← Chapters

အားလုံးကို သတ်ပစ် (၃)

Vol. 8 Ch. 106

အားလုံးကို သတ်ပစ် (၃)

Vol. 8 Ch. 106

အထဲမှာလည်း ဝိညာဉ်ဒင်္ဂါးတွေလည်း အများကြီးရှိနေသည်။ အကြမ်းဖျင်းတွက်ချက်ပြီးနောက် တစ်သန်းခန့်ရှိတာကို လင်းရှန် တွေ့ရှိခဲ့သည်။

"မျှော်လင့်ထားသလိုပဲ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူက တကယ်ချမ်းသာတာပဲ”

စစ်ဆေးကြည့်လိုက်တော့ လင်းရှန်သည် ပို၍ပင် ပျော်ရွှင်လာသည်။

ဝိညာဉ်ဒင်္ဂါးများအပြင် သိုလှောင်အိတ်ထဲတွင် ရှားပါးဆေးအပင်များစွာလည်း ရှိသေးသည်။

သစ်သားဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ ရေခဲတုံးများ၊ သစ်ဖုအမြစ်များဖြစ်ပြီး အများစုမှာ နဂါးချောက်နက်တောင်တန်းမှ ဖြစ်သည်။

ဝိညာဉ် ရှုရှိုက်ခြင်း အသီးနှစ်ခုတောင် ရှိနေသည်။

၎င်းသည် ချီအသွင်ပြောင်းခြင်း နဝမအဆင့် ကျင့်ကြံသူကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ တက်လှမ်းနိုင်စေမည့် အသက်ရှုစုဆောင်းခြင်းဆေး၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။

၎င်း၏တန်ဖိုးသည် မြင်သာသည်။

ထို့အပြင် အရည်အသွေးခန်းမတွင် အဆင့်သတ်မှတ်ခံရသော အဖိုးတန်အပင်များစွာလည်း ရှိသေးသည်။ လင်းရှန်သည် ၎င်းတို့အား သာမန်အရည်အသွေးအမှတ် ၂၀၀ မှ ၃၀၀ အထိနဲ့ အလွယ်တကူ လဲလှယ်နိုင်သည်။

လင်းရှန်သည် အထဲမှာ အခြေခံဆေးလုံးပုလင်းတစ်ပုလင်းကိုပင် ရှာတွေ့ခဲ့သည်။

သူဖွင့်ကြည့်လိုက်တော့ ဆေးသုံးလုံးကျန်နေသေးတာကို တွေ့လိုက်သည်။

"ငါ ကံကောင်းသွားပြီ”

လင်းရှန်က ပြုံးလိုက်သည်။

မြင်းသည် ညဘက်တွင် စားစရာ မြက်ပင်မရှိလျှင် သန်မာကြီးထွားမှာ မဟုတ်သလိုပဲ လူသည် လှိုင်းတံပိုးမရှိလျှင် ချမ်းသာလိမ့်မည်မဟုတ်ပေ။ ဒီဆိုရိုးစကားက တကယ် မှန်သည်။

လူတော်တော်များများက သတ်ဖြတ်ကြပြီး လုယက်နေကြတာ အံ့သြစရာ မရှိပေ။ အမြတ်တွေက ရဖို့ လွယ်လွန်းသည်။

သိုးမွေးနဲ့ အိမ်ပြန်ဖို့လည်း အရမ်းလွယ်သည်။

သို့သော် သူ့အသက်တောင် ဆုံးရှုံးသွားနိုင်သည်။

မြေပြင်ပေါ်က လူနှစ်ယောက်လိုပေါ့

လင်းရှန်သည် အလွန်ပျော်သွားပြီး ယွမ်လီဖေကို လှည့်ကြည့်လိုက်သည်။

ကံမကောင်းစွာပဲ ရလဒ်က သူ့ကို စိတ်ပျက်စေခဲ့သည်။ ယွမ်လီဖေ၏ သိုလှောင်မှု ပစ္စည်းသည် သိုလှောင်ကျောက်စိမ်းပြားတစ်ခုသာ ဖြစ်သည်။ အတွင်း၌ရှိသော အရာအများစုသည် ဝိညာဉ်သားရဲအသားနှင့် ဝိညာဉ်သားရဲအရေပြား အမျိုးအစားများပင် ဖြစ်သည်။ ပြီးတော့ ရှားပါးဆေးဖက်ဝင်အပင် အနည်းငယ်သာရှိခဲ့သည်။ ၎င်းသည် တင်းလမ့်ဟာထက် များစွာတန်ဖိုးနည်းသည်။

လင်းရှန်ကို အနည်းငယ် ပျော်ရွှင်စေသည့် တစ်ခုတည်းသော အရာမှာ သိုလှောင် ကျောက်စိမ်းပြားထဲမှာ ကျောက်စိမ်းသံချွန်အနည်းငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယွမ်လီကေ ၎င်းတို့ကို သစ်တောအတွင်း တွေ့ရှိသည့် တွင်းထွက်သတ္တုကြောများကို တူးဖော်ရန်အတွက် ပြင်ဆင်ထားတာ ဖြစ်နိုင်သည်။ ယခု သူတို့က လင်းရှန်ကို ကူညီဖို့ ဖြစ်သွားကြသည်။

"ဒီကျောက်စိမ်းသံချွန်တွေနဲ့ဆို ငါနဂါးမြို့တော်ကို ပြန်သွားစရာ မလိုတော့ဘူး”

လင်းရှန်က ပြုံးပြီး ယွမ်လီဖေ၏ သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို သူ့အိတ်ထဲ မထည့်ခင် ပစ္စည်းတွေကို စေ့စေ့စပ်စပ် ခွဲထုတ်လိုက်သည်။

အတန်ကြာစဉ်းစားပြီးနောက် သူသည် တင်းလမ့်၊ ယွမ်လီဖေနဲ့ အနက်ရောင် အကြေးခွံ့ စပါးအုံးတို့၏အလောင်းများကို သယ်သွားခဲ့သည်။ ထို့နောက် အပြင်သို့ထွက်ကာ ဂူနှင့်ဝေးသောနေရာကို ရှာလိုက်သည်။ ထို့နောက် အလောင်းတွေကို မြေကြီးပေါ် ပစ်ချလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးတော့ လင်းရှန်က အဝေးကို ထွက်သွားကာ အလောင်းတွေကို မြှပ်ဖို့ နေရာရှာလိုက်သည်။

ယွမ်လီဖေနဲ့ တင်းလမ့်တို့ စကားအရ ၎င်းတို့နှစ်ဦးစလုံးသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ အလိုရှိသော ရာဇ၀တ်ကောင်များ ဖြစ်ကောင်းဖြစ်နိုင်သည်။

အကယ်၍ သူသည် ၎င်းတို့၏ အလောင်းများကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်သို့ လွှဲပြောင်းပေးနိုင်ပါက လောင်ရီကိုနောက်ဆုံးအကြိမ်သတ်ခဲ့စဉ်ကလိုပင် ၎င်းတို့အား ဆုငွေနှင့် လဲလှယ်နိုင်မည်ဖြစ်သည်။

ဒါပေမယ့် ဒီတစ်ကြိမ် သူသတ်ခဲ့တဲ့ လူနှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းသည်။ သူသည် ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ဆင်ခြေအဖြစ် မသုံးနိုင်တာတော့ သေချာသည်။

အလောင်းများကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်သို့ လွှဲအပ်ပြီးသည်နှင့် ၎င်းတို့နှစ်ဦးအား သတ်ဖြတ်ပုံကို မည်သို့ရှင်းပြရမည်နည်း။

လင်းရှန်သည် ထိုအကြံအစည်ကို တွေးရုံသာ တွေးနိုင်ပြီး စွန့်လွှတ်လိုက်ရသည်။

အနက်ရောင်အကြေးခွံ့ စပါအုံးသည် တင်းလမ့်မှမွေးမြူထားသော ဝိညာဉ်ရေးရာသားရဲဖြစ်သည်။အဲ့တာကလည်း စွဲမက်ဖွယ်ကောင်းလွန်းတာကြောင့် လင်းရှန်က ထိုအရာကို ဖယ်ရှားပစ်လိုက်ရသည်။

ခဏအကြာတွင် သွေးနံ့၏ စွဲဆောင်မှုကြောင့် ဝိညာဉ်ရေးရာသားရဲတစ်ကောင်သည် လူနှစ်ယောက်နှင့် စပါးအုံးမြွေ၏ အလောင်းများကို ဝါးမျိုသွားခဲ့ပြီး အချို့သာ ကျန်နေခဲ့သည်။

နဂါးချောက်နက်တောင်တန်းတွင် ကျင့်ကြံသူများ သို့မဟုတ် ဝိညာဉ်ရေးရာသားရဲများသည် နေ့တိုင်းသေဆုံးနေကြသည်။ အလားတူပဲ အကြွင်းအကျန်များစွာ ရှိနေခဲ့သည်။ လင်းရှန်နဲ့ ချိတ်ဆက်မိရင်တောင်

ဤအကြွင်းအကျန်များ၏ အထောက်အထားများအကြောင်းကို မည်သူမျှ တွေးမိမည်

မဟုတ်ပေ။

"အရည်ပျော်တဲ့အရည်ကို ငါသုံးခဲ့မိတာ နှမြောစရာပဲ။ မဟုတ်ရင် ရှင်းဖို့ ပိုလွယ်မှာကို”

"အဲဒါနဲ့ မှောင်ခိုလမ်းပေါ်မှာ အရည်ပျော်အရည် ရှိလားမသိ ၊ ရှိရင် ငါဝယ်အုံးမယ်”

လင်းရှန်သည် သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင် ပိုတော်လာသည်ဟု ခံစားမိလာသည်။

သူက ခေါင်းယမ်းကာ ဂူထဲသို့ ပြန်သွားခဲ့သည်။ သူသည် ကျောက်စိမ်းသံချွန်ကို ထုတ်ယူကာ ရွှေရောင် သဲတိမ်တိုက်ကို စတင်တူးဖော်ခဲ့သည်။

နောက်ရက်အနည်းငယ်တွင် သူသည် ရွှေရောင်သဲတိမ်တိုက်အားလုံးကို တူးပြီး ယူသွားရန် စီစဉ်ခဲ့သည်။

နောက်နှစ်ရက်ကြာသောအခါ

သူ့အိတ်ထဲက ရွှေရောင်သဲတွေကို ကြည့်ပြီး လင်းရှန်က အရမ်းပျော်သွားသည်။

ဒါတွေအားလုံးက အရည်အသွေးရမှတ်တွေပင်။

၎င်းကိုကြည့်ခြင်းအားဖြင့် သူပြန်လာရောက်သောအခါတွင် ကိုယ်ခံပညာများ သို့မဟုတ် မှော်လက်နက်များနဲ့ လဲလှယ်နိုင်သည်။

ဒါတောင် လင်းရှန်က ကျောင်းကို ချက်ချင်းပြန်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။

ထိုသို့သော လေ့ကျင့်ရေး အခွင့်အလမ်းသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နိုင်တာ မဟုတ်ပေ။ သေချာတာကတော့ သူ မပြန်ခင် ဒီမှာပဲ ခဏလောက်နေရမည်။

မည်သို့ပင်ဆိုစေကာမူ သူ့သိုလှောင်အိတ်ထဲတွင် တင်းလမ့်နဲ့ ယွမ်လီဖေတို့ဆီမှ ရရှိသောနေ့စဉ်သုံးပစ္စည်းများ အမြောက်အမြား ရှိနေသေးသည်။ ဒါတွေက တောင်ပေါ်မှာ တစ်လ နှစ်လလောက် နေဖို့ အဆင်ပြေသည်။

န်ခဲ့သည့် နှစ်ရက်က ရွှေရောင် သဲတိမ်တိုက်ကို တူးဖော်ခဲ့ရာတွင်လည်း ကိုယ်ပွါးတွေ၏ ကျင့်ကြံမှုကို သူက မရပ်တန့်ခဲ့ပေ။

နှစ်ရက်အကြာတွင် လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည်- သတ်ဖြတ်ခြင်းကို အားပေးသည်]

[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်၊ ၅%]

[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (ကျွမ်းကျင်မှုအဆင့် ၁၅%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်းအဆင့်)

အရိပ်( ပြီးပြည့်စုံခြင်းအဆင့်)၊ အရည်ပျော်ခြင်း ( အထူးကျွမ်းကျင်အဆင့် ၇%)

တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၇၃%)၊တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (ကျွမ်းကျင်အဆင့် ၆၈ % ), သေခြင်းအတားအဆီး(ကျွမ်းကျင်အဆင့် ၁၅%)]

[ကိုယ်ပွားအရေအတွက်- ၅ (၂၄%)]

"ရွှေရောင်သဲတွေကို တူးပြီးပြီဆိုတော့ ။ ငါ့ရဲ့ ခွန်အားတွေ တိုးလာဖို့ ဝိညာဉ်ရေး ရာသားရဲတွေကို လိုက်ရှာဖို့ အပြင်ထွက်လို့ရပြီ”

လင်းရှန်သည် "သတ်ဖြတ်ခြင်းကို အားပေးသည်” ဟူသော စွမ်းရည်၏ နေရာကို ကြည့်ကာ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နဲ့ ဖြစ်နေသည်။

All Chapters