အကျိုးအကြောင်းသင့်သည့် ခေါင်းမာမှု
Vol. 76 Ch. 1062
လျှပ်စီးလက်သီးက သူမ၏ အင်မော်တယ်ချီများကို လက်သီးအနား လျှပ်စီးနှင့် မိုးကြိုးအဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် ပြိုင်ဘက်ကင်း အလျင်ဖြင့် သူမက ရှုရှစ်ဆီ ရောက်ရှိလာကာ အက်တိုစက္ကန့်အတွင်း အကြိမ်သန်းထောင်ချီ ထိုးချလိုက်သည်။
ထိုစဉ် အချိန်လေဟာနယ်ဧကရီက ထိုလက်သီးချက်များကို ချွေးတစ်စက်ပင် မထွက်ဘဲ အေးအေးသက်သက်သာသာ ရှောင်ရှားလိုက်သည်။ ထို့အပြင် ရှုရှစ်က လက်နှစ်ချောင်းကို မြှောက်လိုက်ပြီး လျင်မြန်လှသည့် လှုပ်ရှားမှုဖြင့် ချင်းဟိန်၏ ပုဆိန်ကို တားဆီးကာ သူ့ကို တားထားစဉ် မီတာဒါဇင်ချီ တွန်းထုတ်လိုက်သည်။
မြွေဓားမော့ကလည်း အချိန်ကိုက် တိုက်ခိုက်လာခဲ့၏။ သူ့တွက်ဆထားမှုအရ ရှုရှစ်သည် တခြားတစ်ယောက်ကို အာရုံစိုက်ထားရ၍ တုံ့ပြန်ဖို့ အချိန်ရမည် မဟုတ်ပေ။ ထို့ကြောင့် သူက သူမ၏ ခန္ဓာကိုယ်အထက် ဓားမော့ဓားချက်ရာ ချန်ထားပေးဖို့ စိတ်ကူးရင်း စိတ်လှုပ်ရှားမှုဖြင့် အကြည့်များ တောက်ပနေသည်။ သူ့အတွက် နှမြောစရာကောင်းသည်က သူ့ဓားမော့သည် သူမ မတည်ရှိနေသကဲ့သို့ ထိုးဖောက်သွားလေ၏။
ထို့နောက် သူက ထိုအမျိုးသမီးသည် အားကောင်းသည့် စည်းမျဉ်း ဖြစ်သည့် အချိန်ကို ထိန်းချုပ်နေကြောင်း အမှတ်ရသွားသည်။ သူက လျှာသပ်ကာ နောက်ပြန်ဆုတ်လိုက်သည်။ သူ့တိုက်ခိုက်ရေးနည်းလမ်းတွင် တစ်ဖက်သူ၏ ဟာကွက်ကို သင့်တော်သည့်အချိန်တွင် တိုက်ခိုက်ခြင်း ပါဝင်နေသည်။
“ဒီတိုက်ပွဲက အကျိုးမရှိဘူးဆိုတာ နားလည်သင့်တယ်။” ရှုရှစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဘာလို့ မတိုက်ခိုက်ခင် ငါ့စကားကို နားမထောင်ရတာလဲ”
“ နောက်ဆုံးတစ်ခေါက်ကထက် ပိုပြီးတော့ မောက်မာလာတာပဲ” ချင်းဟိန်က ပြောလိုက်သည်။
“ငါက ငါတို့ကြားက ကွာဟချက်ကို ပြနေရုံပဲ” ရှုရှစ်က ပြောလိုက်သည်။
“ငါ့ရဲ့ စွမ်းအားက သူနဲ့တောင် မယှဉ်နိုင်သေးဘူး။ အခု ငါ့ကို အဲ့လိုပြောနေတာ နင်တို့တွေ သူ ရောက်လာတဲ့အခါ ဘယ်သူကမှ ခုခံနိုင်မှာ မဟုတ်ဘူး”
ချင်းဟိန်နှင့် တခြားသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ သို့သော်လည်း ပုဆိန်ကိုင်ဆောင်ထားသူ၏ မျက်နှာအမူအရာက စိတ်ဆုံးဖြတ်ချက်ချထားသည်နှယ် ပြောင်းလဲသွားသည်။
“ငါတို့ရဲ့ ရန်သူက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါတို့ရဲ့ ကမ္ဘာမှာ နယ်ခြားစွမ်းအား လွှမ်းမိုးတာ လုံလောက်ပြီ။ နောက်ဆုံးတစ်ယောက် ကျန်တဲ့အထိ တိုက်ခိုက်ရမှာပဲ”
“အဲဒါဆိုတော့လည်း အရူးတွေလိုမျိုး သေကြပေါ့”
“သေခြင်းတရားက အညံ့ခံလိုက်တာထက် ပိုကောင်းတယ်” ချင်းဟိန်က ပုဆိန်ကို မြှောက်ကာ ပြောလိုက်သည်။
“ဒီနည်းစနစ်ကို မင်းအတွက် ပြင်ထားတာ။ တားနိုင်ဖို့ မျှော်လင့်တယ်”
ကာလံဒေသံ ပိုင်းဖြတ်ခြင်း
သူက သူမဆီ ပြေးဝင်သွားကာ သူ့ညာဖက်လက်က ပုဆိန်လှံရှည်ကို သက်သက်သာသာ ဝှေ့ယမ်းလိုက်ပြီး လေထုထဲမှ ထွက်ခွာသွားသည်နှယ် ဖြစ်ပေါ်သွားစေသည်။ ပို၍အရေးကြီးသည်က ပုဆိန်သည် အချိန်ကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်သည့် ရည်ရွယ်ချက်မျိုး ပါဝင်နေ၏။
ရှုရှစ်က မျက်တောင်မခတ်ပေ။ ယခင်နှစ်တစ်သောင်းအတွင်း သူမ၏ စွမ်းအားက လေးဆတိုက်ခိုက်ရေးအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ငါးဆသို့ပင် ရောက်လုနီးပါး ဖြစ်နေသည်။ နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် သူမ၏ တိုက်ခိုက်ရေးပုံစံကို ပြောင်းလဲပြီး သူမ၏ တေးဂီတပါရမီကို ပေါင်းစည်းထားခဲ့သည်။
ကုချင်းမှ ကြိုးမျှင်နှင့် တူညီသည့် ကြိုးမျှင်တစ်ခုက သူမရှေ့ ပေါ်ထွက်လာသည်။ သို့သော် ထိုအရာက ရိုးရှင်းသည်နှင့် ဝေးကွာလွန်း၏။ အရှင်းဆုံးပြောရလျှင် ထိုအရာက ကြိုးမျှင် မဟုတ်ဘဲ အချိန်ကိုယ်တိုင်က ကြိုးမျှင်ပုံစံ ဖြစ်တည်နေခြင်း ဖြစ်သည်။
ချွမ်
ချင်းဟိန်၏ ပုဆိန်က ထိုကြိုးမျှင်ကို ထိမှန်သည့်အခါ ဘာမှဖြစ်ပျက်မလာခဲ့ပေ။ သူ ထင်ထားသလိုမျိုး အချိန်ကို ပိုင်းခြားနိုင်ခြင်း မရှိပေ။ ပုဆိန်နယ်ရှင်ဧကရာဇ်က သူ ဒုတိယပုဆိန်ကို ထုတ်လွှတ်ပြီးသည့်နောက်တွင် အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့ အမူအရာနှင့် စည်းမျဉ်းက ထူးကဲသည့် နိယာမတစ်ခုကို လိုက်နာပြီး ဒုတိယပုဆိန်သည် အမြဲတမ်း ပထမတစ်ခုထက် အားကောင်းနေသည်။ သူက သူ့ရန်သူအား သူ့တိုက်ကွက်များကို ဖတ်နိုင်ခြင်းမှ မကာကွယ်လိုသရွေ့ဖြစ်၏။
ချွမ်
ချင်းဟိန်က မဟာတာအိုအရင်းအမြစ်ကို အသက်သွင်းကာ ဒုတိယပုဆိန်အတွက် အားဖြည့်ပေးလိုက်သည်။ သူ့အားစိုက်ထုတ်မှုက ကြိုးမျှင်သည် အနည်းငယ် ကွေးညွှတ်သွားသည့်အတွက် အသုံးဝင်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော်လည်း ထိုမျှသာ ဖြစ်၏။
“မဖြစ်နိုင်ဘူး”
ရှုရှစ်က ဘာမှမပြောပေ။ ကြိုးမျှင်က အင်မတန် ကျိုးပဲ့လွယ်သော်လည်း ရစ်ပတ်ထားသည့်အခါ ဆန့်နိုင်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်မည့် နည်းလမ်းများ ရှိလေမည်။ ထို့ကြောင့် သူမက ထိုအတွေးအခေါ်ကို အချိန်ကြိုးမျှင်ထဲ ပေါင်းထည့်ထားခြင်း ဖြစ်၏။ သာမန်အချိန်ကြိုးမျှင်က ချင်းဟိန်၏ နှစ်ဆတိုက်ခိုက်ရေးအတွက် လုံလောက်နေပြီ ဖြစ်၏။
လျှပ်စီးလက်သီးက လက်မလျှော့သေးပေ။ သူမက ရှုရှစ်ဆီ သူမ လက်ဝန်းကျင်တွင် လျှပ်စီးနဂါးဖြင့် ပြေးဝင်လာသည်။ သူမ၏ မျက်ဝန်းအထက် ရူးသွပ်မှုတို့ ဖြတ်ပြေးသွားပြီး သူမက တစ်ဖက်သူကို ထိမှန်ဖို့ သူမအသက်ကိုပင် စတေးဖို့ လိုလားနေဟန်ပေါ်သည်။ သို့သော် သူတို့ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။
ရှုရှစ်က ကြိုးမျှင်ကို တီးခတ်လိုက်ပြီး ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခု ထုတ်လွှတ်လာသည်။ ထိုအရာက သူမ၏ လျှပ်စီးကို ပျက်သုဉ်းသွားစေပြီး အလင်းနှစ်ထောင်ချီ လွင့်စင်သွားစေသည်။
မြွေဓားမော့က အခွင့်ကောင်းကို ယူကာ အကောင်းဆုံးနည်းစနစ်ကို သုံး၍ တိုက်ခိုက်လာခဲ့သည်။
သူ့ဓားမော့က အကောင်းဆုံး အနေအထားတွင် တိုက်ခိုက်ခဲ့ရုံသာမက တစ်ဖက်လူ၏ အားနည်းချက်ကိုပင် ပစ်မှတ်ထားထားခဲ့သည်။ ရှုရှစ်၏ အနေအထားတွင် သိသာသည့် အားနည်းချက် မရှိ၍ သူ့နည်းစနစ်က အားနည်းချက်ကို ဖန်တီးဖို့ ခွင့်ပြုပေးထားသည်။
ရှုရှစ်က သူ့ကို ကြည့်လိုက်၏။
အချိန်အလေးချိန်
အချိန်က အလေးချိန်ရှိလား
ဘယ်ရှိမလဲ။ ဒါပေမဲ့ ဧကရီတစ်ယောက်ရဲ့ လက်ထဲမှာတော့ အခြေခံစည်းမျဉ်းတွေက သူမ ကြိုက်သလို ပြောင်းလဲပစ်နိုင်တယ်…
ထို့ကြောင့် သူမက အချိန်ကို သိပ်သည်းဆ၊ ဒြပ်ထုနှင့် အလေးချိန်ရှိသည့် အရာအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ကာ မြွေဓားမော့က ထိုအရာကို တောင့်ခံထားရသည်။
ကောက်ကျစ်ပုံပေါ်သည့် လူငယ်က လေဟာနယ်ထဲ ဒူးထောက်လုနီးပါး ဖြစ်နေသည်။ အဆုံးသတ်တွင် သူက ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ပြီး အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့၏။
“အခု နားလည်သွားပြီလား။ ဒါက ရှုံးနိမ့်ပြီးသား တိုက်ပွဲတစ်ခုပဲ။ ဘာလို့ ငါ့စကားကို အရင် နားမထောင်ရတာလဲ” ရှုရှစ်က မေးလိုက်သည်။
“ငါက အသက်ရှူနေတုန်းပဲမလား” ချင်းဟိန်က မေးလိုက်သည်။
ရှုရှစ်က ပြန်မဖြေပေ။
“အဲဒါဆိုတော့လည်း ဒီတိုက်ပွဲကို အဆုံးသတ်ကြတာပေါ့”
“ဒီလိုဆိုရင် ရှင်တို့ရဲ့ ခေါင်းမာမှုက တကယ်ကို စိတ်ပျက်စရာပဲ” ရှုရှစ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါကို ခေါင်းမာမှုလို့ မြင်ပေမဲ့ ငါတို့တွေက ငါတို့ကမ္ဘာရဲ့ အခွင့်အရေးအတွက် တိုက်ခိုက်နေတာ။ ငါတို့ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးအတွက်ရောပဲ။”
“ဘယ်သူကမှ ရှင်တို့ရဲ့ လုပ်ပိုင်ခွင့်ကို မယူဘူး။ ကျွန်မက စီးပွားရေးအခွင့်အလမ်းတစ်ခုအတွက် ရောက်လာတာ” ရှုရှစ်က ပြောလိုက်သည်။
“နတ်ဘုရားသဟဇာတက ကမ္ဘာက ငါတို့ကို မကျူးကျော်ခင်တုန်းကလည်း တာအိုဘာသာကိုပဲ ဖြန့်ဝေချင်တယ်လို့ပဲ ပြောခဲ့တာပဲ။ ဒါပေမဲ့ ဘာဖြစ်သွားတုန်း။ သူတို့က ခေတ်ကာလတစ်ခုလုံး ငါတို့ကို ထိန်းချုပ်ခဲ့ပြီးတော့ ဘယ်လောက်ကပ်ဆိုးတွေ ခံစားခဲ့ရလဲဆိုတာ ဘယ်သူကများ သိမှာတုန်း” ချင်းဟိန်က ပြောလိုက်သည်။
“ရှင် စကားမပြောခင် ကျွန်မ ရှင့်ကို ထိန်းချုပ်ထားရမဲ့ပုံပဲ” ရှုရှစ်က သက်ပြင်းချလိုက်သည်။
“ နောက်ဆုံးတော့ နင့်ရဲ့ အုပ်စိုးလိုတဲ့ စိတ်သဘောထားကို ပြသလာခဲ့ပြီပဲ” လျှပ်စီးလက်သီးက ပြန်ရောက်လာကာ ပြောလိုက်သည်။
ရှုရှစ်က တည်ငြိမ်နေ၏။ အတွေးတစ်ချက်ဖြင့် အဆုံးမဲ့လေဟာနယ်ထဲရှိ ဖရိုဖရဲအချိန် ကာလံဒေသံစွမ်းအား အားလုံးက သူမအတွက် အသုံးပြုလာနိုင်သည်။ ထိုသိုင်းပညာရှင်များက သူတို့ဝန်းကျင်ရှိ ကမ္ဘာကြီးသည် ဖြည်းဖြည်းချင်း နှေးကွေးသွားသည်ကို မြင်သည့်အခါ ထိတ်လန့်သွားကြ၏။ သူတို့က မည်မျှပင် ကြိုးစားစေကာမူ မလှုပ်ရှားနိုင်တော့ပေ။
ရှုရှစ်က လက်နောက်ပစ်ကာ သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူတို့နှင့် တစ်မီတာ အကွာတွင် သူမက လက်ညှိုးထိုးလိုက်သည့်အချိန် သူတို့၏ နဖူးအထက် သင်္ကေတတစ်ခု ပေါ်ထွက်လာပြီး စွမ်းအားနှင့် အင်အား အားလုံးကို စည်းပိတ်လိုက်သည်။ သူမ၏ ထိန်းချုပ်မှု မရှိဘဲ ထိုသူအားလုံးက ပျံသန်းနိုင်မည့် စွမ်းရည် ကျရှုံးသွားမည်ဖြစ်ကာ လေဟာနယ်ထဲမှ ပြုတ်ကျသွားလိမ့်မည်။
“အခု ကောင်းကောင်း ပြောလို့ရပြီ။ စပြောရရင် ရှင်တို့ကမ္ဘာကို ကျူးကျော်မယ်လို့ စကားတွေကို ဘယ်နေရာက ကြားခဲ့လဲဆိုတာကို ဘာလို့မပြောလဲ”
“ငါတို့ဆီမှာ ဘာမှပြောစရာ မရှိဘူး”
“ချင်းဟိန် ငါက သက်ညှာမှုပြထားတယ်ဆိုတာကို နားလည်သင့်တယ်။ မဟုတ်ရင် ရှင့်ရဲ့ ဝိညာဉ်ဆီကနေ သတင်းအချက်အလက်ကို ရှာနိုင်တယ်။ ငါ့ကို ဘာမှတားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကိစ္စတွေကို ခက်ခဲအောင် မလုပ်နဲ့” ရှုရှစ်က ပြောလိုက်သည်။
“မင်း” ချင်းဟိန်က အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်သည်။
“ကုန်သွယ်ရေးဗဟိုချက်မလား” ရှုရှစ်က မေးလိုက်သည်။
“အဲဒါဆိုတော့ ဘာဖြစ်လဲ”
“သူတို့က နင်တို့ကို နယ်ရုပ်အဖြစ် သုံးနေတာ မမြင်ဘူးလား”
“ဒါပေါ့။ ငါလည်း သိတာပဲ။ ငါ မတုံးဘူး။” ချင်းဟိန်က ပြန်ဖြေလိုက်သည်။
“အသင်္ချေအင်ပါယာကမ္ဘာရဲ့ အရေးပါလာပုံကို သိပြီးတဲ့နောက်မှာ လူတော်တော်များများက ငါတို့ရဲ့ တည်နေရာကြောင့် ငါတို့ကို စောင့်ကြည့်နေကြတယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ စကားက မှန်နေတယ်ဆိုတဲ့ အချက်ကလည်း မပြောင်းလဲဘူး”
“နောက်ဆုံးအနေနဲ့ ငါတို့က ကျူးကျော်ဖို့ ရောက်နေတာမဟုတ်ဘူးဆိုတာ ပြောလိုက်မယ်”
“အဲဒါဆိုရင် ဘာလို့ ဒီရောက်နေတာလဲ”
“ကောင်းကင်ခုံရုံးကို ကြားဖူးလား”
ချင်းဟိန်က မျက်မှောင်ကြုတ်လိုက်သည်။
“သတင်းအချက်အလက်တချို့တော့ ကြားဖူးပေမဲ့ ကုန်သွယ်ရေးဗဟိုချက်က သတင်းအချက်အလက် ပျံ့သွားမှာကို တားဆီးထားတဲ့ပုံပဲ”
“သူတို့က အရှင့်ရဲ့ မူပိုင်ခွင့်ကတဆင့် အားကောင်းသွားတာကို မလိုချင်ကြတာဆိုတော့ ပုံမှန်ပါပဲ” ရှုရှစ်က ပြောလိုက်သည်။
“အခု ရှင်းပြလိုက်မယ်”
သူမက ခုံရုံးနှင့် ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း ရှင်းပြပြီး သူတို့၏ ကမ္ဘာသည် သူတို့ခုံရုံးကို ကျူးကျော်မည် မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ သို့သော်လည်း သူတို့က သေမျိုးလူမှုအဖွဲ့အစည်း၊ နတ်ဆိုးစာသင်ကျောင်း၊ အိပ်မက်လောကနှင့် ဉာဏ်အလင်းပွင့်ဗိမာန်ကဲ့သို့သော အရာမျိုးကို ဖြန့်ဝေဖို့ အတူတကွ လုပ်ဆောင်ကြရမည်။
“ဒါက မဟာမိတ်အတွက် သိသာတဲ့ သက်ရောက်မှုတွေပဲ။ ဒါပေမဲ့ နောက်ထပ် ထပ်ပြီး ရှိသေးတယ်” ရှုရှစ်က ထပ်ပြောလိုက်သည်။
“ဒါတွေ လုပ်ဖို့ ငါတို့က ဘာလို့ မင်းတို့ရဲ့ အကူအညီကို လိုမှာလဲ” ချင်းဟိန်က ပြောလိုက်သည်။
“အဲဒါက ငါတို့ရဲ့ အတွေးအခေါ် … ငါတို့ရဲ့ တီထွင်ဖန်တီးမှုပဲ” ရှုရှစ်က ပြန်လည်ချေပလိုက်သည်။
“အင်း အဲ့လိုတော့လည်း ဟုတ်သား” ပုဆိန်နယ်ရှင်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
“နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ငါတို့ကမ္ဘာက ဘာလို့ ပြောင်းလဲသင့်တာလဲ။ ဒီအတိုင်းပဲ ငါတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ဒီအတိုင်းနေချင်တယ်ဆိုတော့လည်း ဘာဖြစ်လဲ”
ရှုရှစ်က ဆက်မပြောတော့ပေ။
“အကျိုးအမြတ်ကို မစဉ်းစားတော့ဘူးလား”
“အကျိုးအမြတ်ကို တပ်မက်မိတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီတာအို သူတော်စင်တွေ ငါတို့ကို သုတ်သင်ဖို့ ကြိုးစားပြီးတဲ့နောက်မှာ ဘဝကို သိုင်းပညာ နည်းလမ်းကို ထိန်းသိမ်းဖို့ပဲ ဂရုစိုက်တယ်။ ကမ္ဘာကြီးက အလျင်အမြန် ပြောင်းလဲဖို့မလိုဘူး။ ငါတို့ရဲ့ ယဉ်ကျေးမှုနဲ့ နည်းလမ်းတွေကို ပြန်လည်ထူထောင်ဖို့ပဲ လိုတယ်”
ချင်းဟိန်က အနာဂတ်ဧကရာဇ်သည် ကွဲပြားစွာ ခံစားမိပြီး ကောင်းကင်ခုံရုံးကို တည်ထောင်မည်လား မသိသော်လည်း ထိုလမ်းစဉ်က သူ့အတွက် မဟုတ်ပေ။ ထိုကိစ္စရပ်များက သူ့အတွေးအခေါ် ၊ ယုံကြည်မှုများနှင့် ဆန့်ကျင်နေလေ၏။
ရှုရှစ်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် တခြားသူများကိုပါ ကြည့်လိုက်သည်။ ထိုအကြည့်များထဲ ခိုင်မာနေသည့် ယုံကြည်မှုကို မြင်တွေ့သည့်အတွက် ချင်းဟိန်ကို ဖြတ်ကျော်ခြင်းက အသုံးမဝင်ကြောင်း သိလိုက်သည်။ ထို့နောက် သူမက သက်ပြင်းချကာ ပြောလိုက်၏။
“ရှင်တို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ နှမြောစရာကောင်းတာက အရှင်က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ကောင်းကင်ခုံရုံးခေတ်ကာလ ယူဆောင်လာဖို့ ဆုံးဖြတ်ပြီးသွားပြီ”
ရှုရှစ်က လက်ဝှေ့ကာ သူတို့ကို လွှတ်ပေးလိုက်သည်။
“ဒါက ငါ့ကို တာအိုသက်သေပြတဲ့ အခွင့်အရေး ပေးတဲ့အတွက် လက်ဆောင်လို့ သဘောထားလိုက်ပေါ့” သူမက ပြောလိုက်သည်။
“နောက်ဆုံးတစ်ခုအနေနဲ့ ငါက ဒီလာမဲ့ စစ်ပွဲမှာ ဝင်ရောက်ဆင်နွှဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သတိပေးလိုက်မယ်။ ငါတို့ကမ္ဘာမှာ ထာဝရဧကရာဇ်လေးယောက်ကျော် ရှိတယ်။ အားလုံးက ငါ့စွမ်းအားနဲ့ ယှဉ်နိုင်တယ်။ ငါ့ထက်တောင် ကျော်လွန်နိုင်သေးတယ်။ အသင့်ပြင်ထားကြပေါ့”
သူမက သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်သွားလေသည်။