အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေ
Vol. 34 Ch. 673
ထိပ်တန်းအဆင့် အထူးခန်းတွင် တံခါးခေါက်သံပေါ်လာသည်။ လှပသော မိန်းမပျိုတစ်ယောက်သည် တံခါးဆီသို့ သွားလိုက်သည်။ ဆံပင်ဖြူဖြူနှင့် အကြီးအကဲတစ်ယောက်သည် ရှန်းယန်ပိုနှင့်အတူ ဝင်လာသည်။ သူတို့ နှစ် ယောက်လျှောက်လာ၏။ ရှန်းယန်ပိုသည် လွန်စွာ စိတ်လှုပ်ရှားနေပုံပင်။ သူသည် ယန်ယဲ့အား ရှိုးတိုးရှန့်တန့်ကြည့်ကာ ပေထင်းဟွမ်ရှေ့တွင် အနည်းငယ်ဦးညွှတ်လေသည်။ သူ အော်မိ၏ “ခေါင်းဆောင်”
သူ့ဘေးရှိအကြီးအကဲသည် ပေထင်းဟွမ်အား အလျင်အမြန်ကြည့်လေ သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် တော်ဝင်လေလံအိမ်တွင်ရှိနေခဲ့ ကာ ပေထင်းဟွမ်ကဲ့သို့လူမျိုးကို မမြင်ဖူးပေ။ လေလံပွဲစတင်တော့မည်ဖြစ်ရာ သူသည် လေလံဆွဲမည့် ရတနာတစ်ခုယူလာခဲ့သည်။ တန်ဖိုးဖြတ်ခေါင်းဆောင် ကိုယ်တိုင်ယူလာသည်မျာ သဘာဝဖြစ်သည်။
သူ ထိပ်တန်းအထူးခန်းသို့ဝင်လာချိန်တွင် တန်ဖိုးဖြတ်ခေါင်းဆောင်သည် မတည်ငြိမ်နိုင်တော့ပေ။ ပေထင်းဟွမ်သည် ညအရှင်သခင်၏ ညောင်စောင်း ရှည်ပေါ်တွင်ထိုင်နေပြီး ညအရှင်သည် ဆိုဖာပေါ်တွင်သာထိုင်နေသည်ကိုမြင် သောအခါ တန်ဖိုးဖြတ်ခေါင်းဆောင်သည် သရဲတစ္ဆေတစ်ကောင်အား မြင်လိုက် ရသည့်အလား လွန်စွာထိတ်လန့်သွား၏။ သူသည် ဤလူငယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရန်ကြိုးစားနေတုန်းပင်။
ထိုအချိန်တွင် ရှန်းယန်ပိုသည် ပေထင်းဟွမ်အား တလေးတစားနှင့် 'ခေါင်းဆောင်' ဟုခေါ်သံကိုကြားလိုက်ရာ တန်ဖိုးဖြတ်ခေါင်းဆောင်သည် တုန်ယင်သွားကာ မတ်မတ်ပင်မရပ်နိုင်တော့ပေ။
“ခေါင်းဆောင်ဟုတ်လား.. သံမဏိသွေးကြေးစားအဖွဲ့ရဲ့ခေါင်းဆောင် လား.. သူက ဒီလောက်ငယ်တာလား” သံမဏိသွေးကြေးစားအဖွဲ့အကြောင်းကို ကြားရုံသာကြားဖူးပြီး ပေထင်းဟွမ်အား အရင်ကမမြင်ဖူးသည့် အဘိုးကြီးသည် ရုတ်တရက် ခေါင်းမော့လာပြီး ပေထင်းဟွမ်အား အလေးအနက်အကဲခတ်လေ သည်။ ဤမျှငယ်ရွယ်သောလူတစ်ယောက်သည် တိုက်ကြီးတွင် သူ၏နာမည် ကို ကမ္ဗည်းထိုးနိုင်ပြီဖြစ်သည်။
“အစ်ကိုရှန်းယန် ဒါကဘယ်သူလဲ” ပေထင်းဟွမ်သည် အဘိုးကြီး၏ သရုပ်မှန်ကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း ရှန်းယန်ပိုအား မသေချာစွာဖြင့် မေးလိုက်သည်။
“ခေါင်းဆောင် ဒါက တော်ဝင်လေလံအိမ်ရဲ့ တန်ဖိုးဖြတ်ခေါင်းဆောင်ပါ.. မင်းက လေလံပွဲမှာ ရတနာတွေကို လေလံပစ်ချင်တာမလား.. လုပ်ငန်းစဉ်အရ ဆိုရင် တန်ဖိုးဖြတ်ကိုအရင်ကြည့်ခိုင်းပြီး ဈေးနှုန်းကို ခန့်မှန်းခိုင်းတယ်.. ပြီးတော့ ရတနာတွေကို ရတနာတိုက်ကိုပို့ပြီး စာရင်းထည့်တယ်” ရှန်းယန်ပိုသည် ညအရှင်သခင်၏ ညွှန်ကြားချက်ကိုလိုက်နာပြီး တန်ဖိုးဖြတ်ခေါင်းဆောင်ကို ခေါ်လာခြင်းဖြစ်သည်။
တော်ဝင်မိသားစုတွင် နေရာမရသည့် မထင်မရှားမင်းသားတစ်ပါးသည် ယနေ့ပြန်လာသည်နှင့် ဤလေလံပွဲကိုတာဝန်ယူရလိမ့်မည်ဟု သူ မျှော်လင့် မထားပေ။ ဖခင်ဖြစ်သူသည် ရုတ်တရက် သူ၏အားထုတ်မှုကိုမြင်ခဲ့သည်ဟု သူ ထင်ခဲ့သည်။ သို့သော် အစ်ကို ၃ ပြောကြားထားခြင်းဖြစ်ကြောင်း နောက်မှသိခဲ့ ရသည်။ ရှန်းယန်ပိုသည် ယန်ယဲ့အား ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်ပြီး ပေထင်းဟွမ်အား စည်းမျဉ်းများကို တာဝန်အရရှင်းပြနေသည်။
“အင်း သိပြီ” ပေထင်းဟွမ် ခေါင်းညိတ်လေသည်။ သူမသည် ခေတ္တမျှ တွေဝေသွားသည်။ သူမ လေလံပွဲကို အထွတ်အမြတ်သားရဲအမြုတေ ဒါမှမဟုတ် ကောင်းကင်အသီးကို ထည့်သင့်လား။ သူမတွင် အပေါင်းအဖော်များစွာရှိသည် ကိုတွေးမိပြီး ကောင်းကင်အသီးကို သူမ၏ခွန်အားတိုးရာတွင်သုံးနိုင် သော်လည်း လက်ရှိတွင် အထွတ်အမြတ်သားရဲအမြုတေကို သုံးစရာနေရာမရှိ သည်ကို တွေးမိ၏။ သူမ လက်တစ်ချက်ဝှေ့လိုက်ပြီ ရေခဲကန်နတ်မိစ္ဆာ ဖုံးလွှမ်းနဂါးအမြုတေကို စားပွဲပေါ်တင်လိုက်သည်။ “ဒါပဲ”
အရာအားလုံးကိုဝါးမျိုနိုင်သည့် အနက်ရောင်အလင်းသည် ဖြတ်ပြေးသွား ပြီး အဘိုးကြီး၏ ကျဉ်းမြောင်းသောမျက်လုံးများ ပြူးကျယ်လာသည်။ သူသည် စားပွဲပေါ်ရှိ တလက်လက်တောက်နေသည့် အတွင်းအမြုတေကို မယုံကြည်နိုင်စွာ ကြည့်လေသည်။ သူသည် အတွင်းအမြုတေမျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ ကူးခတ်နေသော မြူခိုးမည်းများကို ရှူရှိုက်ရင်း သေးငယ်သောနတ်ဆိုးလွှမ်းမိုး နဂါးကြီးကို ယောင်ဝါးဝါးမြင်လိုက်ရသလိုပင်။ ၎င်းသည် မြူခိုးနက်မှာ အတွင်း အမြုတေကို လွှမ်းမိုးပုံဖြစ်သည်။
“ဒါက.. ဒါက..” အဘိုးကြီးသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလေသည်။ သူသည် နှစ်ပေါင်းများစွာ ရတနာများကိုတန်ဖိုးဖြတ်ခဲ့ရာ သဘာဝရတနာ အမျိုးမျိုးကိုမြင်ဖူးခဲ့သည်။ ဤမျှအားကောင်းသောစွမ်းအင်ပါဝင်သည့် အရွယ် ရောက်သားရဲအမြုတေကို တစ်ခါမှမမြင်ဖူးပေ။ သူ၏ရင်ထဲတွင် အဖြေသည် ဝေဝါးဝါးရှိနေသည်။ သို့သော် အဘိုးကြီးသည် မယုံနိုင်သေးပေ။
“ဟုတ်တယ်.. ဒါက အထွတ်အမြတ်သားရဲရဲ့ အတွင်းအမြုတေပဲ” ပေထင်းဟွမ်သည် ဂရုမစိုက်သလိုပြောလေသည်။ သူမသည် အတွင်းအမြုတေကို အဘိုးကြီးဆီ တွန်းပို့လိုက်သည် “ဟုတ်တယ်”
တုန်ယင်နေသောလက်ချောင်းများဖြင့် အဘိုးကြီးသည် ရေခဲကန်နတ်ဆိုး လွှမ်းမိုးနဂါး၏ အတွင်းအမြုတေကို ညွှန်ပြလေသည်.. သူသည် မယုံကြည်နိုင်စွာ ဖြင့် မေးပြီး သူ့ဘာသာရေရွတ်လေသည် “ဘယ်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”