← Chapters

ရှီမန်မိသားစုကို အပြစ်တင်ခြင်း

Vol. 34 Ch. 675

ရှီမန်မိသားစုကို အပြစ်တင်ခြင်း

Vol. 34 Ch. 675

ကျသွားသည့် အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေကို ဖမ်းရန် အဘိုးကြီးသည် လက်ကောက်ဝတ်ကျိုးလုမတတ်ဖြစ်သွားသည်။ ထိုအတွင်း အမြုတေကိုဖမ်းရန် သူ့အတွက် မလွယ်ကူလှပေ။ သူသည် မိန်းမပျို၏ လက်ထဲမှ ဗန်းဆီသို့ယူသွားပြီး လက်ဝေ့ယမ်းကာ မိန်းမပျိုအား မြန်မြန်ထွက်သွားရန် အချက်ပြလိုက်သည်။ သူသည် ပေထင်းဟွမ်အား စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည် “သခင်လေး.. ဒါက အထွတ်အမြတ် သားရဲရဲ့ အတွင်းအမြုတေပဲ၊ သာမန်မှော်အမြုတေမဟုတ်ဘူး.. ပြီးတော့ ဒါက မှော်သားရဲသွေးသားရဲ့ အတွင်းအမြုတေပဲ.. အရည်အချင်းနည်းတဲ့ သန့်စင်သူ တောင်မှ ဒါနဲ့ဆိုရင် နတ်လက်နက်လုပ်နိုင်တယ်.. ဒါက တန်ဖိုးရှိသင့်တယ်လို့ မထင်ဘူးလား”

ဟာသတစ်ခုပင်။ ပင်မတိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းသမိုင်း ကြောင်းကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းတစ်ခုရှိသည်။ မည်မျှပင် ထူးချွန်သည့်ကျွမ်းကျင်သူဖြစ်ပါစေ မည်သူမဆို အထွတ်အမြတ်သားရဲကိုသတ် ပြီး အတွင်းအမြုတေကိုထုတ်ပြီး ရောင်းချနိုင်သည်။ ရှေ့မှဤလူငယ်သည် အတွင်းအမြုတေကို မည်သို့ရလာသည်ကို သူ မသိပေ။ သူ မည်သည့်နည်းလမ်း ကိုသုံးစေကာမူ အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေကို ဖယ်ရှားနိုင် သရွေ့ အထင်သေး၍မရပေ။

“အင်း သိပြီ” ပေထင်းဟွမ်သည် မူလအရည်၏ ဈေးနှုန်းကို အကြမ်းဖျင်း ခန့်မှန်းမိထားသည်။ အကယ်၍ ၁၀၀ ဘီလီယံသည် မူလအရည် ၁၀ စက်ကို ဝယ်ယူရန်မလုံလောက်လျှင် ယန်ယဲ့ သို့မဟုတ် သူမ၏အစ်ကိုဆီမှချေးငှားရ မည်။ တုန်ဖန်းကျောက်၏ အိတ်ထဲတွင် ငွေကြေးမည်မျှရှိသည်ကို ပေထင်းဟွမ် သိသည်။ သူသည် ၁၀ စက်မဆိုထားနှင့် ၁ စက်၏တစ်ဝက်ပင် တတ်နိုင်မည် မဟုတ်ပေ “ကောင်းတယ်”

ပေထင်းဟွမ်သည် အားကောင်းသော်လည်း လောကီအရေးကိစ္စများကို မသိသည်ကို အဘိုးကြီးမြင်နေရသည်။ သူသည် သူမကို အလွန်သဘောခွေ့မိ သွား၏။ ထို့ကြောင့် စိတ်ရှည်လက်ရှည်နှင့် မိတ်ဆက်ပေးလေသည် “စည်းမျဉ်း တွေအရဆိုရင် ၁၀၀ ဘီလီယံတန်ကြေးရှိတဲ့ ရတနာကို လေလံပစ်မယ်ဆိုရင် တော်ဝင်လေလံအိမ်ရဲ့ အထူးပုဂ္ဂိုလ်ဖြစ်ခွင့်ရှိပါတယ်.. သခင်လေးအတွက် အထူးခန်းကို ပြင်ပေးထားပါတယ်.. ဒါပေမဲ့ အချိန်တစ်ခုလောက်တော့ လိုမယ် မထင်ဘူး”

“မလိုဘူးလို့ ဘယ်သူပြောလဲ” ပေထင်းဟွမ် ပြောလေသည် “အဲဒီ အထူးခန်းသော့ကို သခင်ကြီးရှီမန်ဆုန်းကို ပို့ခိုင်းလိုက်ပါ.. သူတို့ကို အထူးခန်း ကို ပြောင်းဖို့ပြောပေးပါ.. အဲဒီက ပတ်ဝန်းကျင်က ပိုကောင်းတယ်”

အထူးခန်းသည် လေလံပွဲရှိ ထိုင်ခုံများထက် ပိုကောင်းသည်။ ထို့အပြင် အထူးခန်းသည် ရတနာများကို ရောင်းချသည့် ရောင်းချသူများအတွက် အထူး ပြင်ဆင်ထားခြင်းဖြစ်သည်။ လေလံပစ္စည်းတိုင်းအတွက် တော်ဝင်လေလံအိမ် သည် ဝန်ဆောင်ခအနေနှင့် သေချာသည့်ရာခိုင်နှုန်းတစ်ခုကိုတော့ ယူသည်။ တော်ဝင်လေလံအိမ်မှပေးသည့် သာမန်အဖြစ်ဆုံးအထူးခန်းပင်လျှင် လွန်စွာ ဇိမ်ရှိလှသည်။

မျိုးနွယ်ကြီးလေးခုမှလူများသည် အလယ်တွင်စုလိုက်ကြသည်။ လှပသော မိန်းမပျိုသည် အထူးခန်းသော့ကို ကိုယ်တိုင်ယူလာပေးရာ လက်ခံသူ အားလုံးသည် ထိတ်လန့်သွားကြသည်။

အထူးခန်းဟုတ်လား.. ၁၀၀ ဘီလီယံအထက် ပစ္စည်းကို လေလံပစ်မှ ဝင်ခွင့်ရှိတာမလား။ ရင်ပြင်ထဲသို့ဝင်လာသူများအားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် အမြင်၊ အကြားအာရုံများ ပါးသည်။ သူတို့ သည် ထိုစကားများကိုကြားသောအခါ ချွင်းချက်မရှိ ကြည့်ကြလေသည်။ သူတို့ ၏ တောက်လောင်သောအကြည့်များသည် ရှီမန်ဆုန်းအား ဆံပင်ထောင်သွား စေသည်။ ထိုခံစားချက်သည် ဝတ်လစ်စလစ်နှင့် မိန်းမကလေးသည် ဆိုးသွမ်း သည့် ယောက်ျားအုပ်ကြားထဲရောက်သွားသလိုပင်။

ရှီမန်မိသားစုက လေလံပွဲကို ဘာများကမ်းလှမ်းခဲ့တာလဲ။ ၁၀၀ ဘီလီယံ ထက် ပိုသည့်ရတနာများသည် ဤတိုက်ကြီးတွင် လွန်စွာတန်ဖိုးရှိလှသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများသည် ပေထင်းဟွမ်နှင့်မတူပေ။ သူတို့တွင် လိုအပ်နေသည်မှာ အဖိုးမဖြတ်နိုင်သော ပတ္တမြားများမဟုတ်ဘဲ အရည်အသွေး မြင့် ရတနာများဖြစ်သည်။

အဖွဲ့အစည်းများစွာသည် သူတို့ယူလာသည့် ပစ္စည်းကို စတင်အကဲဖြတ် တော့သည်။ ၁၀၀ ဘီလီယံတန် ရတနာတစ်ခုပေါ်လာချိန်တွင် အဖွဲ့အစည်းများ သည် မတည်ငြိမ်နိုင်တော့ပေ။ စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမ ကဲ့သို့ အဖွဲ့အစည်းများပင် လေးနက်သောမျက်နှာထားများဖြစ်နေကြသည်။ သူတို့သည် ရတနာပေါ်မလာခင် ပတ္တမြားစုဆောင်းထားရန် သူတို့၏ လက်အောက်ငယ်သားများကို လျင်မြန်စွာ ညွှန်ကြားနေသည်။

“ဒီအရည်အသွေးမြင့် ရတနာကိုရမှဖြစ်မယ်” အားလုံးနီးပါး၏ စိတ်ထဲတွင် စိတ်ပိုင်းဖြတ်ထားကြသည်။

တခြားမျိုးနွယ်ကြီးသုံးခုသည် ‌ရှီမန်မျိုးနွယ်၏ခေါင်းဆောင် ရှီမန်ကျင်း အား စိုက်ကြည့်ကြသည်။ ဤအဘိုးကြီးသည် အမှန်တကယ်ပင် ကောက်ကျစ် သည်။ သူနှင့်နှစ်ပေါင်းများစွာ ဆက်ဆံလာပြီးနောက် ဤမျှ အားမကိုးရသည့် လူမျိုးဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားပေ။ သူသည် လေလံပစ်မည့်ရတနာ အကြောင်းကို ကြိုမပြောရာ သူတို့ကို အဆင်သင့်မဖြစ်အောင်လုပ်ခဲ့သည်...

All Chapters