ဘယ်လောက်လဲ.. ညအရှင်အိမ်တော်ကပေးမယ်
Vol. 34 Ch. 679
ပေထင်းဟွမ်၏အသံသည် သလင်းကျောက်အသံလွှင့်စက်ကိုကျော်ဖြတ် ကာ ခန်းမတစ်ခုလုံးကို မြည်ဟီးသွားစေသည်။ အစပိုင်းတွင် မည်သူမှ မတုံ့ပြန် နိုင်ကြပေ။ တချို့လူများသည် သူတို့စိတ်ထဲမှ ကျိန်ဆဲမိကြသည်။ ဒီအလေအလွင့်က ဘယ်မိသားစုကလဲ။ ဒီလိုလေလံဆွဲတာမျိုးက ဘယ်လိုဖြစ် သင့်မှာလဲ။ သူကအစကတည်းက ဈေးကိုနှစ်ဆတင်နေတာ။ သူ့မှာ ပိုက်ဆံ ဘယ်လောက်ပေါနေလို့လဲ။
ပေထင်းကျင်သည် ရယ်ရမည်လား၊ ငိုရမည်လားမသိတော့ပေ။ ကံကောင်းစွာပင် သူ့တွင် နှစ်ပေါင်းများစွာဆုဆောင်းထားသော ပိုက်ဆံများရှိ သေးသည်။ မဟုတ်လျှင် သူမ ယခုလိုဖြုန်းတီးမှုအတွက် မလုံလောက်ပေ။
ထိပ်တန်းအထူးခန်းတွင် အလင်းများပိုလင်းလက်လာသည်။ ထိုအခန်း၏ လေလံဘုတ်ပြားကိုမြင်သောအခါ အားလုံးသည် ပါးစပ်အဟောင်းသားဖြစ်နေ ကြ၏။ ညအရှင်သခင်၏ လူများဖြစ်ကြသည်။
“ဒါ သခင်ကြီးပေထင်းဟွမ်ရဲ့အသံပဲ.. ငါ မှတ်မိတယ်၊ သခင်ကြီး ပေထင်းဟွမ်ရဲ့အသံပဲ”
“ငါလည်းသိတယ်.. သခင်ပေထင်းဟွမ်က လေလံဆွဲလိုက်တာပဲ၊ ဟူး.. သခင်ပေထင်းဟွမ်နဲ့ပြိုင်ပြီး ဘယ်သူလေလံဆွဲရဲလဲ”
“သေစမ်း သခင်ပေထင်းဟွမ်နဲ့ လေလံပြိုင်ဆွဲတဲ့သူက အရူးပဲ”
လူအုပ်ကြီးသည် ဟိန်းတက်လာသည်။ ပေထင်းဟွမ်၏အသံသည် ပြင်းထန်သော စိတ်ကြွဆေးနှင့်တူသည်။ သူမ၏အသံကို ကြားရသူတိုင်း စိတ်လှုပ်ရှားလာပြီး ပေထင်းဟွမ်ရှိသည့် ထိပ်တန်းအထူးခန်းကိုမော့ကြည့်မိ စေသည်။ တကယ်တော့ သူမ၏အသံကို မိန်းကလေးများကြားလိုက်သည့် အချိန်တွင် ပေထင်းဟွမ်သည် သူတို့ကိုစိုက်ကြည့်နေသည့်အလား ရှက်ရွံ့သွား ကြသည်။
ပေထင်းဟွမ် အဆိပ်ခတ်လိုက်ရာ လေထဲတွင်ပျံ့သွားသလိုပင်။ မိန်းကလေးယောက်ျားလေး မည်သူကမှ မခံနိုင်ကြပေ။
ယဲ့ဟွာ၏ရင်ဘတ်သည် ခပ်ကြမ်းကြမ်းလှုပ်ခတ်လာသည်။ သူမသည် အံကိုတင်းတင်းကြိတ်ကာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာနှင့်လည်ပင်းများ နီရဲ နေသော မိန်းမပျို၊ ယောက်ျားပျိုတို့ကို မုန်းတီးစွာကြည့်လိုက်သည်။ သူမသည် လက်ဖြင့် လေလံဆွဲပစ္စည်းကို ခပ်ကြမ်းကြမ်းပုတ်ပြီးပြောလိုက်သည် “ပတ္တမြား ၃ သန်း”
ဟား...
နေရာတစ်ခုလုံးတိတ်ဆိတ်သွားကြသည်။ မျက်လုံးများသည် သူတော်စင်မ ယဲ့ဟွာဆီရောက်လာကြသည်။ အကြောင်းအရင်းတချို့ကြောင့် သူမသည် ဖြူစင်ပြီးလှပသည်ဟုတွေးကြသော တိုက်ကြီးပေါ်မှ ကျွမ်းကျင်သူ တို့သည် သူမ၏ အမုန်းတရားနှင့် မနာလိုမှုများပြည့်နေသော မျက်နှာကိုမြင် သောအခါ စိတ်ထဲမှရေရွတ်မိကြသည်။ သေစမ်း.. အရင်တုန်းက သူတို့တွေ ကန်းများကန်းခဲ့ကြတာလား။ ဒီလိုရက်စက်တဲ့မျက်နှာမျိုးက လှတယ်လို့ ဘာလို့တွေးခဲ့ကြတာလဲ။
“ပေထင်းယိ.. ကျွန်မက ဒီဓားရှည်ကိုလေလံဆွဲချင်ရင် ရှင်ကျွန်မကို ကူညီမယ်မလား” ယဲ့ဟွာသည် မျက်ခုံးများကိုပင့်ကာ သူမအားစောင့်ကြပ်နေ သော ပေထင်းယိအား ကြည့်လိုက်သည်။ သူသည် ပေထင်းမိသားစုအခန်းတွင် မထိုင်ဘဲ ယဲ့ဟွာနှင့်အတူထိုင်နေသည်။
“သေချာတာပေါ့” သေချာပေါက်ပင်.. ယဲ့ဟွာသည် သူ့ကိုကူငွေချေပေး စေလိုသည်ကို ပေထင်းယိသိသည်။ အဲတော့ ဘာဖြစ်လဲ။ တိုက်ကြီးပေါ်မှ ယောက်ျားများသည် ဤအခွင့်အရေးကိုလိုချင်ကြကာ ထိုအခွင့်အရေးကို သူ ရခဲ့သည်။ “ငါက ပတ္တမြားအများကြီးမပေးနိုင်ရင်တောင် အဘိုးက ငါ့ကို ထောက်ပံ့ပေးမှာပါ”
သေချာပေါက်ပင်၊ ပေထင်းမိသားစုမှ အကြီးအကဲကြီးသည် ဤမျှ ငွေပမာဏကို တတ်နိုင်သည်။
ယဲ့ဟွာလေလံဆွဲသည်ကိုကြားပြီး ပေထင်းဟွမ်သည် နှာရှုတ်ကာ ယန်ယဲ့ အား အပြုံးခပ်သဲ့သဲ့ဖြင့် စိုက်ကြည့်လေသည်။ ယန်ယဲ့သည် ခေါင်းကိုက်လာ သည်။ သူသည် လက်မြှောက်ကာ နဖူးကိုပွတ်ပြီး မတတ်သာစွာဖြင့်ပြောလေ သည် “ဟွမ်အာ အဲဒါဘယ်လောက်လဲ.. ညအရှင်အိမ်တော်ကပေးမယ်”
“ဟင်း အဲဒါပိုကြိုက်တယ်” ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြော လေသည်။ သူတို့ပေးသင့်တာမဟုတ်ဘူးလား။ ဒါက ညအရှင်ကြောင့်ဖြစ်ခဲ့တဲ့ ကိစ္စလေ။ အစ်ကိုကြီးက ဘာလို့ပိုက်ဆံပေးရမှာလဲ။
“မလိုပါဘူး” ပေထင်းကျင်၏အသံသည် အေးစက်ကာ ယန်ယဲ့အား စိုက်ကြည့်လေသည် “ရှောင်ကျို့အတွက် ဓားရှည်တစ်ချောင်းဝယ်ပေးဖို့ ပိုက်ဆံရှိသေးတယ်”
ထိပ်တန်းလေလံခန်းတွင် အသံထွက်မလာတော့ပေ။ အားလုံး၏ နှလုံး များတင်းကြပ်သွားသည်။ သခင်ပေထင်းဟွမ်မှာ ပိုက်ဆံမရှိလို့လား။ မျက်လုံး များသည် ယဲ့ဟွာဆီမှ ထိပ်တန်းလေလံခန်းဆီသို့ရောက်သွားပြီး လေလံဘုတ် ဆီမှ နံပါတ်ကိုစိုက်ကြည့်နေကြသည်။ ထိုအခိုက်တွင် ရင်ပြင်ထဲမှ အသံအိုတစ် သံထွက်လာခဲ့သည် “ပတ္တမြား ၃ သန်း..ခွဲ”