လမ်းစဉ်ခွဲ
Vol. 76 Ch. 1060
ဝမ်ဝေ့က ဝူဟုန်၏ စာကို ဖတ်နေရင်း ပြုံးနေမိသည်။ ပါဝင်သည့်အကြောင်းအရာက ရိုးရှင်းလှပြီး သူက အကြံဉာဏ်အတွက် သူမကို ကျေးဇူးတင်ထားပြီး သူမက ကိစ္စမရှိကြောင်း ပြန်လည်ဖြေဆိုထားသည်။ သို့သော်လည်း သူက ပါဝင်အကြောင်းအရာထက် သဘောထားကို ပိုမိုဂရုစိုက်သည်။ သူက ထိုအရာကို သူ့သိုလှောင်လက်စွပ်အတွင်း ကာကွယ်ထားသည့် နေရာတစ်ခု၌ သိမ်းဆည်းလိုက်သည်။
သူက အချိန်တစ်ခုကြာမျှ စာရေးနိုင်မည် မဟုတ်ပေ။ အလျင်စလို ပြုမူခြင်းက အလဟဿ ဖြစ်သွားနိုင်ကြောင်း နားလည်ထား၏။ သူမကို လိုက်လံပိုးပန်းမည့် အစီအစဉ်က အစပိုင်းတွင် မပြင်းထန်လွန်းသင့်ပေ။ သဘာဝအတိုင်းဖြစ်သည်က ပိုမိုသင့်တော်၏။
ဝမ်ဝေ့က ရှစ်ချီအန်းအား ဥယျာဉ်အတွင်း ဆင့်ခေါ်ပြီး ပြောလိုက်သည်။
"မင်းက ငါနဲ့ စကားပြောချင်တယ်ဆို"
"ကျွန်မ တောင်းဆိုစရာလေး ရှိလို့ပါ။ အဲဒီအတွက်လည်း ပေးဆပ်ဖို့ ပြင်ဆင်ထားပါတယ်။" ရှစ်ချီအန်းက ပြောလိုက်သည်။
"ပြောလေ" ဝမ်ဝေ့က သူမကို အဖန်ရည်ဖြင့် တည်ခင်းဧည့်ခံကာ ပြောလိုက်သည်။
"ရှင် သိပြီးလောက်ပြီဆိုပေမယ့် ဒီတစ်ခေါက် လွှတ်လိုက်တဲ့သူတွေထဲက တစ်ယောက်က ကျွန်မအဖေပဲ"
"သူ့လူဝင်စားကို ရှာတွေ့သွားတာလား"
"ဟုတ်ပါတယ်။ အဲဒီအခွင့်အရေးကို ယူပြီးတော့ သူ့ရဲ့ အင်မော်တယ်အဆီအနှစ်ကို ဖယ်ရှားပြီး ဧကရာဇ်လမ်းစဉ်လျှောက်ဖို့ အခွင့်အရေး ပေးလိုက်တယ်"
"ဉာဏ်ရှိတဲ့ အပြုအမူပဲ"
"ပြဿနာက ကျွန်မရဲ့ အမေပါ။ သူမကိုလည်း လမ်းစဉ် ပြောင်းလဲစေချင်တယ်" ရှစ်ချီအန်းက ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
"သူမရဲ့ အင်မော်တယ် အဆီအနှစ်ကို ဖယ်ရှားစေချင်တယ်ဆိုရင်တော့ ငါတတ်နိုင်စွမ်းထက် ပိုနေတယ်"
ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံခံစားခြင်း မရှိဘဲ တခြားလမ်းစဉ်များက ဧကရာဇ်လမ်းစဉ်ကို မပြောင်းလဲနိုင်ပေ။ ဤသည်က မိုးမြေ၏ စည်းမျဉ်းတစ်ခု ဖြစ်၏။ ထိုကြောင့် အကူးအပြောင်းနည်းလမ်းက တာအို၊ အင်မော်တယ်နှင့် နတ်ဘုရားလမ်းစဉ်အတွက် ဆန့်ကျင်ကျင့်ကြံသူများအတွက် အလုပ်မဖြစ်ခြင်း ဖြစ်သည်။ ထိုအရာက သုံ့လီဖန်း၏ ကံကြမ္မာတိုင်းပြည်လမ်းစဉ်အတွက်ပင် အလုပ်ဖြစ်မည် မဟုတ်ပေ။
"မဟုတ်ဘူး။ အဲဒါက မဖြစ်နိုင်ဘူးဆိုတာကို သိပါတယ်။ ကျွန်မက သူမကို ပြန်လည်ဝင်စားဖို့ ဖျောင်းဖျနိုင်ခဲ့တယ်။ ဒါပေမယ့် နှစ်ယောက်လုံးက စိုးရိမ်နေတုံးပဲ။ သူ့ရဲ့ ပြန်လည်ဝင်စားမှုကို အရှိန်မြှင့်တင်ပေးဖို့ တောင်းဆိုလို့ ရမလား။"ရှစ်ချီအန်းက လက်ရမ်းကာပြောလိုက်သည်။
"အရှိန်မြှင့်တင်ဖို့လား။ ဘယ်လောက်မြန်မြန်လဲ"
"တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နောက်နှစ်တစ်သောင်းအတွင်းမှာ ပြန်လည်မွေးဖွားစေချင်တယ်"
ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့မှာ အဲ့လိုစွမ်းရည်ရှိပေမယ့် ကူညီမပေးနိုင်လောက်ဘူး"
"ဘာလို့များလဲ။ တကယ်လို့ တန်ကြေးအကြောင်း စိုးရိမ်နေတယ်ဆိုရင် မျှတတဲ့ စျေးနှုန်းတစ်ခုကို ညှိနှိုင်းလို့ရပါတယ်။" ရှစ်ချီအန်းက အလျင်အမြန် ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းအသာရမ်းလိုက်၏။
"အဲဒါကပြဿနာ မဟုတ်ဘူး။ သံသရာကိစ္စတွေကို ဒီလောက်အထိ ဝင်ရောက်မစွက်ဖက်ချင်ဘူး"
"အဲဒါကြောင့်လား"
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
"မင်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေလဲဆိုတာ မသိလို့လေ။ တကယ်လို့ မင်း သိမယ်ဆိုရင် ငါ့လိုမျိုးပဲ ဖြစ်နေလိမ့်မယ်"
သူက မိသားစုအတူတူ ရှိနိုင်ဖို့အတွက် သူအဘိုး၏ ပြန်လည်ဝင်စားမှုကို အရှိန်မြှင့်တင်လိုခဲ့သည်။ သို့သော် သူ လုပ်ဆောင်နိုင်သည့် အကောင်းဆုံးအရာက အဘိုးအား ပြန်လည်ဝင်စားရာ၌ ပြဿနာမရှိဘဲ ဝမ်မျိုးနွယ်တွင် ပြန်လည်ဝင်စားဖို့ ကောင်ချီးပေးရုံသာဖြစ်သည်။ ထိုအပြင် သူက ဖြစ်စဉ်အတွင်း များများစားစား ဝင်ရောက်မစွက်ဖက်နိုင်ပေ။
ရှစ်ချီအန်းက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။သူမက ဝမ်ဝေ့သည် အကျိုးအကြောင်းသင့်သူမှန်း သိထားလေ၏။ ထို့ကြောင့် သူမကို ငြင်းဆန်ရသည့် အကြောင်းအရင်း ရှိလိမ့်မည်။
"တခြားလုပ်နိုင်တာ တစ်ခုခုများ ရှိဦးမလား"
"သူမရဲ့ မှတ်ဉာဏ်တွေကို စောစောစီးစီး ပေါ်ထွက်လာအောင်ရယ်၊ သူမက အလင်းမျိုးနွယ်မှာ မွေးဖွားလာအောင် လုပ်ပေးနိုင်တယ်။ အဲ့လောက်ပဲ"
"အဲ့ဒါဆိုရင်လည်း အဆင်ပြေပါတယ်။ အရင်ဘဝက အားကောင်းတဲ့ ပစ္စည်းတွေနဲ့ မွေးဖွားလာတဲ့သူတွေအကြောင်းကို သိတယ်။ အဲဒါက ဘယ်လိုလုပ်ရလဲဆိုတာကို သိလား။" သူမက မေးလိုက်သည်။
ဝမ်ဝေ့က သူမ၏ နဖူးကို ထောက်ကာ သူမ လိုချင်သည့် သတင်းအချက်အလက်များကို လွှဲပြောင်းပေးလိုက်သည်။
"ကျေးဇူးပါ။ တန်ကြေးအတွက်တော့ ကျွန်မ ပေးဆပ်ပါမယ်"
"မလိုပါဘူး။ မိတ်ဆွေတစ်ယောက်ဆီက ကူညီမှုလိုပဲ သဘောထားလိုက်ပေါ့။ တစ်ရက် ငါအကူအညီ လိုတဲ့အချိန်ကျမှ ပြန်ပြီးတော့ ပေးလို့ရတယ်" ဝမ်ဝေ့က ပြောလိုက်သည်။
ရှစ်ချီအန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။"
ဝမ်ဝေ့က ရှစ်ချီအန်း ထွက်သွားသည်ကို ကြည့်ရင်း နောက်အစည်းအဝေးအတွက် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူက ခြေလှမ်းမလှမ်းခင် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူက အနောက်ပိုင်းကုန်းမြေဆီ လှမ်းကြည့်လိုက်၏။
"ဗုဒ္ဓဘာသာရဲ့ ချီကံကောင်းမှုလား။ တစ်ခုခုများ ဖြစ်သွားတာလား" သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားကာ ထိုအပြောင်းအလဲ၏ အရင်းအမြစ်ကို မြင်လိုက်ရသည်။
"သူတို့လား" ဝမ်ဝေ့က ဝေးကွာလွန်းသည့် ကမ္ဘာတစ်ခုကို မြင်လိုက်ရပြီး လှည့်ဖျားရေးစစ်ဆေးမှုမှ လူရိုင်းမောင်နှမ ဖြစ်နေသည်။
"တကယ်လို့ ငါ မှတ်မိတာသာမှန်ရင် သူတို့နာမည်က ထူလွေ့နဲ့ ခူထူလွန်ပဲ။ ဖုန်းဟွမ် ဗုဒ္ဓဘာသာဖြန့်ဝေမှုရဲ့ ပထမဦးဆုံး သားကောင်တွေပေါ့"
ယခင်က ထိုမောင်နှမနှစ်ယောက်သည် သူတို့အပေါ် တင်ရှိသည့် ဗုဒ္ဓဘာသာလွှမ်းမိုးမှုကို ဖယ်ရှားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူက တစ်စိတ်တစ်ပိုင်းသာ မှန်ကန်နေခဲ့၏။ ညီမဖြစ်သူ ခူထူလွန်က ထိုသို့လုပ်ဆောင်နိုင်ခဲ့ပြီး တာအိုကိုသက်သေပြကာ ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုစဉ် မောင်ဖြစ်သူက ဘာသာတရားကို ကိုးကွယ်နေဆဲ ဖြစ်၏။ အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအား မရှိတော့သည့်နောက်ပိုင်းတွင် သူက သူတို့ကမ္ဘာနှင့် အလွှာနိမ့်ထံ ဗုဒ္ဓဘာသာကို ဖြန့်ဝေခဲ့သည်။ ထို့နောက် သူက စိတ်ထဲမှ အတားအဆီးကို ဖယ်ရှားလိုက်ရင်း ကုသိုလ်သက်သေပြ နည်းလမ်းကို ရှာတွေ့ခဲ့သည်။
နှစ်များစွာ တရားထိုင်ပြီးသည့်နောက်တွင် သူက ဗုဒ္ဓဘာသာအဖွဲ့ခွဲအသစ်ကို ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက သူ့အား တာအိုသက်သေပြဖို့ အလုံအလောက် စုဆောင်းမိပြီး သူကမ္ဘာအတွင်း ဒုတိယ ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။
"ဒါက တန္တာရဗုဒ္ဓဘာသာလား။" ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဗုဒ္ဓဘာသာတွင် အခွဲများစွာရှိပြီး တန္တာရဗုဒ္ဓဘာသာကို ဝဇီယာရန ဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုကြသည်။ ထိုသို့သော ဗုဒ္ဓဘာသာမျိုးက တရားထိုင်ခြင်း၊ သင်ကြားဆုံးမခြင်း၊ ကိုးကွယ်ခြင်းတို့ဖြင့် ဉာဏ်အလင်းပွင့်သည့် လမ်းစဉ်ကို အလေးထားထားသည်။ သူတို့က သူတို့ဉာဏ်အလင်းပွင့်သည့် လမ်းစဉ်ကို အရှိန်မြှင့်တင်ပေးသည့် ဗုဒ္ဓ သို့မဟုတ် နတ်များကို မြင်ယောင်သည့် ကျင့်စဉ်မျိုး ပါဝင်သည်။
ဝမ်ဝေ့၏ ကောက်ချက်ချမှုက မှန်ကန်နေခဲ့သည်။ ထူလွေ့က ကျင့်ကြံရေးလောက၏ တန္တာရဗုဒ္ဓဘာသာ ပုံစံကို ဖန်တီးခဲ့သည်။ ဝမ်ဝေ့က စောင့်ဆိုင်းနေရင်း ဖုန်းဟွမ်က သူကို လာရောက်တွေ့ဆုံခဲ့သည်။
"အရှင် ခံစားမိလား" သူကမေးလိုက်သည်။
"အင်း" ဝမ်ဝေ့က ခေါင်းညိတ်လိုက်တယ်။
"ဒီကိုယ်တော်က အရှင့်ရဲ့ အမြင်ကို သိချင်လို့ပါ။"
"မင်း ဘယ်လိုတွေးထားလဲဆိုတာကို ပြောပါဦး။"
ဖုန်းဟွမ်က ရပ်ကာပြောလိုက်၏။
"အောမိသောဖော … ဒီကိုယ်တော် ထင်တာက ဒီနည်းလမ်းရဲ့ အတွေးအခေါ်ကို သဘောမကျဘူး။ အောင်မြင်ပေါက်မြောက်သွားတဲ့ ဘုန်းကြီးတွေကို မြင်ယောင်တာက ဉာဏ်လင်းပွင့်လမ်းစဉ်ကို အရှိန်မြှင့်တင်နိုင်တယ်ဆိုတာက သွေးမျိုးဆက်အပေါ် မှီခိုတဲ့သူတွေနဲ့ အတူတူဘဲ။ သူတို့က ဘိုးဘေးတွေနဲ့ တူညီတဲ့ အနေအထားကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။"
"အဲဒါကလည်း ဟုတ်တာပဲ" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
"အဲဒီနောက် ဆရာနဲ့တပည့်ကြားက တင်းကျပ်မှုလည်း ရှိသေးတယ်။ ဗုဒ္ဓဘာသာက ပိုပြီးတော့ အမြင်ပွင့်လင်းသင့်တယ်။ မဟုတ်ရင် ဒီလိုဆက်ဆံရေးမျိုးနဲ့ ဝါစဥ်ဆက်ဆံရေးမျိုးတွေကို အလွဲသုံးစားလုပ်ဖို့ လွယ်ကူတယ်"
ဝမ်ဝေ့က သူ့အမြင်ကို မပြောပေ။ သို့သော်လည်း ဖုန်းဟွမ်၏ စကားများက ကမ္ဘာမြေအတွင်း တန္တာရဗုဒ္ဓဘာသာအပေါ် ရှိကြသည့်အမြင်များနှင့် အတူတူသာ ဖြစ်၏။ မည်သည့် ဗုဒ္ဓဘာသာလမ်းစဉ်အခွဲကမှ ပြီးပြည့်စုံခြင်း မရှိဘဲ သူတို့က ကိုယ်ပိုင်ပြစ်ချက်ရှိကြသည်။
"နောက်ဆုံးအနေနဲ့ သူတို့က စွမ်းအားကို အလေးထားပြီးတော့ ဉာဏ်အလင်းပွင့်ဖို့ တန်ခိုးကို ရယူကြတယ်။" ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။
"ဒီကိုယ်တော်က သူတို့တွေ ဒီလိုမျိုးရွေးချယ်မှု လုပ်တာကို နားလည်လို့ ရပေမယ့် လက်ရှိကျင့်ကြံရေးလောကရဲ့ အနေအထားအရ ဒီလိုမျိုးအတွေးအခေါ်မျိုးက ဘုန်းတော်ကြီးအစား စစ်သည်တော်တွေကိုပဲ လေ့ကျင့်ပေးနိုင်လိမ့်မယ်။"
"အဲဒါဆိုတော့ ဘာဆက်လုပ်မှာလဲ။" ဝမ်ဝေ့က မေးလိုက်စဉ် ဖုန်းဟွမ်က စိတ်ရှုပ်ထွေးနေမိသည်။
"ဒီကိုယ်တော်ရဲ့ အလိုလိုအသိစိတ်က သူတို့ကို တားဆီးဖို့ပါပဲ။ ဒါပေမဲ့ အဲဒါက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာကို သိလိုက်တယ်။" ဘာသာရေး သို့မဟုတ် အတွေးအခေါ်များက အခွဲများစွာ ရှိတတ်သည်။ တစ်ခါတစ်ရံတွင် ထိုအခွဲက ဘာသာတရား၏ ပင်ကိုသဘောတရားများနှင့် ဝေးကွာလွန်းသည်မှာ ရှောင်လွှဲလို့ မရပေ။
"မင်း လုပ်ရမဲ့ အရာကိုတော့ တွေးမိပြီးနေပါပြီ။ ငါ မင်းကိုထောက်ခံပေးတယ်" ဝမ်ဝေ့က ပြောလိုက်သည်။
ဖုန်းဟွမ်က ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။ ယခု သူက လိုချင်သည့်အရာ ရလာပြီဖြစ်ကာ အနောက်ပိုင်းကောင်းချီးဂိုဏ်းဆီ ပြန်လည်ရောက်ရှိလာပြီး ဝဇီယာရနဗုဒ္ဓဧကရာဇ်ဆီ ဖိတ်ကြားလွှာ တစ်ခု ပို့ဆောင်လိုက်သည်။
သူက ထိုသူနှင့် ကျမ်းအကြောင်း စကားရည်လုပြီး လူသိရှင်ကြား အနိုင်ယူဖို့ ပြင်ဆင်ထားသည်။ ထိုနောက် လမ်းစဉ်ခွဲအသစ်အား မူလအတွေးအခေါ်များမှ သွေဖယ်သွားလွန်းခြင်းကို တားဆီးဖို့ ဆွေးနွေးရမည်။
နမူနာအနေဖြင့် တခြားသောဗုဒ္ဓ သို့မဟုတ် နတ်များကို မြင်ယောင်ကြည့်ပြီးသည်နောက်တွင် တန္တာရဘုန်းတော်ကြီးများသည် တခြားသူများ၏ လွှမ်းမိုးမှုကို လျော့ချဖို့ရာ သူတို့ကိုသူတို့ မြင်ယောင်ကြည့်ရမည်။ ထိုလမ်းစဉ်ရှိ ဘုန်းတော်ကြီးများက ဓမ္မအပေါ် နက်နက်နဲနဲနားလည်မှု မရှိဘဲ ဘုန်းတော်ကြီးဘွဲ့ကို အလွယ်တကူ ပေးအပ်မည် မဟုတ်ပေ။ အကယ်၍ သူတို့က ဉာဏ်ပညာမရှိဘဲ စွမ်းအား သို့မဟုတ် တန်ခိုးရှိလျှင်ပင် သူတို့ကို ဘုန်းတော်ကြီးဟု ခေါ်မည် မဟုတ်ပေ။
ဖုန်းဟွမ်က နည်းလမ်းများစွာကို တွေးတောထားသည်။ ထိုလမ်းစဉ်ခွဲအသစ်က ဗုဒ္ဓဘာသာပြန်လည်ရှင်သန်မှုအတွက် သတင်းကောင်း ဖြစ်သော်လည်း စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။ အကယ်၍ သေချာမလုပ်ဆောင်နိုင်ပါက သူတို့ဘိုးဘေးများကဲ့သို့ ပြန်လည်အမှားကျူးလွန်မည့် အခွင့်အရေးက သိသိသာသာ များပြားလာလိမ့်မည်။
ဒီဗုဒ္ဓဧကရာဇ်က နားလည်မှုရှိပြီးတော့ ချက်ချင်း အကြမ်းပတမ်း နည်းလမ်းကို မသုံးဖို့ မျှော်လင့်ရတာပဲ...
ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူကဗုဒ္ဓဘာသာဂိုဏ်းခွဲများကြားမှ အတွင်းရေးပဋိပက္ခ မဖြစ်လိုပေ။
ဖုန်းဟွမ်နှင့် စကားပြောပြီးသည်နောက်တွင် ဝမ်ဝေ့က ဗုဒ္ဓဘာသာ အပြောင်းအလဲကို အာရုံစိုက်ခြင်း မရှိပေ။ သူက ထိုမောင်နှမ နှစ်ယောက်ထံ သူ့မဟာမိတ်ကို မိတ်ဆက်ဖို့ တွေးထားမိသော်လည်း ဖုန်းဟွမ်နှင့် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်လိုသည်။
သူက ဗျပ်စောင်းသံ ဆီးကြိုနေသည့် ရှုရှစ်၏ နန်းဆောင်ဆီ သွားခဲ့သည်။
"မင်းက ဗျပ်စောင်း ဒါမှမဟုတ် အသံတာအိုကို အဓိကယူမထားတာ နှမြောစရာကောင်းတယ်လို့ ထင်နေမိတုန်းပဲ" သူက အထဲဝင်လာကာပြောလိုက်သည်။
"ကျွန်မ ပြောနိုင်တာကတော့ ကံကြမ္မာက ကျွန်မအတွက် ကွဲပြားတဲ့လမ်းစဉ်ကို ရွေးချယ်ပေးထားတာကိုး" သူမက ညင်ညင်သာသာ ပြုံးကာပြောလိုက်၏။
"အခု အချိန်ကျပြီလား" ရှုရှစ်က မေးလိုက်သည်။
"အင်း" သူက ခေါင်းညိတ်လိုက်၏။
"ကျွန်မ အရင်ကပြောဖူးသလိုပဲ အများကြီး မျှော်လင့်မထားနဲ့။ သိုင်းပညာအုပ်စိုးသူကမ္ဘာမှာ ပြင်ပလွှမ်းမိုးမှုက ငြိမ်းချမ်းပြီး ပူးပေါင်းတဲ့ လှုပ်ရှားမှုဆိုရင်တောင် လက်ခံပေးမှာ မဟုတ်ဘူး။ တခြားကမ္ဘာကို ချဲ့ထွင်ဖို့ အကြံပြုချင်တယ်"
"ငါ သိပါတယ်။ ဒါပေမဲ့ ကြိုးစားကြည့်ရမယ်" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
"ပြီးတော့ လူတွေက စစ်ပွဲကို လိုချင်နေတယ်ဆိုရင်လည်း သူတို့ကို ပေးနိုင်တယ်လေ"
ရှုရှစ်က သူ့ကို ကြည့်ပြီးသည်နောက်တွင် ဘာမှမပြောတော့ပေ။ သူမက ပြင်ဆင်ထားပြီးသားဖြစ်၍ အချိန်မဖြုန်းတော့ဘဲ ထွက်ခွာသွားလိုက်၏။