်ထဲမှလူများအားလုံးကို အရူးသဖွယ် ဖြစ်စေသည်။ ဒါကညအရှင်သခင်ရောဟုတ်ရဲ့လား။ တကယ်ကြီး ညအရှင် လား။ သူက သူတို့မှတ်မိတဲ့ပုံစံ၊ အေးစက်ပြီးရက်စက်တဲ့ပုံစံနဲ့ လုံးဝကြီးကွာခြား နေတာလဲ။

ယန်ယဲ့သည် ပေထင်းဟွမ်၏စကားများထဲမှ သဝန်တိုမှုကို မည်သို့ မသိဘဲနေမည်နည်း။ သူသည် ဒေါသမထွက်ရုံတင်မကဘဲ အနည်းငယ်ပျော်ရွှင် မိသည်။ ပေထင်းဟွမ် မင်းက ငါ့ရန်သူဖြစ်ပြီး သခင့်အတွက်နဲ့တိုက်ခိုက်ချင်ရင် ငါ အဆုံးထိ လိုက်တိုက်ခိုက်ပေးမယ်။

ဟင်း ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက်က မင်းလိုမျိုးယောက်ျားကို မနိုင်ဘူးဆိုတာ မယုံဘူး။ အရှင်သခင်သာ ငါ့ကို သူနဲ့အိပ်ခွင့်ပေးရင် မင်းက ဘေးကနေပဲရပ်နေရတော့မှာ။

သူမသည် ဒူးထောက်ရင်းခြေလှမ်းနှစ်လှမ်းတိုးသွားကာ ညအရှင်ဆီသို့ ကပ်သွားလိုက်သည်။ သူမသည် လက်ဖဝါးအရွယ်အစားရှိ မျက်နှာလေးကို မော့လိုက်ရာ သူမ၏မျက်နှာမှ မျက်ရည်များစီးကျလာသည်။ သူမ၏ ဆွဲဆောင် မှုရှိသောအသံသည် အရိုးကိုပင်ပျော့ပျောင်းသွားစေသည်။ “အရှင်.. သခင်လေး ၉ ကို ဘယ်လိုပြစ်မှားမိသွားမှန်း ကျွန်မမသိပါဘူး.. ပြစ်မှားမိသွားရင်လည်း တမင်လုပ်တာမဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပါ သခင်လေး ၉”

သေစမ်း.. ပေထင်းဟွမ်သည် သူမ၏နဖူးကို ပြန်ရိုက်မိသည်။ တစ်ကိုယ် လုံးတွင် ကျောချမ်းသွားသည်ဟု ပြောရမည်လား။ တစ်ကိုယ်လုံးကို ဖြတ်ပြေး သွားသည့် ကြက်သီးများကို မည်သို့လုပ်ရမည်နည်း။ သူမသည် မနေ့ညက စားထားသည့် ညစာကိုပင် အန်ချမိတော့မလိုပင်။ ပေထင်းဟွမ်သည် ခြေထောက်ယိုင်ကာ ညအရှင်သခင်၏ရင်ခွင်ထဲပစ်ဝင်လိုက်သည်။ နောက်ဆုံး တွင် ယဲ့ဟွာ၏ မလိုလားသောအကြည့်များအောက်၌ပင် သူမသည် ညအရှင် သခင်၏ ရင်ခွင်ထဲတိုးဝင်နေတုန်းပင်။

“ဟွမ်အာ နေမကောင်းဘူးလား၊ နေမကောင်းရင် အရင်ဝင်လိုက်ရအောင်” ယန်ယဲ့သည် ဘာကြောင့် ယဲ့ဟွာအား ဂရုစိုက်ရမည်နည်း။ ပေထင်းဟွမ် လုပ်ပြ လိုက်သည်နှင့် သူအလွန်အမင်းစိတ်ပူလာသည်။ သူသည် ပေထင်းဟွမ်အား ချီကာ မြေကြီးကို ခြေဖျားနှင့်ထောက်ပြီး အားလုံး၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်...

All Chapters