အတိတ်တုန်းက ကတိ
Vol. 56 Ch. 752
နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲ...
ချင်မူ မပြောတတ်ပေ။ ချိမင်ခေတ်သည် လွန်ခဲ့သော နှစ် ၃၅၀၀၀၀ က ဖျက်စီးချေမှုန်းခံခဲ့ရပြီး နှစ်တစ်သိန်းကြာ တည်တံ့ခဲ့၏။ ထို့ကြောင့် နဂါးဟန်ခေတ်ကား လွန်ခဲ့သော နှစ် ၄၅၀၀၀၀ တုန်းက အဆုံးသတ်သွားခြင်း ဖြစ်သည်။
နဂါးဟန်ခေတ် မည်မျှတည်တံ့ခဲ့သနည်း။
သူ့အနေဖြင့် တွက်ချက်ကြည့်နိုင်မည်မဟုတ်။
မိစ္ဆာမျက်နှာဖုံး ဝတ်ထားပြီး စကားနည်းသော ထိုလူငယ်လေးသည် ချင်မူ ရောက်လာမည်ကို ဤတစ်ချိန်လုံး စောင့်နေခဲ့ရသည်လား။
ကောင်းကင်နတ်အရှင်ယွီ၏ အခေါင်းဘေးတွင် အမြဲစောင့်နေခဲ့သည်လား။
ပျင်းသည့်အချိန်တိုင်း ကောင်းကင်နတ်သိုင်းများကို နဂါးသွဲ့ရေကန်ထဲ ပစ်ချတတ်သည့် ကောင်းကင်နတ်အရှင်ရုံ... ဝမ်းနည်းသည့်အခါတိုင်း ကလေးတစ်ယောက်လို တဆတ်ဆတ် တုန်ပြီး သူ့ကိုယ်သူ အပြစ်တတ်သော ထိုလူငယ်သည် ကတိလေးတစ်ခုကြောင့် ဤတစ်ချိန်လုံး ယိုတု၏ အမှောင်ထဲ၌ နေခဲ့ရလိမ့်မည်။
ထိုစဉ်တုန်းက သူသည် နာမကျန်းသော မျက်နှာနှင့် လူငယ်လေးတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုတော့ အသက်အရွယ် ကြီးရင့်နေချေပြီ။ သီးသန့်ဆန်သော သူတစ်ယောက်တည်းသာ သေလူတို့၏ ဝိညာဉ်များကို ယိုတုဆီသို့ လမ်းညွှန်ပေးရန် ကိုယ်ပွားကျင့်စဉ် ကျင့်၍ ကိုယ်ပွားများအား ကမ္ဘာများတစ်ခွင် ဖြန့်ကျက်ထားလိမ့်မည်။
သူလို သီးသန့်ဆန်သော လူတစ်ယောက်သာ နှစ်တစ်သန်းမက ရှင်သန်နေထိုင်ခဲ့ပြီး အလွန်လေးနက်တည်ကြည်သည့် ရှေးဟောင်းနတ်ဘုရား မြေအောက်ဘုံအရှင်သခင်၏ ဘေးတွင် နေနိုင်လိမ့်မည်။
အရာအားလုံးကား ကတိလေးတစ်ခုကြောင့် ဖြစ်၏။
နှစ်ပေါင်းမည်မျှကြာပြီလဲ နတ်ဘုရားများသာ သိနိုင်လိမ့်မည်။ ထို့အပြင် ချင်မူကိုယ်တိုင် ကတိပေးခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်နတ်အရှင်လင်မှတစ်ဆင့်သာ ပြောခိုင်ခဲ့ခြင်း ဖြစ်လေသည်။
နားလည်ပါပြီ... ကျွန်တော် ပြန်ရောက်ပြီ။
ဤစကားတစ်ခွန်းအတွက် ကောင်းကင်နတ်အရှင်ရုံမှာ ယိုတုသို့ သွား၍ အဘိုးအိုတစ်ယောက် ဖြစ်လာသည့်တိုင်အောင် ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းတလားအား စောင့်ရှောက်ခဲ့ပေးသည်။
သူနှင့် ကောင်းကင်နတ်အရှင်ယွီသည် သွေးမတော် သားမစပ်ပေ။ သို့သော် ကောင်းကင်နတ်အရှင်ယွီသည် သူ့အမေ သေလုမျောပါး ဖျားနာနေတုန်းက လာရောက်ကြည့်ရှုပေးခဲ့ဖူးသည်။ သူ့ကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံ၍ ဂရုစိုက်ပေးခဲ့၏။
ထိုကြင်နာမှုလေးအတွက် သူ့တစ်ဘဝလုံး ပုံအပ်ပေးရန် လုံလောက်သည်။
ချင်မူ တံတားပေါ်မှ ခုန်ချ၍ စက္ကူလှေအပေါ် ဆင်းသက်လိုက်သည်။ နွားအိုကြီးလည်း အခြေအနေကို မြင်လျှင် တံတားအပေါ်မှ ခုန်ချလိုက်သည့်တိုင် မေ့လျော့ခြင်းမြစ်ထဲသို့သာ ကျသွားသည်။ လှေလေးက ချင်မူနှင့် မရဏတမန်တော်ကို သယ်ဆောင်လျက် ယိုတုထဲ ဝင်သွားချေပြီ။
“ခွေးကောင်လေး၊ ငါ့ကို မေ့သွားပြီလား’
နွားအိုကြီး ဆွေ့ဆွေ့ခုန်နေပြီး ညည်းညူနေ၏။ “ငါ ကောင်းကင်နတ်ဘုံမှာ သောင်းကျန်းခဲ့တုန်းက ဆိုရင်...”
လုလီ၊ ကျွယ်ဟွမ်၊ ရွှမ့်မင်နှင့် ဟန်လဲ့... ဘုရင်ခံလေးပါးသည် တစ်ယောက်ကိုတစ်ယောက် မှင်သက်စွာ ကြည့်လိုက်ကြ၏။ မရဏတမန်တော်က ဖုန်းတုကို တိုက်ခိုက်ခဲ့ပြီး သူ၏ဩဇာအာဏာသည် အလွန်ကြီးမားကာ ကြောက်မက်ဖွယ်ရာကောင်းခဲ့၏။ သို့သော် ယခုတွင် လှေလေးဖြင့် ပြန်သွားပြီး သူတို့ကို ဤနေရာတွင် ထားရစ်ခဲ့လေသည်။
ကောင်းကင်ယင်သားတော်နှင့် မရဏတမန်တော် ဖုန်းတုကို မတိုက်ခိုက်ခဲ့လျှင် သူတို့အနေဖြင့် ဖုန်းတုသို့ ဝင်လာခဲ့မည်မဟုတ်။
အဓိကတရားခံမှာ ယိုတုသို့ သွား၍ ကောင်းကင်နတ်ဘုံ၏ နာမည်ဖြင့် မြေအောက်ဘုံအရှင်သခင်အား သွေးဆောင်ခဲ့သော ကောင်းကင်ယင်သားတော်ဖြစ်သည်။ သူက ဖုန်းတု၏ ကမ္ဘာလောကစည်းကို သူကိုယ်တိုင် ဖွင့်ပေးမည်ဟု ကတိခံခဲ့သောကြောင့်သာ မြေအောက်ဘုံအရှင်သခင်သည် တစ်လက်စတည်း ရန်ကြွေးအားလုံး ကြေစေရန်အလို့ငှာ မရဏတမန်တော်ကို လွှတ်လိုက်ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း လုလီတို့ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ကောင်းကင်ယင်သားတော်မှာ တိရီယွဲ့ကြောင့် လန့်ပြေးပြေးသွားသလို၊ မရဏတမန်တော်ကလည်း မျက်နှာဖုံးတစ်ခုကြောင့် ထူးဆန်းသော အကြောင်းပြချက်ဖြင့် ပြန်သွားသည်။ ခိုင်ဧကရာဇ်ခေတ်၏ လက်ကျန်သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရန် သူတို့သာ ကျန်ခဲ့ချေရာ အဘယ်သို့ပြု၍ ဤစစ်ပွဲကို တိုက်ခိုက်ရတော့မည်နည်း။
ယိုတု၏ ဘုရင်ခံလေးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သူတို့က ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်လိုက်ကြကာ မေ့လျော့ခြင်းမြစ်ထဲသို့ ဗွမ်းခနဲ ဝင်သွားကြတော့သည်။
ယိုတု၏မိစ္ဆာနတ်ဘုရားများလည်း အခြေအနေမြင်လျှင် မေ့လျော့ခြင်းမြစ်ဆီသို့ အသည်းအသန် ပြေးကြသည်။
ယမမင်းက ဓားမြှောက်၍ သွေးအေးစွာ အော်ဟစ်လိုက်၏။ “သတ်”
“မေ့လျော့ခြင်းမြစ်ကို အဝင်အထွက် ပိတ်ပြီး တစ်ယောက်မကျန် သတ်ပစ်ကြ”
ညာသံပေးသံများ ဆူညံဟိန်းထွက်လာကာ မရေမတွက်နိုင်သော ခေါင်းပြတ်များ တဘုတ်ဘုတ် ပြုတ်ကျကုန်ကြသည်။ မေ့လျော့ခြင်းမြစ်မှာ တသွင်သွင် စီးဆင်းနေသည့် သွေးများကြောင့် ရဲရဲတောက်နေ၏။
တျန်းရှု၊ တိရီယွဲ့နှင့် ကျန်ရှိသူများမှာ ကြောင်အမ်းအမ်း ဖြစ်နေကြသော်လည်း တွေးနေရန် အချိန်မရှိသောကြောင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
‘တျန်းချိကျွင်းက အင်မတန် ရက်စက်ခက်ထန်တဲ့ လူတစ်ယောက်... ဘာကြောင့် အဲဒီမျက်နှာဖုံးကို မြင်တာနဲ့ ရန်ငြိုးအားလုံး လွှတ်ချခဲ့တာပါလိမ့်”
တိရီယွဲ့က ယိုတုမိစ္ဆာနတ်ဘုရားတစ်သုတ်ကို ရှင်းပစ်လိုက်ရင်း သူမဘာသာသူမ တွေးနေသည်။ ‘မောင်လေးမူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ... သူ့စကား ဘာအဓိပ္ပါယ်လဲ မသိဘူး’
တျန်းရှု သူ့ဘာသာသူ တွေးနေသည်။ ‘ယိုတုရဲ့ အရာရှိမင်းက ရက်စက်တဲ့အပြင် ယိုတုမှာ အတော်ပေါင်းသင်းရခက်တဲ့ လူ... သူ့လက်ချက်နဲ့ ကမ္ဘာလောကတွေ အများကြီး ဖျက်စီးခံခဲ့ရဖူးတယ်... မျက်နှာဖုံးလေး ပေးလိုက်ရုံနဲ့ ဆုတ်ခွာသွားတတ်မှန်း သိရင်လည်း သူ့ကို မျက်နှာဖုံးတွေ အပုံလိုက်ကြီး ပေးခဲ့ပါတယ်’
ဤအရာရှိမင်းနှင့်ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိချေသည်။
တျန်းရှုနှင့် တိရီယွဲ့သည် ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်နတ်မင်းများ ဖြစ်သည့်အတွက် ကောလဟလများ၊ ဇာတ်လမ်းများ သိထား၏။
ကောလဟလများအရ ယိုတုတွင် ကြောက်စရာအကောင်းဆုံးမှာ မြေအောက်ဘုံအရှင်သခင် မဟုတ်ဘဲ တျန်းချိကျွင်းဟု အသိများသော ယိုတုအရာရှိမင်း ဖြစ်သည်။ ဤအရာရှိမင်း မည်သည့်အချိန်က ယိုတုသို့ ရောက်လာခဲ့မှန်း မည်သူမျှ မသိကြပေ။ တချို့က သူသည် လူသားတစ်ယောက် ဖြစ်ခဲ့ပြီး မြေအောက်ဘုံအရှင်သခင်၏ ဖိတ်ခေါ်မှုကြောင့် ယိုတု၏ အရာရှိမင်းဖြစ်လာသည်ဟု ဆိုကြသည်။ တချို့ကမူ သူက မြေအောက်ဘုံအရှင်သခင်၏ ညီဖြစ်သောကြောင့် သဘာဝအလျောက် မွေးဖွားလာသော အထွတ်အမြတ်နတ်ဘုရား ဖြစ်သည်ဟုလည်း ပြောကြ၏။
မြေအောက်ဘုံအရှင်သခင်သည် ယိုတု၏စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာ၏။ ယိုတုစည်းမျဉ်းများ မကျိုးပေါက်သရွေ့ သက်ရှိကမ္ဘာ၏ အရေးကိစ္စများအား ဝင်ပါခဲသည်။ ထို့အပြင် တစ်ယောက်ယောက် စည်းမျဉ်းချိုးဖောက်မိလျှင်ပင် သက်ရှိကမ္ဘာသို့ ပြန်သွားနိုင်သရွေ့ မြေအောက်ဘုံအရှင်သခင်က လိုက်လာမည်မဟုတ်ပေ။ သေစာရင်းတွင်သာ မှတ်ထားပြီး သေမှ အပြစ်ပေးတတ်၏။
သို့သော် ယိုတုအရာရှိမင်းကတော့ မြေအောက်ဘုံအရှင်သခင်နှင့် မတူ။
ကောလဟလများဆီမှ ယိုတုအရာရှိမင်းသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော သိုင်းစွမ်းအား ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်ကြောင်း သိရ၏။ မရေမတွက်နိုင်သည့် ကိုယ်ပွားများဖြင့် စက္ကူလှေလေးများ စီးကာ ကမ္ဘာလောကအသီးသီးရှိ ဝိညာဉ်များကို ယိုတုသို့ ပို့ဆောင်ပေးနိုင်သော အချက်နှင့်တင် သံသယဝင်စရာမလိုပေ။
သူ ဝိညာဉ်လာခေါ်သည့်အချိန်တွင် တစ်ယောက်ယောက်က ထိုဝိညာဉ်ကို ခေါ်မသွားနိုင်အောင် နှောင့်ယှက်လျှင် ကပ်ဆိုက်လိမ့်မည်။
သမိုင်းထဲတွင် ကမ္ဘာပေါင်းများစွာ ဖျက်စီးခံလိုက်ရသော မှတ်တမ်းများ ရှိသည်။ အဘယ်ကြောင့်ဆိုသော် မရဏတမန်တော် ဝိညာဉ်များ သွားသိမ်းသည့်အချိန်တွင် ထိုကမ္ဘာများရှိ နတ်ဘုရားများက တားဆီးကြ၍ ဖြစ်၏။ နတ်ဘုရားများနှင့် မရဏတမန်တော် တိုက်ခိုက်သည့်အခါ ရလဒ်ကလည်း အလွန်တရာ ကြောက်စရာကောင်းသည်။
မရဏတမန်တော်တစ်ယောက်တည်း၏ စွမ်းအားက မပြောပလောက်သဖြင့် နတ်ဘုရားများစွာ သူ့ကို အနိုင်ယူနိုင်သည်။ သို့သော် မရဏတမန်တော်ပေါင်းများစွာ ရောက်လာသည့်အခါတွင်တော့ ကမ္ဘာပျက်ကပ် ဆိုက်သည်နှင့် မခြားပေ။
ကောင်းကင်နတ်မင်းတျန်းရှု ချင်မူနှင့်အတူ ယိုတုသို့ လိုက်သွားခဲ့တုန်းက ကြောက်ဒူးတုန်နေခဲ့သောအကြောင်းရင်းမှာ တျန်းချိကျွင်းကြောင့်ပင် ဖြစ်သည်။
သူ မြေအောက်ဘုံအရှင်သခင်၏ ချိုကို ခုတ်ဖြတ်ခဲ့တုန်းက မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် သူ့ကို လိုက်ဖမ်းခဲ့သည်။ သက်ရှိကမ္ဘာသို့ ပြန်ရောက်သွားသော အခိုက်အတန့်၌ မြေအောက်ဘုံအရှင်သခင်သည် သူ၏ရုပ်ခန္ဓာကို ဖမ်းမိခဲ့သော်လည်း သက်ရှိကမ္ဘာအထဲ ရောက်နေပြီဖြစ်၍ မသတ်ခဲ့ပေ။
ယိုတုအရာရှိမင်းသာ လိုက်ဖမ်းခဲ့ခြင်းဖြစ်လျှင် အခြေအနေက တစ်မျိုးပြောင်းသွားလိမ့်မည်။ သူ မည်သည့်နေရာသို့ ပြေးပြေး၊ ယိုတုအရာရှိမင်းက သူ့ကို မုချသတ်လိမ့်မည်။ ရုပ်ခန္ဓာကို သတ်ရုံတင်မက ဘဝပြန်ဝင်မစားနိုင်အောင် ဝိညာဉ်ကိုပင် အကျဉ်းချထားနိုင်သည်။
“ချင်မူတစ်ယောက်ပဲ ယိုတုအရာရှိမင်းကို မကြောက်တာ... အဲဒီခွေးကောင်လေး ဘာတွေစားလို့ အဲဒီလောက်မျက်နှာကြီးနေတာလဲ”
ကောင်းကင်နတ်မင်းတျန်းရှု၏အမူအရာမှာ ထူးဆန်းနေသည်။ သူတို့ တော်ဝင်မုခ်ဝနတ်ဓားမမှ လွတ်မြောက်လာစဉ်အခါတွင် မရဏတမန်တော်သည် သူ့ကို အရေးမလုပ်ခဲ့သော်လည်း ချင်မူနှင့် ခင်ခင်မင်မင် ရှိကာ စကားပင် ပြောနေခဲ့သေးသည်။
သူ ယိုတုမှ လွတ်မြောက်အောင် မြေအောက်ဘုံအရှင်သခင်ဆီသို့ တောင်းပန်ပေးခဲ့သူမှာလည်း ချင်မူ ဖြစ်နေသည်။
ချင်မူက အရာရှိမင်း၏ ကြောက်စရာပုံစံကို မမြင်ဖူးသောကြောင့် အရာရှိမင်း မည်မျှကြောက်စရာကောင်းမှန်း မသိပေ။
လှေလေးအပေါ်တွင်...
မရဏတမန်တော်သည် မျက်နှာဖုံးကို ခေါင်းအနောက်၌ တပ်လိုက်၏။ သူက လှေဦးတွင် မီးအိမ်ကို ချိတ်လိုက်ပြီး ရုတ်တရက် ဤလှေလေးမှ လှေသေးသေးလေးများ ခွဲထွက်သွားကာ အရပ်မျက်နှာတစ်ခွင်သို့ လွင့်မျောသွားကြသည်။
အဘိုးအိုက ထိုင်၍ မျက်နှာဖုံးပြန်ချွတ်ကာ လှန်ကြည့်လိုက်၊ မှောက်ကြည့်လိုက် လုပ်နေသည်။ တခဏကြာသော် သူ့ခေါင်းအနောက်၌ ပြန်တပ်လိုက်၏။
“ငါ အိုနေပြီ”
ရုတ်တရက် သူ့မျက်နှာက ရှင်းလင်းပြတ်သားလာရာ ချင်မူ သဲကွဲစွာ မြင်လိုက်ရသည်။ အရေအတွန့်အခေါက်များက သူ့မျက်နှာတွင် ပြည့်နှက်နေချေပြီ။
ချင်မူ ကောင်းကင်နတ်အရှင်ရုံ၏ ရုပ်သွင်ကို မမြင်နိုင်တော့။ ဇရာ၏ လက်ရာများကိုသာ တွေ့မြင်ရတော့သည်။
“ကောင်းကင်နတ်အရှင်မူ၊ မတွေ့ရတာ ကြာပြီ... ငါ အိုနေပြီ ဒီလိုမျက်နှာဖုံးမျိုး ဝတ်ဖို့ မသင့်တော်တော့ဘူး... နှစ်တစ်သန်း ကြာခဲ့ပြီဆိုပေမယ့် မင်းကတော့ ငယ်နေတုန်းပဲ”
မှေးမှိန်နေသော သူ၏မျက်ဝန်းများက တခဏ လင်းလက်သွားသော်လည်း ပြန်လည်ငြိမ်သက်သွား၏။
ချင်မူ အရိုအသေပေးကာ ပြောလိုက်သည်။ “ဒီအတွင်း ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
မရဏတမန်တော်က ခေါင်းယမ်း၍ ပြောသည်။ “မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားက မိုးမခသစ်ရွက်ကို မမြင်ခင်အထိ ငါ မင်းကို မမှတ်မိခဲ့ဘူး... သစ်ရွက်ကို မြင်မှ မင်း ဖြစ်နိုင်မှန်း သိခဲ့တာ... အဲဒီနောက်ပိုင်း ကောင်းကင်နယ်စားမင်းရဲ့ အတားအဆီးအစီအရင် ပေါ်လာတော့မှ ငါ အတည်ပြုနိုင်ခဲ့တယ်... ဒါပေမဲ့ ငါ မင်းဘဝကို ဝင်စွက်ဖက်လို့ မရဘူး... ငါ စွက်ဖက်လိုက်ရင် မင်းက မင်းဖြစ်တော့မှာ မဟုတ်ဘူး”
ချင်မူ ခေါင်းညိတ်လိုက်၏။
သူ့စကားများက နားလည်ရခက်သော်လည်း ချင်မူကတော့ နားလည်သည်။
“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ယွီနဲ့ သွားတွေ့ကြစို့”
မရဏတမန်တော်သည် ယခင်ကလို တရင်းတနှီး မရှိတော့ဘဲ အတိတ်တုန်းက ကောင်းကင်နတ်အရှင်ရုံသဖွယ် ပြန်လည်ထူးဆန်းပြီး ခပ်တန်းတန်း ဖြစ်နေ၏။ သူက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် ပြောသည်။ “ဒီနေ့အထိ ငါ စောင့်နေခဲ့တာ နှစ်တစ်သန်း ကြာပြီ”
ချင်မူ တိတ်ဆိတ်သွားသည်။
ကတိလေးတစ်ခုအတွက် နှစ်တစ်သန်းတဲ့လော... မည်သူ လုပ်နိုင်ပါမည်နည်း။
သူကတော့ လုပ်နိုင်ခဲ့သည်။ အားလုံး၏ ရိုသေလေးစားခြင်းခံရသော ကောင်းကင်နတ်အရှင်ရုံ၊ အလားအလာများစွာ ပြည့်နှက်နေခဲ့သည့် လူငယ်လေးဘဝမှ ... မည်သူမဆို ကြောက်ရွံ့သော၊ မပြုံးတတ်သော မရဏတမန်တော်ဘဝအထိ ... ဤနှစ်တစ်သန်းအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သော်လည်း သူ့တွင် ညည်းညူပြစရာ လူတစ်ယောက်မှ မရှိခဲ့ပေ။ သူ့တွင် သူတစ်ယောက်တည်းသာ ရှိခဲ့သည်။
ထို့ကြောင့် မရဏတမန်တော်များ အရေအတွက် တိုးပွားလာခဲ့၏။
မရဏတမန်တော်တစ်ယောက်ချင်းစီသည် သူ၏ဝန်ထုပ်ဝန်ပိုးများကို ထမ်းပေးကြပြီး အခြားသူများအား ဖွင့်ပြောမရကြပေ။
ချင်မူ နီးကပ်လာနေသော မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်နေမိသည်။ မြေအောက်ဘုံအရှင်သခင်သည် ပြိုင်ဘက်ကင်းအောင် မြင့်မားပြီး အမှောင်ထဲတွင် မတ်မတ်ရပ်နေ၏။ ကြောက်မက်ဖွယ်ရာ ချိုကြီးများကလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ “ဒီတစ်ခေါက် အပြင်ထွက်လာတာက မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ပြန်ယူဖို့မဟုတ်လား.. အခုလို လက်ဗလာနဲ့ ပြန်လာတော့ သူ့ကို ဘယ်လိုဖြေမလဲ”
မရဏတမန်တော်က မှင်သေသေ ပြော၏။ “လူတစ်ယောက်က တားလိုက်လို့ ငါ့တာဝန် မပြီးမြောက်ခဲ့တာလေ... ထုံးစံအတိုင်း ဒီပြစ်မှုက မင်းခေါင်းပေါ် ရောက်မယ်”
ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “ကျွန်တော့်ခေါင်းပေါ်မှာ တစ်ပုံကြီး ရှိနေပြီးသားပဲ မထူးတော့ဘူး”
မရဏတမန်တော်က ခေါင်းညိတ်ထောက်ခံသည်။ “အမှန်တကယ် တစ်ပုံကြီးပဲ”
ချင်မူ ထပ်မေးလိုက်သည်။ “ဘယ်လိုလုပ်ပြီး ယိုတုမှာ မရဏတမန်တော် ဖြစ်လာတာလဲ.... ယိုတုရဲ့ အရာရှိမင်း ဘယ်လိုဖြစ်လာတာလဲ”
မရဏတမန်တော်က သူနှင့်မဆိုင်သောအကြောင်းကို ပြောနေသကဲ့သို့ ပြောပြသည်။ “မင်း ထွက်သွားတော့ ငါ ခေါင်းတလားကို သယ်ပြီး မြေအောက်ဘုံအရှင်သခင်နဲ့ သွားတွေ့တယ်... မြေအောက်ဘုံအရှင်သခင်က လန်ယွီထျန်းရဲ့ အလောင်းကို သူ့ဆီမှာ ထားလို့ ရပေမယ့် သူ့အတွက် အလုပ်လုပ်ပေးရမယ်ဆိုလို့ နေလိုက်တာ... ငါ ဒီမှာနေလိုက်တော့ ငါ့ အစ်ကိုကြီးကို ကာကွယ်နိုင်ရုံတင်မကဘူး... ငါ့အမေနဲ့လည်း တွေ့နိုင်တယ်.... ဒီလိုမှပဲ အသက်ရှင်နေသေးသလို ခံစားရတယ်”
ချင်မူ မှင်သက်သွားသည်။
စက္ကူလှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ ချိုဆီသို့ ရောက်လာပြီး ပျက်စီးနေသော ကမ္ဘာလောကများကြားမှ ဖြတ်သွား၏။ များမကြာလိုက်ဘဲ တျန်းချိကျွင်း၏ စံအိမ်သို့ သူတို့ ရောက်လာကြသည်။
“မြေအောက်ဘုံအရှင်သခင်က သိပ်သဘောကောင်းတယ်... သူက ငါနဲ့တူတူပဲ... သီးသီးသန့်သန့် နေတတ်တာ”
မရဏတမန်တော်သည် စကားများများ ပြောခဲ၏။ “ဒါပေမဲ့ ငါက သူ့ထက်စာရင် တော်ပါသေးတယ်... သူ့မှာက ငါပဲ စကားပြောစရာရှိတာ... ငါ့မှာကတော့ ငါ့ကိုယ်ပွားတွေ ရှိသေးတယ်... အမေရယ်၊ အခေါင်းထဲက အစ်ကိုကြီးရယ် ရှိသေးတယ်”
ချင်မူ ထ၍ လှေပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက မြေမာအပေါ်၌ ရပ်ကာ ပြောလိုက်၏။ “ဒီနေ့ ကောင်းကင်နတ်အရှင်ယွီ အသက်ပြန်ရှင်လာစေရမယ်”
မရဏတမန်တော်က လှေလေးကို သိမ်းပြီး သူ့ကို စံအိမ်ထဲ ခေါ်လာသည်။ ချင်မူ ပထမဆုံးအကြိမ် ဤနေရာသို့ ရောက်လာခဲ့တုန်းက မြေအောက်ဘုံအရှင်သခင်၏ အပြစ်ဒဏ်အတွက် ခန်းမထဲတွင်သာ စောင့်နေခဲ့ရသည်။ ဤတစ်ခေါက်တွင် မရဏတမန်တော်သည် သူ့ကို နောက်ဖေးခြံထဲအထိ ခေါ်သွား၏။
ထိုနေရာတွင် လူမမာသဖွယ် မကျန်းမာသော မျက်နှာဖြင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ရှိသည်။ သူမက ရေဖြစ်သည့် အပြာရောင်မီးတောက်တစ်ပုံးကို ခက်ခက်ခဲခဲ မ၍ ပန်းခြံထဲရှိ ပရမတ္တပန်းများကို ရေလောင်းနေသည်။
ပရမတ္တပန်းပွင့်များက ပွင့်လာပြီး လှပသော မီးတောက်များသဖွယ် ပန်းခြံထဲတွင် ယိမ်းနွဲ့နေ၏။
“အမေ”
မရဏတမန်တော်၏ မျက်နှာတွင် မြင်တွေ့ရလေ့ မရှိသည့် အပြုံးတစ်ခု ဖြစ်ထွန်းသွားပြီး သူက ရှေ့လျှောက်သွားသည်။ အမျိုးသမီး၏ ရေပုံးကို ကူသယ်ကာ ပြောလိုက်၏။ “ဘာလို့ နားမနေတာလဲ... ဒီလိုအလုပ်တွေ ကျွန်တော် လုပ်ပါမယ်ဆို”
အမျိုးသမီးက နဖူးကို သုတ်၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “လုပ်စရာမရှိ မနေနိုင်လို့ပေါ့ သားရယ်... ဒီညီလေးက ဘယ်သူလဲ”
သူမက ချင်မူ့ကို ကြည့်လိုက်သည်။ ဤအမျိုးသမီးတွင် ရုပ်ခန္ဓာမရှိကြောင်း ချင်မူ မြင်လိုက်ရ၏။ သူမမှာ ဝိညာဉ်သာဖြစ်သော်လည်း ရေပုံး၌ အလေးချိန်မရှိသောကြောင့် သယ်နိုင်ခြင်းဖြစ်လောက်သည်။
“ကျွန်တော့်မိတ်ဆွေပါ”
မရဏတမန်တော်သည် ပြုံးလျက် ပြောနေ၏။ “သူက အစ်ကိုကြီးနဲ့ ကျွန်တော်တို့ဆီ လာလည်တာ”
အမျိုးသမီးက ဝမ်းသာအားရပြောသည်။ “သားမှာ မိတ်ဆွေတွေ အများကြီးမှ မရှိတာ... ဘယ်သူမှလည်း သားနဲ့ကစားဖို့ အလည်မလာဖူးဘူး... အခုလို မိတ်ဆွေတစ်ယောက် လာတာ ရှားတယ်... အမေ ချက်ပြုတ်လိုက်ဦးမယ်... သားတို့နှစ်ယောက် အရင်စကားပြောနှင့်ကြ... ချက်ပြုတ်တာ မကြာပါဘူး’
သူမသည် ချက်ပြုတ်ရန် ခပ်သွက်သွက် ထွက်သွား၏။
ချင်မူ အရိုအသေပေးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် ဒေါ်လေး”
မရဏတမန်တော်က ချင်မူ့ကို ထိုင်ရန် ခေါ်ပြီး ချင်မူလည်း ပတ်ဝန်းကျင်ကို စပ်စုနေသည်။ အိမ်သည် နွမ်းပါးပြီး ဗလာကျင်းနေ၏။ သူက မေးသည်။ “ဒေါ်လေးအတွက် မကောင်းဆိုးဝါးတွေ ဘာလို့ဖမ်းမပေးထားတာလဲ... လူသေတွေရဲ့ မူလဝိညာဉ်တွေကိုရော ဘာလို့မကူညီခိုင်းတာလဲ... ခင်ဗျားရဲ့အဆင့်အတန်းနဲ့ဆို ကူညီပေးချင်တဲ့ သရဲတွေ တစ်ပုံကြီးနေမှာ”
မရဏတမန်တော်က ခေါင်းယမ်းသည်။ “အမေက မကောင်းဆိုးဝါးတွေကို မကြိုက်ဘူး.. လူသေတွေကိုလည်း မကြိုက်ဘူး... မြေအောက်ဘုံအရှင်သခင်က သိပ်သဘောကောင်းတယ်... ငါတောင်းဆိုတာတွေကို သဘောတူပြီးတော့ အမေနဲ့ ပြန်ဆုံဖို့ ခွင့်ပြုခဲ့တဲ့အပြင် ဒီမှာ နေခွင့်ပေးခဲ့တယ်”
တခဏကြာသော် အမျိုးသမီးသည် ဟင်းချက်ပြီးသွား၍ သူတို့ကို လှမ်းခေါ်သည်။ သို့သော် ဟင်းပန်ကန်းအားလုံးတွင် မည်သည့်ဟင်းမှ မရှိသလို၊ အရသာလည်း မရှိပေ။
ချင်မူ ကျေးဇူးတင်စကားဆိုကာ အမျိုးသမီးကို ထိုင်ခိုင်းလိုက်သည်။ အမျိုးသမီးက ခေါင်းယမ်းကာ အပြုံးတစ်ခုဖြင့် ပြော၏။ “သားတို့နှစ်ယောက် စားတာပဲ ကြည့်ပါ့မယ်”
ချင်မူ ထိုင်ပြီး အရသာရှိရှိ စားပြသည်။ သူမလက်ရာကိုလည်း ချီးကျူးနေ၏။
အမျိုးသမီးမှာ အလွန်ပျော်ရွှင်နေပြီး သူတို့စားပြီးသည့်အခါ ဆေးကြောရန် ပန်းကန်များ၊ တူများ သယ်သွားသည်။
“ကျေးဇူးအများကြီးတင်ပါတယ်” မရဏတမန်တော်က ပြောသည်။
“ကျွန်တော် လုပ်သင့်တာ လုပ်လိုက်ရုံပါပဲ” ချင်မူက ပြန်ဖြေ၏။
“မင်းက တကယ်တော့ တကယ်စိတ်ထားပြည့်တဲ့လူတစ်ယောက်ပါ”
မရဏတမန်တော်က ထပြီး ခန်းမ၏အနောက်ဆီသို့ လမ်းလျှောက်သွားသည်။ “အစ်ကိုကြီးလည်း ဒီမှာ ရှိတယ်... မြေအောက်ဘုံအရှင်သခင်က သူ့မှော်စွမ်းအင်နဲ့ ရုပ်ခန္ဓာကို ထိန်းသိမ်းပေးထားတာ... မကြာသေးမီက ကောင်းကင်နဲ့မြေပြင်မှာ မဟာတာအိုပြောင်းလဲသွားတာ ငါ ခံစားခဲ့ရတယ်... ကောင်းကင်ယင်နတ်ဘုရားမ အသက်ပြန်ရှင်လာတာကြားတော့ ဒီနေ့ရောက်ဖို့ မဝေးတော့မှန်း ငါ သိနေခဲ့တာပဲ”
ချင်မူ သူ့နောက်မှ လိုက်သွားပြီး ရင်တဒိန်းဒိန်း ခုန်နေသည်။ နောက်ဆုံးတော့ ဗုဒ္ဓစွမ်းအင်သတ္ထုသားဖြင့် သူ လုပ်ထားသော အခေါင်းတလားကို မြင်လိုက်ရ၏။
ခေါင်းတလားအတွင်းမှ ကောင်းကင်နတ်အရှင်ယွီ၏ နှလုံးခုန်သံ ထွက်လာနေသည်။
၎
င
၎
၎