← Chapters

ပြန်မကြည့်နိုင်သော အတိတ်

Vol. 56 Ch. 750

ပြန်မကြည့်နိုင်သော အတိတ်

Vol. 56 Ch. 750

တည်ထောင်သူဂိုဏ်းသခင် ချန်ရစ်ခဲ့‌သော အမိန့်ပြားအပေါ်ရှိ အနာအဆာများမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ အမိန့်ပြားသည် ယခုလေးတင်မှ သွန်းလုပ်ထားသည့် အသစ်ကျပ်ချွပ်ပမာ ပြောင်လက်ကြည်လင်လာ၏။

ချင်မူက ထူးဆန်းသောအမူအရာဖြင့် စာလုံးများနှင့် သင်္ကေတအမှတ်အသားများကို ကြည့်ရှုနေသည်။ ၎င်းတို့သည် အမှန်ပင် နဂါးဟန်ခေတ်မှ စာလုံးများ ဖြစ်ပြီး နွားအိုကြီး၏ ရွှေအဆင့်တပ်မှူးအမိန့်ပြားပေါ်က စာလုံးများနှင့် အနည်းငယ် ကွာခြားသည်။

နဂါးဟန်ခေတ်၏ ပထမနှစ်သို့ ပြန်ရောက်သွားခဲ့သဖြင့် ချင်မူသည် ထိုခေတ်၏ စာလုံးများနှင့် ရင်းနှီးခဲ့၏။ လက်ရှိခေတ်၏ စာလုံးများနှင့် ကွာခြားမှုရှိသော်လည်း အများစုကိုတော့ သူ နားလည်နိုင်သေးသည်။

တည်ထောင်သူဂိုဏ်းသခင် ပေးခဲ့သော အမိန့်ပြားအပေါ်ရှိ စာလုံးများက နတ်ဘုရားဘာသာစကားနှင့် ရေးထားသော ငှက်သင်္ကေတ လက်ရေးစာလုံးများ ဖြစ်သည်။

စာလုံးများတွင် ဆန်းကြယ်နက်နဲသော သဘောတရားများ ကိန်းဝပ်နေသည်။ ဤကမ္ဘာပေါ်တွင် ငှက်သင်္ကေတများဖြင့် သင်္ကေတအမှတ်အသားလမ်းစဉ် ကျင့်ကြံသော ဂိုဏ်းများ ရှိသေးသော်လည်း အစစ်အမှန်နတ်ဘုရားစာလုံးများနှင့် နှိုင်းယှဉ်သည့်အခါ ကွဲပြားသွားသည်။

ဤစာလုံးများက နဂါးဟန်ခေတ်၏ ပထမနှစ်ကတည်းက စာလုံးများ မဟုတ်ပါ၏လော။ ထိုနတ်ဘုရားဘာသာစကား တိမ်ကောပျောက်ကွယ်သွားသည်မှာ ကြာခဲ့ချေပြီ။

အမိန့်ပြားနှစ်ပြားသည် အမျိုးအစားတစ်ခုတည်း မဟုတ်။ ရွှေအဆင့်တပ်မှူးက ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်ကို စောင့်ကြပ်သော တပ်မှူးတစ်ယောက် ဖြစ်သည်။ စာလုံးနှစ်လုံးက အမိန့်ပြားအပေါ်တွင် ယန်ချီဖြင့် ရေးထွင်းခံထားရပြီး ‘ရွှေအဆင့် တပ်မှူး’ ဟူ၍ အဓိပ္ပါယ်ရသည်။

အခြားတစ်ဖက်တွင် တည်ထောင်သူဂိုဏ်းသခင်ဆီမှ အမိန့်ပြားအပေါ်၌ ယင်ချီဖြင့် စာလုံးနှစ်လုံး ရေးသားထား၏။ “ယွီလင်”

‘ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့လား’

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ‘ဘယ်ကောင်းကင်နတ်ဘုံရဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့လဲ’

နဂါးဟန်ခေတ်တွင် ကောင်းကင်နတ်ဘုံသုံးဘုံ ရှိပြီး ကောင်းကင်နတ်ဘုံတိုင်းတွင် ကိုယ်ပိုင် ယွီလင်နန်းစောင့်တပ်ဖွဲ့များ ရှိကြ၏။ တည်ထောင်သူဂိုဏ်းသခင် ချန်ခဲ့သည့် အမိန့်ပြားကို ကြည့်ရုံဖြင့် မည်သည့်ကောင်းကင်နတ်ဘုံမှ ဖြစ်ကြောင်း ဆုံးဖြတ်ရခက်ပေသည်။ [ယွီလင်နန်းစောင့်တပ်ဖွဲ့ - တိုင်းပြည်၏ လေဟုန်တောင်ပံတွေလို အမှုထမ်း၍ တောအုပ်သဖွယ် ကြီးပွားလာစေမည့် အစောင့်တပ်ဖွဲ့ ။ လေဟုန်တောင်ပံ (ယွီ) တောအုပ် (လင်)]

အမိန့်ပြား၏ သင်္ကေတအမှတ်အသားများက နတ်ဘုရားများကို အမိန့်ပေးကြီးမှူးနိုင်သော အမိန့်သိုင်းတစ်မျိုး ဖြစ်သည်။

အမိန့်သိုင်းကွက်သည် အတိုင်းထက်အလွန် နက်နဲသည့် ဝင်္ကပါသိုင်းကွက်တစ်မျိုး ဖြစ်၏။ ယ‌နေ့ခေတ်တွင် အမိန့်သိုင်း တတ်မြောက်သော လူအရေအတွက်မှာ မရှိသလောက် ရှားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြုပြုင်ပြောင်းလဲရာ၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတွင်လည်း အမိန့်သိုင်းကွက်များနှင့် ပတ်သက်၍ ဗဟုသုတမရှိပေ။ ကံကောင်းစွာဖြင့် ဝင်္ကပါသိုင်းပညာရှင် မျက်ကန်း ရှိသေးသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်အတွက် အမိန့်သိုင်းအတွဲတစ်တွဲ ထုတ်ပေးထားသည်။

‘အစ်ကိုကြီးက ဘာကြောင့် ဒီအမိန့်ပြားကို ချန်ခဲ့ချင်တာလဲ... ဒါကို သူ ဘယ်က ရလာတာလဲ... အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြောင်းအရင်းတစ်ခုတော့ ရှိကို ရှိမယ်... ဒီအမိန့်ပြားက ပြင်ပကောင်းကင်နတ်ဘုံဆီက အမိန့်ပြားလည်း ဖြစ်နိုင်တယ်... ဘယ်ကောင်းကင်နတ်ဘုံကလည်း သိတာနဲ့ ပြင်ပကောင်းကင်နတ်ဘုံရဲ့ မျက်နှာအစစ်ကို ငါ ဖော်ထုတ်နိုင်ပြီ”

ရုတ်တရက် အတွေးတစ်ခု ချင်မူ့ခေါင်းထဲတွင် ပေါ်လာသည်။ ‘အစ်ကိုကြီးလည်း နဂါးဟန်ခေတ်ထဲ ပြန်ရောက်သွားတာ ဖြစ်နိုင်မလား’

ထို့နောက် သူ ခေါင်းယမ်းမိသည်။ အမိန့်ပြားသည် အလွန်ရှေးကျအိုမင်းနေ၏။ အစ်ကိုကြီးသာ နဂါးဟန်ခေတ်သို့ ပြန်သွားပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အမိန့်ပြားကို ယူလာခဲ့လျှင် နွားအိုကြီး၏ အမိန့်ပြားအတိုင်း သစ်လွင်နေလိမ့်မည်။

ယခုတွင် သူ့ဆီမှ အမိန့်ပြား သစ်လွင်သွားသော အကြောင်းရင်းမှာ နွားအိုကြီး၏အမိန့်ပြားက ၎င်းအတွင်းရှိ အမိန့်သိုင်းကွက်ကို အသက်သွင်း၍ အချိန်၏တိုက်စားမှုများအား ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်ပေသည်။ သို့သော် မူလအမိန့်ပြားသည် နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရကာ အိုမင်းဟောင်းနွမ်းနေခဲ့၏။

‘သူ နဂါးဟန်ခေတ်ဆီ ရောက်သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့တာလား’

ချင်မူ့ရင်ထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ပေါက်ဖွားလာသော်လည်း ထိုအတွေးကို ခေါင်းထဲမှ အလျင်အမြန် ထုတ်လိုက်သည်။ ဤအတွေးက ရယ်စရာကောင်းလွန်းသည် မဟုတ်ပါ၏လော။ တည်ထောင်သူဂိုဏ်းသခင် ပြန်ရောက်လာခဲ့လျှင် အမြဲတမ်းနေ့ သို့မဟုတ် အမြဲတမ်းည ဖြစ်နေသော တစ်နေရာရာသို့ ရောက်နေသည်ဟု မဆိုလိုဘူးလော...။

ထိုကဲ့သို့နေရာမျိုး အဘယ်မှာ ရှိနိုင်မည်နည်း။

‘မဟုတ်သေးဘူး... ရှိတော့ရှိတယ်’

သူ့အမူအရာ ထူးဆန်းလာသည်။ ‘ရွှမ်တုက အမြဲတမ်းနေ့ပဲ... ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံကလည်း အမြဲတမ်း နေ့... ယိုတုကတော့ အမြဲတမ်းည... နေနဲ့ည အပြောင်းအလဲ မရှိဘူး... အစ်ကိုကြီး ယိုတု၊ ရွှမ်တု ဒါမှမဟုတ် ကောင်းကင်နတ်ဘုံမှာ နေ,နေရင် အတိတ်မှာပဲ ဆက်နေလို့ရတယ်... ငါ ဘာလို့ ဒီအထိ တွေးနေမိတာတုန်း... အစ်ကိုကြီးက အတိတ်မှာ နေမှာ မဟုတ်ပါဘူး’

သူက တဟားဟား ရယ်ရင်း ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အမိန့်ပြားအား သိမ်းလိုက်သည်။ ထို့နောက် နွားအိုကြီးနှင့်အတူ သဘာဝကမ်းပါးကြီးဆီသို့ လျှောက်သွားကာ သူ့ဘာသာသူ တွေးမိ၏။ ‘ဒီသင်္ကေတအမှတ်အသားထဲက အမိန့်သိုင်းကွက်က ယွီလင်နန်းစောင့်တပ်ဖွဲ့ကို အမိန့်ပေးဖို့ သုံးနိုင်တယ်... ဒါပေမဲ့ အဲဒီတပ်ဖွဲ့က ဘယ်ကောင်းကင်နတ်ဘုံက ဖြစ်မလဲ မသိသေးဘူး... ကောင်းကင်နတ်ဘုံတစ်ခုလုံး ဖယ်ရှားသုတ်သင်ခံလိုက်ရပြီး မတည်ရှိတော့တာလဲ ဖြစ်နိုင်တာပဲ... သုံးစားလို့ မရတော့တာလည်း ဖြစ်နိုင်ပေမယ့် ဘိုးဘိုးမျက်ကန်းဆီ ပေးရမယ်... ဒါမှ သူ လေ့လာကြည့်နိုင်မှာ’

နွားအိုကြီးမှာ ကမ်းပါးအောက်ရှိ မာန်ဟုန်မြစ်ကို ရှောင်သွားသည်။ သူ့ကြည့်ရသည်မှာ မာန်ဟုန်မြစ်ကို အလွန်ကြောက်နေဟန်တူ၏။

“အစ်ကိုကြီးစန်းသွော၊ သိုင်းပညာကောင်းကင်ဆရာသခင်က ကောင်းကင်ယင်ကမ္ဘာကိုပဲ လိုက်ပို့ခိုင်းလိုက်တာ မဟုတ်လား... ကောင်းကင်ယင်ကမ္ဘာက ကမ်းပါးအောက်မှာပါ”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အခု အစ်ကိုကြီး ပြန်လို့ရပြီ.. ကျွန်တော်နဲ့ ဆက်နေစရာ မလိုတော့ဘူး... ကျွန်တော်က အရင်ဆုံး ကောင်းကင်ယင်ကမ္ဘာဆီ သွားပြီး မမကြီးတိရီယွဲ့ ဆုံးဖြတ်ချက်ချပြီးပြီလား ကြည့်ကြည့်ဦးမယ်”

နွားအိုကြီးက တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် ခေါင်းယမ်းသည်။ “ငါ မပြန်ချင်ဘူး... သခင်ကြီးက သိပ်ပျင်းစရာကောင်းတယ်ကွာ... နေ့တိုင်း ဘယ်လိုလေ့ကျင့်ပေးရမလဲပဲ သိတဲ့ လူကြီး... ငါလည်း ဆေးတံလေး ဖွာလိုက်၊ လက်ဖက်ရည်ကြမ်းလေး‌ သောက်လိုက် လုပ်ရုံပဲ ရှိတယ်... ပျင်းရင် လယ်ထွန်တယ်... မင်းနဲ့ လိုက်ခဲ့တာက ပို‌ကောင်းမယ့်ပုံပဲလေ.... မင်း ပြဿနာမရှာသ‌ရွေ့ သခင်ကြီးနဲ့ အတူနေရတာထက် အများကြီး စိတ်ဝင်စားစရာကောင်းတယ်”

ချင်မူ ပြုံးလိုက်သည်။ “အစ်ကိုကြီးကို ပြန်ပေးဆွဲသွားမှန်း သိရင် သိုင်းပညာရှင်ကောင်းကင်ဆရာသခင် ကျွန်တော့်ကို သေအောင် ထိုးရင် ဘယ်နှယ့်လုပ်မတုံး”

နွားအိုကြီးက ဝါးလုံးကွဲမတတ် အော်ရယ်ပြီး မတ်တပ်ရပ်လိုက်သည်။ “သူလား လုပ်ရဲမှာ... ရှေးဟောင်းကောင်းကင်နတ်ဘုံရဲ့ ရွှေအဆင့်စစ်သူကြီးက ဒီမှာလေ... သူ မလေးမစား ပြုဝံ့ပါ့မလား”

နှစ်ယောက်လုံး ကျယ်လောင်စွာ အော်ရယ်မိလိုက်ကြ၏။

ချင်မူက သူနှင့်အတူ ကောင်းကင်ယင်ကမ္ဘာထဲသို့ လမ်းလျှောက်ဝင်သွားသည်။ နျိုစန်းသွော ပြုံးလျက် ပြောလိုက်သည်။ “နဂါးဟန်ကောင်းကင်နတ်ဘုံမှာ ကောင်းကင်ယင်နတ်ဘုရားမနဲ့ တွေ့ခဲ့တုန်းက သူ့အစွမ်းအစတွေက မခေဘူးနော်... ကောင်းကင်ယင်နတ်ဘုရားမ ငါတို့ကို မှတ်မိသေးလား မသိဘူး”

သူတို့ ကောင်းကင်ယင်ကမ္ဘာဆီသို့ ရောက်သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကျောင်းသားများသည် ဤနေရာတွင် အမြဲတမ်း နေထိုင်တော့မည့်အလား အဆောင်များ၊ အဆောက်အဦများ ‌ဆောက်နေကြကြောင်း မြင်လိုက်ရ၏။ ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းများ လေ့ကျင့်နေသော ကျောင်းသားတချို့ပင် ရှိသော်လည်း ကောင်းကင်ယင်နတ်ဘုရားမအား ဤနေရာတွင် မတွေ့ရပေ။

ချင်မူ ဇဝေဇဝါ ဖြစ်သွား၍ လျှောက်မေးကြည့်လိုက်သည်။ ကျောင်းသားတစ်ယောက်က ဖြေ၏။ “ဂိုဏ်းသခင်၊ နတ်ဘုရားမက သူ့မိတ်ဆွေဟောင်းကြီးဆီ အလည်သွားတယ်... ရက်ပိုင်းလောက် ကြာပြီ”

“ကောင်းကင်နတ်မင်းတျန်းရှုနဲ့ ကောင်းကင်နတ်မင်းတိတို့ ရောက်လာသေးလား”

“မမြင်မိဘူးဗျ”

ချင်မူမှာ ကောင်းကင်ယင်ကမ္ဘာမှ ထွက်လာရတော့သည်။ “ကောင်းကင်ယင်နတ်ဘုရားမက မိတ်ဆွေဟောင်းကြီးတစ်ယောက်နဲ့ သွားတွေ့တယ်တဲ့လား... သူက နဂါးဟန်ခေတ်မှာ သေခဲ့ရတာဆိုတော့ သူ့မိတ်ဆွေကလည်း ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လောက်တယ်... ဘယ်ရှေးဟောင်းနတ်ဘုရားများနဲ့ သွားတွေ့တာလဲ မသိဘူး”

နျိုစန်းသွောက သူ့ကို သယ်ကာ တရှိန်ထိုး ပြေးနေ၏။ များစွာမကြာလိုက်ဘဲ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မျက်နှာချင်းဆိုင်သို့ ပြန်ရောက်လာကြသည်။ ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည့်အခါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအပေါ်တွင် ဧရာမနေသင်္ဘောကြီးများနှင့်၊ ဧရာမလသင်္ဘောကြီးများအား ခြောက်စင်း၊ ခုနစ်စင်းခန့် မြင်လိုက်ရ၏။ သူတို့က ကောင်းကင်ထဲတွင် လမ်းလျှောက်နေကြလေသည်။

ထို့အပြင် လော့ဖူကောင်းကင်ဘုံ၌လည်း အလင်းရောင်ထွန်းလင်းပေးနေ‌သော နေသင်္ဘောနှင့် လသင်္ဘောရှိ၏။ မြို့များကိုလည်း လော့ဖူ‌ကောင်းကင်ဘုံနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် မြင်ကြရသည်။ အစစ်အမှန်နတ်ဘုရား ပန်ယုနှင့် ဖု‌ရွေ့လော်က အသက်ရှင်ကျန်ခဲ့သူများကို ခေါ်လာပြီး နေထိုင်ရန် အိမ်များ ဆောက်လုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

“ဧကရာဇ်အတိုင်ပင်ခံကတော့ တကယ် မြန်တာပဲ”

ချင်မူ ချီးကျူးမဆုံးတော့ပေ။ မွန်းလွဲချိန်တွင် သူတို့ နယ်စပ်နဂါးမြို့သို့ ရောက်လာကြသည်။

နယ်စပ်နဂါးမြို့တွင် စပါးရိတ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များ တွေ့မြင်ရ၏။ နျိုစန်းသွောမှာ လယ်များကို မြင်လျှင် မနေနိုင်တော့ဘဲ အပြေးအလွှား သွားထွန်တော့သည်။ ချင်မူ တကြော်ကြော် အော်ခေါ်မှ နွားအိုကြီး လယ်များထဲမှ မထွက်ချင် ထွက်ချင်ဖြင့် ထွက်လာသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နောက်ဆုံးတော့ အာသီသ ပြေသွားပြီ... ဒီရက်တွေအထဲ မနည်းမြိုသိပ်ထားရတာ”

သူတို့ မြို့ထဲ ဝင်၍ သေခြင်းရှင်ခြင်းကြားရတနာမှတစ်ဆင့် ဖုန်းတုဆီ သွားကြသည်။ တံတားပေါ်မှ မဆင်းရသေးခင် တဒုန်းဒုန်း တဝုန်းဝုန်း အသံကျယ်ကြီးများ ကြားနေပြီဖြစ်၏။ ချင်မူ လှမ်းကြည့်လိုက်သည့်အခါ ဖုန်းတုတစ်မြို့လုံး တသိမ့်သိမ့် လှုပ်ယမ်းနေပြီး အမှောင်ထုထဲရှိ မြေထုမှာ အဆက်မပြတ် ကျယ်ပြန့်နေကြောင်း တွေ့မြင်ရလေသည်။

တိရီယွဲ့၊ တျန်းရှုနှင့် ယမမင်းတို့က စွမ်းအင်များ ထုတ်လွှတ်ကာ ဖုန်းတု၏ နယ်နိမိတ်ကို ချဲ့နေကြသည်။ မြေကြီးမှ မိစ္ဆာနတ်ဆိုးမီးတောက်များ တဟုန်းဟုန်း ထတောက်လျက်ရှိကာ မေ့လျော့ခြင်းမြစ်နှင့် ချိတ်ဆက်နေ၏။

မြေပြင်မှာ လှုပ်ခတ်နေပြီး တောင်တန်းကြီးများ မြောက်တက်လာကြသည်။ ဖုန်းတု၏ ပိုင်နက်ကား လျင်မြန်စွာ ကျယ်ပြန့်လာနေချေပြီ။

ချင်မူမှာ မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း မြင်နေရသည်ကို နားမလည်ပေ။

“ဖုန်းတုက မြေအောက်ဘုံအရှင်သခင်ရဲ့ ချို... ကမ္ဘာတစ်ခုလည်း ဖြစ်သလို၊ ရတနာတစ်ခုလည်း ဟုတ်တယ်”

နွားအိုကြီးသည် ဗဟုသုတရှိသူပီပီ အကြောင်းရင်းကို နားလည်၏။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ရတနာအဖြစ် သွန်းလုပ်နိုင်ရင် ထူးဆန်းတဲ့ စွမ်းအားကြီးတစ်ရပ် ကိန်းဝပ်လာလိမ့်မယ်... ထူးခြားတဲ့ လက်နက်လည်း ဖြစ်လာလိမ့်မယ်... ဟိုတုန်းက သခင်ကြီးရယ် ဓားမတစ်လက် သွန်းချင်လို့ မြေအောက်ဘုံအရှင်သခင်ဆီက ချိုတစ်ချောင်း ဖြုတ်ယူခဲ့မယ် ကြွေးကြော်ပြီး ယိုတုထဲ ဝင်သွားဖူးတယ်... ဒါပေမဲ့ တျန်းချိကျွင်းက ရိုက်လွှတ်လိုက်ပြီး သူ့ကို လိုက်ဖမ်းခဲ့တယ်လေ... တော်သေးတယ် ငါ အပြေးမြန်လို့ သူ့ကို ရွှမ်တုဆီ ခေါ်သွားနိုင်ခဲ့တာ... မဟုတ်လို့ကတော့ သခင်ကြီး အရိုးဆွေးနေပြီ”

ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သိုင်းပညာရှင်ကောင်းကင်ဆရာသခင်တွင်လည်း ထိုကဲ့သို့ အဖြစ်မျိုး ရှိသေးသည်တဲ့လား။

“မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုရဲ့ နောက်စွမ်းရည်တစ်ခုက ကမ္ဘာအကျယ်ကြီးတစ်ခု အသွင်ပြောင်းလဲနိုင်တာပဲ”

နွားအိုကြီး ဆက်ပြောသည်။ “ယမမင်းက ငယ်သေးတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုရဲ့ စွမ်းအားအစစ်ကို ဘယ်သိပါ့မလဲ... ဒီဖုန်းတုက သေးလွန်းတယ်... အမှန်ဆို ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံထက်တောင် ကြီးလာနိုင်တယ်”

တိရီယွဲ့၊ တျန်းရှုနှင့် ယမမင်းတို့သည် နတ်ဘုရားများအသွင်ဖြင့် အမှောင်ထုထဲ၌ လမ်းလျှောက်နေကြ၏။ သူတို့က မုဒြာသိုင်းကွက်များ စဉ်ဆက်မပြတ် ထုတ်လွှတ်ကာ နယ်နိမိတ်အား လျင်မြန်စွာ ချဲ့နေကြသည်။ မြေပြင်က ရွေ့လျားနေပြီး တောင်တန်းကြီးများ ယမ်းခါနေသည်မှာ အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းပေသည်။

သန်မာအားကောင်းသည်ထက် အားကောင်းလာသော စည်းမျဉ်းတစ်ခုကိုလည်း ချင်မူ ခံစားရဿည်။ ယင်းက ယိုတု၏ စည်းမျဉ်းဖြစ်ပြီး ဖုန်းတုသည် မြေအောက်ဘုံအရှင်သခင်၏ ချိုအပိုင်းအစလေးတစ်ခုသာ ဖြစ်သော်လည်း ယိုတုစည်းမျဉ်းက အတွင်း၌ တည်ရှိနေသေး၏။

“အရင်တုန်းက သေဆုံးသူတို့ရဲ့ ရှင်သန်ရာကမ္ဘာဟာ အစစ်အမှန်နတ်ဘုရားတွေနဲ့ နဂါးသွဲ့ရေကန်အဆင့် နတ်ဘုရားတွေကို မဖိနှိပ်နိုင်ခဲ့ဘူး.... အခုတော့ နဂါးသွဲ့ရေကန်အဆင့် နတ်ဘုရားတွေတောင် ဝင်လာရင် အရိုးစုအဖြစ် ပြောင်းလဲခံရတော့မယ်”

ချင်မူ အသေးစိတ် ကြည့်နေမိပြီး ဤလူသုံးယောက် ထုတ်လွှတ်နေသော မုဒြာသိုင်းများမှာ ယိုတုမှ ဖြစ်ကြောင်း မြင်တွေ့ရ၏။ သူတို့အထဲတွင် ကောင်းကင်နတ်မင်းတျန်းရှုက အကျွမ်းကျင်ဆုံးဖြစ်ရာ မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် မင်တုကောင်းကင်နတ်မင်းဘွဲ့ အပ်နှင်းပေးခဲ့သောလူဖြစ်ကြောင်း ပေါ်လွင်သည်။ ယိုတုအပေါ် သူ၏နားလည်မှုက သူတကာထက် နက်နဲ၏။

တျန်းရှုက ‌တော်ဝင်မုခ်ဝနတ်ဓားမကို ကိုင်ဆွဲလျက် လက်နှစ်ဖက်လုံး မြှောက်လိုက်၊ ခြေထောက်များ ကန်ကျောက်လိုက်ဖြင့် ရန်လိုခက်ထန်မှုအပြည့် ရှိနေသည်။

“တျန်းရှုတော့ မူးနေပြီ”

ချင်မူ တစ်ချက်ကြည့်၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ “မူးမနေရင် ဒီလောက် ရန်လိုခက်ထန်နေမှာ မဟုတ်ဘူး”

တိရီယွဲ့နှင့် ယမမင်း၏ မုဒြာသိုင်းကွက်များ အနည်းငယ် လိုအပ်နေရာ တျန်းရှုဆီမှ ယခုလေးတင် သင်ယူခဲ့ရကြောင်း ထင်ရှားသည်။ တတ်မြောက်သည်မှာ မကြာသေးသောကြောင့် စိတ်တိုင်းကျ မထုတ်လွှတ်နိုင်ကြပေ။

“ယမမင်း ယိုတုကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်၊ လမ်းစဉ်တွေ လေ့လာထားတော့ တျန်းရှုရဲ့ မုဒြာသိုင်းကွက်ကို တတ်မြောက်တာက ပုံမှန်ပဲ... ဒါပေမဲ့ ဘာလို့ မမကြီးတိရီယွဲ့ကလည်း တတ်မြောက်နေတာလဲ”

ချင်မူ စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်မိသည်။ “အစ်ကိုကြီးစန်းသွော၊ မမကြီးတိရီယွဲ့က ဘာလို့ ကောင်းကင်နတ်သိုင်းအားလုံး ထုတ်လွှတ်နိုင်တာလဲ... သူလည်း လောကသခင်ခန္ဓာလား”

နွားအိုကြီးက ခေါင်းယမ်းသည်။ “သူက ဘာလောကသခင်ခန္ဓာ ရမှာလဲ... ဒီနံပါတ်တစ် ကောင်းကင်နတ်မင်းမှာ သူများနဲ့မတူတဲ့ ဝိညာဉ်ခန္ဓာ ရှိတယ်... အဲဒါက ဘာဓာတ်သတ္တိမှ မရှိတဲ့ သုခခန္ဓာပဲ... ကောလဟလတွေအရတော့ သုခခန္ဓာဆိုတာ ကောင်းကင်နယ်စားမင်းရဲ့ သွေးဆက်ရှိတဲ့ ဝိညာဉ်ခန္ဓာတဲ့လေ... အဲဒါကြောင့် သင်လိုက်တဲ့ ဘယ်ကျင့်စဉ်ကိုမဆို အလွယ်တကူ တတ်မြောက်နိုင်တာတဲ့... အဲဒီတုန်းက ခိုင်ဧကရာဇ်ဆို သူ့ကို အကြီးအကျယ် မျှော်လင့်ထားတာ... အရပ်မျက်နှာနတ်မင်းလေးပါး သူ့ကို တပည့်အဖြစ် လက်ခံပေးအောင်လည်း အတော်လေး ကြိုးစားအားထုတ်ပေးခဲ့သေးတယ်”

“ကောင်းကင်နယ်စားမင်းရဲ့ သွေးဆက်ရှိတဲ့ သုခခန္ဓာတဲ့လား”

ချင်မူ စိတ်ရှုပ်ထွေးသွား၍ သူ့မျက်ခုံးနှစ်ဖက်ပေါ်ရှိ မိုးမခသစ်ရွက်အား ခွာလိုက်သည်။ သူ၏ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်က ချင်စာလုံးကမ္ဘာထဲသို့ ဝင်ရောက်သွားကာ မေးလိုက်‌၏။ “ကောင်းကင်နယ်စားမင်း၊ သုခခန္ဓာအကြောင်း သိလား”

မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးမှာ ရုတ်ခြည်း သတိအနေအထား ဖြစ်သွားသည်။ “မောင်ရင်ချင်၊ ဘာသိထားလဲ”

ချင်မူ အသိစိတ်အလျဉ်ကို ကမန်းကတန်း ပြန်ရုတ်၍ မိုးမခသစ်ရွက်အား ပြန်ကပ်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောလေသည်။ “ကောင်းကင်နယ်စားမင်းက မြေအောက်ဘုံအရှင်သခင်လို ဆိုပေမယ့် ကြည့်ရတာ  ပြန်မကြည့်ချင်တဲ့ အတိတ်ဇာတ်လမ်းလေးတွေ ရှိထားပုံပဲ”

“သုခခန္ဓာအပြင် ငရဲခန္ဓာလည်း ရှိသေးတယ်”

နွားအိုကြီးက ဆက်ပြောသည်။ “ငရဲခန္ဓာက မြေအောက်ဘုံအရှင်သခင်နဲ့ ပတ်သက်လိမ့်မယ်... ကောလဟလတွေအရတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ သွေးဆက်ရှိတယ်တဲ့... ဒီသွေးဆက်နှစ်ဆက်လုံး အင်မတန် ရှားတယ်... နံပါတ်တစ်ကောင်းကင်နတ်မင်းမှာ သုခခန္ဓာ ရှိထားတော့ ခိုင်ဧကရာဇ်က ငရဲခန္ဓာကို လိုက်ရှာဖို့ လုပ်ခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး”

ချင်မူ အော်လိုက်မိသည်။ “မြေအောက်ဘုံအရှင်သခင် ဟုတ်လား... မြေအောက်ဘုံအရှင်သခင်မှာလည်း အဲဒီလိုအတိတ်ဇာတ်လမ်း ရှိတာလား”

နွားအိုကြီးက ခေါင်းယမ်းကာ ပြော၏။ “အတိအကျတော့ ငါလည်း မသိဘူး... အဲဒီလိုရှိတယ်လို့ပဲ ကြားဖူးတာ”

ချင်မူ စိတ်ပြန်ထိန်းလိုက်သည်။

ရုတ်တရက် တံတားအောက်ရှိ‌ မေ့လျော့ခြင်းမြစ်တွင် လှိုင်းများ ထကြွလာပြီး လှပသောမျက်နှာတစ်ခု တဖြည်းဖြည်း ပေါ်လွင်လာ၏။ သူမက တံတားပေါ်ရှိ ချင်မူ့ကို ကြည့်နေသည်။

ချင်မူ တံတားအောက်သို့ ငုံ့ကြည့်သည့်အခါ ထိုမိန်းမလှ၏ မြွေအမြီးကြီးအား မြင်လိုက်ရသည်။ သူမက အမြီးကြီးကို အမှောင်ထုနှင့် မီးတောက်များအကြား လှုပ်ယမ်းနေ၏။

ချင်မူ ရင်ထဲ ထိတ်သွားသော်လည်း နောက်တခဏတွင် စိတ်အေးလက်အေး ဖြစ်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “လုလီလား”

“ချင်ဖုန်းကျင့်” ထိုမိန်းမလှကလည်း ပြုံးသည်။

“ကျွန်တော့်အစ်ကိုကြီးကို ရှာနေတာလား”

ချင်မူက ပြုံးပြလိုက်၏။ “ခဏစောင့်... ကျွန်တော့်အစ်ကိုကြီးကို ခေါ်ပေးမယ်”

၎

င

၎

၎

All Chapters