သူ သူမကိုပေးသော သရုပ်မှန်နှင့်ဂုဏ်သရေ
Vol. 34 Ch. 672
ယန်ယဲ့စကားဆုံးသောအခါ ပေထင်းဟွမ်အား ကြည်လင်သော ခရမ်း ရောင်မျက်လုံးများဖြင့် ကြည့်လေသည်။ သူသည် ပေထင်းကျင်ဆီသို့ လက်ဆန့်ထုတ်ကာ အထူးတလည်စိတ်ရင်းသံပါသော အသံဖြင့်ပြောလေသည် “သခင်ကြီး ပေထင်းကျင် ကျုပ်က ရှောင်ကျို့ကို သိလာတာကြာပါပြီ.. သူ့ဘဝတစ်လျှောက်လုံးကို ကာကွယ်ပေးသွားမယ်လို့ ကတိပေးပါတယ်.. ပြီးတော့ သူက ကျုပ်ဆီက အဂ္ဂိရတ်ပညာသင်နေတာလေ.. သူက ကျုပ်ဆရာမဟုတ်ပေမဲ့ ကျုပ်တပည့်ပါပဲ၊ ကျုပ်က သူ့ထက်အသက်ကြီးတယ်.. အဲဒါကြောင့် သူ့ကို ကာကွယ်ပြီး ချစ်မြတ်နိုးပေးရမယ်.. သူ့ဘဝမှ ဘယ်လိုမျိုး နစ်နာမှုမှမရှိစေရဘူး”
သူ ဘာအဓိပ္ပာယ်လဲ.. အရှင်သခင်က ဘာပြောချင်တာလဲ။ ပေထင်းကျင် သည် မျက်မှောင်ကို နက်ရှိုင်းစွာကြုတ်လိုက်သည်။ သူသည် ငယ်စဉ်ကတည်း က ထက်မြက်ခဲ့သည်။ သို့သော် သခင်ဖြစ်သူ၏စကားကို နားမလည်ပေ။ သူသည် ပေထင်းဟွမ်အား ရှုပ်ထွေးစွာကြည့်လေသည်။ ပေထင်းဟွမ်သည် မိန်းကလေးဖြစ်ကြောင်း အရှင်သခင်သိလျှင် အနည်းငယ်စိတ်ချရသည်။ သူသာ အမှန်တကယ် ယောက်ျားတစ်ယောက်ကဲ့သို့ သဘောကျလျှင်.. ပေထင်းကျင် သည် တွေးပင်မတွေးရဲပေ။
“အစ်ကို” ပေထင်းဟွမ် ပေထင်းကျင်ဘက်သို့ ခုန်ကာ သူ့ရင်ခွင်ထဲတိုးဝင် သည်မှာ ရှားပါးသောဖြစ်ရပ်ပင်။ သူမသည် ချွဲနွဲ့စွာပြောလေသည် “ယန်ယဲ့က ကျွန်တော့်ကို အမြဲတမ်းကာကွယ်ပေးနေတာပါ.. ကျွန်တော် လော့ပေမြို့မှာ အနိုင်ကျင့်ခံရတုန်းက သူပဲ ကာကွယ်ပေးခဲ့တာ”
ယန်ယဲ့သာ ထိုဥကိုရှာရန် လူခေါ်မလာလျှင် သူမသည် မင်နှင့်တွေ့ရမည် မဟုတ်ဘဲ အမှိုက်တစ်စမှလက်ရှိသူမအဖြစ် အသွင်ပြောင်းမည်မဟုတ်ပေ။ သူတို့တွေ့ဆုံသည့်အစပိုင်းမှစပြီး သူ သူမအတွက်လုပ်ပေးခဲ့သည့် ကောင်းသောကိစ္စရပ်များသည် သူမစိတ်ထဲတွင် ရှိနေတုန်းပင်ဖြစ်သည်။ ပင်မ တိုက်ကြီးတွင် သူသည် မိုးနှင့်လေကို ဆင့်ခေါ်နိုင်သည့် စွမ်းအားပိုင်ဆိုင်ပြီး ခွန်အားသည် ပြိုင်ဘက်ကင်းသည်။ သူမနှင့်ပတ်သက်၍ သူ အငမ်းမရလိုချင် သည်ဟူ၍မရှိသော်လည်း သူ သူမကိုတွေ့သည့်အချိန်မှစပြီး ယခုအချိန်ထိ ကျွမ်းကျင်သူများ တိုက်ခိုက်လုယူသည့် ပစ္စည်းများအပါအဝင် ကမ္ဘာပေါ်ရှိ ရှားပါးသောပစ္စည်းများအားလုံးကို ပေးခဲ့သည်။
နတ်လက်နက်၊ နတ်ဆေး၊ အဆင့်အတန်းနှင့် ဂုဏ်သရေ။
လော့ပေမြို့ဟုတ်လား။ လော့ပေမြို့ဟုကြားသည်နှင့် ပေထင်းကျင်၏ မျက်နှာမှ ကြွက်သားများကျုံ့သွားသည်။ သူသည် သည်တစ်ကြိမ်တွင် လော့ပေမြို့သို့ ကိုယ်တိုင်သွားကာ လော့ပေမြို့အတွင်းရှိ ပေထင်းဟွမ် အကြောင်းကို လှည့်ပတ်မေးခဲ့သည်။ သူ ကြားလေလေ ရင်နာလေလေဖြစ် သည်။ သူမသည် ပေထင်းဟန်ကိုသတ်ပြီး လော့ပေမြို့ရှိ ပေထင်းဟောက်က သင်းကွပ်ခဲ့သည့်အကြောင်းကိုကြားမှပင် အနည်းငယ်စိတ်သက်သာရာရလေ သည်။
သေချာပေါက်ပင် သူသည် ဇာတ်လမ်းကြောင်းကိုသိသည်။ ပေထင်းဟွမ် နှင့် ပေထင်းဟန်တို့အကြားရှိ အသေအကြေတိုက်ပွဲအပြီးတွင် ပေထင်းကျွင်း သည် ပေထင်းဟွမ်အား သတ်ချင်ခဲ့သည်။ သို့သော် ညအရှင်သခင်က တားခဲ့ သည်။
ပေထင်းကျင်သည် လက်ဆန့်ထုတ်ကာ အရှင်သခင်နှင့် လက်ဆွဲလိုက် သည်။ သူသည် ညီမဖြစ်သူကို ရူးလောက်အောင်ချစ်သော်လည်း ပေထင်းဟွမ် အား လေးစားတုန်းပင်ဖြစ်သည်။ အပြန်ကိုမမျှော်လင့်ဘဲ ကိုယ့်အပေါ်တွင် ဂရုစိုက်ပြီး ကာကွယ်ပေးသည့်လူမျိုးကို မငြင်းနိုင်သည်ကို သူ စိတ်ထဲတွင် သိနေသည်။ သူ ခေါင်းညိတ်လိုက်သည် “ရှောင်ကျို့ရဲ့သူငယ်ချင်းက ကျုပ် သူငယ်ချင်းပါပဲ”
ပေထင်းဟွမ်တွင် သူငယ်ချင်းများစွာရှိသည်။ ပေထင်းကျင်သည် တစ်ယောက်တွေ့ပြီး တစ်ယောက်သဝန်တိုနေလျှင် ကိုင်တွယ်နိုင်မည်မဟုတ် ပေ။ ထို့အပြင် ပေထင်းကျင်သည် ထက်မြက်သောလူတစ်ယောက်ဖြစ်သည်။ ပေထင်းဟွမ်၏ သူငယ်ချင်းများအားလုံးသည် သူတို့အသက်ထက် သူမအား တန်ဖိုးထားကြသည်။ သူသည် သူတို့ကို ကျေးဇူးတင်ရန်နှင့်တင် မလုံလောက် ပေ။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူတို့၏အကြည့်များဆုံသွားချိန်တွင် မီးတောက်များပေါက်ဖွားမလာခင် မျက်စိတစ်မှိတ်အတွင်းမှာ အကြည့်ဖယ် လိုက်ကြသည်။ ပေထင်းဟွမ်သည် ထိတ်လန့်နေသည်။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ အေးစက်ပုံပေါက်ပြီး အလွန်သွေးပူတတ်သည့် သူမ၏အစ်ကိုဖြစ် သူသည် အချိန်တစ်ခုထိတော့ ယန်ယဲ့အား ခက်ခဲအောင်လုပ်မည်မဟုတ်တော့ ပေ။
ယန်ယဲ့သည် သူမရှေ့တွင် နာခံတတ်သည့် ကြောင်လေးတစ်ကောင် ကဲ့သို့ဖြစ်နေသော်လည်း သူမအစ်ကိုအပါအဝင် တခြားသူများကို စိတ်မရှည် ပေ။ ယခုအခါ သူ့ကိုယ်သူနှိမ့်ချပြီး သူမ၏အစ်ကိုအား ဦးစွာလက်ဆွဲနှုတ်ဆက် သည်မှာ သူမအားမျက်နှာသာပေးနေပြီဖြစ်သည်။
သူပေါ်လာသည်နှင့် တိုက်ကြီးတစ်ခုလုံးရှိ အင်အားစုများအားလုံးဦးညွှတ် ရသည်ကိုကြည့်ခြင်းအားဖြင့် ဤလူသည် လူကောင်းမဟုတ်သည်ကို သူ သိသည်...