← Chapters

သခင်ပေထင်းဟွမ်ပဲ

Vol. 34 Ch. 676

သခင်ပေထင်းဟွမ်ပဲ

Vol. 34 Ch. 676

ရှီမန်မိသားစုခေါင်းဆောင် ရှီမန်ကျင်းသည် စိတ်ဆိုးမာန်ဆိုးနှင့် ဒေါသ တကြီးပြောလေသည်။ သူသည် ရှီမန်ဆုန်းအား သုန်မှုန်နေသောမျက်နှာဖြင့် မေးလေသည် “ဆုန်အာ မင်းမှာပိုက်ဆံလိုနေရင်လည်း အဘိုးကိုပြောလေ.. ငါတို့ ရှီမန်မျိုးနွယ်က ရတနာတွေကို လေလံပစ်ရလောက်တဲ့ အခြေအနေ မရောက်သေးဘူး”

ရှီမန်ဆုန်းသည် ငိုအားထက်ရယ်အားသန်နေသည်။ သူသည် မျိုးနွယ်ကြီး လေးခု၏ တရားဝင်သားဖြစ်သည်။ သူသာ ရတနာများကို တိုးတိုးတိတ်တိတ် လေလံပစ်ပါက လူမိမည်မဟုတ်ပါလား။ သူသည် သူ့နဖူးသူရိုက်မိသည်။ “အဘိုး ကျွန်တော် လေလံပွဲကို ရတနာတွေပို့လိုက်တယ်ဆိုတာ ကျွန်တော် လည်းမသိရပါလား”

ရှီမန်ဆုန်းသည် ခေါင်းလှည့်ကာ လှပသောမိန်းမပျိုကိုမေးလိုက်သည် “ဒီသော့ကို ဘယ်သူပေးခိုင်းလိုက်လဲဆိုတာ ပြောပြလို့ရမလား”

တစ်စုံတစ်ယောက်သည် သူ့ကို လုပ်ကြံသည်ဟု သူ သံသယမဝင်ပေ။ သူနှင့် ရင်းနှီးသူမဟုတ်လျှင် ယခုလို ကောင်းကောင်းဆက်ဆံပေးမည်မဟုတ် ပေ။ ထင်ထားသည့်အတိုင်းပင် မိန်းမပျို၏အဖြေသည် ပေထင်းချင်းအား ဒေါသ ကြောင့် သွေးများပင် အန်သွားစေသည်။ သူမသည် ပြုံးပြီးပြောလိုက်သည် “သခင်ရှီမန်ဆုန်း.. သော့ပေးခိုင်းလိုက်တာ သခင်ပေထင်းဟွမ်ပါ”

“အဲကောင်လေးတော့” ပေထင်းချင်းသည် စားပွဲကိုရိုက်ကာ ဒေါသဖြင့် ထရပ်ရာ လေလံအိမ်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ “လေလံပစ်ဖို့ ဘယ်လိုရတနာမျိုးပေးလိုက်တာလဲ.. ဟင်း ငါဒီမှာထိုင်နေတာကို.. အထူးခန်း ကို ငါ့ကိုတောင်မဖိတ်ဘူး.. ငါ့ကို သူ့အဘိုးလို့ ဘယ်လိုများမသတ်မှတ်ရဲတာလဲ”

နှစ်ပေါင်း တစ်သောင်းကျော်ကြာအောင် တည်ရှိလာသော မျိုးနွယ်ကြီး လေးခုအတွက် ပတ္တမြားသည် မရှားလှပေ။ ထိုအစား သူတို့သည် ရတနာများကို လိုအပ်သည်။ သာမန်ပစ္စည်းတစ်ခုအတွက် တော်ဝင်လေလံအိမ်မှ အထူးခန်းကို ဖိတ်ကြားစရာအကြောင်းမရှိပေ။ သူ အဖိုးတန်ပစ္စည်းကို လေလံပစ်သည်က ထားတော့။ သို့သော် ပေထင်းချင်းသည် ပေထင်းဟွမ် ရောင်းရန်ကြိုစားသည့် ရတနာကို မမက်မောပေ။ ထိုအစား သူသည် ဘာကြောင့် အထူးခန်းကို မဖိတ် ကြားသနည်း။ ထိုကောင်လေးသည် ရန်ငြိုးထားသည့်အရာတွင် အလွန်တော် သည်။ သူသည် ထိုစဉ်က မြို့တော်မှ သူ့ကိုနှင်ထုတ်ခဲ့သည့်ကိစ္စကို ဒေါသထွက် နေခြင်းဖြစ်မည်။

ရလဒ်အနေနှင့် လေလံအိမ်တစ်ခုလုံးသည် သူ့အား မျောက်တစ်ကောင် လိုကြည့်ကြလေသည်။

ထိုလူများ၏ လှောင်ပြောင်သောအကြည့်များကို သူ နားမလည်ခြင်း မဟုတ်ပေ။

“တောင်းပန်ပါတယ် သခင်ဟောင်း.. ရောင်းချသူရဲ့ ကိုယ်ရေးကိုယ်တာ ကို ဖော်လို့မရပါဘူး” မိန်းမပျိုသည် ပေထင်းချင်းအား သနားစဖွယ်ကြည့်လေ သည် “သခင်ပေထင်းဟွမ်က သခင်ဟောင်းနာမည်ကို မပြောပါဘူး.. သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ အထူးခန်းကိုသွားဖို့ သခင်ရှီမန်ဆုန်းကိုပြောလိုက်တာ ပါ”

ဆိုလိုသည်မှာ ဤကိစ္စကို ပေထင်းဟွမ်မှဆုံးဖြတ်ပြီး သူတို့နှင့်ဘာမှ မဆိုင်ပေ။ ထိုအဘိုးကြိးသည် စိတ်ဆတ်သည်။ မိန်းမပျိုသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး ရှီမန်ဆုန်းအား နောက်မှလိုက်ခဲ့ရန် မျက်လုံးနှင့် အချက်ပြလေသည်။ သူမသည် ထိုအဘိုးကြီးနှင့် ခပ်ဝေးဝေးနေချင်သည်။

ရှီမန်ဆုန်းသည် ပေထင်းချင်းကို ခေါ်မသွားတော့ပေ။ သူသည် တုန်ဖန်းအောင်၊ နန်ကုန်းချန်ရှီးနှင့် တခြားသူများကိုခေါ်ကာ အထူးခန်းဆီသို့ မိန်းမပျိုလေးနောက်မှ လိုက်သွားလေသည်။

အထူးအခန်း၏ ပတ်ဝန်းကျင်ကိုတော့ ပြောရန်ပင်မလိုပေ။ သူတို့သည် မျိုးနွယ်ကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူများဖြစ်သော်လည်း အထူးအခန်းသို့ ဝင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့သည် ပတ်ပတ်လည်အား စပ်စု စွာကြည့်ပြီးနောက် ထိုင်လိုက်သည်။ နန်ကုန်းချန်ရှီးသည် မတတ်သာဘဲ မေးလေသည် “ခေါင်းဆောင်က လေလံအိမ်ကို ဘာပေးလိုက်လြမသိတော့ဘူး.. နတ်သားရဲများလား”

“နတ်သားရဲဆိုရင်တောင် ခေါ်ဈေးက ဘီလီယံဆယ်ချီပဲရှိဦးမှာ.. အဲအဆင့်လောက်နဲ့ အထူးခန်းပေးဖို့မလောက်ဘူး.. ဘာလဲဆိုတာတော့ ခဏ နေသိရမှာပဲမလား” ရှီမန်ဆုန်းသည် အပြင်ဘက်ရှိ လေလံခန်းမအား စိုက်ကြည့်နေသည်။ အထက်မှနေ၍ ကြီးမားသောသလင်းကျောက်နံရံကို ဖြတ် ပြီး အောက်ကိုရှင်းလင်းစွာမြင်နေရသည်။ သူသည် စိတ်ထဲမှ သက်ပြင်းချမိ သည်။ အမှန်ပင်။ ပိုက်ဆံနှင့် အာဏာရှိခြင်းသည် အလွန်ကောင်းသည်။

အထူးခန်းမှ မီးရောင်လင်းလာရာ လေလံကွင်းထဲထိုင်နေကြသူများသည် တစ်ချိန်တည်းမှာ လှမ်းကြည့်ကြသည်။ သူတို့သည် အပြင်မှ အထူးခန်းထဲမှ မြင်ကွင်းကိုမမြင်နိုင်သည်ကိုသိသော်လည်း ရှီမန်ဆုန်းနှင့်တခြားသူများသည် ဘဝင်မြင့်မိကြ၏။

တခြားသူများ၏လေးစားမှုကို မည်သူကမှ မငြင်းနိုင်ကြပေ။ ထိုလေးစား မှုသည် သူတို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ပေထင်းဟွမ်ကြောင့်ရလာသည်ဆို သော်ငြား ရှီမန်ဆုန်းနှင့် တခြားသူများသည် ပေထင်းဟွမ်၏ သူငယ်ချင်းဖြစ်ရ သည့်အတွက် ဂုဏ်ယူမိကြသည်...

All Chapters