← Chapters

၁၅ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်

Vol. 34 Ch. 680

၁၅ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်

Vol. 34 Ch. 680

အနည်းငယ်အိုနေသည့်အသံထွက်လာသည်နှင့် အားလုံးသည် အသံလာ ရာကြည့်လိုက်ရာ ပေထင်းမိသားစုထိုင်ခုံမှ လေလံအချက်ပြမီးလင်းလာသည် ကို မြင်လိုက်ရသည်။ ထိုစကားပြောသမှာ မြေးဖြစ်သူကို သဘောမကျသည့် ပေထင်းချင်းအပြင် မရှိတော့ပေ။

“သေစမ်း ဒီအဘိုးကြီးက ဘာအဓိပ္ပာယ်လဲ.. ငါ့ကိုမကြိုက်တာနဲ့ပဲ ဒီလို လုပ်ဖို့မလိုပါဘူး” ပေထင်းဟွမ်သည် ဒေါသတကြီးမတ်တတ်ရပ်က ထိပ်တန်း အထူးခန်းမှ လေလံစက်ကို လက်ဖြင့်ရိုက်ရန်မြှောက်လိုက်သော်လည်း ပေထင်းကျင်မှ သူမကိုတားလိုက်သည်။

“ရှောင်ကျို့ နေဦး” ပေထင်းကျင်သည် ပေထင်းချင်းဘက်တွင် ၁၀ နှစ် ကျော်ကြာအောင် နေလာခဲ့ရာ အဘိုးဖြစ်သူအကြောင်းကို အနည်းနှင့်အများ သိသည်။ သူသည် သူ့မျက်နှာကို လွန်စွာဂရုစိုက်သူဖြစ်သည်။ သူ ပေထင်းဟွမ် အားမည်မျှပင် သဘောမကျစေကာမူ တိုက်ကြီးတစ်ခုလုံးရှေ့တွင် ရှောင်ကျို့ ကို အရှက်ခွဲမည်မဟုတ်ပေ။

သို့သော် တခြားသူများသည်ထိုသို့မတွေးပေ။ သူတို့အားလုံးသည် ပေထင်းဟွမ်အား သနားစဖွယ်ကြည့်ကြလေသည်။ ပေထင်းဟွမ်က အားကောင်းနေလည်းဘာလုပ်ရမှာလဲ။ သူမရဲ့မိသားစုကနေ စွန့်ပစ်တာခံရတဲ့ သူပဲ။ အခု သူ့အဘိုးအရင်းကတောင် လူတွေအများကြီးရှေ့မှာ သူနဲ့ အဆင့်မြင့် ဝိညာဉ်လက်နက်အတွက် ဈေးပြိုင်နေတာပဲ။

“ဟွာအာ ကြည့်လိုက်.. ငါပြောတာမှန်တယ်မလား.. မိသားစုက ပေထင်းဟွမ်ဘက်မလိုက်ဘူးလို့.. ငါ့ကိုထောက်ပံ့ပေးတဲ့ ဂိုဏ်းတစ်ခုဖြစ်လာ မှာပဲ” ပေထင်းယိသည် ကြည်နူးစွာဖြင့် ထိပ်တန်းအထူးခန်းရှိရာဘက်သို့ ထောင်လွှားစွာကြည့်လိုက်သည်။ “မဟုတ်ရင် လွန်ခဲ့တဲ့ ၁၀ နှစ်က မိသားစုက အဲဒီအရူး ပေထင်းဟွမ်ကို အကြီးအကဲတွေကန့်ကွက်နေတဲ့ကြားက လော့ပေမြို့ကိုပို့မှာမဟုတ်ဘူး”

သူတော်စင်မယဲ့ဟွာသည် မျက်နှာပိုကောင်းလာသည်။ သူမ၏နှုတ်ခမ်း ထောင့်များသည် ထောင်လွှားစွာကွေးတက်သွားကာ ထိပ်တန်းအထူးခန်းကို မျက်နှာလှည့်လိုက်သည်။ သူမမျက်လုံးထဲမှ ရက်စက်မှုများသည် လုံးဝလျော့ မသွားပေ။ ပေထင်းဟွမ် ဒီနေ့ အရှင့်ရဲ့နယ်နိမိတ်ထဲကို မင်းဘယ်လို လျှောက် သွားခဲ့တာလဲ။ မနက်ဖြန်ကျ လေးဘက်ထောက်ပြီး ပြန်ထွက်လာစေရမယ်။

သူတော်စင်မယဲ့ဟွာသည် အသံကိုမြှင့်ကာ ပြုံးလိုက်သည်။ “သခင်အို ပေထင်း.. ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. သခင်ကြီးသာ ဒီ အဆင့်မြင့်ဝိညာဉ်လက်နက်ကို ကူပြီးလုပေးမယ်ဆိုရင် စီရင်ချက်ဗိမာန်က ဒီဈေးထက် ၁၀ ဆပေးပြီး ပြန်‌ဝယ်ပါ့မယ်”

ဟား

အားလုံးသည် တညီတညာတည်း ပင့်သက်ရှိုက်မိကြသည်။ ဒါ ဘာ အဓိပ္ပာယ်လဲ။ သူက မြေးအဘိုးနှစ်ယောက်ကြားကို သွေးခွဲဖို့ကြိုးစားနေတာ လား။

အမှန်ပင်.. မိန်းကလေးတစ်ယောက်၏ နှလုံးသားသည် ကင်းမြီးကောက် အဆိပ်လိုပင်။

ဒီလိုမျိုးအစီအစဉ်ရှိတာ သူမ ဘယ်လောက်တောင်ရက်စက်လိုက်လဲ။ ချက်ချင်းဆိုသလိုပင် အားလုံးသည် သူတော်စင်မယဲ့ဟွာအား ကြောက်လန့် သည့်အကြည့်ဖြင့်ကြည့်ကြသည်။ ယဲ့ဟွာ၏မျက်လုံးထဲတွင် ထိုအကြောက် တရားသည် သူမကို ပိုရူးသွပ်စေသည်။ ၎င်းသည် သူမလိုချင်သည့် သက်ရောက် မှုဖြစ်သည်။ သူမလိုချင်သည်မှာ အားလုံးသည် သူမကိုကြောက်ရမည်ဖြစ်၏။

“ဟင်း” ပေထင်းချင်းသည် ယဲ့ဟွာ၏မျက်လုံးထဲမှ ရူးသွပ်မှုကိုမြင်သော အခါ လှောင်ပြောင်သလို နှာမှုတ်လေသည် “သခင်မလေး.. ငါက အိုနေလို့ တုံးတယ်လို့ထင်နေတာလား.. ဒီလိုယုံကြည်မှုတွေ မင်း ဘယ်ကရတာလဲဆို တာကို ငါမသိဘူး.. ငါမင်းကို ကူညီတယ်လို့ထင်နေတာပဲ.. ပေထင်းဟွမ်ကို ဘယ်လောက်ပဲ စိတ်ပျက်ပါစေ သူက ငါ့မြေးပဲ.. မင်းကိုပြောလိုက်မယ်၊ ငါ့မြေး က ဒီဓားရှည်ကိုကြိုက်တယ်.. ငါမွဲသွားပါစေ ဒီဓားကိုလေလံဆွဲပြီး သူ့ရဲ့ ၁၅ နှစ် ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပေးမှာ”

ဘုန်း

နေရာတစ်ခုခုံးသည် ဟိန်းသံထွက်သွားသည်။ အားလုံး၏မျက်နှာများ တွင် ရှုပ်ထွေးသည့်မျက်နှာထားများဖြစ်နေကြသည်။ သူတို့သည် အပြစ်မကင်း မှုများ၊ ထိတ်လန့်မှုများနှင့် သဘာဝကျသည်ဟု ခံစားနေရသည်။ မည်သို့ပင် ဖြစ်စေကာမူ သွေးသားတော်စပ်မှုကို လိမ်မရပေ။ ၎င်းသည် အရိုးနှင့် အကြော ဆက်သွယ်မျုများကို ချိုးဖောက်မည်ဟု ဆိုလိုနေခြင်းပင်။

အစောလေးတင်ကပင် ပေထင်းဟွမ်သည် သနားစရာကောင်းသည်ဟု အားလုံးတွေးခဲ့ကြသည်။ ဤအခိုက်အတန့်တွင် အားလုံးသည် အားကျလုနီးပါး ပင်။ ပေထင်းဟွမ်သည် မိသားစု၏စွန့်ပစ်ခြင်းကို ခံ၇သူမဟုတ်ပေ။ သခင်အို၏ မြေးအရင်းပီသသည်။ သူ့ကိုကြည့်လျှင် ထောင်လွှားပြီး မရေမတွက်နိုင်သော ပြဿနာရှာချိန်တွင် သခင်အိုသည် သူ့ကိုအပြစ်ပေးသော်လည်း အရေးကြုံ သည့်အခိုက်အတန့်တွင် သူ့ဘက်တွင်ရပ်တည်ပေးသည်။

၎င်းသည် မတူညီသောအချစ်ဖြစ်သည်။ ထိုနေရာရှိယောက်ျားလေး မိန်းကလေးများသည် ပေထင်းချင်းအား ကြယ်ရောင်တောက်သော မျက်လုံး များဖြင့်ကြည့်ကြလေသည်။ သူတို့သည်လည်း ဤကဲ့သို့လွှမ်းမိုးနိုင်သည့် အဘိုးမျိုးကိုလိုချင်သည်။ သူတို့ဘာလုပ်ရမလဲ..

All Chapters