နောက်တစ်သုတ်
Vol. 76 Ch. 1059
“အဲ့လောက်တောင် ဆိုးတာလား” ယုယန်က မေးလိုက်သည်။
“သေခြင်းရှင်ခြင်းတိုက်ပွဲ မဟုတ်လို့ မမြင်သာတာ” ဝမ်ဝေ့က ဆက်ပြောလိုက်၏။
“ မဟုတ်ရင် အောင်းရှန်က အမေနဲ့ စွမ်းအားတူ ရှိနေပေမဲ့ အပြတ်အသတ် အနိုင်ပိုင်းသွားနိုင်တယ်။ အမေ့ရဲ့ ရွှေခန္ဓာကြောင့် သေမှာတော့ မဟုတ်ပေမဲ့ အဲဒါမပါရင် ကွဲပြားတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်သွားလိမ့်မယ်”
ယုယန်က တိတ်ဆိတ်သွားလေသည်။ သူမက ဤထူးကဲလှသည့် မျိုးဆက်မှ ပါရမီရှင်များဖြင့် မယှဉ်နိုင်ကြောင်း ထင်မှတ်ထားပြီးသား ဖြစ်၏။ သူမက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို မဆင်နွှဲခဲ့ဘဲ အချိန်အများစုကို မတိုက်ခိုက်ဘဲသာ ကုန်ဆုံးခဲ့ရသည်။ သို့သော် သူမက ကွာဟချက်သည် ဤမျှကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ဘယ်လိုခံစားရလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ဒီရလဒ်ကို ထင်မှတ်ထားပေမဲ့ နည်းနည်းတော့ ဝမ်းနည်းမိတယ်” ယုယန်က ပြန်ဖြေလိုက်သည်။
“မိခင်တစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အနေအထားက ဒီလောက်သက်ရောက်မှု ရှိလိမ့်မယ်လို့ ထင်မှတ်မထားမိဘူး”
သူမက အောင်းရှန်၏ လှုပ်ရှားမှုများကို ပြန်လည်တွေးတောပြီး နေရခက်စွာ ပြုံးလိုက်သည်။
“နောင်တရနေလား”
“နောင်တ မရပါဘူး။ မိသားစုအပေါ် ချစ်တာကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ တကယ်လို့ အခွင့်အရေး ထပ်ရှိရင်တောင် တူညီတဲ့ ရွေးချယ်မှုမျိုးကို လုပ်ဦးမှာပဲ”
“ဒါပေမဲ့ တိုက်ခိုက်ရေးဘက်ကိုတော့ လက်မလျှော့သေးဘူးမလား” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“အတိအကျပဲ။ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်နဲ့ တိုက်ခိုက်သူတစ်ယောက်လည်း လုပ်နိုင်တယ်” ယုယန်က သက်ပြင်းချကာ ပြောလိုက်သည်။
ဝမ်ဝေ့က သူမ ပြောစကားကို သဘောတူ၏။
“အရမ်းနောက်မကျသေးပါဘူး”
“ဟုတ်တယ်။ ဒါနဲ့ ဘယ်လိုအကြံဉာဏ်ရှိလဲ။”
“ပထမဦးဆုံး အမေ့ရဲ့ အလားအလာက အောင်းရှန်ထက် သာနေတယ်ဆိုတာကို သိရမယ်”
“အင်း ဒါပေမဲ့ အဲဒါက အမေက သားရဲ့အမေမလို့လေ”
“အဲဒါနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ။ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကြောင့်သာ မဟုတ်ရင် ကျွန်တော်က ဒီနေ့ရက်လို အောင်မြင်မှုမျိုး ရလာမှာ မဟုတ်ဘူး။ ဝမ်းနည်းစရာကောင်းပေမဲ့ တစ်ခါတစ်လေ မွေးဖွားမှုကတင် အောင်မြင်မှုအတွက် ဆုံးဖြတ်ပေးနိုင်တဲ့ အချက်အလက်တစ်ခု ဖြစ်လာနိုင်တယ်”
“သား ပြောတာဟုတ်တယ်”
ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီး အမှန်တရား လက်ခံလိုက်သည်ကို မြင်လိုက်ရသည်။
“လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်နဲ့ အမေ့ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေးလမ်းစဉ်က ပိုပြီး ချောမွေ့လာလိမ့်မယ်” သူက ဆက်ပြောလိုက်သည်။
“အောင်းရှန်က ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်အတွင်းမှ ဧကရာဇ်အမှတ်အသားအများကြီးနဲ့ တိုက်ခိုက်ခဲ့ရလို့ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းမှာ ကျော်လွန်နေတာ။ အမေ့ရဲ့ စိတ်ဆန္ဒကို လေ့ကျင့်ပေးဖို့ တူညီတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်တယ်”
“အမေ့အနေနဲ့ တာအိုဆန္ဒကို ၅ ရာခိုင်နှုန်းရောက်တဲ့အထိ ဖြည်းဖြည်းချင်း ကျင့်ပေးရမယ်။ ဖြစ်စဉ်က နှေးကွေးပေမဲ့ အခြေခံအုတ်မြစ်ကို နဝမအဆုံးစွန်အုတ်မြစ်ကို ပြန်လည်မတည်ဆောက်ခင်အထိ စောင့်ဆိုင်းတာ ကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအဆင့်ကို ရောက်မှာပဲလေ။ ပြီးတော့ အကောင်းဆုံး အမှောင်ထုဧကရာဇ်ဝိညာဉ်အတွက် ပုံကြမ်းလည်း ရှိထားပြီးပြီဆိုတော့ ဖြစ်စဉ်ကို တိုးမြှင့်ဖို့ ရှားပါးအရင်းအမြစ်တွေပဲ လိုတော့တာလေ။ နောက်ဆုံးအနေနဲ့ဆိုရင် တိုက်ပွဲဉာဏ်ရည်နဲ့ အတွေ့အကြုံ ပြဿနာပေါ့”
ဝမ်ဝေ့က ရပ်ကာ ပြောလိုက်သည်။
“အမေက လီကျွင်းရဲ့ တိုက်ပွဲအိပ်မက် နည်းစနစ်ကို သုံးလို့ရတယ်။ အဲဒါက မရပ်မနား တိုက်ပွဲမျှော်စင်ကို သုံးနေသလိုမျိုး ဖြစ်မှာပဲ။ အဲဒါက အမေ့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကို မြှင့်တင်ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ အမေ့အနေနဲ့ ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်လိုမျိုး ရည်မှန်းချက်၊ လှုံ့ဆော်မှုနဲ့ အလိုလိုသိစိတ်တွေ လိုအပ်သေးတယ်။ အမေ့အတွက် လေ့ကျင့်ဖို့ ကမ္ဘာတစ်ခု ဖန်တီးပေးမယ်”
“မင်းအဖေလိုမျိုး ကမ္ဘာလား။ အမေ စိတ်ဝင်စားလာပြီ။ ထပ်ပြောပါဦး”
“အဲဒါက အမေ့အနေနဲ့ သေမျိုးတစ်ယောက်ရဲ့ ဘဝကနေစပြီးတော့ ကျင့်ကြံရေးခရီးလမ်းကို ဖြတ်သန်းရလိမ့်မယ်။ ပြီးတော့ ဆက်တိုက် တိုက်ခိုက်ပြီး သတ်ဖြတ်ရမှာပေါ့။ ပြီးတော့ အမေ တိုက်ခိုက်ဖို့အတွက် ထိပ်သီးပါရမီရှင်တွေကို ဖန်တီးပေးမယ်။
ဒါပေမဲ့ အမေ့ရဲ့ မှတ်ဉာဏ်တချို့ကိုတော့ ပြင်ဆင်ပေးမယ်။ ပြောရမယ်ဆိုရင် လေ့ကျင့်မှုတစ်ခုဆိုတာ သိပြီး မသေနိုင်ဘူးဆိုတာ သိနေတာက လေ့ကျင့်ရေးအပေါ်မှာ သက်ရောက်မှုရှိလာနိုင်တယ်လေ”
“အင်း ကောင်းပြီလေ။ အမေ စပြီး ပြန်လေ့ကျင့်လိုက်ရမလား ဒါမှမဟုတ်ဘူးဆိုရင် အခုရှိထားပြီးတဲ့ စွမ်းအားကိုပဲ ဖြည်းဖြည်းချင်း နိုးကြားစေလိုက်ရမလား” ယုယန်က ထပ်မေးလိုက်သည်။
“ နိုးကြားစေဖို့” ဝမ်ဝေ့က ပြောလိုက်သည်။
“အမေ့အတွက် ရည်ရွယ်ချက်က လက်ရှိစွမ်းအားကို ကန့်သတ်ချက် ကျော်လွန်အော် လုပ်ဆောင်ဖို့ပဲ။ ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်လိုမျိုးပေါ့”
“အဲဒါက အဓိပ္ပာယ်ရှိတယ်။ အခု စချင်လား။ ဒါမှမဟုတ် အခု အလုပ်များနေလား” ယုယန်၏ အကြည့်များက တောက်ပနေ၏။
“ကျွန်တော် အခုချက်ချင်း စလိုက်မယ်။ ဒါပေမဲ့ အမေ ဒီကမ္ဘာကို မသုံးခင် တိုက်ခိုက်ရေးအတွေ့အကြုံကို မြှင့်တင်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် နောက်ဆုံးအဆင့်အထိ အသက်ရှင်မှာ မဟုတ်ဘူး”
ယုယန်က ထိုအကြံဉာဏ်ကို လက်ခံခဲ့သည်။ သူမက စကားစမြည်ပြောပြီးသည့်နောက်တွင် ထွက်ခွာသွား၏။ သူမ၏ ခင်ပွန်းသည်က တိုက်ပွဲကို မြင်သည့်အတွက် သူမအား ရှုံးနိမ့်မှုတစ်ခုသည် ဘာမှမဟုတ်ကြောင်း လာရောက်ဖျောင်းဖျပေးခဲ့သည်။ သူမက ထိုသဘောထားကို အလေးထားသော်လည်း သူ့သားနှင့် စကားပြောဆိုသည်လောက် သက်ရောက်မှုမျိုး မရှိပေ။
ဝမ်ထျန်းက သူ့ဇနီးသည် စိတ်အနှောင့်အယှက် မဖြစ်ကြောင်း သေချာသိပြီးသည့်နောက် လအနည်းကြာ သူနှင့်အတူ ချစ်ကြည်နူးဖို့ အချိန်တချို့ တောင်းဆိုခဲ့သည်။
ယုယန်၏ စိတ်ထဲ လေ့ကျင့်ဖို့သာ ပြည့်နှက်နေသည့်အတွက် ရက်သတ္တပတ်အနည်းငယ်သာ သဘောတူခဲ့သည်။
ထိုစဉ် ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ သူ့အမေအတွက် ကမ္ဘာကို စတင်ဖန်တီးပေးခဲ့သည်။ ဗွီဒီယိုဂိမ်းလိုမျိုး ခက်ခက်ခဲခဲဖြင့် စီမံပေးထားခဲ့၏။ တိုက်ပွဲမျှော်စင်အတွက် သူ စုဆောင်းထားသည့် ဧကရာဇ်အမှတ်အသားအားလုံးဖြင့် သမိုင်းကြောင်းတစ်လျှောက် မဟာဧကရာဇ်များစွာ၏ ငယ်ရွယ်သော ပုံရိပ်ကို ပြန်လည်ဖန်တီးဖို့ လွယ်ကူလှသည်။
ထို့ကြောင့် ထိုကမ္ဘာ၏ အခက်ဆုံးအနေအထားတွင် သူ့အမေက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၊ ဝူဟုန်၊ သူ့အဖေ၊ သူနှင့် သူ့မျိုးဆက်မှ တခြားသော ပါရမီရှင်များနှင့် တိုက်ခိုက်ရလိမ့်မည်။ ဤသည်က သူ့အမေ၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် ဉာဏ်ရည်ကို လေ့ကျင့်ပေးဖို့ရာ ဖြစ်သည့်အတွက် စွမ်းအားကို ကန့်သတ်ထား၏။
ထိုဖြစ်စဉ်က ရက်တချို့ ကြာမြင့်ခဲ့၏။ ထို့နောက် လက်တစ်ချက်အဝှေ့တွင် ကမ္ဘာအသစ်အား သူ့အမေဆီ ပို့ဆောင်ပေးခဲ့သည်။
“နောက်ထပ် ထပ်ပြီးတော့ အလုပ်ရှုပ်နေတော့မှာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့နောက်ထပ် ဦးတည်ရာက ဝါးမျိုရေးဇုန်ဆီ ဖြစ်ကာ ဇစ်မြစ်သစ်သီးကို သွားရောက်စစ်ဆေးကြည့်ဖို့ ဖြစ်၏။ ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးမှ အိပ်မက်စွမ်းအားကို စုစည်းကာ အာဟာရဖြည့်ပေးပြီးသည့်နောက်တွင် သစ်သီးထံ အပြောင်းအလဲများက ပိုမိုသိသာလာခဲ့သည်။
ဝမ်ဝေ့က ယခုအခါ အိပ်မက်လောကကို ကမ္ဘာ့အသိုက်အဝန်း ၃၈၀၀ဆီ ဖြန့်ဝေခဲ့ပါက ဤသစ်သီးကို ရင့်မှည့်ဖို့ စွမ်းအားအလုံအလောက် စုစည်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။ အကယ်၍ သူ အာဟာရအဖြစ် သုံးမည့် ထာဝရဦးသျှောင်တချို့ကို ထည့်သွင်းစဉ်းစားလိုက်လျှင် ရင့်မှည့်လာဖို့ ပြဿနာရှိမည် မဟုတ်ပေ။
သူ့နောက်ထပ် ဦးတည်ရာက ငရဲကမ္ဘာ ဖြစ်၏။ ဝမ်ဝေ့က လူအိုကြီးငရဲကို မကြာခဏစစ်ဆေးပြီး စည်းတံဆိပ်ကို ပြန်လည်အားဖြည့်လေ့ရှိသည်။ သူက အဆင်သင့်မဖြစ်ခင်အထိ ဤတားမြစ်နယ်မြေနှင့် ပြဿနာ မဖြစ်လိုပေ။
ခုံရုံးဆီ ပြန်လာပြီးသည့်နောက်တွင် သူက အဆုံးမဲ့လေဟာနယ်ထဲမှ ကွဲပြားသည့်နေရာများထံ ဖိတ်ကြားလွှာ ပို့ဆောင်လိုက်သည်။ သိပ်မကြာခင် သူ့ရှေ့၌ မုခ်ပေါက်တစ်ခု ဖွင့်ဟလာပြီး ဒေါသ၏ ပုံရိပ်ယောင်က အစားကြူးသူနှင့် ရှင်းလင်းရေးအတွင်းတွင် အသက်ရှင်သန်ခဲ့သည့် ဒုစရိုက်၇ပါးမှ အဖွဲ့ဝင်တချို့နှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ဝမ်ဝေ့က သူမသည် ရင်းနှီးသည့် မိတ်ဆွေ သို့မဟုတ် မောင်နှမများကို ဤအန္တရာယ်များလှသည့် အခြေအနေအတွင်း မဆွဲသွင်းလိုကြောင်း နားလည်ထားသည့်အတွက် အံ့အားသင့်သွားမိသည်။
“ကျွန်မတို့ ဇစ်မြစ်က ပြဿနာ မရှိဘူးဆိုတာ သေချာလား” ဒေါသက မေးလိုက်သည်။
“မစိုးရိမ်နဲ့။ တကယ်လို့ သူတို့က လက်မခံချင်ဘူးဆိုရင် မင်းကို လျော်ကြေးပေးဖို့ အစီအစဉ်ရှိပြီးသား”
ဒေါသက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မရဲ့ မိသားစုကို အပ်နှံပြီး ယုံကြည်ထားတာ။ ရှင် နားလည်တယ်မလား”
“ဒါပေါ့။ မင်းကို စိတ်မပျက်စေရပါဘူး”
“ကောင်းပြီလေ” ဒေါသ ထွက်ပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့သည်။ ဝမ်ဝေ့က ထိုသူများအား သိမ်းဆည်းလိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မဟာဧကရာဇ် ပုံရိပ်ယောင်များနှင့် သူတို့နောက်မှ လိုက်ပါလာသည့်သူများ ထွက်ပေါ်လာသည်။ သိပ်မကြာခင် ထုံရိုပင်းနှင့် မူလိန်၊ ကျိလန်ဖန်း၊ ရှစ်ချီအန်း၊ ရှီရှန်းယန်နှင့် နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်တိုလည်း ပေါ်ထွက်လာခဲ့သည်။
သူတိုက မဟာမိတ်အတွင်း ရှိသည့်အတွက် အားလုံးကို မိတ်ဆက်ပေးဖို အစည်းအဝေးတစ်ခု ကျင်းပခဲ့ရသည်။ သူတိုက ကမ္ဘာ့အချင်းချင်းကြားမှ အလဲအလှယ်အပါအဝင် ကိစ္စများစွာကို ဆွေးနွေးခဲ့ပြီး စစ်မက်ဆိုင်ရာကိစ္စများကို စည်းမျဉ်း ချမှတ်ဖို့လည်း ပါဝင်သည်။ အစည်းအဝေး အဆုံးသတ်သွားသည့်အခါ လူများစွာက ထွက်ခွာသွားကြ၏။
ကျိလန်ဖန်းက သူမိတ်ဆွေဟောင်း ဝမ်ထျန်းနှင့် တွေ့လိုသည့်အတွက် နေရစ်ခဲ့သည်။ ဝမ်ဝေ့က သူ့အဖေသည် သူ သဘောကျလောက်သည့် သီးသန့်ကမ္ဘာတစ်ခုရှိကြောင်း ပြောသည့်အတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်၏။ ထိုအရာက သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေခဲ့သည်။
ဝမ်ထျန်းနှင့် တွေ့ဆုံပြီးသည်နောက်တွင် ကျိလန်ဖန်းက ဓားရေးကမ္ဘာအတွင်း ဝင်ရောက်ကာ ထွက်မသွားလိုတော့ပေ။ ကံကောင်းစွာဖြင့် သူက ပုံရိပ်ယောင်မျှသာ ဖြစ်နေသည်။ မဟုတ်ပါက သူဂိုဏ်းမှလူများသည် သူတို၏ ကောင်းကင်ဧကရာဇ်ကို အဓမ္မပြန်ပေးဆွဲခံရသည်ဟု ထင်မိလောက်၏။
ရှီရှန်းယန်က ဝမ်ဝေ့နှင့် စကားစမြည်ပြောခဲ့ပြီး သူ့မိသားစုထံ သတင်းစကားပိုဆောင်ထားသော်လည်း တုံပြန်မှုမရှိသေးကြောင်း ပြောခဲ့သည်။ နတ်ဆိုဖိနှိပ်ရေးဧကရာဇ်ကမူ အသင်္ချေအင်ပါယာကမ္ဘာကို သွားရောက်ကြည့်ဖိုတောင်းဆိုခဲ့သည့်အတွက် ဝမ်ဝေ့က လိုလိုလားလား ခွင့်ပြုပေးခဲ့သည်။
ရှီရှန်းယန်က အရေးကြီးသည့် ကိစ္စတစ်ခု ရရှိသည်ဟုပြောသော်လည်း သူ့ကိစ္စများပြီးသည်အထိ စောင့်ဆိုင်းနိုင်လေသည်။ ထိုကြောင့် သူမက ခုံရုံးအတွင်း ယာယီဧည့်သည်တစ်ယောက် ဖြစ်လာခဲ့၏။
ဝမ်ဝေ့က ဝမ်ချီအား ဆင့်ခေါ်ကာ နောက်တစ်သုတ်နှင့်အတူ ဒိုင်မေးရှင်းအမြင့်ဆီ ပိုဆောင်ပေးခဲ့သည်။ ထို့နောက် ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ဝမ်ချီက အရင်းအမြစ်များကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာသည်။
"နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးမလား"
"သူတိုက ဘာမှတောင် မမေးကြပါဘူး" ဝမ်ချီက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က စဉ်းစားလိုက်၏။
ဤတုံပြန်မှုအတွက် အကြောင်းအရင်းနှစ်ခုသာ ရှိလေသည်။ ပထမတစ်ခုက ဒိုင်မေးရှင်းအမြင့်သည် မိစ္ဆာမျိုးနွယ်အပေါ် မျက်လုံးမှိတ် မုန်းတီးခြင်းမျိုး မဟုတ်ခြင်း သိုမဟုတ် သူတို၏ သမိုင်းကြောင်းက ကပ်ပါးများကြောင့် ဖျောက်ဖျက်ခံထားရခြင်း/ မေလျော့ခံရခြင်းမျိုး ဖြစ်နိုင်သည်။ သို့မဟုတ် နှစ်ခုလုံး ပေါင်းစည်းထားမှုပင် ဖြစ်နေနိုင်၏။
သူက ဝမ်ချီကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် အရင်းအမြစ်များကို စစ်ဆေးကြည့်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ" သူက မှတ်ချက်ပေးလိုက်သည်။ ထိုသူများနှင့် သဘောတူညီချက်အရ အရင်းအမြစ် လဲလှယ်နှုန်းသည် စေလွှတ်လိုက်သည့် တစ်ယောက်ချင်းစီ၏ ပါရမီအပေါ် မူတည်နေသည်။ ဤအသုတ်၏ ပါရမီကို ကြိုတင်အကဲဖြတ်ပြီးသည့်နောက်တွင် ဆုလာဘ်ကို တွက်ချက်ပေးလိမ့်မည်။ ထိုနောက် ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးသည့်နောက် သူတို၏ လုပ်ဆောင်ချက်များအပေါ် မူတည်၍ အပိုဆုလာဘ်လည်း ရှိလာလိမ့်မည်။
နောက်ဆုံးတစ်ခေါက်တွင် သူသည် အကောင်းဆုံးထဲမှ အကောင်းဆုံးကို ပို့ခဲ့သည့်အတွက် ဆုလာဘ်က အတော်လေး ထူးကဲလှသည်။ ထိုသူများက ဆင်းသက်လာပြီးသည့်နောက်တွင် အားလုံးနီးပါးက ထာဝရဧကရာဇ်ဖြစ်လာသည့်အတွက် သူ့အား အပိုဆုလာဘ် ပိုပေးခဲ့သည်။ သို့သော် ဤတစ်သုတ်က ယခင်နှင့် မယှဉ်နိုင်ပေ။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က အရေအတွက်ဖြင့် ကာမိအောင် လုပ်ဆောင်ထားခဲ့သည်။
ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးသည့်နောက်တွင် သူက တခြားတစ်ခုကို ထုတ်ယူလိုက်၏။