ငါးကြိမ်မြောက် ခုံရုံးအစည်းအဝေး
Vol. 76 Ch. 1064
ဝမ်ဝေ့က ရှုရှစ် ရောက်လာသည်ကို ခံစားမိကာ လက်ထဲမှ စာအုပ်ကို ပိတ်လိုက်သည်။ သူက သူမကို ကြည့်ကာ ပြောလိုက်၏။
“ မင်းရဲ့ အခြေအနေတွေကို ခန့်မှန်းကြည့်ရရင် ကိစ္စတွေက အဆင်မပြေဘူးမလား”
“အဲလိုမျိုးပါပဲ” ရှုရှစ်က အခြေအနေကို ရှင်းပြလိုက်သည်။
“သူတို့ကို လွှတ်ပေးပြီးတော့ တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်မိတာ တောင်းပန်ချင်ပါတယ်”
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ရှုရှစ်အနေဖြင့် ထိုသူများအပေါ် အကြွေးတင်နေသလို ခံစားရပြီး ကြင်နာမှုဖြင့် ကံကြွေးကို ပြန်လည်ပေးဆပ်သည်မှာ မမှားပေ။
“နောက်တစ်ဆင့်က ဘာလဲ။ သူတို့ကို ဖိနှိပ်မှာလား”
“မဟုတ်ဘူး။ ငါ မလိုအပ်လာသရွေ့ ဝင်ပါမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့တည်ရှိမှုက ဒိုင်မေးရှင်းအမြင့်တစ်ခုလုံး၏ မျှခြေကို မငြိမ်မသက် ဖြစ်စေသည်။ ထို့ကြောင့် သူက ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်ဘုံအဆင့်ထိ ရောက်အောင် နေလိုသရွေ့ တတ်နိုင်သမျှ အစစ်အမှန်ကောင်းကင်တာအိုကို မနှောင့်ယှက်ဘဲ နေတာ ကောင်းလိမ့်မည်။
ရှုရှစ်က ထိုသတင်းကို မည်သို့ခံစားရမည်မှန်း မသိတော့ပေ။ အကယ်၍ ဝမ်ဝေ့သာ လှုပ်ရှားခဲ့ပါက စစ်ပွဲသည် မြန်ဆန်မည်ဖြစ်ကာ သေဆုံးမည့် အရေအတွက် နည်းပါးလိမ့်မည်။
သူ မပါရှိဘဲ သိုင်းပညာအုပ်စိုးသူကမ္ဘာက ဤစစ်ပွဲအတွင်း တစ်စုံတစ်ခုကို ရယူနိုင်မည့် အခွင့်အရေးရလာနိုင်သည်။ ထိုအရာက ကျန်ရှိနေသည့် အဆုံးမဲ့လေဟာနယ်အား သူတို့သည် သံမဏိဆန္ဒကို ပိုင်ဆိုင်ထားပြီး မည်သူ့ကိုမှ ဦးမညွှတ်နိုင်ကြောင်း ပြသနိုင်လိမ့်မည်။
“သနားနေတာလား” ဝမ်ဝေ့က မေးလိုက်သည်။
“အင်း” သူမက ကျင့်ကြံရေးလောက၏ ရက်စက်မှုကို နေသားကျသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူက ထိုဆောင်ပုဒ်ကိုလည်း သေချာသိထားလေသည်။ သို့သော်လည်း သူမက သိုင်းပညာအုပ်စိုးသူကမ္ဘာ၌ တာအိုကို သက်သေပြခဲ့ပြီး ဆက်နွယ်မှုများကြောင့် စိတ်မကောင်းဖြစ်နေမိသည်။
“သေဆုံးမှုကို နည်းပါးအောင် လုပ်မယ်လို့ ကတိပေးချင်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကံဆိုးတာက သူတို့တွေက သိုင်းပညာရှင်တွေဖြစ်ပြီးတော့ နယ်ခြားကျူးကျော်တာကို အတော်လေးကို ကန့်ကွက်ကြတဲ့သူတွေ … အများစုက သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်”
“ကျွန်မ သိပါတယ်” ရှုရှစ်က ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။
ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
ရောက်ရှိလာမဲ့ ကျူးကျော်မှုက မှားယွင်းနေတာလား။
ဒါပေါ့။
မည်သည့်စစ်ပွဲ သို့မဟုတ် ကျူးကျော်မှုကမှ မျှတခြင်း မရှိပေ။ သိုင်းပညာအုပ်စိုးသူကမ္ဘာအတွက် ကံဆိုးသည်က သူသည် ကျင့်ဝတ်အနှောင်အဖွဲ့များမှ လွတ်မြောက်သွားသည်မှ ကြာမြင့်လှပြီ ဖြစ်၏။ သူ့ကျင့်ကြံရေးခရီးလမ်းအတွင်း သူ့ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကို ရောက်ရှိဖို့ တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်နေမည်ဆိုလျှင် အလွန်မနှစ်မြို့ဖွယ် အရာများကိုပင် အသုံးပြုရလိမ့်မည်။
ဝမ်ဝေ့က ခုံရုံး၏ မြောက်ဘက်ပိုင်းရှိ အဖြူရောင်နှင့် ရွှေရောင်ခေါင်းလောင်းကို ကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ထိုခေါင်းလောင်းက စတင်မြည်လာပြီး ကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့ထွက်သွားသည်။ လူများစွာက ထိုအသံကို ကြားသည့်အခါ ဆိုလိုရင်းကို နားလည်လိုက်၏။ ငါးကြိမ်မြောက် ခုံရုံးအစည်းအဝေးသည် မကြာခင် ကျင်းပတော့မည် ဖြစ်၏။ အတိအကျပြောရလျှင် ခေါင်းလောင်း၏ အသံအရ နောက်ထပ်နှစ်ရက်ကြာလျှင် ကျင်းပလိမ့်မည်။
၂ ရက်ကြာမြင့်ပြီးသည့်နောက် ယုယန်မှလွဲ၍ အားလုံးက ပေါ်ထွက်လာကြသည်။ သူမက ဝမ်ထျန်းနှင့် နောက်မျိုးဆက်အတွင်း အုပ်ချုပ်ဖို့ရာ ပြဿနာမရှိလို၍ ဤခေတ်ကာလအတွင်း ပေါ်ထွက်လာမှုကို လျှော့ချထားခြင်း ဖြစ်၏။ ထို့ကြောင့် သူမသည် ဖြစ်ရပ်အများစုတွင် ပါဝင်ဆင်နွှဲမည် မဟုတ်ဘဲ လူထုအမြင်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။
အားလုံးက ပလ္လင်အခန်းအတွင်း ဝင်ရောက်လာကြပြီး ဦးညွှတ်လိုက်ကြသည်။
ဝမ်ဝေ့က သူတို့ကို ထရပ်ခိုင်းလိုက်၏။ သူက အားလုံးကို ကြည့်ကာ စတင်လိုက်သည်။
“ကဲ လိုရင်းကိစ္စကိုပဲ ပြောရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါတို့ရဲ့ နောက်ထပ်ချဲ့ထွင်မှုက သိုင်းပညာအုပ်စိုးသူကမ္ဘာပဲ”
သူက ထိုစကားများကို ပြောလိုက်သည့်အခါ ထိုလူများက အသက်ရှူနှုန်းများက မြန်ဆန်လာတာကို ခံစားမိလိုက်သလို ကိုယ်စားလှယ်များစွာ၏ အကြည့်များစွာကိုလည်း ခံစားမိလိုက်သည်။ သူတို့အချင်းချင်းကြား အံ့ဖွယ်အသိစိတ်ဆက်နွယ်မှုကိုပင် အာရုံခံစားမိလိုက်၏။
“အရမ်းစိတ်မလှုပ်ရှားသေးနဲ့ဦး။ ငါတို့တွေက ချဲ့ထွင်မှာဆိုပေမဲ့ ခုံရုံးရာထူးတွေက ချဲ့ထွင်မှုရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူး။ မင်းတို့တွေက ရာထူးလိုချင်တယ်ဆိုရင် တခြားကမ္ဘာမှာ ကိုယ်ပိုင်ခုံရုံးကို တည်ထောင်နိုင်တယ်။ ဒါပေမဲ့ ဒီခုံရုံးရဲ့ အဖွဲ့ဝင်ဖြစ်မှာတော့ မဟုတ်ဘူး။ ပြောရရင် ကာကွယ်မှု မရှိဘူး။ အကျိုးအမြတ်ကတော့ ဆက်ပြီး ရနေမယ်။ မင်းတို့ရဲ့ အရင်ရာထူးတွေကိုတော့ ပြန်လည်ရုတ်သိမ်းခံရမယ်”
လူများစွာက ထိုစကားများ၏ ဆိုလိုရင်းကို စတင်ဆွေးနွေးကြသည်။ သူတို့က ရောက်ရှိလာမည့် စစ်ပွဲကို ပြင်ဆင်ထားပြီးပြီဖြစ်သော်လည်း ယခုအခါ ကောင်းကင်ဧကရာဇ်က အကျိုးအမြတ် မရှိကြောင်း ပြောပြနေ၏။
အကျိုးအမြတ်မရှိဘဲ မည်သူက အလုပ်လုပ်လိုမည်နည်း။
ဤမျှတိုင် ကောင်းကင်ဧကရာဇ်၏ လုပ်ဆောင်ပုံက အားလုံးသည် ဝေစုတစ်ခု ပေးထားခြင်းသာ ဖြစ်သည်။
သူက ပြောင်းလဲတော့မှာလား။
ယခင်က သူ့အစစ်အမှန်ပုံစံကို မပြသခင် စိတ်အေးအောင် မျှားခေါ်တဲ့ အပြုအမူပဲလား…
သူက သူ့ တကယ့် အစစ်အမှန်ကို ထုတ်ဖော်တော့မှာလား…
ထိုသူများ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ တစ်စုံတစ်ယောက်က ရဲတင်းသည့် မေးခွန်းမျိုးကို မေးလိုက်သည်။
“အရှင် နတ်ဘုရားရာထူးတွေက ချဲ့ထွင်ဖို့ အစိတ်အပိုင်း မဟုတ်တော့ဘူးဆိုတော့ ဘာများရမှာလဲ”
“အဲဒါက မေးခွန်းကောင်းပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“နောက်ထပ် ကမ္ဘာ့အသိုက်အဝန်းမှာ အခွင့်အရေး လဲလှယ်ဖို့နဲ့ ဆက်သွယ်ရေးရှိတဲ့ အကျိုးအမြတ်တွေကိုတော့ ထည့်မပြောတော့ဘူး။ အဲဒီရေရှည်အကျိုးအမြတ်တွေက မင်းတို့တွေကို ဆွဲဆောင်ဖို့ မလုံလောက်သေးဘူး”
တချို့အရေပြားပါးသည့် ကိုယ်စားလှယ်များက ထိုစကားသည် အမှန်ဖြစ်နေကြောင်း သိ၍ မျက်နှာပူသွားကြသည်။
“သေမျိုးလူမှုအဖွဲ့အစည်းနဲ့ နတ်ဆိုးစာသင်ကျောင်းက ကုသိုလ်နဲ့ ဆုလာဘ် အရင်းအမြစ် ဖြစ်လိမ့်မယ်။ အရင်စည်းကမ်းတွေအတိုင်း မင်းတို့တွေက နယ်ခံတွေအတွက် ဆုလာဘ်တချို့ ချန်ထားဖို့ လိုလိမ့်မယ်။ ငါတို့တွေ အထွေထွေရေးရာဌာနခေါင်းဆောင်က ဖန်တီးထားတဲ့ သင့်တော်တဲ့ ဇယားကို အစည်းအဝေး ပြီးခါနီးရင် ပြလိမ့်မယ်”
ဝမ်ဝေ့၏ အမြင်တွင် တာအိုဆရာအမြဲစိမ်း၏ လုပ်ဆောင်ပုံက အတော်လေး ကောင်းမွန်လှပြီး သူခုံရုံးကိစ္စများကို စီမံခန့်ခွဲရာ၌ အချိန်နှင့် ဖိအားကို လျှော့ချနိုင်သည်။
“ဒုတိယအနေနဲ့ သိုင်းပညာအုပ်စိုးသူကမ္ဘာ့အသိုက်အဝန်းက ကြီးမားပြီးတော့ မျှဝေဖို့ လုံလောက်ပေမဲ့ သူတို့ကမ္ဘာကိုယ်တိုင်က ကန့်သတ်ချက်ရှိတယ်။ အဲဒါဆိုတော့ ကိစ္စတွေမှာ အားလုံးက ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ကုသိုလ်အမှတ်စာရင်းနှင့် စစ်မက်ရေးရာ အမှတ်စာရင်းကို ထုတ်ပြခဲ့သည်။
“ကံဆိုးတာက သိုင်းပညာအုပ်စိုးသူကမ္ဘာက ဒီချဲ့ထွင်မှုမှာ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းမှုကို ငြင်းပယ်ခဲ့တယ်။ အဲဒါဆိုတော့ ငါတို့တွေ စစ်ပွဲကို ဆင်နွှဲရလိမ့်မယ်”
သူက စစ်မက်ရေးရာ အမှတ်စာရင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“စစ်ပွဲအတွင်း ပါဝင်ဆင်နွှဲတဲ့သူတွေက ကုသိုလ် ဒါမှမဟုတ် စစ်မက်ရေးရာအမှတ်တွေကို စုဆောင်းနိုင်တယ်။ ထိပ်သီးငါးယောက်က သိုင်းပညာအုပ်စိုးသူကမ္ဘာကြီးက ကိစ္စတွေကို ဖြေရှင်းဖို့ ရွေးချယ်ခံရမယ်။ ထိပ်သီးအယောက် ၃၀က အလွှာနိမ့်ကို ချဲ့ထွင်ဖို့အတွက် ဦးစားပေးခံရမယ်”
ထိုကိုယ်စားလှယ်များ၏ အကြည့်က လောဘဖြင့် တောက်ပလာကြသည်။ သူတို့က အကျိုးအမြတ်များစွာ ရှိကြောင်း သိထားကြပြီး ထိုကိစ္စသာ အရေးကြီးလေသည်။ ဉာဏ်ရှိသူများက ကောင်းကင်ဧကရာဇ်သည် ထိုလမ်းကြောင်းကို အဘယ်ကြောင့် ရွေးချယ်ခံရမှန်း နားလည်ကြ၏။ သူ့စွမ်းအားဖြင့် ဒိုင်မေးရှင်းအနိမ့်ကို လွှမ်းမိုးပြီး ခုံရုံး၏ လွှမ်းမိုးမှုကို ဖြန့်ဝေဖို့က ပြဿနာမရှိပေ။
သို့သော် သူ ထွက်သွားပြီးသည့်အခါ မည်သို့ဖြစ်မည်နည်း။
အရာအားလုံးကို ဖိနှိပ်ထားနိုင်သည့် အကြွင်းမဲ့ စွမ်းအားဟူ၍ မရှိပေ။ ထိုကမ္ဘာများက ပုန်ကန်လာမည်ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာအပေါ် အမုန်းတရား ပုံချကြလိမ့်မည်။ သူတို့ကမ္ဘာက ကောင်းကင်အလိုဆန္ဒကမ္ဘာ ထောင်ချီ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မျိုးဆက်ငါးဆက်အတွင်း ပျောက်ကွယ်သွားနိုင်သည်။
“ကုသိုလ်အမှတ်စာရင်းကိုတော့ ဆင့်ကဲပြောင်းလဲထားတယ်။ အခြားကမ္ဘာမှာ လုပ်တာက အမှတ်တွေကို စုဆောင်းမိတယ်ဆိုပေမဲ့ တန်ကြေးက မွေးရပ်မြေထက် ဆယ်ပုံတစ်ပုံပဲ ရှိလိမ့်မယ်”
လူများက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ထိုအရာသည် အဓိပ္ပာယ်ရှိကြောင်း တွေးမိသွားကြသည်။ ယခင်က သူတို့အပြုအမူများသည် အသင်္ချေအင်ပါယာကမ္ဘာကို အကျိုးအမြတ်ရှိစေခဲ့သည်။ သို့သော် ယခုတွင် သူတို့က တခြားကမ္ဘာ၏ ကောင်းကင်တာအိုကို အကျိုးအမြတ် ရစေလိမ့်မည်။ ထိုကမ္ဘာနှစ်ခု၏ ကောင်းကင်တာအိုများကြား အလဲအလှယ်ရှိသည့်အတွက် သူတို့က ဆုလာဘ်များ လက်ခံရရှိခြင်း ဖြစ်၏။
“နောက်ထပ် အကျိုးကျေးဇူးအသစ်တွေကို အလဲအလှယ်စာရင်းမှာ ထည့်ပေါင်းထားတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခုံရုံးမှာ နောက်ထပ် သတင်းအချက်အလက်အသစ် ရှိတယ်။ ထာဝရဦးသျှောင်တွေကို သူတို့ရဲ့ နန်းဆောင်တွေကို ဧကရာဇ်အစီအရင်နဲ့ ဆက်သွယ်ပြီးတော့ ချီသန့်စင်နှုန်းကို တိုးမြင့်နိုင်တဲ့ အင်မော်တယ်ချီ အစီအရင် ရှိလာပြီ”
ထိပ်သီးဧကရာဇ်မျိုးနွယ်များက အာရုံစိုက်လာကြသည်။
“ဒီအစီအရင်မှာ အဆင့်သုံးဆင့် ပြန်ခွဲထားတယ်။ ရွှေ၊ ငွေ နဲ့ ကြေး။ အဆင့်တစ်ခုချင်းစီက တခြားထက် ပိုကောင်းပြီးတော့ ပိုလည်းဈေးကြီးတယ်”
ဝမ်ဝေ့က ထိုသူများ၏ အမူအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။
“စစ်မက်ဆိုင်ရာစာရင်းမှာ ထိပ်သီးအယောက်တစ်ရာက ရွှေအဆင့်ကို အသုံးပြုနိုင်မယ်။ ထိပ်သီးငါးရာက ငွေအဆင့်ကို အသုံးပြုနိုင်တယ်။ ကြေးအဆင့်ကတော့ ကန့်သတ်ချက် မရှိဘူး”
ဝမ်ဝေ့က အဆင့်အားလုံးကို ကန့်သတ်ချက် ထားရှိလိုခဲ့သော်လည်း တခြားတစ်ခုသာ ဆုံးဖြတ်လိုက်သည်။ ကမ္ဘာတွင် ထာဝရဦးသျှောင် များလွန်းသည်က မကောင်းပေ။ သို့သော်လည်း ကြေးအဆင့်က အဆင့်(၁၁) ပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်ဖို့ အင်မတန် နှေးကွေးနေသည့်အတွက် အင်အားစုအများပြားအတွက် အသားပိုင်းအဖြစ် သုံးကာ မျှားခေါ်လိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုသူများ၏ တုံ့ပြန်မှုကို ကြည့်ကာ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိသည်။ သူက အမြတ်ကြီးစားသူတစ်ယောက် ဖြစ်သည့်အတွက် လူများအား သူ့အတွက် အလုပ်လုပ်စေကာ မည်သို့ ပိုက်ဆံရှာခိုင်းရမည်ကို သိလေသည်။ ထိုစနစ်က အရည်အချင်းရှိသူကို ဦးစားပေးခြင်းနှင့် တူညီသော်လည်း တကယ်တမ်းက လူနည်းစုကသာ အုပ်စိုးခြင်း ဖြစ်သည်။ သူက သူ့ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကို ရရှိဖို့ လိုအပ်သည့် အရင်းအမြစ်များနှင့် ကုသိုလ်များကို စုဆောင်းဖို့ မျှော်လင့်ချက် ရှိ၏။
“နောက်တစ်ခုက စစ်ပွဲအခန်းကို တည်ထောင်ထားတယ်။ မင်းတို့တွေဘက်က နည်းဗျူဟာရှင်တွေကို ဒီတိုက်ပွဲကို သုံးသပ်ဖို့ စေလွှတ်ဖို့ လိုတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုက မင်းတို့ရဲ့ စစ်မက်ရေးရာ အမှတ်တွေ ရလာလိမ့်မယ်”
ဝမ်ဝေ့က သူ အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်ရှိနေသော်လည်း မည်သည့်စွန့်စားမှုမျိုးမှ မလုပ်လိုပေ။ ထို့ကြောင့် သူက ဤစစ်ပွဲကို စောင့်ကြည့်ဖို့ အကောင်းဆုံး နည်းဗျူဟာရှင်ကို လိုအပ်သည်။
“နောက်ဆုံးအနေနှင့် ထာဝရဧကရာဇ် နှစ်ယောက် ဒါမှမဟုတ် ထာဝရဦးသျှောင်လေးယောက်က ရန်သူရဲ့ ထိပ်သီးအင်အားစုတွေနဲ့ ရင်ဆိုင်ဖို့ လိုအပ်တယ်။ ဘယ်သူ လုပ်ချင်လဲ”