← Chapters

ဘေးကပ်ဆိုးကြီး

Vol. 34 Ch. 670

ဘေးကပ်ဆိုးကြီး

Vol. 34 Ch. 670

ပေထင်းဟွမ် နေထိုင်မကောင်း၍လားဟု ယန်ယဲ့မေးချိန်တွင် ပေထင်းဟွမ်သည် ပါးစပ်ပင်မဟရဲပေ။ သူမ ပါးစပ်ဟလိုက်သည်နှင့် ယန်ယဲ့ အပေါ်သို့ အန်ချမိမည်ကို စိုးနေမိ၏။ သူမသည် ကိုယ်တွင်းအင်္ဂါများမှစပြီး အရေပြားထိ နေရာတိုင်းတွင် မသက်မသာ ခံစားရသည်။

ဤမိန်းမ၏ အပျက်စီးဆုံးအရာသည် သူမ၏ တိုက်ခိုက်ရေးခွန်အား မဟုတ်ဘဲ ဆွဲဆောင်မှုပင်ဖြစ်သည်။ ကံကောင်းစွာပင် သူမသည် ထိုမိန်းမ၏ ဆွဲဆောင်မှုပစ်မှတ်မဟုတ်ပေ။ မဟုတ်လျှင် ပေထင်းဟွမ်သည် အလံဖြူပြကာ အညံ့ခံမည်ဖြစ်သည်။

ယန်ယဲ့နှင့် ပေထင်းဟွမ်တို့ ရုတ်တရက် ထွက်သွားချိန်တွင် အားလုံး သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ မိသားစုကြီးလေးခု သည် ပေါက်ကွဲတော့မလိုဖြစ်သွားသည်။ အထူးသဖြင့် ပေထင်းကျင်နှင့် တုန်ဖန်းကျောက်တို့ဖြစ်ကြသည်။ သူတို့သည် ဒေါသထွက်ကာ သုံးပေမြင့်သည် အထိ ခုန်ကြလေသည်။ သူတို့နှစ်ယောက်သည် လေလံပွဲခန်းမဆီသို့ တစ်ချိန် တည်းသွားကာ အကြောက်အလန့်ကင်းစွာ အော်ကြလေသည် “ယန်ယဲ့ ဟေ့ကောင် ရှောင်ကျို့ကို ဘယ်ခေါ်သွားတာလဲ”

တုန်ဖန်းမိသားစု၏ခေါင်းဆောင်သည် ကြောက်လွန်းသဖြင့် အရိုးအိုကြီး များ ရင်ပြင်ထဲတွင် ကွဲကြေမတတ်ပင်။ သူသည် ဒေါသဖြင့် ပေထင်းချင်းအား အော်ငေါက်လေသည် “အဘိုးကြီး ခင်ဗျားပျိုးထောင်ထားတဲ့ မြေးလိမ္မာလေးကို ကြည့်ပါဦး... သူက ကပ်ဆိုးကြီးပဲ.. သူက ကျုပ်မြေးကိုဆွဲဆောင်တာတော့ ထားတော့.. ဒါပေမဲ့ အခု ညအရှင်ကိုသွားမြူဆွယ်နေတယ်၊ ကျုပ်မြေးက ညအရှင်သခင်ကို တိုက်ခိုက်ဖို့ခွန်အားမရှိဘူးဆိုတာ မပြောနိုင်ဘူးလား၊ ကျုပ် မြေးသာဒဏ်ရာရသွားရင် ကျုပ်ပင်စင်ယူဖို့ ရှာပေးတော့”

ပေထင်းချင်းသည်လည်း ပေထင်းဟွမ်အား စိတ်ပူသည်။ သူသည် တုန်ဖန်းမိသားစုခေါင်းဆောင် တုန်ဖန်းလုမှ ဘေးတွင် ပူညံပူညံလုပ်သည်ကို ကြားသောခါ ဒေါသကြောင့် ခြေဆောင့်လေသည် “ကျုပ်ရော ကျေနပ်နေတယ် လို့ထင်လား.. ပြီးတော့ ခင်ဗျားမြေးက ကျုပ်မြေးကို သဘောကျတာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ.. ကျုပ်မြေးက ယောက်ျားဆိုတာသိရဲ့သားနဲ့ သူ့ဘာသာ သဘော ကျတာလေ..အဲဒါ ကျုပ်အမှားလား”

နန်ကုန်းချန်းသည် ပေထင်းချင်းအား မကျေနပ်သည်မှာ ကြာပြီဖြစ်သည်။ ထိုအချိန်က ဤအဘိုးကြီး မည်သည့်အတွေးရှိသည်ကို သူ မသိပေ။ သူသည် မိုက်မဲစွာလှည့်ဖြားပြီး ထိုကောင်လေးကို လူဆိတ်ငြိမ်သည့်နေရာသို့ နှင်ထုတ်ခဲ့ သည်။ ယခုအခါ သူ၏ကိုယ်ရည်ကိုယ်သွေးသည် တိုက်ကြီးတစ်ခုလုံးအတွက် အန္တရာယ်ဖြစ်လာသည်။ သူသည် ရက်ရက်စက်စက်ပြောလေသည် “ဟင်း အဘိုးကြီး ပြောတော့လွယ်တယ်.. ခင်ဗျားမြေးက လူတွေအများကြီးကို လှည့်စားသွားတာကို ဘယ်လိုလုပ်မပျော်နိုင်တာလဲ”

ပေထင်းချင်းသည် ပေထင်းဟွမ် သေသွားပြီဟု လှည့်စားခဲ့သည်။ သူသည် တစ်ယောက်ချင်းစီလိုက်ရှင်းမပြတော့ဘဲ အလောတကြီးဝင်လာသည့် အတွက် ပေထင်းဟွမ်ကိုသာ ဆဲချင်တော့သည်။

“ကောင်စုတ်လေး မင်းကို ငါ ဖမ်းမိရင်တော့ မန္တလာမြေထဲမှာ ပိတ်ထား ဦးမယ်”

မန္တလာမြေသည် ပင်မတိုက်ကြီးထက်မြင့်သည့် လေဟာနယ်ဖြစ်ကာ အလွန်အန္တရာယ်များသည့်နေရာဖြစ်သည်။ ပင်မတိုက်ကြီးမှလူများသည် ထိုနေရာသို့သွားလျှင် သေချာပေါက်သေရမည်ဖြစ်သည်။ ပေထင်းချင်းသည် ပေထင်းဟွမ်အား ထိုသို့ကြိမ်းမောင်းသည်ကိုကြားသောအခါ အားလုံးသည် အနည်းငယ်စိတ်သက်သာသွားသည်။

ပြီးတော့ ညအရှင်က လူတစ်ယောက်ကို ခေါ်သွားချင်ရင် အဲလူက ဘယ်လိုလုပ်ခံနိုင်မှာလဲ။ မိသားစုကြီးလေးခုသည် တိုက်ကြီးတွင် အထက်တန်း လွှာတွင်ရှိပြီး အာဏာကြီးမားကာ မိသားစုခေါင်းဆောင်များသည် အကျိုးအကြောင်းမသင့်လှပေ။ လေလံအိမ်သို့ရောက်ချိန်တွင် တုန်ဖန်းအောင် နှင့် ပေထင်းကျင်တို့ ပျောက်နေသည်ကိုမြင်လိုက်ရသည်။ ထိုအစား ပေထင်းဟွမ်တို့သည် တတိယအထပ်ရှိ အထူးအခန်းတွင်ရှိနေကြောင်း စားပွဲထိုးမှလာပြောလေသည်။ မိသားစုကြီးလေးခုမှ ခေါင်းဆောင်များသည် ကူကယ်ရာမဲ့သွားသည်။ လက်ရှိ သူတို့လုပ်နိုင်သည်မှာ လေလံပွဲပြီးသည်အထိ စောင့်ရုံသာရှိတော့သည်။

စားပွဲထိုးသည် မိသားစုကြီးလေးခုမှလူများကို ပိုကောင်းသည့်နေရာသို့ ခေါ်သွားပေးသည်။

“ညအရှင်သခင်က မိသားစုကြီးလေးခုကို ကောင်းကောင်းဆက်ဆံပေးပါ လို့မှာထားပါတယ်.. တစ်ခုခုလိုတာရှိရင် ကျွန်တော်တို့ကို ပြောလိုက်ပါ”

ဟာသဇာတ်သည် နောက်ဆုံးတွင် နိဂုံးချုပ်သွားလေပြီ။ ထိုအခါမှပင် ရင်ပြင်ထဲမှလူများသည် အနည်းငယ် အသိစိတ်ပြန်ဝင်လာသည်။ သူတို့သည် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ သူတို့အားလုံးသည် နောက်ဆုံးတွင် လေလံပွဲစတော့မည်ဟု တွေးနေကြမည်မဟုတ်ပါလား။

စီရင်ချက်ဗိမာန်အခန်းထဲတွင် အားလုံး၏မျက်နှာများသည် ညိုပုတ်နေ ကြသည်။ သူတို့သည် ဤတိုက်ကြီးတွင် အင်အားထိပ်ဆုံးတွင်ရှိသည်။ သို့သော် ဤအခိုက်အတန့်တွင် လူအများရှေ့၌ ဒုတိယအဆင့်အဖွဲ့အစည်း၏ ဖြတ်ရိုက် ခြင်းကိုခံလိုက်ရသည်။ မည်သူမှ ခံစားချက်မကောင်းတော့ပေ။ သူတို့ထဲမှ တစ် ယောက်သည် စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေသည် “အကြီးအကဲ ၂ နဲ့သူတော်စင် ဒီပေထင်းဟွမ်က သေဖို့ပဲကောင်းတယ်”

“ဟုတ်တယ်.. မိသားစုကြီးလေးခုက သူတို့ကိုယ်သူတို့ ဘာထင်နေကြ တာလဲမသိဘူး.. ငါတို့ကို အလေးအနက်မထားဘူး”

မူလက သူတို့သည် တစ်ဖက်လူ၏မျက်နှာကိုရိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် တစ်ဖက်လူ၏ရိုက်ခြင်းကိုသာခံလိုက်ရတော့သည်။ ထိုအတွေ့ အကြုံရှိဖူးသူမှသာ ဤခံစားချက်သည် မည်မျှခံပြင်းစရာကောင်းသည်ကို သိကြသည်...

All Chapters