← Chapters

ခေါ်ဈေး : ပတ္တမြား ၁၀၀ ဘီလီယံ

Vol. 34 Ch. 674

ခေါ်ဈေး : ပတ္တမြား ၁၀၀ ဘီလီယံ

Vol. 34 Ch. 674

အထွတ်အမြတ်သားရဲများသည် နတ်ဘုံနှင့်နီးစပ်သည့် သက်ရှိများဖြစ် ကြသည်။ တိုက်ကြီးပေါ်တွင် ယန်းမြို့မှလူတစ်ယောက်မှလွဲပြီး မည်သူကမှ အထွတ်အမြတ်သားရဲကိုသတ်နိုင်သည့် အရည်အချင်းမရှိကြပေ။ ထို့အပြင် ဤ အထွတ်အမြတ်သားရဲ၏သွေးသားသည် နိမ့်မည်မဟုတ်ပေ။ သူ တစ်စုံတစ်ရာ မှားယွင်းမည်ကိုစိုးသဖြင့် အဘိုးကြီးသည် စကားထစ်ထစ်နှင့် သနားစရာအသံ နှင့်ပြောလေသည် “ဒီရတနာကို သေချာစစ်ကြည့်လို့ရမလား”

“ရတာပေါ့” ပေထင်းဟွမ်သည် အကျိုးအကြောင်းမသင့်သောလူမဟုတ် ပေ။ ထို့အပြင် သူမ၏အမြင်တွင် သူမသည် ပစ္စည်းများကို စိတ်ထဲထားခဲသည်။ ကောင်းကင်နှင့်မြေကြီးမှလာသော ရတနာများသည် အဆုံးမရှိပေ။ သူမ ထို ရတနာများကိုမတွေ့လျှင် ရောက်ရှိသည့်ကံမပါသေးဟုဆိုနိုင်သည်။

ထို့ကြောင့်ပင် ရတနာရလာလျှင် သူမ၏ သူငယ်ချင်းများကို ခွဲဝေပေး လောက်အောင် ရက်ရောခြင်းဖြစ်သည်။

တန်ဖိုးဖြတ်သူသည် ပေထင်းဟွမ်၏ ရက်ရောသောသဘောထားကြောင့် အံ့ဩလျက်ရှိသည်။ လူအတော်အများသည် သူတို့၏ ရတနာများကို တခြားသူ များ ထိမည်ကို ကြောက်ကြသည်။ ထိုလူငယ်၏ လက်ထဲတွင် အထွတ်အမြတ် သားရဲ၏အတွင်းအမြုတေရှိနေသည်။ သို့သော် ထိုရတနာကို ဖုန်မှုန့်ကဲ့သို့ သဘောထားပြီး စိတ်ထဲလည်းမရှိပေ။

ထိုအခိုက်အတန့်တွင် အိုမင်းပြီး အသိပညာကြွယ်ဝသည့် တန်ဖိုးဖြတ် သည် ပေထင်းဟွမ်အား ချီးကျူးလေးစားမိသည်။ ထို့ကြောင့်ပင် ဤလူငယ် သည် ငယ်ငယ်ရွယ်ရွယ်နှင့် နာမည်တစ်ခုကိုတည်ဆောက်နိုင်ခြင်းပင်။ အရွယ်ရောက်ပြီးလူများသည် သူ၏ အကျင့်စရိုက်နှင့်မယှဉ်နိုင်ကြပေ။

ထိုအရိုးစိမ့်အတွင်းအမြုတေကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ရာ အဘိုးကြီး၏ လက်များသည် တုန်ယင်သွားလေသည်။ သူသည် ထိုအမြုတေကို အတန်ကြာ သည်အထိကြည့်ရာ ထိုအထဲတွင် စွမ်းအားများစွာပါဝင်နေသည်ကို ခံစားမိ၏။ အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေ ပီသသည်။ နတ်သားရဲအဆင့်အောက် ရောက်လျှင် မှော်အမြုတေဟုသာ ခေါ်ဆိုကြသည်။ မှော်အမြုတေကို အတွင်းအမြုတေအဖြစ် ပျိုးထောင်မှပင် နတ်သားရဲအဆင့်မှ အထွတ်အမြတ်သားရဲအဖြစ် အဆင့်တက်သည်။ ဒြပ်စင်ဘေးဒုက္ခဖြတ် ပြီးနောက် အတွင်းအမြုတေကို ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းအရ သန့်စင်သည်။ အထွတ်အမြတ်သားရဲသည် ပို၍သန်မာလာနိုင်သည်။

“တကယ့်ကို အထွတ်အမြတ်သားရဲအတွင်းအမြုတေပဲ... ကျုပ်ဘဝမှာ ဒီလိုမျိုး နတ်အဆင့်ပစ္စည်းမျိုး တွေ့ရလောက်အောင် ကံကောင်းမယ်လို့ထင်မထားဘူး.. ကျုပ်အသက်က အလဟဿမဟုတ်ဘူးပဲ”

အဘိုးကြီးသည် လက်နှစ်ဖက်ဖြင့် အတွင်းအမြုတေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး စားပွဲပေါ် ပြန်ချရန် တွန့်ဆုတ်နေသည်။ သူသည် အခန်းထဲမှ မိန်းမပျိုများကိုကြည့်ပြီး အတွင်းအမြုတေကို လာယူခိုင်းသည် “သခင်လေး ဒီလို အတွင်းအမြုတေဆိုရင် ခေါ်ဈေးက ခန့်မှန်းချက်အရဆိုရင် ပတ္တမြား ၁၀၀ ဘီလီယံရလောက်တယ်...”

“၁၀၀ ဘီလီယံလား အဲလောက်တောင်လား မဖြစ်နိုင်တာ” ပေထင်းဟွမ် သည် ထိတ်လန့်မှုကြောင့် ထခုန်မိလေသည်။ စားပွဲပေါ်မှ အတွင်းအမြုတေ သည် လှိမ့်သွား၏။ အဘိုးကြီးသည် အတွင်းအမြုတေ ကွဲကြေမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဖမ်းလိုက်လေသည်။ အထွတ်အမြတ်သားရဲ အမြုတေသည် အလွယ်တကူသာ ကွဲကြေသွားပါက အထွတ်အမြတ်သားရဲ အမြုတေအဆင့်မမှီ သည်ကို အဘိုးကြီးမေ့နေဟန်ပေါ်သည်။ အဲဒါကို အတွင်းအမြုတေလို့ခေါ်ဖို့ အဆင့်မှီသေးရဲ့လား။

ယန်ယဲ့နှင့်တခြားသူများသည် ပေထင်းဟွမ်၏တုံ့ပြန်မှုကြောင့် ရယ်မော ကြသည်။ ယန်ယဲ့သည် ဆိုဖာပေါ်တွင်မှီကာ နဖူးကိုလက်ဖြင့်အုပ်ထားကာ လက်ဖဝါးဖြင့် သူ၏မျက်နှာအစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားသည်။ ကံကောင်းစွာပင် သူသည် အချိန်တစ်ခုလောက် သူမ၏သူငယ်ချင်းသာဖြစ်ပြီး 'ယောက်ျား' မဟုတ်သေးပေ။ မဟုတ်လျှင် သူသည် ပေထင်းဟွမ်ကြောင့် အရှက်ရနိုင်သည်။

ပတ္တမြား ၁၀၀ ဘီလီယံလောက်ပဲကို။ ဘာတွေများ အဲလောက် ထိတ်လန့် နေတာလဲ။

တုန်ဖန်းကျောက်၏မျက်လုံးများပြူးကျယ်လာသည်။ သူ ပေထင်းဟွမ် နှင့် မှော်သားရဲတောတွင် တွေ့စဉ်က သူမသည် ဆင်းရဲလွန်းကာ ပေါင်မုန့်ပင် မဝယ်နိုင်ခဲ့သည်ကို သူ မှတ်မိသေးသည်။ တစ်လ နှစ်လကုန်သွားတာကို တောင် သူမ ဆင်းရဲနေတုန်းလား။ သူမက အမြင့်ဆုံးသားရဲထိန်းဖြစ်နေပြီလေ။ ဒီလောက်ဆင်းရဲတာ သူမအတွက် ဂုဏ်သရေဖြစ်နေတာလား။

ပေထင်းကျင်သည်လည်း ပေထင်းဟွမ်၏ သနားစရာကောင်းသော အပြုအမူကြောင့် ဒေါသထွက်နေ၏။ ရှောင်ကျို့က ဒီထက်ပိုပြီး ထိုက်တန်တာ မလား။ ပတ္တမြား ၁၀၀ ဘီလီယံက များတယ်လို့ခံစားမိရင်တောင် ဒီလောက် ကြီးသိသာအောင်ပြဖို့မလိုဘူးလေ။ သူမကိုယ်သူမ မိန်းကလေးလို့မတွေးတော့ တာလား။

ပေထင်းဟွမ်သည် ရှက်စရာကောင်းသည်ဟု မတွေးသူမှာ ရှန်းယန်ပို တစ်ယောက်သာရှိသည်။ သူသည် ရယ်စရာကောင်းသည်ဟုထင်သည်။ ခေါင်းဆောင်သည် ထိတ်လန့်တတ်မည်ဟု ထင်မထားပေ။ လူတွေကို ခြောက်လှန့်ခဲ့သည်မှာ ခေါင်းဆောင်သာမဟုတ်ပါလား။ နောက်ဆုံးတွင် သူမ ကြောက်လန့်ရသည့်အချိန်ရောက်လာချေပြီ...

All Chapters