← Chapters

တောင်ပေါ်မှ သရဲဆံပင် (၁)

Vol. 8 Ch. 107

တောင်ပေါ်မှ သရဲဆံပင် (၁)

Vol. 8 Ch. 107

နေ့ခင်းဘက် ဖီရွန်တောင်ခြေမှာတော့

အမျိုးသားနဲ အမျိုးသမီးလေးယောက် စုဝေးပြီး တောင်ပေါ်က တောအုပ်ကို ကြည့်နေကြသည်။

"ဒါက ဖီရွန်တောင်"

ကျန့်ဝေ့ရုန်သည် တောင်ပေါ်က တောအုပ်ကို ကြည့်ကာ သူ့အဖော်ကို စကားပြောဖို့

လှည့်ကြည့်လိုက်သည်။

" တောင်တန်း မှင်စာက ဒီမှာလား” ပိုင်ရှောင်ထုံက မေးလေသည်။

"ဟုတ်လောက်တယ် ။ မှင်စာက ဖီရွန်တောင်ပေါ်မှာ လအနည်းငယ်လောက်ကြာမှ ပေါ်လာတာလို့ ငါကြားတယ်။ အရည်အသွေးခန်းမကတောင်မှ ရှင်းလင်းရေး မစ်ရှင်ကို ထုတ်ထားတယ်။ ဒါပေမယ့် အဲ့တာတွေက များလွန်းတော့ သတ်ဖို့က ခက်လွန်းတယ်၊ ဒါကြောင့် ဒီမစ်ရှင်ကို ဘယ်သူမှ ပြီးအောင် မလုပ်ရသေးဘူး။”

ပိုင်ရှောင်ထုံက သူမ နှုတ်ခမ်းကိုစိထားသည်။ “ဒါဆို ဆုကြေးက အရမ်းနည်းလို့လား”

" မဟုတ်ရင် ကောင်းကင်အဆင့် တပည့်တစ်ယောက်က ဟိုးအရင်ကတည်းက လုပ်ပြီးရောပေါ့”

ကျန့်ဝေရုန်က ပြုံးပြီး ဘာမှပြန်မပြောပေ။ သူသည် ပိုင်ရှောင်ထုံပြောတာကို တိတ်တဆိတ်သဘောတူခဲ့သည်။

သူသိသလောက်တော့ မှင်စာတွေကို ရှင်းပစ်လျှင် ရမည့်ဆုကြေးက သာမန်

အရည်အသွေးအမှတ် သုံးခုသာ ဖြစ်သည်။

ကောင်းကင်အဆင့် တပည့်များ လက်ခံထားသော မစ်ရှင်များ၏ ဆုကြေးများသည် အလယ်အလတ်အရည်အသွေးအမှတ်များဖြစ်သည်။ သာမန်အရည်အသွေးအမှတ် သုံးခုကို သူတို့ စိတ်ဝင်စားမှာ မဟုတ်ပေ။

မြေကမ္ဘာအဆင့် တပည့်များပင်လျှင် သာမန်အရည်အသွေးအမှတ်သုံးခုသာရမည့် မစ်ရှင်အတွက် စိတ်အားထက်သန်မှု မရှိကြပေ။

ကျန့်ဝေ့ရုန်သည် သူ့နောက်မှ အိုက်ကျင့်ထင်နှင့် ယန်တောင်တို့ကို တစ်ချက်ကြည့်လိုက်သည်။

မဟုတ်ရင် သူတို့နှစ်ယောက်က ဒီမစ်ရှင်ကို သတိထားမိကြမှာပင်။

ပိုင်ရှောင်ထုံက အိုက်ကျင့်ထင်၏ နံဘေးကို လာပြီး " ဖီရွှန်တောင်ပေါ်မှာ တောင်ပေါ် မှင်စာအဖွဲ့တစ်ဖွဲ့ ရှိတာဆိုတော့ တောင်ပေါ်သရဲလည်း ရှိနိုင်ချေ များပါတယ်။ ကံကောင်းရင် ဒီနေ့ တောင်ပေါ်သရဲရဲ့ ဆံပင်ကို ရနိုင်မှာပါ"

အိုက်ကျင့်ထင်က ညင်သာစွာ ပြုံးလိုက်သည်။ "မင်းရဲ့ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ် ညီမလေးပိုင်”

တောင်ပေါ်သရဲတွေကို တောင်ပေါ်တစ္ဆေဘုရင်လို့လည်း ခေါ်ကြသည်။

သူတို့သွားရာနောက်ကို မှင်စာတွေကလည်း လိုက်နေတတ်သည် ။

ထို့ကြောင့် တောင်ပေါ်သရဲများသည် မှင်စာအများအပြားရှိသည့် နေရာများတွင် မကြာခဏ ပေါ်လာတတ်သည်။

ဝိညာဉ်မီးတောက်ဆေးများကို သန့်စင်ဖို့ တောင်ပေါ်သရဲ၏ဆံပင်ကို လိုအပ်သောကြောင့် အိုက်ကျင့်ထင်သည် မကြာသေးမီကမှ တောင်ပေါ်သရဲကို ရှာဖွေနေခဲ့သည်။

ကံမကောင်းစွာပဲ တောင်ပေါ်သရဲများသည် ရှားပါးပြီး အန္တရာယ်ရှိသော တောင်တန်းများ၏ နက်နဲရာနေရာများတွင်သာ မကြာခဏပေါ်လာသည်။ သူတို့ကိုရှာဖို့ အလွန်ခက်ခဲတဲ့အတွက် သူမမှာ ဘာကိုမှ ရှာမတွေ့သေးပေ။

ဖီရွန်တောင်ပေါ်တွင် တောင်ပေါ်မှင်စာအဖွဲ့တစ်ဖွဲ့ရှိကြောင်း မနေ့ကမှ မတော်တဆ သိလိုက်ရတာကြောင့် သူမကအမြန်ပြေးသွားခဲ့သည်။

"ငါတို့မှာ အချိန်မရှိဘူး၊ တောင်ပေါ်ကို မြန်မြန်တက်ရအောင်။"

ထိုအချိန်တွင် ယန်တောင်သည်လည်း အိုက်ကျင့်ထင်ကို ပြုံးပြုံးလေးကြည့်ရင်း စကားလာပြောသည် ။

"ဂျူနီယာညီမ အိုက်၊ စိတ်မပူပါနဲ့။ ဒီနေ့ တောင်ပေါ်သရဲ ဆံပင်ကို ရဖို့ အတွက်

ငါသေချာပေါက် ကူညီပေးပါ့မယ်”

သူ့လေသံက ယုံကြည်မှုအပြည့်နဲ့ပင်။

ယန်တောင်က ဒါကိုပြောဖို့ တကယ်ပဲ ယုံကြည်မှုရှိသည်။

နိုင်ယန်းကျောင်း၏ မြေကမ္ဘာအဆင့် တပည့်တစ်ဦးအနေဖြင့် သူသည်ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်တွင် ရှိနေသည်။ ထို့အပြင် သူ၏ ကိုယ်ခံပညာသည်လည်း အထူးကောင်းမွန်သည်။

သူ့တွင် မှော်လက်နက်များရှိပြီး သူ့၏အစွမ်းသည် ရွယ်တူများ အကြားတွင် အကောင်းဆုံး ဖြစ်သည်။

ဖီရွန်တောင်ပေါ်ရှိ တောင်ပေါ်သရဲ အများစုသည် တိုးတက်မှု အလယ်အလတ်အဆင့်တွင် ရှိကြသည်။ ယန်တောင်၏ ခွန်အားနဲ့ဆိုတောင်ပေါ်သရဲကို သတ်ခြင်းက ကိတ်မုန့်အပိုင်းအစတစ်ခုကို စားသလောက်သာ ဖြစ်သည်။

ဒါကိုကြားတော့ အိုက်ကျင့်ထင်က ဘာမှ မပြောဘဲ ပြုံးပြီး နှုတ်ခမ်းကို စိထားလေ

သည်။

ကျန်ဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်လုံးထဲတွင် မှိတ်တုတ်မှိတ်တုတ် အပြုံးတစ်ခု ဖြတ်သွားကြသည်။

ယန်တောင်သည် အိုက်ကျင့်ထင်ကို ချစ်နေသည်ကို လူတိုင်းသိသည်။ ထို့ကြောင့် အိုက်ကျင့်ထက်က ဖီရွန်တောင်သို့ အတူသွားရန် တစ်စုံတစ်ဦးကို ရှာဖွေနေကြောင်း ကြားသိရသောအခါတွင် သူသည် ချက်ချင်းပင် စေတနာ့ဝန်ထမ်း လုပ်ဆောင်ခဲ့သည်။ ဒါက သိသာလွန်းသည်။

ကံမကောင်းစွာပဲ အိုက်ကျင့်ထင်သည် အေးဆေးနေတတ်ပြီး များသောအားဖြင့် ယောက်ျားများကို လျစ်လျူရှုထားတတ်သည်။ ကျင့်ကြံခြင်းအပြင် သူမသည် အဂ္ဂိရတ်ပညာကိုသာ ဇောင်းပေး လေ့လာခဲ့သည်။ ယန်တောင်က သူမကို စိတ်ကျေနပ်အောင် မည်မျှပင် ကြိုးစားခဲ့ပါစေ ၊ သူမက အကွာအဝေးတစ်ခုမှာသာ ထားခဲ့သည်။ ယခုအချိန်အထိ ယန်တောင်သည် သူမ၏နှလုံးသားကို ရယူနိုင်ခြင်းမရှိသေးပေ။

ဒါတောင် ယန်ထောင်က လက်မလျှော့သေးပေ။

" ဝိညာဉ်မီးတောက်ဆေးလုံးတွေက အတော်ကောင်းတဲ့ ဆေးပြားတွေပါ။ စီနီယာ အစ်မအိုက်က ဒီတခေါက် တောင်ပေါ်သရဲရဲ့ ဆံပင်ကို ရယူပြီး ဝိညာဉ်မီးတောက်ဆေးတွေကို အောင်မြင်စွာ သန့်စင်နိုင်မယ်ဆိုရင် မကြာခင်မှာ တရားဝင် အဂ္ဂိရတ်ပညာရှင်အဖြစ် ရာထူးတိုးမြှင့်ခံရတော့မှာ”

ထိုအချိန်ကျ သူမက အထက်အိမ်တော်က တပည့်တစ်ယောက်လို အရေးပါလာမှာပင် ။ သူမအနာဂတ်က အကန့်အသတ်မရှိဖြစ်တော့မည်မှာ သေချာသည်။

ကျန့်ဝေ့ရုန်သည် အိုက်ကျင့်ထင်ကို ငုံ့ကြည့်ရင်း သူ့စိတ်ထဲမှ မနာလိုမှုကို ဖုံးကွယ်ထားသည် ။

နိုင်ယန်ကျောင်းတွင် ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ အဆင့်အတန်းသည် ကျင့်ကြံသူ သခင်ထက် များစွာ မနိမ့်ကျပေ။

တကယ်တော့ သူတို့က အဖိုးတန်ဆေးပြားများစွာကို သန့်စင်ပေးနိုင်တာကြောင့် သူတို့ရဲ့အဆင့်အတန်းက ထူးထူးခြားခြားပင်။ ကျင့်ကြံသူ သခင်များပင်လျှင် သူတို့ကို လျှော့တွက်ဝံ့မည် မဟုတ်ပေ။

ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်ဖြစ်လာခြင်းသည် ကျင့်ကြံသူ သခင်ဖြစ်လာခြင်းကဲ့သို့ လမ်းကြောင်းတစ်ခုပေါ်ကို ရောက်လာစေသည်။

ကံမကောင်းစွာပဲ အဂ္ဂိရတ်ပညာ နယ်ပယ်သည် အရည်အချင်းပေါ်တွင် များစွာမူတည်

နေသည်။ အရည်အချင်းမပြည့်မီသူများက မည်မျှပင် ကြိုးစားအားထုတ်နေပါစေ၊ ၎င်းတို့၏ အောင်မြင်မှုများသည် အဆုံးတွင် အလွန်အကန့်အသတ်ရှိမည်ဖြစ်သည်။

အရည်အချင်းမပြည့်မီသော လူအများအပြားသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် အနိမ့်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်ပင် ဖြစ်မလာနိုင်ဘဲ အဂ္ဂိရတ်အလုပ်သင်အဖြစ် နေထိုင်သွားကြရသည်။

အိုက်ကျင့်ထင်ကတော့ သူမအရွယ်မှာတင် အဂ္ဂိရတ်ပညာရှင်ဖြစ်လာဖို့ လမ်းတစ်ဝက်ရောက်နေပြီဖြစ်သည်။

သူမ ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်လောက်အောင်ပင်။

စကားစမြည်ပြောပြီးနောက် သူတို့အဖွဲ့သည် တောင်ပေါ်သို့ တက်လာကြသည်။

သူတို့လေးယောက်က အတော်လေးကို အရည်အချင်းရှိပြီး သူတို့အထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ပိုင်ရှောင်ထုံပင် ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့်မှာ ရှိနေသည်။

သို့သော်လည်း သူတို့သည် လမ်းတစ်လျှောက်တွင် ထူးဆန်းသော သတ္တဝါများ တိုက်ခိုက်လာတာမျိုးရှိမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် အာရုံစိုက်နေကြဆဲဖြစ်သည်။

သို့သော် ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်ပြီးနောက် ယန်တောင်က အသံတိုးတိုးနဲ့ပြောလိုက်သည်။ သူ၏အကြည့်များသည် ညာဘက် မီတာ ၅၀မှ ၆၀အကွာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

ကျန်သုံးယောက်က သူ့အကြည့်နောက်ကို လိုက်ကာ အနည်းငယ် ထိတ်လန့်သွားကြသည်။

အလွန်ရှည်လျားသော ခြေတံများနဲ့ နတ်ဆိုးတစ်ကောင်သည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ထိုနေရာတွင် မလှုပ်မယှက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ အဲ့တာက တောင်ပေါ်မှင်စာပင်။

ကျန့်ဝေ့ရုန်သည် ၎င်းကို စစ်ဆေးရန် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းခဲ့သည်။ ခဏအကြာတွင် သူသည် အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

"အဲ့တာက သေနေပြီ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ဆိုတော့ ကျင့်ကြံသူက သတ်ထားတာနေမယ်”

ပိုင်ရှောင်ထုံကလည်း ရှေ့သို့ လျှောက်သွားသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် "အရည်ပျော်ခြင်းရဲ့ သဲလွန်စတွေ၊ အဲ့တာ ငါတို့ကျောင်းက တပည့်ပဲ ဖြစ်ရမယ်” ဟု အံ့သြစွာပြောခဲ့သည်။

ယန်တောင်က ခေါင်းညိတ်ပြပြီး တောင်ပေါ်မှင်စာရဲ့ အလောင်းကို ခဏလောက် စိုက်

ကြည့်ရင်း ရေရွတ်နေသည်။

"သူ့ရဲ့ အရွယ်အစားကို ကြည့်ရသလောက် တိုးတက်မှုရဲ့ အစောပိုင်းအဆင့်မှာ ဖြစ်

လောက်တယ်။ ခေါင်းမှာပဲ ဒဏ်ရာတွေရှိပြီး ခြေသည်းတွေမှာ သွေးတွေ မရှိဘူး”

ဆိုလိုတာက တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပင်။ တိုက်ခိုက်သူသည် တောင်ပေါ်မှင်စာကို ပြန်လည်တိုက်ခိုက်ဖို့အခွင့်မပေးခဲ့ပေ။

ကျန့်ဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံနှစ်ယောက်လုံး အံ့သြသွားကြသည်။

သူတို့အနေနဲ့ တိုးတက်မှု အစောပိုင်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ဖို့ ခက်သည်။ ၎င်းတို့ကို ရိုက်နှက်ခဲ့သူသည် ကျောင်း၏ အနက်ရောင်အဆင့် တပည့်ဖြစ်နိုင်သလား။

All Chapters