အစ်ကို ပိုက်ဆံရှိလား
Vol. 34 Ch. 678
သူတို့ကို ရင်ဖိုစေပြီးနောက် သူမသည် ပြုံးပြီးပြောလိုက်သည် “ဒီဝိညာဉ် လက်နက်ကို ညအရှင်သခင်ကိုယ်တိုင် ဈေးသတ်မှတ်ပေးထားတယ်.. ခေါ်ဈေး က ပတ္တမြား ၁ သန်းပါ.. တိုးသွားတိုင်းမှာ ခေါ်ဈေးရဲ့ ၁၀ ရာခိုင်နှုန်းအောက် မကျစေရဘူး.. အခု ဘေးက ဝိညာဉ်ပစ္စည်းနဲ့ ဈေးကိုတိုးပြောလို့ရပါပြီ”
လေလံပစ်သူအလှလေးသည် ထိုဓားရှည်ကိုမိတ်ဆက်ပြီးသည်နှင့် သူမ၏ အကြည့်သည် ထိုဓားရှည်ပေါ်တွင်မရှိတော့ပေ။ သူမ၏အကြည့်များသည် ပရိသတ်ကိုသာကြည့်နေသော်လည်း လက်များသည် ဓားရှည်ကို ကိုင်ထား၏။ သူမသည် လက်တစ်ဖက်ဖြင့်ဓားလက်ကိုင်ကိုကိုင်ကာ နောက်တစ်ဖက်ဖြင့် ဓားအိမ်ကိုကိုင်ကာ ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ စကြာဝဠာကို ဝါးမျို နိုင်သည့် အနက်ရောင် အလင်းတန်းတစ်ခု လက်ခနဲထွက်လာသည်။ ထိုနေရာ တွင်ရှိနေသည့်လူများသည် အားကောင်းသောကျွမ်းကျင်သူများဖြစ်ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးများကို လက်ဖြင့်ကာမိကြ၏။ မည်သူမှ ထိုဓားရှည်ကိုမကြည့်ရဲကြပေ။
စူးလိုက်တဲ့အလင်းပဲ။ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်လက်နက် ထက်မလျော့ပေ။ ဤကဲ့သို့ဓားကို စစ်မြေပြင်တွင် ရန်သူကို တိုက်ခိုက်ရာတွင် သုံးလျှင် လူသတ်လက်နက်ပင်ဖြစ်လိမ့်မည်။ စစ်မြေပြင်တွင် လူတစ်ဦး၏ စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဤဓားရှိစွမ်းအင်အလင်းသည် တစ်ဖက်လူ၏ စိတ်ကိုအနှောင့်အယှက်ဖြစ်စေသည်။ ဤဓား၏အရည်အချင်း သည် လွန်စွာပင် ထူးခြားလွန်းသည်။
ရာယာအင်ပါယာ၏ တော်ဝင်လေလံပွဲသည် ဤကဲ့သို့ ရတနာတစ်ခုကို ဖော်ထုတ်ရန် ပြည်မကြီးရှိ ထိပ်တန်းအဖွဲ့အစည်းများအားလုံးကို ဆွဲဆောင်နိုင် ခဲ့သည်မှာ အံ့ဩစရာတော့မဟုတ်တော့ပေ။
ဓားတစ်ချောင်းလုံးပေါ်ထွက်လုနီးနီးတွင် ပေထင်းဟွမ်၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ မျက်တောင်မခတ်စိုက်ကြည့်နေမိသည်။ သူမ၏ စိတ်သည် ဓားအလင်းကြောင့် တခြားသူများကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ် မသွားပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုဓားသည် သူမ၏ဝိညာဉ်ထဲထိ ရင်းနှီးနေ သလိုခံစားရသည်။
သူမသည် ထူးဆန်းသောအကြည့်ဖြင့် ဓားကိုကြည့်ရင်း ထင်ယောင်ထင် မှားဖြစ်သွားသလိုပင်။
“သခင် ဒီဓားက သာမန်အဆင့်မြင့်ဝိညာဉ်လက်နက်မဟုတ်ဘူး.. အဲအရူး တွေက သူတို့အတွက် ဘာကကောင်းလဲဆိုတာမသိကြဘူး” လေဟာနယ်ထဲ တွင် အဂူး၏အသ့သည် ပေထင်းဟွမ်၏နတ်အသိစိတ်ထဲတွင်ပေါ်လာသည် “ဒါက ထူးခြားတဲ့လက်နက်ပဲ.. သခင့်ရဲ့ခွန်အားနဲ့ဆိုရင် သူ့ရဲ့အသွင်အပြင်ကို ပြောင်းနိုင်ရုံတင်မကဘဲ ခွန်အားကိုမြင့်နိုင်တယ်.. ဒါပေမဲ့ အဲဒီဓားမှာ ဓားရှည်၊ ဓားတိုနဲ့ ဓားပျော့ဆိုပြီး ပုံစံသုံးမျိုးရှိသေးတယ်.. အဲဒါက သခင်လိုချင်တဲ့ အတိုင်း ပြောင်းနိုင်တယ်၊ စိတ်ရှုပ်ထွေးစေတာက သူ့အရည်အချင်းထဲကတစ် ခုပဲ.. နောက်တစ်ခုက သွေးဆာခြင်းလို့ခေါ်တဲ့ ကောင်းကင်အံတုတဲ့အရည် အချင်းလည်းရှိသေးတယ်”
အဂူးပြောသည့်စကားတိုင်းတွင် ပေထင်းဟွမ်၏ အမူအရာသည် ပို၍ပင် စိတ်ရှုပ်လာသည်။ သွေးဆာသည်ဟု ကြားသည်နှင့် ပေထင်းဟွမ်သည် အသက်ရှူမြန်လာသည်။ မိုက်လွန်းသည်။ သွေးဆာခြင်း။ သူသည် ပြိုင်ဘက်ကို ထိုးစိုက်နိုင်ကာ ပြိုင်ဘက်၏ သွေးအားလုံးကို စုပ်ထုတ်နိုင်သည့် စုပ်ခွက်တစ်ခုလိုပင်။ ၎င်းသည် သေမင်းလက်နက်ပင်။ ၎င်း မည်မျှ မြန်ဆန်သည်ကို ပေထင်းဟွမ်သည် မမှန်းနိုင်တော့ပေ။
“အစ်ကို အစ်ကိုကြီးမှာ ပိုက်ဆံရှိလား.. အဲဒီဝိညာဉ်လက်နက်ကိုလိုချင် လို့၊ ဒါပေမဲ့ ပိုက်ဆံလည်းမရှိဘူး” ပေထင်းဟွမ်သည် ပေထင်းကျင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ ပြန်မဖြေခင်တွင် အောက်မှ တစ်စုံတစ်ယောက်သည် တွေဝေခြင်းမရှိ ဘေးရှိခလုတ်ကို နှိပ်ကာ ဈေးခေါ်လိုက်သည်ကို ကြားလိုက်ရ သည်။ သူမ၏ကြည်လင်သောအသံသည် အလွန်စိတ်လှုပ်ရှားနေကာ ခန်းမထဲ တွင် ပဲ့တင်ထပ်သွားသည် “ပတ္တမြား ၂ သန်း”
တစ်ဖက်လူသည် ပတ္တမြား ၁၁ သိန်းသခေါ်ဆိုခဲ့သော်လည်း ပေထင်းဟွမ် သည် နှစ်ဆပေးခဲ့သည်။ သူမ မည်မျှစိတ်လှုပ်ရှားနေသနည်း။
လေလံပစ်သူအလှလေး ဓားရှည်ကိုထုတ်လိုက်သည့်အချိန်တွင် ယန်ယဲ့ ၏ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ လေလံပစ်သူအလှလေးမှ နတ်ဆိုး ဧကရာဇ်နှင့် နတ်ဆိုးဧကရီတို့အကြောင်းပြောပြချိန်တွင် သူသည် ပေထင်းဟွမ် ဆီမှ အဖြေရှာချင်သည့်အလား သူမ၏ မျက်နှာကိုသာစိုက်ကြည့်နေခဲ့သည်။ သူမ စိတ်လှုပ်ရှားပြီး ထိုဓားရှည်ကိုလိုချင်နေသည်ကို မြင်သောအခါ သက်ပြင်း ချလိုက်မိတော့သည်...