← Chapters

ညှိနှိုင်းမှုများ

Vol. 76 Ch. 1053

ညှိနှိုင်းမှုများ

Vol. 76 Ch. 1053

“မင်းကို ကုသိုလ်ချေးငှားဖို့က ပြဿနာမရှိဘူး။” ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက် ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ကုသိုလ်ကို အတိုးနဲ့ ပြန်မလိုချင်ဘူး”

ထိုစကားများကို ကြားပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က ချက်ချင်းဆိုသလို သတိကြီးကြီးထားလိုက်၏။ သူမက နတ်ဆိုးတစ်ကောင်နှင့် အပေးအယူ လုပ်သလိုမျိုး ခံစားနေရကာ ထိုသို့သော အပေးအယူက ဘယ်တော့မှ တန်မည် မဟုတ်ပေ။

“ရှင်က ဘာလိုချင်တာလဲ”

“မင်းတို့ ရှေးဟောင်းမျိုးနွယ်ရဲ့ ချီကံကောင်းမှု စုစည်းရေးပစ္စည်းကို ငါ အုပ်စိုးနေတဲ့ ကာလအတွင်း ငှားချင်တယ်” ဝမ်ဝေ့က တဲ့တိုးသာ ပြောလိုက်သည်။

ဟို့ဖုန်းဟွမ်က ထိုအကြောင်းအရာကို ချက်ချင်း ငြင်းပယ်လို၏။ သို့သော် သူမက ဆန္ဒကို ထိန်းချုပ်ကာ မိနစ်ပိုင်းကြာ စဉ်းစားလိုက်သည်။

“ရှင့်ကို ဒီမျိုးဆက်အတွက် ငှားဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မ ချေးငှားမဲ့ ကုသိုလ်ပမာဏ နည်းနည်းလေးနဲ့ ဒီအပေးအယူမျိုးက မလုံလောက်ဘူး”

သူမက ကုသိုလ်ပမာဏအမြောက်အများ စုဆောင်းမိပြီးပြီ ဖြစ်သော်လည်း လိုအပ်နေဆဲ ဖြစ်၏။ ချဲ့ထွင်မှုအစောပိုင်းခေတ်ကာလက ပြီးဆုံးသွားပြီဖြစ်ရာ ကုသိုလ်ကို စုဆောင်းဖို့က ယခင်လောက် လျင်မြန်ခြင်း မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကုသိုလ်ကို စုဆောင်းနိုင်ဆဲဖြစ်သည့်အတွက် ယခင်နှင့် ယှဉ်လိုက်လျှင် လိပ်တစ်ကောင် တွားသွားနေသည့်နှုန်းသာ ဖြစ်သွားသည်။

ဟို့ဖုန်းဟွမ်က သူမသာ စောင့်ဆိုင်းသရွေ့ လိုအပ်သည့် ကုသိုလ်ပမာဏကို စုဆောင်းနိုင်လိမ့်မည်။ အောင်းရှန်၏ အောင်မြင်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် သူမက ယှဉ်ပြိုင်လိုသည့် သဘာဝကြောင့် တောင်းဆိုလာခြင်း ဖြစ်၏။

“ကောင်းပြီလေ … မင်းက ဘယ်လိုလုပ်ရင် မျှတမယ်လို့ ထင်လဲ”

“ကျွန်မ တွေးပါရစေဦး။ ကျွန်မ လိုအပ်တဲ့ ကုသိုလ်အပြင် အနာဂတ် ချဲ့ထွင်တဲ့အခါ ရှေးဟောင်းမျိုးနွယ်အတွက် ကမ္ဘာ့အသိုက်အဝန်းတချို့လည်း လိုချင်တယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ပြီးတော့ မျိုးဆက်ဆယ်ခုကြာ ကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးကိုလည်း လိုချင်တယ်”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“ဒါက မထိုက်တန်ဘူးလို့ မထင်ဘူးလား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။

“ရှင်က ကမ္ဘာရဲ့ ချီကံကောင်းမှု အသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းဖို့ ကြိုးစားနေမှန်း သိတယ်။ တခြားသူတွေက ကျွန်မတို့ ရှေးဟောင်းမျိုးနွယ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

သူမက အပိုပြောနေခြင်း မဟုတ်ပေ။ သူတို့၏ မျိုးနွယ်က ထူးကဲသည့် ကောင်းချီးပေးမှုမျိုး ပါဝင်နေသည်။ တာအိုဖခင် ချီကံကောင်းမှု၊ ဆေးဝါးဘိုးဘေး ချီကံကောင်းမှု၊ အဆောင်ဘိုးဘေး၊ အစီအရင်ဘိုးဘေးနှင့် လက်နက်ဘိုးဘေးများပင် အပါအဝင် ဖြစ်၏။ သူတို့မျိုးနွယ်၏ ချီကံကောင်းမှုက တခြားသူများလောက် အားမကောင်းသည်မှာ သူတို့သည် ယခင်ခေတ်အဟောင်းမှ ဖြစ်၍ ဖြစ်သည်။ သို့သော် ထိုကြမ္မာက သူတို့ကို ကောင်းချီးပေးထားသည့်အတွက် များပြားနေဆဲသာ ဖြစ်၏။ ချီကံကောင်းမှုအမျိုးမျိုး ရောနှောနေသည့်အချက်ကို ထည့်မပြောရသေးပေ။

ထို့ကြောင့် သူမ တောင်းဆိုသည့်တန်ကြေးက ထိုက်တန်လေသည်။

“မင်းက နားလည်မှုလွဲနေပြီ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ချဲ့ထွင်မှုက ငါတို့တွေက တခြားကမ္ဘာ့အသိုက်အဝန်းတွေကို သိမ်းပိုက်မှာမျိုး မဟုတ်ဘူး။”

“အဲ့လိုမဟုတ်ဘူးလား။ လူတော်တော်များများက အဲဒါက နောက်ခြေလှမ်းလို့ ထင်ပြီးတော့ ရောက်ရှိလာမဲ့ အလွှာကြားက စစ်ပွဲအတွက်တောင် ပြင်ဆင်နေကြတာ”

“ငါက သိမ်မွေ့တဲ့ ချဉ်းကပ်မှုမျိုးကိုပဲ သုံးချင်တာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါတို့ရဲ့ ချဲ့ထွင်မှုက သေမျိုးအဖွဲ့အစည်း၊ အိပ်မက်လောကနဲ့ ဉာဏ်အလင်းပွင့်ဗိမာန်တို့ပဲ”

အုပ်ချုပ်ကာ လွှမ်းမိုးခြင်းက သူ့ခေတ်ကာလ၏ ရှည်ကြာမှုအပေါ် သက်ရောက်မှုရှိလာနိုင်သည်။ ထို့ကြောင့် သူက ငြိမ်းချမ်းသည့် ချဉ်းကပ်မှုမျိုးကို ပြုလုပ်လို၏။ ဝမ်ဝေ့က သူ့နည်းလမ်းသည် ရန်သူများစွာကို စုစည်းမိမည်ဖြစ်ကြောင်း သိထားလေ၏။

ထိုကမ္ဘာများက နယ်ခြားများအား သူတို့၏ သမိုင်းကြောင်းကို လွှမ်းမိုးခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို သဘောကျကြမည်မဟုတ်ပေ။ ဝမ်ဝေ့က ထိုအရာများကို ဖြန့်ဝေပြီး ကုသိုလ်များကို စုဆောင်းဖို့ လိုအပ်လာသည့် နည်းလမ်းများကို ပြင်ဆင်ထား၏။ သူက အကျိုးဆက်ကိုပင် ကြိုတင်တွက်ဆထားသည်။

ဟို့ဖုန်းဟွမ်က ထိုစကားကို ကြားကာ မျက်မှောင်ကြုတ်လိုက်၏။

“မင်းဘာတွေတွေးနေတယ်ဆိုတာကို သိတယ်။ ဒီတစ်ကြိမ် သေမျိုးအဖွဲ့အစည်းရဲ့ ၉၅ ရာခိုင်နှုန်းက မင်းတို့ဆီ ရောက်သွားပြီးတော့ ငါက ငါးရာခိုင်နှုန်းပဲ ယူမှာ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“နတ်ရာထူးနဲ့ တခြားအကျိုးအမြတ်တွေအတွက်တော့ အဓိပ္ပာယ်ရှိပါတယ်” ဟို့ဖုန်းဟွမ်က ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်း လက်ခံရရှိမည့် အကျိုးအမြတ်များကို တွေးကြည့်ကာ အားကျမနာလို ဖြစ်နေမိသည်။

“တခြားကမ္ဘာ့အသိုက်အဝန်းထဲမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ခုံရုံးကို တည်ထောင်ဖို့ ခွင့်ပြုထားလား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။

“အင်း။ ဒါပေမဲ့ ဒီခုံရုံးမှာ မင်းတို့ရဲ့ အာဏာကို လျှော့ချရမယ်။ မဟာအဆောင်မြို့တော်လိုပေါ့”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ကုသိုလ် ၉၅ ရာခိုင်နှုန်း တိုးမြှင့်ထားသော်လည်း ချဲ့ထွင်မှုက ထင်ရသလောက် ရိုးရှင်းမည် မဟုတ်ပေ။ အကြောင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုနှင့် စစ်ပွဲများပင် ပါဝင်နိုင်လေ၏။ တခြားသောကမ္ဘာများတွင် စွန့်စားမှုက ပိုမိုကြီးမားလာပြီး လူတချို့က အကျိုးအမြတ် ထိုက်တန်ရဲ့လားဟု စတင်တွက်ချက်လာကြလိမ့်မည်။

“ချဲ့ထွင်မှုရဲ့ အကျိုးအမြတ်ကိုတော့ ထားလိုက်ပါတော့” သူမက ပြောလိုက်သည်။

“တကယ်လို့ ကျွန်မတို့ရဲ့ ကံကောင်းမှု အသုံးအဆောင်ပစ္စည်းကို လိုချင်တယ်ဆိုရင် ကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးကတော့ ညှိနှိုင်းလို့ မရဘူး”

“အဲဒါကို ပေးဖို့က ပြဿနာ မရှိဘူး။ ဒါပေမဲ့ မျိုးဆက် ၁၀ခုက အရမ်းကို ကြာလွန်းတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ဒီနေရာရဲ့ မတည်ငြိမ်မှုကို စဉ်းစားလိုက်ရင် အဲ့လောက်ကြီးတော့ မဟုတ်ပါဘူး။ ရှင် လုပ်ဆောင်ခဲ့တဲ့ သက်ရောက်မှုတွေ အားလုံးနဲ့ဆိုရင် ဒုတိယတန်းစားဧကရာဇ်က ပေါ်ထွက်လာပြီး ပလ္လင်ပေါ်မှာ ထိုင်ဖို့က အရည်အချင်း ပြည့်မှီဖို့ ဘယ်လောက်ခက်ခဲမယ် မှတ်လဲ။” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“နောက်ထပ် မျိုးဆက်ရာချီအထိ အသင်္ချေအင်ပါယာကမ္ဘာမှာ ပါရမီရှင်အများကြီးနဲ့ ထိပ်တန်းဧကရာဇ်အများကြီး ထွက်ပေါ်လာမယ်ဆိုတာကို သိတယ်။ ကျွန်မတို့ရဲ့ ရှေးဟောင်းမျိုးနွယ်က ဒီလိုကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးကိုသုံးဖို့ အခွင့်အရေးက ဘယ်အချိန်က ရမှာလဲဆိုတာကို ဘယ်သူကများ သိမှာတုန်း”

“အင်း ပြောတာ ကောင်းတယ်။ ဒါပေမဲ့ ဟာကွက်ရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါက ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်ရဲ့လားဆိုတာကို ဆုံးဖြတ်ဖို့ စစ်ဆေးမှုတွေ ချန်ထားမယ်လို့ ပြောပြီးသွားပြီ။ တကယ်လို့ တစ်စုံတစ်ယောက်က စွမ်းအား လိုအပ်ချက် ကိုက်ညီတယ်ဆိုရင်တောင် သူတို့က ငါ့ရဲ့ တခြားလိုအပ်ချက်တွေကို မပြည့်မှီရင် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်မှာမဟုတ်ဘူး”

ဝမ်ဝေ့က သူမကို ကြည့်ကာ ပြောလိုက်သည်။

“ကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးက လူတော်တော်များများ ယုံကြည်ထားတာထက် ပိုပြီးတော့ သုံးရလိမ့်မယ်။ အဲဒါဆိုတော့ မင်းကို မျိုးဆက်တစ်ခုစာပဲ ပေးနိုင်တယ်။ ငါက အသုံးအဆောင်ပစ္စည်းကို အချိန်တိုလောက်ပဲ သုံးမှာပဲလေ”

“အဲဒါက အရမ်းကို နည်းလွန်းတယ်” ဟို့ဖုန်းဟွမ်က ပြန်လည်ချေပလိုက်သည်။

“ကျရှံးသွားပြီး အားကောင်းတဲ့ ဧကရာဇ်ရှိတဲ့အခါ ကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးက အရမ်းကို အန္တရာယ်များလွန်းတယ်”

“မင်းက အကျိုးအမြတ်ကို လိုချင်ပြီး ပြဿနာကိုတော့ ရှောင်လွှဲလို့ မရဘူးလေ”

“ကျွန်မက အကျိုးအမြတ်ကို ညှိနှိုင်းနေမှတော့ ဒါပဲ ဂရုစိုက်မှာပေါ့။ ရှေးဟောင်းမျိုးနွယ်က ကိုယ်စားလှယ်ရာထူးကို သုံးနေရင်း ရန်သူတွေအကြောင်း စိုးရိမ်နေရရင် ဒီရာထူးရဲ့ တန်ဖိုးက လျော့ကျသွားမှာပဲ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ငါ ထွက်သွားတဲ့အချိန် ဒီရာထူးက ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို သိလို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒီအသုံးမဝင်တဲ့ လှည့်ကွက်တွေလည်း ကျွန်မအပေါ် သုံးမနေနဲ့” ဟို့ဖုန်းဟွမ်က ပြန်လည်ပြောလိုက်၏။

“ရှင်ရော ကျွန်မရော။ ရှင် ထွက်သွားတာနဲ့ ကမ္ဘာကြီးက အရင်ကလို ပြန်လည်ပြောင်းလဲသွားမယ်ဆိုတာ သိကြတာပဲ”

ဝမ်ဝေ့က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုရလဒ်ကို ထင်မှတ်ထားပြီးသား ဖြစ်သည်။ နှမြောစရာကောင်းလှသည်က လူများစွာအား အတင်းအကြပ် ပြောင်းလဲခဲ့သည့် တန်ကြေးသာဖြစ်ပြီး ပြင်ဆင်ထားမှုမရှိဘဲ အလျင်အမြန် တိုးတက်လာမှုအတွက်သာ ဖြစ်သည်။ ထို့အပြင် ကျင့်ကြံရေးလောက၏ ရှေးရိုးစွဲလူများလည်း ရှိနေကြ၏။

လူများစွာက သူ့အိပ်မက်လောကသည် အကူအညီဖြစ်သည်ဟု ထင်ကာ ကာကွယ်ကြလိမ့်မည်။ ထို့အပြင် အစစ်အမှန်ကောင်းကင်တာအိုက ထိုအရာ၏ သက်ရောက်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်မှ ဖယ်ရှားပစ်လိုမည် မဟုတ်ပေ။ ခုံရုံးက မိုးမြေ၏ ခေတ်စားမှုတစ်ခု ဖြစ်လာသည့်အတွက် အချိန်အတော်ကြာ အဆင်ပြေနေလိမ့်မည်။

သူ သေမျိုးများထံ ယူဆောင်လာသည့် တိုးတက်နှုန်းက ပျောက်ကွယ်သွားလိမ့်မည်။ ကျင့်ကြံသူများက သေမျိုးများကို အထင်သေးလေ့ရှိပြီး တစ်သားတည်းဟု ဘယ်တုန်းကမှ လက်ခံထားကြခြင်း မဟုတ်ပေ။ ပို၍ဆိုးရွားသည်က လူများစွာသည် သေမျိုးများသည် ယခင်အတိုင်း မညစ်ပတ်တော့ဘဲ မသိနားမလည်သည့်သူများ မဟုတ်တော့ကြောင်း လက်ခံထားခြင်း မရှိပေ။

ကံကောင်းစွာဖြင့် သေမျိုးများက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဉာဏ်အလင်းပွင့်ဗိမာန်ကို မှီခိုနိုင်သည်။ အကယ်၍ တချို့သော ကမ္ဘာများက ဆန်းကြယ်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါက သေမျိုးပညာရပ်သည် မသေမျိုးအနေအထားအထိ ရောက်ရှိသွားမည်ဖြစ်ကာ ကမ္ဘာကို ကယ်တင်နိုင်လိမ့်မည်။

“ကိစ္စတွေက မင်း ပြောသလိုမျိုး ပြိုလဲသွားမှာ မဟုတ်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စွမ်းအားက ကမ္ဘာထံ ယူဆောင်လာသည့် အကြောက်တရားက ထိုသူများအား မျိုးဆက်ဒါဇင်ချီ ကြာသည့်တိုင် သူ့အမွေအနှစ်ကို ဖယ်ရှားခြင်းမှ ကာကွယ်ထားလိမ့်မည်။ ထို့အပြင် သူက သေမျိုးများအတွက် တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို ချန်ထားပေးခဲ့နိုင်၏။

ထိုဗိမာန်ရှိ ဝိဇ္ဇာအဆင့်အတန်းက ပထမအဆင့်သာ ဖြစ်သည်။ သင့်တော်သည့်အချိန်အခါ ရောက်သည့်အခါ သူတို့က စိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီး သူတို့ကို ကိုးကွယ်အားထားကြသည့် လူများ၏ ကံကောင်းမှု၊ ကြမ္မာနှင့် ကံကြမ္မာတို့ကို ခံယူနိုင်လိမ့်မည်။ ထိုဝိဇ္ဇာများဖြင့် သေမျိုးများက မဟာဧကရာဇ်များက သူတို့၏ လူမှုအဖွဲ့အစည်းကို သုတ်သင်ပစ်ဖို့ ကြိုးစားလျှင်ပင် အသက်ရှင်သန်ဖို့ တိုက်ခိုက်မည့် အခွင့်အရေး ရလာလိမ့်မည်။

“ငါ့စွမ်းအားရဲ့ အကြောက်တရားအောက်မှာ ဘယ်သူကမှ နောက်ထပ်မျိုးဆက်ရာချီတိုင် ငါ့ပစ္စည်းတွေကို ထိရဲမှာ မဟုတ်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင်က လေလုံးကြီးနေတုန်းပဲ”

“မဟုတ်ဘူး။ မင်းက ငါ့ကို လျှော့တွက်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ ထွက်မသွားခင် ဘယ်လောက်အားကောင်းလာမလဲဆိုတာကို ဘယ်သူကမှ မသိကြဘူး။ ပြီးတော့ ငါ့ရဲ့ အမွေအနှစ်ကို ကာကွယ်ဖို့ ငါ ဘယ်လောက်ထိ လုပ်မလဲဆိုတာကိုလည်း မသိကြဘူး”

ဟို့ဖုန်းဟွမ်က ကျောရိုးတစ်လျှောက် ကြက်သီးထသွားမိသည်။ သို့သော်လည်း သူမက တည်ငြိမ်မှု ရရှိလာကာ ဆက်လက် ညှိနှိုင်းလိုက်၏။ သူတို့က တစ်နာရီကျော်ကြာ ဆက်ပြောခဲ့သည်။ အဆုံးသတ်တွင် ဝမ်ဝေ့က ကိုယ်စားလှယ်အုပ်ချုပ်သူ ရာထူးကို မျိုးဆက်တစ်ခုထက် မပေးလိုပေ။ ကိုယ်စားလှယ်အုပ်ချုပ်သူ ဖြစ်ခြင်းက အကျိုးအမြတ်များစွာ ရှိသော်လည်း သူ့အတွက်မူ မတက်လှမ်းခင်အချိန်ထိသာ ရှေးဟောင်းမျိုးနွယ်၏ ကံကောင်းမှုကို သုံးဖို့ လိုအပ်သည်။

ထို့ကြောင့် ဟို့ဖုန်းဟွမ်က တခြားကမ္ဘာ့အသိုက်အဝန်းများဆီ ချဲ့ထွင်ရေးအတွင်း ကမ္ဘာတချို့ကို ရာနှုန်းပြည့် အကျိုးအမြတ်ရယူဖို့ ညှိနှိုင်းခဲ့သည်။ သူမ ထွက်ခွာသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က အောင်းရှန်ကို စကားပြောဖို့ ဆင့်ခေါ်လိုက်၏။

All Chapters