← Chapters

ရှောင်ကျို့ရဲ့သူငယ်ချင်းက ငါ့သူငယ်ချင်းပဲ

Vol. 34 Ch. 671

ရှောင်ကျို့ရဲ့သူငယ်ချင်းက ငါ့သူငယ်ချင်းပဲ

Vol. 34 Ch. 671

“ပေထင်းဟွမ်.. ဒီဘဝမှာ ငါ မင်းကို မချေမှုန်းနိုင်ရင် ငါလူပြန်မဖြစ်ပါစေ နဲ့လို့ ကျိန်တယ်” ယဲ့ဟွာသည် ဒေါသကြောင့် အကြိမ်အနည်းငယ် မေ့လဲလု မတတ်ပင်။ ဤအခိုက်အတန့်တွင် ဗလာကျင်းနေသည့်ရင်ပြင်ကိုကြည့်ပြီး သူမ၏ နှလုံးသားသည် လေးလံလာသည်။ သူမသည် မတ်တတ်ထရန် မလော ပေ။ ထိုအစား သူမ ဒူးထောက်ထားသည့် အဖြူရောင်ကျောက်စိမ်းကြမ်းပြင် ပေါ်တွင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မုန်းတီးစွာဖြင့် အံကို ကြိတ်လေသည်။

သူတော်စင်ယဲ့ချင်း ဤနေရာတွင်ရှိသဖြင့် ရာယာအင်ပါယာနန်းတော် သည် စီရင်ချက်ဗိမာန်၏ နယ်နိမိတ်တစ်ဝက်ဖြစ်နေသည်။ သို့သော် သူတော်စင်မယဲ့ချင်သည် နန်းတော်တွင် ပေထင်းဟွမ်နှင့်ညအရှင်သခင်တို့ ကြောင့် ထိခိုက်သွားရာ မည်သူကများ စီရင်ချက်‌ဗိမာန်ကို အကြောက်အလန့် မရှိ ထောက်ပံ့ရဲမည်နည်း။

သူတို့သည် ယခုအချိန်တွင် ဒေါသကို မျိုသိပ်ထားရုံသာရှိတော့သည်။

ယန်ယဲ့သည် ပေထင်းဟွမ်အား တတိယအထပ်မှ အထူးအခန်းသို့ တိုက်ရိုက်ခေါ်သွားလေသည်။ ပေထင်းကျင်နှင့် တုန်ဖန်းကျောက်တို့သည် ငတုံးများမဟုတ်ကြပေ။ သူတို့သည် ယန်ယဲ့၏ရာထူးအဆင့်အတန်းနှင့် ခွန်အားကိုခန့်မှန်းမိကြသည်။ သူသည် တတိယအထပ်ရှိ အကြီးဆုံးသီးသန့်ခန်း တွင် အကောင်းဆုံးနေရာကိုရထားသည်။

ပြီးခဲ့သည့်နှစ်တစ်သောင်းတွင် ထိုသီးသန့်ခန်းကို ရာယာအင်ပါယာကို တည်ထောင်ခဲ့သည့် ဧကရာဇ်သာသုံးခဲ့သည်ဟု ဆိုကြသည်။ ထိုအချိန်မှစပြီး ချိတ်ပိတ်ထားခဲ့သည်။ ရာယာအင်ပါယာ၏ဧကရာဇ်ဟောင်းများသည် တခြား သီးသန့်အခန်းများကိုသာ သုံးရဲကြသည်။ ယန်ယဲ့တစ်ယောက်သာ အသက် ၁၆ နှစ်တွင် ကောင်းကင်အဆင့်ရောက်ပြီးနောက် ဤသီးသန့်ခန်းကိုရခဲ့ခြင်းဖြစ် ၏။

သူတို့နှစ်ယောက်သည် အတွေးများနှင့်ဆူညံနေပြီး ဤအခန်းသို့ရောက် ရန် များစွာအားထုတ်ရမည်ဟုတွေးနေကြသည်။ မထင်မှတ်စွာပင် သူတို့သည် တတိယအထပ် လှေကားသို့ရောက်သည်နှင့် စားပွဲထိုးတစ်ယောက် ရောက်လာ ပြီး ပေထင်းဟွမ်ရှိရာသို့ တည့်တည့်ပင်ဦးဆောင်သွားလေသည်။ ထင်ထားသည့်အတိုင်းပင် ယန်ယဲ့၏သီးသန့်ခန်းဖြစ်နေသည်။

လေလံအိမ်ထဲမှ တခြားသီးသန့်ခန်းများနှင့်မတူညီစွာပင် လေးဘက်လေး လံမှ နံရံများကို သလင်းကျောက်များဖြင့် စီခြယ်ထားသည်။ လေလံအိမ်တစ်ခု လုံးသည် ရှင်းလင်းသည်ကိုမြင်နိုင်သည်။ သို့သော် အပြင်မှ အထဲမြင်ကွင်းကို မမြင်ရပေ။ ကြမ်းပြင်ကို ထူထဲသောအနီရောင်ကော်ဇောခင်းထားပြီး အရည်အသွေးမြင့်ညောင်စောင်းသည် သလင်းကျောက်နံရံကိုမှီထားသည်။ ညောင်စောင်းပတ်ပတ်လည်တွင် ဆိုဖာများအစီအရီချထားသည်။ တရုတ်ပုံစံ သည် အနောက်တိုင်းပုံစံနှင့် လိုက်ဖက်ပုံမပေါ်သော်လည်း ဤနေရာမှာ လိုက်လျောညီထွေရှိခဲ့သည်။

အလှလေး ၁၀ ယောက်သည် နှုတ်ဆိတ်စွာစောင့်နေကြသည်။ သူတို့သည် ယန်ယဲ့နှင့်ပေထင်းဟွမ်ကိုမျက်နှာချင်းဆိုင်ထားကြသည်။ ခန့်ညားသော အမျိုးသားဖြစ်သည့် တုန်ဖန်းကျောက်နှင့် ပေထင်းကျင်တို့ နှစ် ယေဦက်ဝင်ာလသောအခါ အလှလေး ၁၀ ယောက်သည် အားလုံးခေါင်းငုံ့လိုက် ကြသည်။ သူတို့၏မျက်နှာထားမှာ မပြောင်းမလဲပင်။ သူတို့ကို အထူးတလည် လေ့ကျင့်ပေးထားသည်မှာ သေချာသည်။

“သေစမ်း ရာယာအင်ပါယာရဲ့ ဧကရာဇ်ကဘယ်သူလဲ” တုန်ဖန်းကျောက် သည် ပတ်ပတ်လည်ကို ရင်းနှီးနေသည့်အလား ကိုင်ကြည့်ပြီး သစ်ပင်ငုတ်တို ကဲ့သို့ရပ်နေသော အလှလေး ၁၀ ယောက်ကို အကဲခတ်လိုက်သည်။ သူသည် ယန်ယဲ့ဘက်သို့လျှောက်သွားပြီး ညောင်စောင်းပေါ်တွင် ပျင်းရိစွလှဲလျောင်းနေ သော အမျိုးသားကို စိုက်ကြည့်လိုက်သည် “ယန်ယဲ့ မင်းက တကယ်ပဲ တော်တော်ပျော်မွေ့နေတာပဲ.. မင်းကို ငါအခုမှသိတာ နှမြောဖို့ကောင်းတာပဲ၊ ပြောရင်းနဲ့ မင်း ငါတို့ကို ညအရှင်အိမ်တော်ကို ဘယ်တော့ဖိတ်မှာလဲ”

သူသည် အချစ်ပြိုင်ဘက်ဖြစ်သော်လည်း တုန်ဖန်းကျောက်၏ အရေသည် သံမဏိကဲ့သို့ ထူထဲလှသည်။ သူ ပထမတန်းစားအထူးခန်းကို ဝင်လိုက်သည်နှင့် တုန်ဖန်းကျောက်သည် ယန်ယဲ့၏အနိုင်ပိုင်းခြင်းကိုခံလိုက်ရ ချေပြီ။ ဤလူသည် အားကောင်းရုံသာမကဘဲ ဘဝအား အရည်အသွေးမြင့်မြင့် မည်သို့ ပျော်မွေ့ရမည်ကိုသိသည်။ ရှောင်ကျို့သည် သူနှင့်အတူရှိလျှင် အရှုံးရှိ မည့်ပုံမပေါ်ပေ။

ပေထင်းဟွမ်သည် ခြေထောက်မြှောက်ပြီး ယန်ယဲ့အား မရင်းနှီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူတို့ထဲမှတစ်ယောက်သည် သူမ၏ သူငယ်ချင်းကောင်းဖြစ်ပြီး နောက်တစ်ယောက်သည် သူမ၏အစ်ကိုကြီးဖြစ် သည်။ ဤလူသာ နတ်ဘုရားကဲ့သို့ မောက်မာပြီး သူမ၏အစ်ကိုဖြစ်သူနှင့် သူငယ်ချင်းကို အထင်သေးရဲလျှင် သူ့ကို လေလံပွဲရင်ပြင်သို့ရောက်အောင် ကန် ပစ်မည်။ သူမသည် ဤလူကိုရိုက်ရဲမည့်လူရလျှင် အကောင်းဆုံးပင်။

ယန်ယဲ့သည် ပေထင်းဟွမ်အား မျက်လုံးထောင့်မှ ကြည့်ကာ မျက်တောင် မခတ်ဘဲ ပြုံးလေသည်။ သူသည် ညောင်စောင်းမှထကာ တုန်ဖန်းကျောက်၏ ပခုံးကို ညင်သာစွာပုတ်လေသည် “အချိန်မရွေးကြိုဆိုပါတယ်.. ရှောင်ကျို့ရဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းပါပဲ.. လက်ဆောင်လိုမျိုးဟာတွေမလိုပါဘူး.. ဒီနေ့ လေလံပွဲပြီးရင် ညအရှင်အိမ်တော်မှာ ပွဲတော်ကျင်းပပြီး မင်းတို့ကို တက်ရောက်ဖို့ ဖိတ်မယ်လေ.. ဘယ်လိုလဲ”

All Chapters