← Chapters

အမှောင်ထုတိုက်ပွဲ အပိုင်း(၂)

Vol. 76 Ch. 1058

အမှောင်ထုတိုက်ပွဲ အပိုင်း(၂)

Vol. 76 Ch. 1058

အမှောင်ထု နတ်ဆိုးနှလုံးသား

အောင်းရှန်၏ အကြည့်က သွေးဆာလာကာ ရှေးခေတ်အချိန်ကတည်းက သူ့မျိုးနွယ်များ၏ အဆိုးမြင်စိတ်ခံစားချက်အားလုံးကို စုပ်ယူသည့် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်၏ ဖိအားအောက်တွင် ဒုက္ခခံစားခဲ့ရသည့်အတွက် ခေတ်ကာလများစွာတိုင် သူတို့ထုတ်လွှတ်ခဲ့သည့် အဆိုးမြင်စိတ်ခံစားချက်များက ရိုးရှင်းသည့် စကားဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ထိုအရာက နဂါးအား စွမ်းအား သိသိသာသာ တိုးမြင့်သွားစေသည်။

ဒီနည်းစနစ်က…

ယုယန်က ထိုအရာသည် သူ့အား နောက်ထပ်၂ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်သည့် အရင်းအမြစ် နည်းစနစ်တစ်ခုဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။ ထို့အပြင် သူမက ထိုအရာသည် ကြီးထွားနှုန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိကြောင်း ပြောနိုင်လေသည်။

ဘန်း

အောင်းရှန်၏ အမြီးက သူမအား လုပ်ရည်ကိုင်ရည် မရှိသည့် ကျွန်တစ်ယောက်သဖွယ် ရိုက်နှက်ဖို့ ကျရောက်လာခဲ့သည်။ သူမကို လက်ကို ကြက်ခြေခတ်ပုံစံဖြင့် ကာကွယ်လိုက်၏။ ယုယန်က တစ်ဖက်လူနှင့် အကွာအဝေးချဲဖို့ ဆုံးဖြတ်လိုက်သည်။ ထိုတိုက်ကွက်တွင် သူမ၏ အရေပြား၊ ကြွက်သားနှင့် ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်နိုင်သည့် တိုက်စားမှုမျိုး ပါဝင်နေသည်ကို သတိထားမိခဲ့၏။

တခြားနည်းဖြင့် ပြောရလျှင် သူမ၏ အရိုးက ထိုတိုက်ကွက်၏ ဖိအားကြောင့် အက်သွားစဉ် ထိုတိုက်စားမှုကိုပါ စိုးရိမ်နေရသည်။

ကံကောင်းစွာဖြင့် သူမက တိုက်ရည်ခိုက်ရည် နည်းပါးသူ မဟုတ်သည့်အတွက် တစ်ဖက်လူ၏ တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းအား သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာခြင်း မရှိအောင် တားဆီးနိုင်ခဲ့သည်။

အောင်းရှန်က သူမ ဖြစ်ချင်သလို အကွာအဝေး ချဲမပေးခဲ့ပေ။ သူက တိုက်ခိုက်မှု၏ အရှိန်ကို မြင်လိုက်ပြီး အမှောင်ထုကို အသုံးပြုကာ အမြီးများစွာ ဖွဲ့စည်းလိုက်သည်။

ယုယန်က စက္ကန့်ပိုင်းလေးအတွင်း အမြီးရာချီကို ရှောင်တိမ်းခဲ့ရသည်။ သို့သော် သူမက လွှမ်းမိုးခံရဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်မည်ဖြစ်ကြောင်း သိထား၏။ သူမက ခန္ဓာကိုယ်မှ လက်နှစ်ချောင်းကို ဆွဲထုတ်ဖို့ ဆုံးဖြတ်ပြီး ဒုံးကျည်များကဲ့သို့ အသုံးပြုခဲ့သည်။ သူတို့က အောင်းရှန်ဆီ မပြောပြနိုင်လောက်သည့် အမြန်နှုန်းဖြင့် ပြေးဝင်သွားကြ၏။

ဝုန်း

မြေဆွဲအား ဆန့်ကျင်ရေးဗုံး

ယုယန်၏ လက်မောင်းက သူတို့သည် အမြီးနှင့် ထိတွေ့သည်နှင့် တွင်းနက်ကြီးများသဖွယ် ပြောင်းလဲသွားခဲ့ပြီး အားကောင်းသည့် မြေဆွဲအားလှိုင်းကို ထုတ်လွှတ်လာပြီး တစ်ဖက်လူကို လွင့်စင်သွားစေသည်။ ထိုအပြုအမူက သူမ၏ ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်ဖို့ လိုအပ်သည့် အချိန်ကို ဆွဲထားပေးနိုင်ခဲ့ပြီး တိုက်ရိုက် တိုက်ခိုက်မှုမှလည်း ရှောင်ရှားနိုင်ခဲ့သည်။

အမှောင်ထုအပြီး ဝိညာဉ်ရဲ့ အလင်း

ယုယန်၏ အသိစိတ်ပင်လယ်အတွင်း ကြောက်မက်ဖို့ ကောင်းသည့် အမှောင်ထုတစ်ခုက ဖုံးလွှမ်းသွားခဲ့သည်။ ထိုအမှောင်ထုက မသိနားမလည်ခြင်း၏ အကြောင်းတရားမှ ဆင်းသက်လာသည့် စွမ်းအားရှိထားသည့်အတွက် စိတ်ဝိညာဉ် သို့မဟုတ် ဝိညာဉ်ကို ခြောက်သွေ့သွားစေနိုင်သော်လည်း နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေလေသည်။ ထိုအရာကို အားကောင်းစေခြင်း ဖြစ်၏။ အမှောင်ထုစွမ်းအားကို ခုခံခြင်းဖြင့် သူမ၏ ဝိညာဉ်က ယခင်ကနှင့် မတူညီသည့် သန့်စင်မှု အနေအထားတစ်ခုသို့ ရောက်ရှိသွားကာ အမှောင်ထုကို တားဆီးဖို့ အလင်းတန်းကို ထုတ်လွှတ်လာခဲ့သည်။

ယုယန်က တစ်ဖက်သူအပေါ် ဝိညာဉ်တိုက်ကွက်ကို အသုံးပြုလိုက်၏။

ထိုနည်းစနစ်က အောင်းရှန်အပေါ် အကြောင်းအရင်းတချို့ကြောင့် အတော်လေး သက်ရောက်မှုရှိလှသည်။ သူ့အားနည်းချက်တစ်ခုက သူ့သာမန်ဝိညာဉ်ဖြစ်သည့်အတွက် ယုယန်က ထိုအရာကို သိထားပြီး ပစ်မှတ်ထားခဲ့သည်။ ဒုတိယအနေဖြင့် သူမက မပြီးပြည့်စုံသေးသည့် အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ် ၂ရာခိုင်နှုန်း အားဖြည့်မှုကို ရယူခဲ့ပြီး သူမ၏ စွမ်းအားကို နဂါးနှင့် အဆင့်တူအောင် ပြောင်းလဲနိုင်ခဲ့သည်။

အောင်းရှန်၏ နှုတ်ခမ်းမှ သွေးများ စီးကျလာ၏။ ထိုတိုက်ကွက်က သူ့ဝိညာဉ်ကာကွယ်မှုကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

လမင်းရဲ့ အမှောင်ထုအခြမ်း

သူ့အသိစိတ်ပင်လယ်အတွင်း အားကောင်းသည့် လမင်းတစ်စင်း ပေါ်ထွက်လာကာ ဝိညာဉ်ဒဏ်ရာများကို ကုစားပေးပြီး ကာကွယ်ထားသည့် ယင်စွမ်းအား ပမာဏအမြောက်အများ ထုတ်လွှတ်လာခဲ့သည်။ ထို့နောက် လမင်းက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အထက် ပျံ့လွင့်နေပြီး အစောင့်အရှောက်သဖွယ် စောင့်ကြပ်နေသည်။

အောင်းရှန်က လက်သည်းကို ဝှေ့ယမ်းလိုက်သည့်အချိန် အနက်ရောင်မှင်ရည် ပေါ်ထွက်လာသည်။ သူက ထိုအရာကို အသုံးပြု၍ ဖိနှိပ်ခြင်း ဟူသော စာလုံးကို ရေးသားလိုက်၏။

ယုယန်က မြေဆွဲအားနှင့် တူညီသည့် အမည်မသိ စွမ်းအားတစ်ခုသည် သူမ၏ လှုပ်ရှားနိုင်စွမ်းကို တားဆီးဖို့ ကျရောက်လာသည်ကို ခံစားမိလိုက်သည်။

မှင်စွမ်းရည်လား…

ဒါက ယန်ကောဝေရဲ့ အရောင်တာအိုကို သုံးထားတဲ့ နည်းစနစ်ပဲ ဖြစ်လိမ့်မယ်…

သူမက အလျင်အမြန် သုံးသပ်လိုက်၏။ သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားလိုက်သည်။ သူမက အမှောင်ထုတာအိုကို နားလည်ဖို့ တူညီသည့် နည်းစနစ်ကို အသုံးပြုနိုင်သည်။ သူမသား၏ နည်းစနစ်ဖြစ်သည့် ဧကရာဇ်စကားက စည်းမျဉ်းဆိုသည့်အရာကိုပင် လေ့လာခဲ့ဖူး၏။ သို့သော်လည်း ဤအခြေအနေတွင် ထိုနည်းစနစ်ကို တုံ့ပြန်ဖို့ရာ တူညီသည့် နည်းလမ်းသုံးသည်က မသင့်တော်ကြောင်း ထပ်မံ ခံစားမိလိုက်သည်။

အကယ်၍ အောင်းရှန်က ပိုမိုအားနည်းသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်နေပါက ထိုရွေးချယ်မှုသည် ဉာဏ်ရှိရာကျပေမည်။ ထိုအရာက သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိလာနိုင်သော်လည်း ယခုတွင်မူ အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့သည်။

သူမ၏ စိတ်ထဲ ဖြေရှင်းနည်းကို ရှာဖို့ ကြိုးစားနေစဉ် အောင်းရှန်က ဆက်လက်တိုက်ခိုက်လာပြီ ဖြစ်၏။ သူ့ပါးစပ်ရှေ့တွင် အနက်ရောင်ဓားတစ်ချောင်း ပေါ်ထွက်လာပြီး ယုယန်ဆီ ပြေးဝင်သွားသည်။

ဖျက်ဆီးခြင်းစွမ်းအားလား မဟုတ်သေးဘူး။ ဒါက ကမ္ဘာတစ်ခုကို ဖျက်ဆီးပြီးတဲ့နောက်မှာ ရှိတဲ့အမှောင်ထုပဲ။ အဲဒါဆိုတော့ ဖျက်ဆီးခြင်း အရိပ်အယောင်ပါဝင်နေတာ…

သူမက သုံးသပ်လိုက်သည်။

အဆုံးမဲ့လေဟာနယ် စကြဝဠာ

စကြဝဠာက အဆုံးမဲ့ကျယ်ပြန့်ပြီး အများစုက အမှောင်ထုနှင့် ဗလာကျင်းနေသည့် နေရာလွတ်သာ ဖြစ်ပေသည်။ ယုယန်က ထိုအချက်ကို အခွင့်ကောင်းယူကာ အမှောင်ထုတာအိုကို အသုံးပြု၍ ကာလံဒေသံတာအိုကို ထိန်းချုပ်ခဲ့သည်။ သူမက ယခင်က အဆုံးမဲ့စကြဝဠာတစ်ခုကို ဖန်တီးခဲ့ဖူးသည့်အတွက် ဖျက်ဆီးခြင်းဓားက သူမဆီ မရောက်ခင် အဆုံးမဲ့အာကာပြင်ကို ဖြတ်သန်းဖို့ လိုအပ်သည်။

သူမက ထိုနည်းစနစ်ကို ဖိနှိပ်ရေး မှင်ရည်နည်းစနစ်အပေါ် ထားရှိလိုက်သည်။ တခြားနည်းဖြင့် ပြောရလျှင် ဖိနှိပ်ခြင်းစွမ်းအားက သူမဆီ ရောက်ဖို့အတွက် အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်လာရမည်ဖြစ်သည်။

ယုယန်က သူမကိုယ်သူမ ကာကွယ်လိုက်ပြီး လွတ်လပ်ခွင့်ကို ရယူခဲ့သည်။ သို့သော် အောင်းရှန်က ပုံမှန်ထက်မြန်ဆန်စွာ တုံ့ပြန်ခဲ့၏။ အတွေးတစ်ချက်ဖြင့် သူက ဤလေဟာနယ်ထဲရှိ အမှောင်ထုကို ဖယ်ရှားပစ်ကာ အဆုံးမဲ့ကျယ်ပြန့်နိုင်သည်ထက် မြန်ဆန်အောင် လျှော့ချပစ်ခဲ့သည်။ နဂါး၏ နှုတ်ခမ်းထောင့်အထက် အပြုံးတစ်ခု ပေါ်ထွက်လာ၏။

သူက အိပ်မက်လောကအတွင်း ဝမ်ဝေ့နှင့် တိထျန်းတို့၏ တိုက်ပွဲကို ကြည့်ရှုပြီး သင်ယူခဲ့ရသည်။ သူ့ကာကွယ်ရေး နည်းစနစ်တစ်ခုက အာကာပြင်တာအိုကို အသုံးပြုထားသော်လည်း တူညီလေသည်။

အောင်းရှန်က ထိုအရာကို မည်သို့ဖြေရှင်းရမည်ကို ပြင်ဆင်ထားပြီးသားဖြစ်သည့်အတွက် ယုယန်တွင် အခွင့်အရေး မကျန်တော့ပေ။

မျက်ကွယ်ရာ အနေအထား

လူသားများ၏ မျက်ကြည်လွှာက အမြင်အာရုံကြောများ ဆက်နွယ်ထားသည့် နေရာတစ်ခုရှိလေသည်။ ထိုနေရာထဲတွင် အလင်းခံစားနိုင်သည့် ဆဲလ်များ မပါဝင်ပေ။ ဆိုလိုသည်မှာ မည်သူကမှ ထိုအရာကို မမြင်ရပေ။ ထိုနေရာကို မျက်ကွယ်ရာဟု ခေါ်ဆိုပြီး လူသားများက သူတို့၏ မြင်ကွင်းတွင် အနက်ရောင် အစက်အပြောက်ကို မြင်ရမည်မဟုတ်ပေ။ အကြောင်းအရင်းမှာ ဦးနှောက်၏ ခန့်မှန်းနိုင်စွမ်းကြောင့်သာ ဖြစ်၏။

အောင်းရှန်၏ တိုက်ကွက်က ထိုအချက်အပေါ် အခြေခံထားသည်။ သူက ထိုနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် အပိုအာရုံခံစားနှုန်းကပင် အသက်ဝင်လာလိမ့်မည်။

ဖူး

အနက်ရောင်စက်လုံးသုံးခုက တစ်နေရာမှ ပေါ်ထွက်လာစေပြီး ယုယန်ကို ဖြူဖျော့သွားစေသည်။ သူမက သူတို့ထွက်လာသည်ကို မမြင်လိုက်ရပေ။ သူမ၏ တိုက်ပွဲအလိုလိုသိစိတ်က ခန္ဓာကိုယ်ကို အလိုလိုလှုပ်ရှားပြီး ရှောင်ရှားလိုက်ခြင်းသာ ဖြစ်၏။

သူမရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက ငါ ထင်ထားတာထက် ပိုပြီးကောင်းနေတာပဲ…

အောင်းရှန်က သူမ၏ လှုပ်ရှားမှုသည် နှစ်များစွာ တိုက်ခိုက်ရေးအတွေ့အကြုံ မရှိဘဲ ရယူနိုင်သည့် အရာမဟုတ်ကြောင်း သိထား၏။ တစ်ဖက်လူသည် သူမ၏ ပထမဆုံးတိုက်ကွက်အရ ဉာဏ်ကောင်းမှန်း သိသာလှသည်။ သို့သော် ဉာဏ်ရည်သည် တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ကွဲပြားလေ၏။

အောင်းရှန်က ဆက်လက် တိုက်ခိုက်လိုက်သော်လည်း သူ ထင်ထားသလိုမျိုး အပျက်အစီးများစွာ ဖြစ်မလာခဲ့ပေ။ သူ့နည်းစနစ်က အလွယ်တကူ မဖြေရှင်းနိုင်ပေ။ တစ်ဖက်သူက အမှောင်ထုဆရာသခင် တစ်ယောက် ဖြစ်နေလျှင်ပင် သူ့နည်းစနစ်ကို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သူက သူ့ဟွင်သွမ်းသွေးမျိုးဆက်မှ ဝိညာဉ်/ စိတ်ဝိညာဉ်တာအိုကို ထည့်သွင်းထားခြင်း ဖြစ်၏။

ယုယန်၏ ခုခံကာကွယ်ရေးကို ချိုးဖောက်သည့် နောက်ထပ်လှံနှစ်ချောင်း ပေါ်ထွက်လာခဲ့သည်။ သူမက သဘောပေါက်ကာ သန့်စင်သည့် အမှောင်ထုကို အသုံးပြုခဲ့သော်လည်း ထိုနည်းစနစ်ကို ချိုးဖောက်ဖို့ရာ မလုံလောက်ခဲ့ပေ။

အလင်းရောင်

သူမကို လက်ကိုမြှောက်ကာ အမှောင်ထုအခြေခံနည်းစနစ်များကို ဖယ်ရှားပစ်နိုင်သည့် ပြင်းထန်သည့် အလင်းရောင်တစ်ခု ထုတ်လွှတ်လာခဲ့သည်။

“အလင်းတာအို အခွဲလား။ ခင်ဗျားရဲ့ မိသားစုအရဆိုရင်တော့ ဒီလိုမျိုး ထင်မှတ်ထားပြီးသားပါ” အောင်းရှန်က ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ် နည်းနည်းတော့ အံ့ဩမိသား။ ခင်ဗျားက သန့်စင်တဲ့ အမှောင်ထုကို အာရုံစိုက်မဲ့သူမျိုးလို့ ထင်နေတာ။ အလင်းတာအိုနဲ့ ဆက်စပ်မိမယ်လို့ မထင်ထားဘူး”

“ဆန့်ကျင်ဘက် သဘောတရားကို နားမလည်ဘဲနဲ့ အမှောင်ထုရဲ့ အနှစ်သာရကို ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ” ယုယန်က ပြောလိုက်သည်။ သူမက သန့်စင်နှုန်းကိုသာ လွှမ်းခြုံထားသည့် ဓားသမားများ မဟုတ်ပေ။ ထို့ကြောင့် အလင်းသည် သူမ၏ တာအိုခွဲတစ်ခုသာ ဖြစ်ခဲ့၏။ အထူးသဖြင့် သူမ၏ ရည်မှန်းချက်က အလင်းနှစ်ပေါင်းကို ပေါင်းစည်းပြီး ယုမျိုးနွယ်အတွက် အကောင်းဆုံးသော အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးဖို့ရာ ဖြစ်သည်။

“အမှောင်ထု အနှစ်သာရတဲ့လား။ ကျုပ်တို့ရဲ့ အမှောင်ထုက ဘယ်ဟာပိုကောင်းလဲ ကြည့်ရသေးတာပေါ့”

“ကောင်းပြီလေ”

အောင်းရှန်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။ သူ့ဝန်းကျင်တွင် အမှောင်ထုလမ်းစဉ်တစ်ခု ထွက်ပေါ်လာပြီး ရှေးကျသည့် အမှောင်ထုမျိုး ဖြစ်၏။ ထိုအမှောင်ထုများသည် မိုးမြေကြားထဲတွင် ပထမဦးဆုံးအမှောင်ထု ဖြစ်သည့်အတွက် ရှေးဦးဟု ဆိုနိုင်ပေသည်။

ကမ္ဘာဦးဟွင်သွမ်းက ပထမဦးဆုံးဖွဲ့စည်းစဉ် ဗလာနတ္ထိမှ ဒြပ်ထုနှင့် စွမ်းအားများအခြေအနေသို့ ဖြည်းဖြည်းချင်း ပြောင်းလဲနေစဉ်အတွင်း ထိုအရာက တည်ရှိခဲ့သည့် အမှောင်ထုပုံစံတစ်ခု ဖြစ်ပေသည်။ ထိုအရာသည် စကြဝဠာအတွင်း တည်ရှိသည့် ပထမဦးဆုံး အရောင်ဟုပင် ဖော်ညွှန်းနိုင်၏။

ယုယန်ကလည်း နောက်ကောက်ကျ မကျန်ဘဲ သူမ၏ အမှောင်ထုကို ထုတ်လွှတ်လာခဲ့သည်။ ထိုအရာက တစ်ဖက်လူလောက် ရှေးကျခြင်း မရှိပေ။ သို့သော် ထာဝရဂုဏ်သတ္တိများ ပါဝင်နေသည်။ စကြဝဠာ ဖြစ်ပေါ်မလာခင် အမှောင်ထုက ရှိခဲ့လေရာ ထိုအရာ အဆုံးသတ်သွားသည်တွင်လည်း အမှောင်ထုက ရှိနေဆဲသာဖြစ်သည့်အတွက် အမှောင်ထုသည် ထာဝရဂုဏ်သတ္တိမျိုး ပိုင်ဆိုင်ထားသည်။

ကွဲပြားသည့် အမှောင်ထုနှစ်ခု တွေ့ဆုံသည့်အခါ လေဟာနယ်တိုက်ပွဲကွင်းပြင်ကိုပင် အဖြူနှင့် အမဲကမ္ဘာအဖြစ် ပြောင်းလဲသွားစေသည်။ အကယ်၍ ထိုတိုက်ပွဲသာ အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့ပါက အသင်္ချေအင်ပါယာကမ္ဘာသည် နားလည်ရခက်ခဲသည့် အမှောင်ထုအတွင်း ကျရောက်သွားကာ သက်ရှိအားလုံးက ထိတ်လန့်သွားရလိမ့်မည်။

ဤတွေ့ဆုံမှုက အောင်းရှန်အား လူသားအသွင် ပြန်လည် ပြောင်းသွားစေပြီး ယုယန်ကမူ ဖြူဖျော့နေသည့်မျက်နှာဖြင့် လေဟာနယ်ထဲ မြောလွင့်နေသည်။

“မင်း နိုင်သွားပြီ” သူမက ပြောလိုက်သည်။

“အဲ့လိုဆိုပေမဲ့ ခင်ဗျားရဲ့ အမှောင်ထုက ကျုပ်ဟာကို လွှမ်းမိုးသွားနိုင်တုန်းပဲ” အောင်းရှန်က ပြောလိုက်သည်။ သူက နောက်ဆုံးအနိုင်ရရှိသူဖြစ်သည်မှာ စွမ်းအားကြောင့်သာ ဖြစ်၏။ သို့သော် သူ့အမှောင်ထု၏ အနှစ်သာရက သူမနှင့် မယှဉ်နိုင်ပေ။ သူမပြောသည့်အတိုင်း သူ၏ သွေးမျိုးဆက်က ပင်မသွေးမျိုးဆက်သာ ဖြစ်သည့်အတွက် နားလည်၍ ရ၏။

“အနိုင်က အနိုင်ပါပဲ” ယုယန်က ပြုံးကာ ပြောလိုက်သည်။ ထို့နောက် သူမက ကျေးဇူးတင်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။

………………………………………………………………………….

ကောင်းကင်ခုံရုံး

“သား ဘယ်လိုထင်လဲ” ယုယန်က မေးလိုက်သည်။

“တကယ့်ကို တိုက်ပွဲကောင်းပါပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“သကာအုပ်ပြီး ပြောစရာမလိုဘူး။ အမှန်အတိုင်းသာ ပြောလိုက်”

“အမေ့ရဲ့ တိုက်ပွဲအတွေ့အကြုံက ကျွန်တော်တို့ မျိုးဆက် ထိပ်သီးပညာရှင်တွေနဲ့ ယှဉ်ရင်တော့ စုတ်ချာနေတယ်” ဝမ်ဝေ့က စကားများကို ရွေးချယ်မသုံးဘဲ တဲ့တိုးသာ ပြောလိုက်သည်။

All Chapters