အကြွင်းမဲ့သတ်ခြင်း၊ နတ်ဆိုးဘုရင်မ၏လက်နက်
Vol. 34 Ch. 677
ခေတ္တမျှထိတ်လန့်ပြီးနောက် လေထုသည်ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ရေအေးတစ်စက်သည် ဆီအိုးထဲသို့ ကျသွားသလိုပင်။ လေလံပွဲ သာမစသေးလျှင် အားလုံးမျှော်နေသည့် ရတနာထွက်လာခြင်းဖြစ်သည်ဟု ရှီမန်ဆုန်းတို့ တွေးမိကြမည်ဖြစ်သည်။
“မိုးနတ်မင်းရေ.. သခင်ပေထင်းဟွမ်က လေလံအိမ်ကို ဘယ်လိုရတနာ မျိုး ပေးလိုက်တာလဲ.. ဒါက အထူးခန်းနော်.. အထဲကိုဝင်ကြည့်ပြီး ချက်ချင်း ပြန်ထွက်လာရမယ်ဆိုရင်တောင် ငါကျေနပ်ပါြပီ”
“ဟေး ဟေး သခင်ပေထင်းဟွမ်ကိုသိတဲ့လူရှိလား.. ငါ့ကိုသူနဲ့မိတ်ဆက် ပေးလို့ရမလား.. သူ့သူငယ်ချင်းသာဖြစ်ရင် အောင်မြင်မယ်ဆိုတာ ငါ အာမခံ ပေးနိုင်တယ်”
“ငါရော သူ့သူငယ်ချင်းမဖြစ်ချင်ဘူးလို့ထင်နေလား… ငါ့အိပ်မက်ထဲမှာ တောင် စဉ်းစားပြီးပြီ.. သခင်ပေထင်းဟွမ်ကို ဘာလို့အရင်ကတည်းက မသိရ တာလဲ”
“ပေထင်းမိသားစုက ဟိုဘက်မှာပဲ သူတို့ကိုသွားမေးကြမလား”
“ငါမသွားဘူး.. ပေထင်းမိသားစုကလူတွေက ကလိမ်ကကျစ်တွေချည်းပဲ၊ သခင်ပေထင်းဟွမ်ကိုတောင် နှင်ထုတ်လိုက်သေးတယ်.. အဲဒီအဘိုးကြီး ပေထင်းချင်းကို ဓားနဲ့တောင်ထိုးသတ်ချင်တယ်.. ကံမကောင်းတာက ငါက ဝိညာဉ်သခင်ကြီးမှမဟုတ်တာ”
လူအုပ်ကြားထဲတွင် အပြစ်တင်ရှုတ်ချသံများ တစ်ခုပြီးတစ်ခု ပွက်ပွက်ညံ သွားသည်။ ပေထင်းချင်းက ဝိညာဉ်သခင်ကြီးဖြစ်နေလည်းဘာဖြစ်လဲ။ ပြောရ လျှင် ဥပဒေသည် လူအုပ်လိုက်ကြီးကို အပြစ်မပေးနိုင်ပေ။ ပေထင်းချင်းသည် တိုက်ကြီးပေါ်မှ အင်အားစုများအားလုံးကို သူ၏ရန်သူဖြစ်အောင်လုပ်ရန် အရည်အချင်းရှိသည်။ ပေထင်းချင်းမှ သူတို့ကို ကြိမ်းမောင်းလိုက်သည့်အချိန် ပေထင်းချင်းဘက်သို့ ခေါင်းလှည့်လာကာ မောက်မာသည့်မျက်နှာထားများဖြစ် နေသည်ကိုမြင်သည်နှင့် ပေထင်းချင်းသည် အသည်းနာကျင်လောက်အောင် ဒေါသဖြစ်လေသည်။
“ဟူး.. ဒါက ကိုယ့်မီးကိုယ်မွှေးတာပဲ” ပေထင်းချင်းသည် ပေထင်းဟွမ် အားသဘောမကျ၍ ယခုလိုဖြစ်ခြင်းမဟုတ်ကြောင်းကို နန်ကုန်းချန်းမင်သိ သည်။ ထိုစဉ်က ပေထင်းဟွမ်ကို သူ မြို့တော်မှနှင်ထုတ်ခဲ့သည်မှာ အကြောင်း အရင်းရှိရမည်။ သို့သော် ထိုအချိန်က နှင်မထုတ်ခဲ့ပါက ပြဿနာတစ်စုံတစ်ရာ ရှိရမည်။ သူသည် နောက်ကျောကို ဓားနှင့်ထိုးခြင်းကိုခံရလောက်သည်အထိ သဘောမကောင်းပေ။
ကံကောင်းစွာပင် လေလံပစ်သူသည် စင်ပေါ်တက်လာသည်။ ဆွဲဆောင် အားပြင်းပြီး လှပသော လေလံပစ်သူသည် ကောက်ကြောင်းလှသော သူမ၏ ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် ခပ်ကြပ်ကြပ်အဝတ်အစားများကို ဝတ်ဆင် ထားသ်ည။ သူမလက်ထဲမှ ကျိုင်းငယ်နှင့် စားပွဲကို ခပ်ကြမ်းကြမ်းလေးပုတ် လိုက်သည်နှင့် ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားလေတော့သည်။ သူမ ပြုံးပြီးကြေညာလိုက်သည် “ရာယာအင်ပါယာရဲ့ တော်ဝင်လေလံပွဲအခုပဲစတင် ပါပြီ”
သူမရှေ့မှ အဖြူရောင်ကျောက်စိမ်းစားပွဲသည် မူလက ပြီးပြည့်စုံသော အဖြူရောင်ကျောက်စိမ်းစားပွဲဖြစ်သည်။ ထိုအခိုက်အတန့်တွင် စားပွဲသည် ရုတ်တရက် နှစ်ခြမ်းပွင့်သွားလေသည်။ အဖြူရောင်ကျောက်စိမ်းလေးထောင့် ရုံငယ်သည် မြေပေါ်မှတဖြည်းဖြည်းမြင့်တက်လာပြီး ရှိနှင့်ပြီးသား အဖြူရောင် ကျောက်စိမ်းနှင့်ပေါင်းစပ်ကာ စားပွဲရှည်တစ်ခုဖြစ်သွားလေသည်။ ထိုအခိုက် အတန့်တွင် စားပွဲပေါ်၌ ရှေးဟောင်းအလင်းထွက်နေသည့် ဓားရှည်တစ်ချောင်း သည် အားလုံးရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။ ထိုဓားရှည်သည် အထူးသဖြင့် ထူးဆန်းသည်။ ထိုဓားရှည်ကိုကြည့်လိုက်လျှင် အကြည့်မလွှဲနိုင်မည်မဟုတ် ပေ။ ၎င်းသည် လူတစ်ဦး၏ဝိညာဉ်ကို ဝါးမျိုနိုင်သည့်အတိုင်းပင်။
ထိုနေရာတွင်ရှိနေကြသည့်လူများသည် သာမန်လူများမဟုတ်ကြပေ။ သူတို့သည် ထိုဓားရှည်ကိုမြင်သည်နှင့် တစ်စုံတစ်ရာထူးဆန်းနေသည်ကို သိနှင့် ပြီးသားဖြစ်သည်။ လေသံထွက်လာသည်နှင့် ထိုမြင်ကွင်းတွင် လှုပ်လှုပ်ရှားရှား အသံများထွက်လာသည်။
သေချာပေါက်ပင် လေလံပစ်သူအလှလေးသည် ထိုသက်ရောက်မှုကို အလွန်ကျေနပ်နေသည်။ ပထမဆုံးလေလံပစ္စည်းသည် မွှေနှောက်နိုင်သည်။ လေလံပစ်သူအနေနှင့် သူမအတွက် ချီးကျူးမှုတစ်ခုပင်။ သူမသည် ရေမြွေနှင့် တူသောခါးကိုလှည့်လိုက်ကာ ရင်ပြင်ထဲတွင် မိန်းမလှလေး၏ဆွဲဆောင်မှုရှိ သောအသံပေါ်ထွက်လာသည် “ဟုတ်တယ်.. မမှားဘူး.. ဒီလက်နက်ကို အကြွင်းမဲ့သတ်ခြင်းလို့ခေါ်တယ်.. နတ်ဆိုးဘုရင်မက ဒီလက်နက်ကိုသုံးခဲ့ တယ်လို့ ဒဏ္ဍာရီတွေထဲမှာတွေ့ရတယ်.. ဒါကိုနတ်ဆိုးဧကရာဇ်ကိုယ်တိုင် ခတ် ခဲ့တယ်လို့ပြောကြတယ်.. အရမ်းအေးတဲ့နေရာက ရေခဲသံမဏိနဲ့ အရမ်းပူတဲ့နေရာတွေက ဟုန်းဟုန်းတောက်ကျောက်တွေကို သုံးထားတယ်.. အဲတုန်းက နတ်ဆိုးဧကရာဇ်က အရမ်းငယ်ပြီးတော့ သူ့ရဲ့သွန်းလုပ်တဲ့ အဆင့် ကလည်းမမြင့်သေးဘူး.. ဒါက သာမန်အဆင့်မြင့်ဝိညာဉ်လက်နက်ပါပဲ.. ဒါပေမဲ့ သူ့ရဲ့ အသုံးဝင်မှုကတော့ ကောင်းကင်ကိုအံတုနိုင်တယ်.. နတ်ဘုရားသတ်ဖြတ် ခြင်းက အဲဒီအရည်အချင်းတွေထဲက တစ်ခုပဲ.. တခြားအရည်အချင်းသုံးခုကို အချိန်တစ်ခုထိမသိရသေးဘူး.. အဲဒါကိုပြဖို့ အနာဂတ်ပိုင်ရှင်လောင်းကို လိုနေ တယ်”
ရင်ပြင်တစ်ခုလုံးသည် ဟိန်းထွက်သွားသည်။ မည်သူသုံးခဲ့သည်၊ မည်သူက သွန်းလုပ်ခဲ့သည်ဆိုသည့် ဤဓား၏ဇာတ်လမ်းကို မည်သူမှဂရုမစိုက် ပေ။ သူတို့ဂရုစိုက်သည်မှာ ၎င်းသည် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်ပြီး ၎င်း အဆင့်မြင့်ဝိညာဉ်လက်နက်၏ ခေါ်ဈေးကိုပင်...