← Chapters

အမှောင်ထုတိုက်ပွဲ အပိုင်း(၁)

Vol. 76 Ch. 1057

အမှောင်ထုတိုက်ပွဲ အပိုင်း(၁)

Vol. 76 Ch. 1057

တာအိုအခွင့်အလမ်းဂိုဏ်းက ယုမျိုးနွယ်ထံ တစ်စုံတစ်ခုဖြစ်ပျက်သွားမည်ကို ခွင့်ပြုပေးမည် မဟုတ်သော်လည်း သူတို့အနေဖြင့် အလေးချိန်ကို ခံနိုင်ရည်ဖို့ လိုအပ်နေဆဲ ဖြစ်သည်။ ထို့အပြင် သူတို့ ထွက်ခွာသွားပြီးသည့်နောက် ဤသို့ မူပိုင်ခွင့်ကိစ္စမျိုးက အင်အားစုနှစ်ခုကြား အကွဲအပြဲ ဖြစ်သွားစေနိုင်သည့်အတွက် ဝမ်ဝေ့က ကြိုတင်ပြင်ဆင်ထားလိုသည်။

“ငါ တစ်ယောက်ထဲ ကျန်နေခဲ့သလိုပဲ” ဝမ်ချန်က ပြောလိုက်သည်။ ထိုသူများက ကောင်းကင်ဧကရာဇ်အနေဖြင့် သူတို့၏ အုပ်စိုးမှုအကြောင်း စီစဉ်နေကြစဉ် သူက မိသားစုအတွင်း ကောင်းကင်ဧကရာဇ် မဟုတ်သည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ကောင်းကင်ဧကရာဇ် ဖြစ်လာလျှင်ပင် မည်မျှကြာမြင့်မည်မှန်း မည်သူကများ သိမည်နည်း။

ဝမ်ထျန်းက သူ့အဖေ ပုခုံးကို ပုတ်ကာ သေရည်ပေးလိုက်ပြီး ပြောလိုက်သည်။

“အဖေ့ရဲ့ ဝမ်းနည်းမှုကို သေရည်နဲ့သာ မျောချလိုက်ပါတော့”

ဝမ်ချန်က သူ့သားကို ရိုက်နှက်လိုမိသည်။

ဒါက ဘယ်လိုအားပေးမှုမျိုးလဲ…

“ဘာလဲ။ လူအိုကြီး သေရည်မသောက်နိုင်တော့ဘူးလား”

ဝမ်ချန်က နဖူးမှ သွေးကြောများပင် ထောင်ထွက်လာကာ “ဘယ်သူက မသောက်နိုင်တာလဲ ကြည့်ရသေးတာပေါ့”

“ဒီလိုမှပေါ့။ လာ သား ပြိုင်ရအောင်” ဝမ်ထျန်းက ပြောလိုက်သည်။

“တော်ပါပြီ” ဝမ်ဝေ့က သူ့ကိုကြည့်လိုက်သည်။ ယနေ့ သူ့အမေ၏ နေ့ရက် ဖြစ်၏။ အကယ်၍ ထိုအရူးများက အရက်မူးပြီး သူတို့လုပ်သည့်အရာများက ကိစ္စများကို ပျက်စီးသွားစေနိုင်မည်ကို မည်သူကများ သိမည်နည်း။ နှမြောစရာကောင်းလှစွာဖြင့် သူတို့က သဘောပေါက်မိဖို့ အမူးလွန်နေကြသည်။

“မင်းက ပျင်းစရာကြီး” ဝမ်ထျန်းက သူ့အဖေနှင့် သောက်သုံးကာ ပြောလိုက်သည်။

ဝမ်ဝေ့က သူ့အမေကို ကြည့်ကာ ပြောလိုက်၏။

“ကျွန်တော် သူတို့ကို အချိန်မီတားလိုက်ပါ့မယ်”

“အဲဒီအကြောင်း စိတ်မပူပါနဲ့။ သူတို့ကိုယ်သူတို့ လွှတ်ထားလိုက်ပါ။ ဒီလိုမျိုး ရှားရှားပါးပါး ဖြစ်ရပ်မျိုးရှိမှပဲ မင်းရဲ့ လျှို့ဝှက်ပစ္စည်းတွေကို မျှဝေပေးနေရတာလေ” ယုယန်က သူမလည်း သောက်သုံးကာ ပြောလိုက်သည်။

“အမေတို့ အတူတူ မရှိဖြစ်တာ နည်းနည်းတောင် ကြာနေပြီ။ အခု တကယ်ကို စိတ်အေးရတယ်” သူမက ဆက်ပြောလိုက်သည်။

“အမေတို့တွေက ရည်မှန်းချက်တွေနဲ့ အလုပ်ရှုပ်တော့မှာဆိုတော့ အရင်နေ့ရက်တွေကို လွမ်းတော့လွမ်းမိသားပဲ”

“ကျွန်တော်ရောပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အမေတို့တွေ တကယ့်ငြိမ်းချမ်းမှုကို ဘယ်အချိန်မှ ရနိုင်မယ်ထင်လဲ” ယုယန်က မေးလိုက်သည်။

“စကြဝဠာရဲ့ အထွတ်အထိပ်ကို ကျော်လွန်ပြီးတဲ့နောက်မှာပဲ ရနိုင်လောက်တယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ကျွန်တော်တို့က ကွဲပြားတဲ့ ပြဿနာတွေ ရှိနေဦးမှာပဲ”

“ခါးသီးတဲ့ အမှန်တရားပဲ” ယုယန်က သက်ပြင်းချကာ ပြောလိုက်၏။

“အမေ နည်းနည်း ဝမ်းနည်းနေသလို ခံစားမိတယ်။ ဒါက အတိတ်ကို ပြန်မသွားနိုင်လို့လား”

“အဲ့လိုမဟုတ်ဘူး။ အမေနဲ့ အဖေကို လွမ်းမိလို့။ ဧကရာဇ်တစ်ယောက် ဖြစ်လာမဲ့နေ့ရက်မျိုးကို သူတို့တွေ မြင်တွေ့လိမ့်မယ်လို့ အမြဲတမ်း စိတ်ကူးထားခဲ့တာ။ အခုတော့ နှမြောစရာပဲ”

“သူတို့ကို မြင်အောင် ကူညီပေးနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အချိန်မြစ်ကြောင်းဆီကနေ သူတို့ရဲ့ ပုံရိပ်ကို ဆင့်ခေါ်ပေးနိုင်တယ်။ သူတို့မသေဆုံးခင်က အချိန်က ပုံရိပ်ပေါ့။ ပိုပြီးကောင်းတာက သူတို့ရဲ့ ပြန်လည်ဝင်စားခြင်းကို ရှာဖွေပြီးတော့ အတိတ်မှတ်ဉာဏ်တွေကို ပြန်လည်နှိုးဆွပေးနိုင်တယ်”

ယုယန်က စက္ကန့်ပိုင်းကြာ တွေးလိုက်မိသည်။

“ထားလိုက်ပါတော့။ ဘဝကြီးက ဘယ်တုန်းကမှ ပြီးပြည့်စုံတာမှ မဟုတ်တာ။ သူတိုတွေက လက်ရှိအမေကို မမြင်ဘူးလို့ပဲ လက်ခံလိုက်ပါမယ်”

“ကောင်းပြီလေ။ ဒါက အမေ့ရွေးချယ်မှုပဲ” ဝမ်ဝေ့က ယုယုန်ကို မမြင်ရသည့်အတွက် အနည်းငယ် ဝမ်းသာနေမိသည်။ အချိန်မည်မျှပင် ကုန်ဆုံးသွားစေကာမူ သူ့အဘွားကို ခေါ်ဆောင်သွားသည့်အတွက် သူ့အဘိုးကို ခွင့်မလွှတ်နိုင်သေးပေ။

“ဒီလောက်အချိန်တွေကြာတာတောင် ခွင့်မလွှတ်နိုင်သေးဘူးလား” ယုယန်က မေးလိုက်သည်။

“အဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဝမ်ဝေ့ကတည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းရဲ့ ဒီလိုဘက်အခြမ်းကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

“အဲဒါက ရှိပေမဲ့ ထွက်လာခဲတယ်လေ” ဝမ်ဝေ့က ပြောလိုက်သည်။ ယုယန်က ခေါင်းအသာယမ်းလိုက်၏။ သူတို့က မိနစ်ပိုင်းကြာ စကားပြောပြီးသည့်နောက်တွင် ဝမ်ချန်က သူတို့ဆီ ရောက်ရှိလာသည်။

“ကောင်လေး ငါ့တိုက်ပွဲအတွက် ပြင်ဆင်မှုတွေက ဘယ်လိုလဲ”

“နေမင်းကိုးစင်းဧကရာဇ်ကိုတော့ တွေ့ပြီ။ ဒါပေမဲ့ အရမ်းကို ဝေးလွန်းနေတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ ယန်ကောဝေကို ပေးလိုက်သည့် အဆောင်က သူ့အဖေကို တွေ့ကြောင်း ပြသနေသည်။ သို့သော် သူတို့ကြားရှိ အကွာအဝေးအရ သတင်းအချက်အလက်က မပို့နိုင်သေးပေ။ တော်လှန်ရေးဘက်ဖြင့် နောက်ထပ် အလဲအလှယ် မလုပ်ခင်အချိန်အထိ သူက များများစားစား သိရမည် မဟုတ်ပေ။

“အဲလိုကိုး။ နီးလာပြီပဲ” ဝမ်ချန်က ပြောလိုက်သည်။

“အင်း ငါလည်း လေ့ကျင့်ဖို့ လိုအပ်လာပြီ”

သူက ဆက်လက် သောက်သုံးဖို့ ထွက်သွားလေသည်။ အဖွဲ့က ရက်ပိုင်းကြာ စားသောက်ခဲ့ကြပြီး ဝမ်ထျန်းနှင့် ဝမ်ချန်တို့က တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် အမြင်ပျောက်ဆုံးသွားအောင်အထိ သောက်ခဲ့ကြသည်။

စားပွဲပြီးဆုံးသွားသည့်အခါ ယုယန်က ကမ္ဘာကြီးဆီ ဟောပြောမပို့ချခင် အောင်းရှန်ကို စိန်ခေါ်ခဲ့သည်။

…………………………………………………………………………

လေဟာနယ်တိုက်ပွဲကွင်းပြင်

မာနကြီးသည့် နဂါးက အဖြူစွတ်စွတ် နေရာလွတ်တစ်ခုအတွင်း ပေါ်ထွက်လာခဲ့သည်။ သူက သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကို ကြည့်ကာ ပြောလိုက်၏။

“အရှင့်ကြောင့် ဒီလိုလေးစားမှုမျိုးကို ပြသထားတာကိုး။ ကျုပ်ကို ခြေနင်းတုံးအဖြစ် သုံးချင်တာလား”

“မင်းက အတွေးတွေ လွန်နေပြီ” ယုယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့က တူညီတဲ့ တာအိုကို ကျင့်ကြံတာဆိုတော့ ငါတို့ရဲ့ ပထမတိုက်ပွဲက တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မိလို့။ ပြီးတော့ ဒါက သင်ယူရမဲ့ အတွေ့အကြုံကောင်း တစ်ခုပဲလေ။ အဲ့လိုမထင်ဘူးလား”

အောင်းရှန်က သူမကို စိုက်ကြည့်ပြီးနောက် မျက်ခုံးများက ပြေလျော့သွားသည်။

“ ပြောတာလည်း ဟုတ်တာပဲ။ စလိုက်ကြရအောင်”

သူက ခန္ဓာကိုယ်ဝန်းကျင်တွင် အနက်ရောင်နဂါးချပ်ဝတ်ပုံစံ ဖြစ်စေသည့် နိုးထအသက်ဝင်ခြင်းကို အသက်သွင်းခဲ့သည်။ သူ့စွမ်းအားက ၃ ရာခိုင်နှုန်းတိုးမြင့်လာပြီးသည့်နောက်တွင် တာအိုဆန္ဒကြောင့် ၂ရာခိုင်နှုန်း၊ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကြောင့် ၅ရာခိုင်နှုန်း၊ သူ့ခန္ဓာကိုယ်အတွက် ၂ရာခိုင်နှုန်းနှင့် သူ့ဟွင်သွမ်းသွေးမျိုးဆက်အတွက် အရင်းအမြစ်နည်းစနစ်ကြောင့် ၃ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ သူ့တာအိုသက်သေပြပစ္စည်းကို မသန့်စင်ရသေးသည့်အတွက် သူ့ဝိညာဉ်က သာမန်သာ ဖြစ်နေပြီး ဤသည်သာ သူ့ကန့်သတ်ချက် ဖြစ်နေသည်။

ယုယန်ကလည်း သူ့ခြေလှမ်းအတိုင်း လိုက်လုပ်ခဲ့သည်။ သူမ၏ နိုးထအသက်ဝင်ခြင်းက သူမနောက်တွင် အနက်ရောင်တောင်ပံနှစ်စုံ ပေါ်ထွက်လာစေသည်။ သို့သောလည်း သူမ ရရှိသည့် အားဖြည့်မှုက ၂ရာခိုင်နှုန်းမျှသာ ဖြစ်ပြီး သူမ၏ တာအိုဆန္ဒကလည်း ၂ရာခိုင်နှုန်း၊ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းက ၃ရာခိုင်နှုန်း၊ ခန္ဓာကိုယ်က နောက်ထပ် ၃ရာခိုင်နှုန်းနှင့် တာအိုသက်သေပြပစ္စည်းက ၅ရာခိုင်နှုန်း ဖြစ်ခဲ့သည်။

ယုယန်က သူမ သွေးကြောများအတွင်း စီးဆင်းနေသည့် စွမ်းအားကို ခံစားမိလိုက်၍ သူမသည် ကြီးထွားဖို့ အခွင့်အလမ်း ရှိသေးကြောင်း သိလိုက်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူမက အမှောင်ထုဧကရာဇ်ဝိညာဉ်ကို သန့်စင်ပြီး အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို အမြင့်ဆုံးအဆင့်အထိ ပြုစုပျိုးထောင်ရမည်။ ထိုနှစ်ခု ပြီးဆုံးသွားသည့်အခါ သူမ၏ စွမ်းအားက နောက်ထပ် နှစ်ဆတိုးမြင့်သွားလိမ့်မည်။ သူမ၏ ခန္ဓာကိုယ်၊ တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းတို့ ကြီးထွားနှုန်းကို ထည့်မပြောရသေးပေ။

“စလိုက်ကြရအောင်” ယုယန်က ပြောလိုက်သည်။

အမှောင်ထုကမ္ဘာ

သိပ်မကြာခင် အဆုံးမဲ့တိုက်ပွဲကွင်းပြင်ရှိ လေဟာနယ်စွမ်းအားကို အစားထိုးသွားသည့် သန့်စင်ကာ အရိုင်းဆန်သည့် အမှောင်ထု ကျရောက်လာသည်။

“အမှောင်ထုနဲ့ အာရုံခံစားနှုန်းအပေါ် သက်ရောက်စေချင်တာလား။ ဒါက ကျုပ်ကို လျှော့မတွက်လွန်းဘူးလား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူက ထိုအမှောင်ထုကို ထိုးဖောက်မြင်ဖို့ သူ့စွမ်းအားကို အသုံးပြုလိုက်၏။

“နဂါးလေး” အသံက အမှောင်ထုတစ်လျှောက်မှ ထွက်ပေါ်လာသည်။ ထိုအရာက နေရာတိုင်းမှ ထွက်ပေါ်လာသလိုလို နေရာတစ်ခုတည်းမှလည်း ထွက်ပေါ်လာသလိုလို ခံစားနေရသည်။

“အမှောင်ထုဆိုတာက မင်းဘဝမှာ ဖြတ်သန်းသွားတဲ့ အမှတ်အသားတစ်ခုလောက်ပဲ။ မင်းရဲ့ တကယ့် စွဲလမ်းမှုနဲ့ လိုအင်ဆန္ဒက ဟွင်သွမ်းပဲ။ အဲဒါဆိုတော့ အဲဒါကနေ ပုံသွင်းထားတဲ့ တစ်စုံတစ်ယောက်က ရှုပ်ထွေးမှုတွေ ချပြလာရင် ဘယ်လိုဖြေရှင်းမှာလဲ။”

“အမှောင်ထုကနေ ပုံပေါ်လာတာတဲ့လား။ ခင်ဗျားက တစ်ဘဝလုံး အိမ်ရှင်မပဲ လုပ်နေတာ။ ဒီလိုမျိုးပြောရဲတယ်လား” အောင်းရှန်က အမှောင်ထုကမ္ဘာကို ပြိုလဲသွားစေသည့် အလင်းတန်းကို ထုတ်လွှတ်လာခဲ့သည်။

ကံဆိုးစွာဖြင့် သူ့အားစိုက်ထုတ်မှုက အသုံးမဝင်ပေ။ အားပြင်းသည့် စွမ်းအားတစ်ခုက သူ့မျက်နှာအထက် ကျရောက်လာပြီး သူ့ကို လွင့်စင်ထွက်သွားစေ၏။ သူ အဝေးသို့ မရောက်ခင် တိုက်ခိုက်မှု အကြိမ်ထောင်ချီကို လက်ခံလိုက်ရသည်။

သဟဇာတဖြစ်ခြင်း

အောင်းရှန်က သူ့ကိုယ်ပိုင်အမှောင်ထု မဟာတာအိုအရင်းအမြစ်ကို အသုံးပြုပြီး တစ်ဖက်လူနှင့် သဟဇာတ ဖြစ်ပြီး သူမ၏ စွမ်းအာကို သူ့ကိုယ်ပိုင်အဖြစ် ယူဖို့ ကြိုးစားလိုက်သည်။

“နဂါးလေး ငါ မင်းအပေါ် သုံးသပ်ချက်က မှန်ကန်နေခဲ့တာပဲ” ယုယန်၏ အသံက ပဲ့တင်ထွက်လာသည်။

“အမှောင်ထုမှာ ကွဲပြားတဲ့ အမျိုးအစားတွေရှိတယ်ဆိုတာ မသိဘူးလား”

အောင်းရှန်က ထိုစကား၏ အဓိပ္ပာယ်ကို သိခဲ့သည်။ သူက သူမ၏ အမှောင်ထုနှင့် သဟဇာတဖြစ်ဖို့ ကြိုးစားသည့်အခါ သူ့ဝိညာဉ်က ထိုအရာကြောင့် လွှမ်းမိုးခံလိုက်ရပြီး အမှောင်ထု၏ အမှောင်ထုအဖြစ်သာ ဖော်ညွှန်းနိုင်လေသည်။ အမှောင်ထု၏ အနှစ်သာရက အလင်းမရှိခြင်း ဖြစ်သော်လည်း တခြားသော အရာများကိုလည်း ဆက်စပ်နေသည်။ အကုသိုလ်၊ အဆိုးမြင်စိတ်ခံစားချက်၊ အကြောက်တရားနှင့် အသင်္ချေအရာများစွာ ဖြစ်၏။

ထို့နောက် တစ်ဖက်သူ၏ အမှောင်ထုသည် နှစ်ပိုင်းခွဲခြားထားသည်ကို သဘောပေါက်သွားခဲ့သည်။ အသန့်စင်ဆုံးက သူ့အာရုံများကို ပိုင်းခြားထားဖို့ အသုံးပြုထားပြီး ကျန်တစ်ခုကမူ သူ သဟဇာတဖြစ်ဖို့ ကြိုးစားသည့်အခါ ထောင်ချောက်အဖြစ် ဆောင်ရွက်နေသည်။

သူမက ငါ့ကို လုံးဝသိနေတာပဲ…

အောင်းရှန်က သူ့ကိုယ်ပိုင်တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းတို့ကို အသုံးပြုကာ သူ့ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို ကာကွယ်ခဲ့သည်။

သူမက ငါ အမှောင်ထုအသုံးပြုမှုက သူမလောက် မသန့်စင်ဘူးဆိုတာကို ချက်ချင်းမြင်ခဲ့တာက ငါ့ရဲ့ဟွင်သွမ်း သွေးမျိုးဆက်ကြောင့်ပဲ။ အဲဒါကို သုံးပြီးတော့ ငါ့ကို ရင်ဆိုင်နေတာ…

အမှောင်ထု ဝါးမျိုခြင်း

အောင်းရှန်၏ ရင်ဘတ်မှ အားကောင်းသည့် ဝါးမျိုရေးစွမ်းအားတစ်ခု ထုတ်လွှတ်လာကာ တစ်ဖက်လူ၏ အမှောင်ထုကမ္ဘာကို ဝါးမျိုနေသည်။

“ကြည့်ရတာ ဒီတိုက်ပွဲကို အလေးအနက်ထားရမဲ့ပုံပဲ” သူက သူမကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့ကို ပြိုင်ဘက်အနေနဲ့ အနည်းဆုံး လေးစားသမှု ပြရမယ်လေ။ နှမြောစရာကောင်းတာက ငါ့ကို ကောင်းကင်ဧကရာဇ်ရဲ့ အမေတစ်ယောက်အနေနဲ့ပဲ မြင်ခဲ့တာလေ”

“ခင်ဗျား ပြောတာဟုတ်တယ်။ အဲဒီအတွက် တောင်းပန်ပါတယ်” အောင်းရှန်က သူ့အမှားကို ချက်ချင်း အသိအမှတ်ပြုခဲ့သည်။ သူက ကမ္ဘာ၏ အာဏာပိုင်းဆိုင်ရာကြောင့် ဤသို့သိသာသည့် အမှားမျိုးကို ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သူမက တူညီသည့် အင်အားရှိသည့် ပြိုင်ဘက်ဖြစ်နေသည့်အတွက် သူ့အနေဖြင့် ထိန်ချန်ထားခြင်းမျိုး မပြုသင့်ပေ။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ အနက်ရောင်ချပ်ဝတ်ဖြင့် လွှမ်းခြုံထားသည့် ဧရာမနဂါးအသွင်ပြောင်းလဲလိုက်သည်။

“အခု စွမ်းအားအကုန် ထုတ်သုံးတော့မယ်” သူက ကြေညာလိုက်သည်။

“မင်းတစ်ယောက်တည်းကပဲ မြင့်မြတ်တဲ့ သွေးမျိုးဆက် ရှိတာမဟုတ်ဘူး” ယုယန်က ပြောပြီး သူမ၏ အတုအယောင် လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို ( ၁၁ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း ရောက်ဖို့ လိုအပ်နေဆဲ) အသုံးပြုလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က အောင်းရှန်နှင့် အရွယ်အစားအတူတူ ဖြစ်လာပြီး သူမ လက်မောင်းအထက်က တက်တူးအမှတ်အသားများက မျိုးနွယ်စုအမှတ်အသားများနှင့် ဆင်တူနေသည်။

“ဒါက အစတုန်းက တွေးထားတာထက် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ” အောင်းရှန်က ပြောလိုက်သည်။

“ငါလည်း အဲ့လိုခံစားမိတယ်”

All Chapters