← Chapters

နဂါးဂိတ်ပေါက်

Vol. 76 Ch. 1054

နဂါးဂိတ်ပေါက်

Vol. 76 Ch. 1054

အောင်းရှန်က ပလ္လင်အခန်းအတွင်း ဝင်ရောက်လာကာ ပုံမှန်လိုမျိုး ဦးညွှတ်လိုက်သည်။ သူ့နိုးထအသက်ဝင်လာမှု၊ တာအိုဆန္ဒ၊ စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းနှင့် သွေးမျိုးဆက်စွမ်းရည်တို့က အရင်းအမြစ်နည်းစနစ်အဖြစ် ပြောင်းလဲသွားခြင်းဖြင့် သုံးဆတိုက်ခိုက်ရေးအဆင့်ကို ရရှိထားသည်။ ထိုအရာက သူ့ထူးကဲသည့် တာအိုသက်သေပြပစ္စည်းကို သန့်စင်ပြီးသည့်နောက်တွင် တိုးမြင့်လာမည်ဖြစ်ကာ ကျန်ရှိနေသည့် သူ့ကုသိုလ်ကိုအသုံးပြု၍ သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်သည်။ သို့သော်လည်း သူက ထိုသို့သော အင်အားမျိုးသည် သူ့ရှေ့တွင် ရှိနေသည့် လူရှေ့၌ အသုံးမဝင်ကြောင်း သိထားသည်။

“အရှင့်အတွက် ဘာများလုပ်ပေးရမလဲ”

“မင်းကို အကြောင်းအရင်း နှစ်ခုကြောင့် ခေါ်လိုက်တာ။ ပထမဦးဆုံး နတ်ဆိုးမျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာမှာ ဆက်နေမှာလား ဒါမှမဟုတ် တခြားနေရာမှာ အုပ်စိုးဖို့ ထွက်သွားဖို့ စီစဉ်ထားလားဆိုတာ သိချင်တယ်”

“ကျုပ်တို့ကို ထွက်သွားစေချင်တာလား” အောင်းရှန်က ဖြေမည့်အစား ပြန်လည်မေးလိုက်သည်။

“မင်း ဘယ်လိုပဲရွေးချယ်မှုလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ ဘယ်ဟာလဲဆိုတာကို သိထားပြီး ကြိုတင်ပြင်ဆင်ထားရအောင်လို့ပဲ”

အောင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားများသည် ခြိမ်းခြောက်မှုလားဟု စဉ်းစားနေသည်။ သူ့ ကောက်ချက်ချထားသလောက် ဝမ်ဝေ့သည် ထိုသို့အရာမျိုး လုပ်ဖို့ မလိုအပ်ပေ။ သို့သော်လည်း သူက ပိုမိုဆိုးရွားသည့် ကိစ္စများကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။ သူက စက္ကန့်ပိုင်းကြာ လေ့လာနေပြီးသည့်နောက် ထိုသူ၏ တည်ငြိမ်နေသည့် အမူအရာမှတဆင့် ဘာအကြောင်းအရာကိုမှ ကောက်ချက်ချ၍ မရပေ။

“အသင်္ချေအင်ပါယာကမ္ဘာက လူသားတွေလိုမျိုး ကျုပ်တို့ရဲ့ မွေးရပ်မြေပါပဲ” ကမ္ဘာဦးအမှောင်ထုနဂါးဧကရာဇ်က ပြောလိုက်သည်။

“လူသားတွေက ကျုပ်တို့အပေါ် ဘယ်လိုပဲ ဆက်ဆံခဲ့ ဆက်ဆံခဲ့ ကျုပ်တို့ဘက်က ကမ္ဘာအပေါ် အကျိုးပြုခဲ့ပါတယ်။ ပြောရရင် ကျုပ်တို့က မွေးရပ်မြေကနေ ထွက်သွားဖို့ အစီအစဉ် မရှိပါဘူး”

အောင်းရှန်က ထွက်သွားဖို့ရာ တစ်ခါမှ မတွေးခဲ့ဖူးပေ။ မဟုတ်ပါက သူ့အနေဖြင့် ထွက်သွားခဲ့သည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။ သူက ဤနေရာကို လူသားမျိုးနွယ်ကဲ့သို့ သူ့မွေးရပ်မြေအဖြစ် သတ်မှတ်ထားခဲ့သည်။ ထို့အပြင် အောင်းရှန်၏ အကြီးမားဆုံးအိပ်မက်က သူ့မျိုးနွယ်သည် ဤကမ္ဘာ၏ ဇာတ်လိုက်ဖြစ်လာဖို့ ဖြစ်ကာ ထွက်သွားခြင်းက ဘယ်သောအခါမှ ရွေးချယ်မှုတစ်ခု မဟုတ်ခဲ့ပေ။

“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထိုသူ၏ နတ်ဆိုးမျိုးနွယ်၏ အနေအထားအကြောင်း စကားကိုမူ ဂရုမစိုက်ဖို့ ရွေးချယ်ခဲ့သည်။

လူသားမျိုးနွယ်တွေက မှားယွင်းခဲ့တာလား။

ဟုတ်တာပေါ့။ ရွှေရောင်လူဝံဧကရာဇ်ပေါ်ထွက်လာတာ ကြာလှပြီဆိုပေမဲ့ ဒီနေ့အထိ လူတော်တော်များများက အဲဒီအကြောင်းအရင်းကို သုံးပြီးတော့ အဲဒီနတ်ဆိုးမျိုးနွယ်ကို ဖိနှိပ်ရက်စက်နေကြတုန်းပဲ…

ရွှေရောင်လူဝံဧကရာဇ်က လူသားဧကရာဇ်၏ နယ်ရုပ်တစ်ခုကလွဲ၍ ဘာမှမဟုတ်ကြောင်း သိပြီးသည့်နောက်တွင် သူ့အနေနှင့် လူသားမျိုးနွယ်၏ အပြုအမူများက လွန်ကဲသည်ထက် ပိုလာသည်။ ကံဆိုးစွာဖြင့် သူသည်လည်း လူသားမျိုးနွယ်ဖြစ်သည့်အတွက် ထိုအမြင်မှ ကိစ္စများစွာကို ကြည့်ဖို့ လိုအပ်နေသေးသည်။

လူတစ်ဦးချင်းစီ၏ စွမ်းအားက တရားလွန်ဖြစ်လာသည့် ကျင့်ကြံရေးလောကတွင် အရင်းအမြစ် အရေးပါမှုက မျိုးနွယ်၏ တည်ရှိမှုကို ဆုံးဖြတ်ပေးနိုင်သည်။ ကွဲပြားသည့် မျိုးနွယ်နှစ်ခုကြား အေးချမ်းစွာ နေထိုင်ခြင်းကဲ့သို့သော အရာမျိုးက အထူးသဖြင့် ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ လောကအမြင် မတူညီသည့်သူများအတွက် အိပ်မက်တစ်ခုမျှသာ ဖြစ်၏။

ထို့ကြောင့် သူ့အုပ်စိုးမှုက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြား မျှခြေကို ရယူပေးနိုင်ခဲ့သည်။ သူက သူတို့ကို ဘယ်သောအခါမှ မနှိမ့်ချဘဲ မြှင့်တင်ပေးခဲ့ပြီး တရားမျှတစွာ ဆက်ဆံခဲ့သည်။ သို့သော် သူ့အမွေဆက်ခံသူများအတွက်မူ အတူတူဟု မပြောနိုင်ပေ။

“ဒုတိယအကြောင်းအရာက စည်းပိတ်ထားတဲ့ ပင်ကိုသက်ရှိတွေအတွက် မင်းက သံတမန်ဖြစ်ဖို့ စိတ်ဝင်စားလားဆိုတာကို မေးဖို့ပဲ” ဝမ်ဝေ့က မေးလိုက်သည်။

“သူတို့လား”

“ဟုတ်တယ်။ သူတို့ကို လွှတ်ပေးတော့မဲ့ အချိန်ရောက်လာပြီ။ မင်းက သူတို့ကို လောကအကြောင်း မိတ်ဆက်ပေးပြီးတော့ သဟဇာတဖြစ်အောင် ကူညီပေးနိုင်မဲ့သူလို့ ထင်တယ်”

အောင်းရှန်က ချက်ချင်း ပြန်မဖြေသေးပေ။ သူက ပင်ကိုနတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း သူ့ကိုယ်သူ သူတို့ထဲမှ တစ်ဦးအဖြစ် မမှတ်ယူထားပေ။ သူက နတ်ဆိုးမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ် သွေးမျိုးဆက်မျိုးကို ရှိထားသည့်အတွက် သူက နတ်ဆိုးမျိုးနွယ်ကိုသာ ကိုယ့်မျိုးနွယ်အဖြစ် မှတ်ယူထားသည်။ သို့သော် သူ့သွေးမျိုးဆက်က နတ်ဆိုးတစ်ကောင်မဟုတ်တော့သည့် အချက်က ပြောင်းလဲမသွားပေ။

အကျိုးအမြတ်ကိုပဲ စဉ်းစားရမယ်။ ဒီအရာက ကိုယ်ပိုင်အမြင်တွေ မလိုဘူး…

အောင်းရှန်က တွေးလိုက်မိသည်။

အဲဒီသက်ရှိတွေကို နတ်ဆိုးမျိုးနွယ်ဖက်ကနေ ပူးပေါင်းဖို့၊ ဖျောင်းဖျဖို့ဆိုတာက မဖြစ်နိုင်ဘူး…

သူက သူ့မျိုးနွယ်သည် မည်မျှမောက်မာကာ စိတ်ကြီးဝင်ကြောင်း သိထားလေ၏။ သူတို့က ခေတ်ကာလကြောင့် ယခင်လောက် မောက်မာခြင်း မရှိတော့လျှင်ပင် တချို့သော အရာများက ပင်ကိုဖြစ်သည့်အတွက် ပင်ကိုနတ်ဆိုးများအတွက် မောက်မာမှုက သူတို့၏ အကျင့်စရိုက်တစ်ခုသာ ဖြစ်သည်။

သံတမန်ဖြစ်တာက ပြန်လည်ရောက်ရှိလာမဲ့ မဟာမိတ်ဖွဲ့ဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်။ မဟာမိတ်က စစ်ဘက်ဆိုင်ရာပဲဖြစ်ဖြစ်၊ စီးပွားရေးဆိုင်ရာပဲဖြစ်ဖြစ် နတ်ဆိုးမျိုးနွယ်က အကျိုးကျေးဇူးရှိလာမှာပဲ…

“ကျုပ် လက်ခံပါတယ်” အောင်းရှန်က ပြောလိုက်သည်။

“ကောင်းပြီလေ” ဝမ်ဝေ့က ပြောလိုက်၏။

“သူတို့ရဲ့ စည်းတံဆိပ်ထဲက အတားအဆီးကို လျှော့ချပေးမယ်။ သူတို့က အသိစိတ်ဝင်ပြီး လှုပ်ရှားလို့ရပေမဲ့ အဲဒီကမ္ဘာငယ်ထဲက ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး”

သူက လက်ဝှေ့လိုက်ပြီး အဆောင်တစ်ခုကို ပေးလိုက်သည်။

“ဒါက အဲဒီစည်းပိတ်ထားတဲ့ နေရာထဲကို ဝင်ဖို့ မင်းကို ခွင့်ပြုပေးလိမ့်မယ်။ ဒါပေမဲ့ မင်းအနေနဲ့ အံ့ဖွယ်အသိစိတ်နဲ့ အရင်ဆုံးဆက်သွယ်ပြီးမှ ခွင့်ပြုချက်တောင်းပြီး ဝင်တာ ပိုကောင်းလိမ့်မယ်”

အောင်းရှန်က ထိုစကားများ မကြားလျှင်ပင် အတူတူသာ လုပ်ဆောင်မည် ဖြစ်၏။ သူ့မျိုးနွယ်အတွက် လေးစားမှု လိုအပ်ကြောင်း နားလည်ထားသည်။

“မင်းရဲ့ အကူးအပြောင်း ကာလအပြီးမှာ အလုပ်ရှုပ်နေမယ်ဆိုတာကို သိတယ်။ အခု မင်းကို အချိန်ဆွဲမထားတော့ဘူး”

“အရှင် ကျုပ် တစ်ခု မေးချင်တာ ရှိပါတယ်”

“မေးပါ” ဝမ်ဝေ့က ပြောလိုက်သည်။

“နတ်ဆိုးစာသင်ကျောင်းက ဆက်ပြီးတော့ ချဲ့ထွင်မှာလား”

“ဟုတ်တယ်။ ဒါပေမဲ့ ကုသိုလ်ကို ဝေမျှနေမှာတော့ မဟုတ်တော့ဘူး” အောင်းရှန်က မျက်မှောင်ကြုတ်လိုက်၏။ သူက ဤစီမံကိန်းကို တာဝန်ယူထားရခြင်း၏ ချိုမြိန်မှုကို ခံစားမိပြီးသားဖြစ်သည့်အတွက် အားလုံးက ဝေစုရလာမည်မှန်း သိသည့်အခါ ခံစားချက် သိပ်မကောင်းလှပေ။

“ကျုပ် နားလည်ပါပြီ” အောင်းရှန်က တိတ်တဆိတ် သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။ နတ်ဆိုးမျိုးနွယ်က မူပိုင်ခွင့်ထိုက်တန်သည့် တီထွင်ဖန်တီးမှုမျိုး လိုအပ်၏။ နှမြောစရာကောင်းလှသည်က ထိုကိစ္စမျိုးသည် ထာဝရဧကရာဇ် ပေါ်ထွက်လာသည်ထက်ပင် ပိုမိုရှားပါးလှသည်။ သူ ပလ္လင်အခန်းမှ ထွက်လာပြီး ခုံရုံးမှ ပျောက်ကွယ်သွားလေသည်။

မြောက်ပိုင်းကုန်းမြေ၏ ကောင်းကင်အထက် သူက လမင်းကို ကြည့်နေရင်း သူနှင့် တူညီသည့် စမ်းသပ်ချက်မျိုးကို ခံစားမိလိုက်သည်။

သူမကလည်း ကုသိုလ်ရသွားပြီလား…

သူက နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။ သူမက အမြန်အဆန် လှုပ်ရှားလိုကြောင်း ခန့်မှန်းမိလိုက်သည်။ အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် အောင်းရှန်က စတင်လှုပ်ရှားလိုက်၏။ ယခု သူက ကျင့်ကြံရေးလမ်းစဉ်အားလုံး၏ အထွတ်အထိပ်ကို ပြောင်းလဲပြီးသားဖြစ်သည့်အတွက် သူ့လူများကို အစစ်အမှန် ကောင်းချီးပေးဖို့ အချိန်ကျရောက်လာလေပြီ။

ပထမအဆင့်က မြောက်ပိုင်းကုန်းမြေတစ်လျှောက် ပြန့်ကျဲနေသည့် စိတ်ဝိညာဉ်/ပင်ကို ချီသွေးကြောများကို ပြန်လည်ပြုပြင်ဖို့ ဖြစ်သည်။ သူက သူ့နဂါးအရှိန်အဝါဖြင့် သွေးကြောများထဲ ပေါင်းစည်းကာ ထူးကဲသည့် ပင်ကိုနဂါးသွေးကြောအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုအရာက ပင်ကိုနဂါးချီကို ထုတ်လွှတ်ပေးနိုင်၏။ သူ အောင်မြင်သွားသည်နှင့် နတ်ဆိုးမျိုးနွယ်အားလုံးက ကွဲပြားမှုကို ခံစားမိလိုက်ကြသည်။

ပင်ကိုချီက သူတို့၏ သွေးမျိုးဆက်ကို သန့်စင်ဖို့ရာအတွက် အကူအညီ ဖြစ်လေသည်။ သို့သော် ယခုတွင် ထပ်ပေါင်းထားသည့် နဂါးအရှိန်အဝါဖြင့် ချီက နတ်ဆိုးမျိုးနွယ်၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားထား၏။ ယခုမှစ၍ မြောက်ပိုင်းကုန်းမြေသည် သူတို့၏ ပိုင်နက်အစစ်အမှန် ဖြစ်လာလိမ့်မည်။

အောင်းရှန်က သူ လုပ်လက်စကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက နောက်ဆုံးအနေဖြင့် ကာကွယ်ရေးကိုပါ ထားရှိလိုက်သည်။ သူ ထွက်သွားပြီးသည့်နောက်တွင် သူ့လက်ရာအား ဖျက်ဆီးပစ်မည်ကို မဖြစ်စေလိုပေ။ ထို့ကြောင့် သူက ထိုသွေးကြောများထဲ သူ့စွမ်းအားကို ချန်ထားပြီး ကာကွယ်ပေးခဲ့သည်။ သူက မြောက်ပိုင်းကုန်းမြေကို ကာကွယ်ဖို့ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် မျိုးနွယ်ကာကွယ်ရေး အစီအရင်ကို ပြင်ဆင်ထားသော်လည်း ပိုမိုသတိကြီးကြီးထားလိုမိသည်။

အောင်းရှန်က နတ်ဆိုးမျိုးနွယ်၏ အင်မတန် လျှို့ဝှက်ထားသည့် ဒိုင်မေးရှင်းတစ်ခုအတွင်း ရောက်ရှိသွား၏။ သူက နဂါးပုံစံဖြင့် အဖြူရောင်ဂိတ်ပေါက်တစ်ခုကို ကြည့်လိုက်မိသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ညာဖက်လက်ဖြင့် ရင်ဘတ်ထဲထိုးစိုက်ကာ ခုန်နေသည့် နှလုံးသားကို ထုတ်ယူလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး ထိုဒဏ်ရာသည် သူ့မျိုးနွယ်အတွက်ပင် ဒဏ်ရာပြင်းထန်ကြောင်း ပြသနေလေ၏။ အောင်းရှန်က ဂရုမစိုက်ဘဲ ဆေးလုံးကို သောက်သုံးကာ ဒဏ်ရာကို ကုစားလိုက်သည်။

သူ့ထိန်းချုပ်မှုအောက်တွင် နှလုံးသားက ဂိတ်ပေါက်အတွင်း ပျံသန်းသွားပြီး ပေါင်းစည်းသွားကာ ပြင်းထန်သည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဂိတ်ပေါက်က အလိုလိုလှုပ်ရှားလာပြီး လေထက် ၉၉၉၉ ကီလိုမီတာ ဖြစ်လာပြီး တံခါးတစ်ချပ်ပွင့်လာကာ ရေတံခွန်နှင့်တူသည့် ရေများ ထွက်ပေါ်လာ၏။

“ငါးတစ်ကောင်က နဂါးဂိတ်ပေါက်ကို ကျော်ပြီး နဂါးအစစ်အမှန် ဖြစ်လာနိုင်တယ်” အောင်းရှန်က ပြုံးကာ ရေရွတ်လိုက်သည်။ ဤနဂါးဂိတ်ပေါက်က နတ်ဆိုးမျိုးနွယ်ထံ သူ ချန်ထားခဲ့မည့် အကြွင်းမဲ့အုတ်မြစ်တစ်ခု ဖြစ်၏။

မျိုးဆက်တိုင်း ပါရမီအထူးကဲဆုံး နတ်ဆိုးများက ဤနေရာတွင် ရေကူးခြင်းဖြင့် သူတို့၏ သွေးကို သန့်စင်နိုင်လိမ့်မည်။ အောင်မြင်သည့်သူများက ဂိတ်ပေါက်ဆီ ရောက်ရှိကာ သူ့လိုမျိုး သို့မဟုတ် ပင်ကိုနတ်ဆိုးနတ်ဘုရားများနှင့် ယှဉ်နိုင်သည့် သွေးမျိုးဆက်အဖြစ် ဆင့်ကဲပြောင်းလဲမည့် အခွင့်အရေး ရလာလိမ့်မည်။

သူက ဖမ်းဆီးထားသည့် ဝမ်မျိုးနွယ်ဝင်တစ်ယောက်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအတွေးကို ရရှိခဲ့ခြင်း ဖြစ်၏။ သူက ထိုကောင်လေးကို ခေတ္တမျှသာ မြင်လိုက်ရသော်လည်း သူ့သွေးမျိုးဆက်၏ အနှစ်သာရတချို့ကို ဖမ်းဆုပ်မိလိုက်သည်။

အောင်းရှန်က ရေတံခွန်ဆီ သွားကာ စမ်းကြည့်လိုက်၏။

နောက်ထပ် အလုပ်ရှုပ်ဦးမှာပဲ…

သူက မှတ်ချက် ပေးလိုက်သည်။ သူက ကွဲပြားသည့် သွေးမျိုးဆက် အများအပြားအပါအဝင် အရင်းအမြစ်များစွာသုံးပြီး ဤဂိတ်ပေါက်ကို ဆောက်လုပ်ခဲ့ရသည်။ သို့သော် ဦးစွာ သူ့အနေဖြင့် ဤဂိတ်ပေါက်ကို ပေါင်းစည်းဖို့ ပင်ကိုနတ်ဆိုးနတ်ဘုရား သွေးမျိုးဆက်ကို ရဖို့လိုအပ်နေသေးသည်။ ထို့ကြောင့် သူက ကောင်းကင်ဧကရာဇ်၏ အကြံပြုချက်ကို လက်ခံလိုက်ရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေ၏။

ဒုတိယအနေဖြင့် သူသည် သွေးမျိုးဆက်ဖြင့် ဂိတ်ပေါက်ကို အာဟာရဖြည့်ပေးဖို့ လိုအပ်နေသေးသည်။ သို့သော် သူ့ခန္ဓာကိုယ်က ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်တွင် ပိုမိုမြင့်မားသည့် အနေအထား မရောက်ခင် စောင့်ဆိုင်းရပေဦးမည်။

နောက်ဆုံးအနေဖြင့် သူသည် ထိုဂိတ်ပေါက်တွင် ပေါင်းစည်းဖို့ အလားအလာကောင်းသည့် မိုးကြိုးအရင်းအမြစ်ကို လိုအပ်နေသည်။ အောင်းရှန်၏ အမြင်အရ ထိုပစ္စည်းသည် စမ်းသပ်ချက်အတွင်း သူတို့မျိုးနွယ်ကို အကူအညီ ဖြစ်စေလိမ့်မည်။ သွေးမျိုးဆက်ပြောင်းလဲခြင်းအတွက် စမ်းသပ်ချက်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိသည့်အတွက် ထိုပစ္စည်းသည် အကူအညီကောင်း ဖြစ်လာနိုင်၏။

အောင်းရှန်က ပျော်ပွဲရွှင်ပွဲအတွင်း ဆင်နွှဲဖို့ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ သူက ပင်ကိုနတ်ဆိုးနတ်ဘုရားများထံ သွားရောက်မတွေ့ဆုံခင် လုပ်ဆောင်ရမည့် ကိစ္စတချို့ရှိနေသေး၏။

All Chapters