← Chapters

တောင်ပေါ်မှ သရဲဆံပင် (၂)

Vol. 8 Ch. 108

တောင်ပေါ်မှ သရဲဆံပင် (၂)

Vol. 8 Ch. 108

"အိုး…အဲဒီလူက တောင်ပေါ်သရဲကို အရင်ရသွားနိုင်လောက်လား”

ပိုင်ရှောင်ထုံက ရုတ်တရက် စိုးရိမ်လာသည်။

ယန်တောင်က ဒါကိုကြားတော့ ပြုံးပြီး "စိတ်မပူပါနဲ့၊ အနီးနားက ခြေရာတွေအရ တိုက်ခိုက်သူက တစ်ယောက်တည်းပဲ၊ တောင်ပေါ်သရဲက တိုးတက်မှု အလယ်အလတ်အဆင့် ဝိညာဉ်သားရဲတစ်ကောင်၊ ပြီးတော့ သူ့ဘေးမှာလည်း

မှင်စာတွေ အများကြီးရှိတယ်။ တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ ဝိညာဉ်သားရဲတွေကို သတ်နိုင်ဖို့ဆိုရင် သူက မြေကမ္ဘာအဆင့် တပည့်ဖြစ်ရမယ်”

မြေကမ္ဘာအဆင့် တပည့်များသည် ယေဘုယျအားဖြင့် ကြာရှည်စွာအသက်ရှုခြင်း ဆဌမအဆင့် သို့မဟုတ် သတ္တမအဆင့်တွင်ရှိကြသည်။မှော်လက်နက်နဲ့ဆို တောင်ပေါ်သရဲနဲ့ မှင်စာ အုပ်စုတို့ကို ကိုင်တွယ်ဖြေရှင်းဖို့က ၎င်းတို့အတွက် ပြဿနာရှိမည်မဟုတ်ပေ။

သို့ရာတွင် အကြောင်းပြချက် တစ်ခုခု မရှိပါက မြေကမ္ဘာအဆင့် တပည့်များသည် နဂါးချောက်နက်တောင်တန်း၏ နက်နဲသောနေရာမှာသာ လေ့ကျင့်ကြပြီး ဖီရွန်တောင်ကဲ့သို့သောအပြင်ဘက်တောင်ထွတ်သို့

မရောက်လာကြပေ။

ထို့ကြောင့် ထိုလူသည် အနက်ရောင်အဆင့် တပည့်သာ ဖြစ်နိုင်ဖွယ်ရှိသည်။

အနက်ရောင်အဆင့်တပည့်တစ်ယောက်၏ ခွန်အားနဲ့ဆို တောင်ပေါ်သရဲနဲ့မှင်စာအဖွဲ့ကို တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်ပေ။

ဒါကို စဉ်းစားရင်း ကျန်ဝေ့ရုန်နဲ့ပိုင်ရှောင်ထုံက သက်ပြင်းချလိုက်သည်။

အိုက်ကျင့်ထုံ၏ မျက်ခုံးများကလည်း အနည်းငယ် ဖြေလျှော့သွားသည်။

ဒါကိုမြင်တော့ ယန်တောင်က ပြုံးပြီး တောင်ပေါ်ကို ဆက်လျှောက်သွားသည်။

“ဂျူနီယာအစ်ကို ဒါမှမဟုတ် ဂျူနီယာညီမက အဲ့တာတွေကို ဘယ်လိုတိုက်ခိုက်နေလဲဆိုတာ သွားကြည့်ရအောင်။”

သူတို့လေးယောက်က ချက်ချင်းပင် တောင်ပေါ်သို့ အရှိန်မြှင့်လိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း လမ်းတစ်လျှောက်တွင် တောင်ပေါ်မှင်စာအများအပြား၏ အလောင်းများကို တစ်ခုပြီးတစ်ခုတွေ့ခဲ့ကြသည်။ အများစုမှာ တိုးတက်မှု အစောပိုင်းအဆင့်တွင်ရှိကြပြီး အစပိုင်းအဆင့် တစ်ကောင်တစ်လေသာရှိသော်လည်း တဖြည်းဖြည်းနှင့် သုံးလေးကောင်အထိပေါ်လာသည်။

မည်မျှပင်ရှိစေကာမူ တောင်ပေါ်မှင်စာများအားလုံးသည် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။ မြင့်မားသော အပူချိန်ကြောင့် သူတို့၏ ဦးခေါင်းများက မီးလောင်ကျွမ်းခဲ့သည်။

ကျန်ဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့သာ ပြောစရာမရှိတာ မဟုတ်ဘဲ ယန်တောင်နဲ့ အိုက်ကျင့်ထုံတို့ပင် အလေးအနက်ထားနေပုံရသည်။

"ဒါက အထူး ကျွမ်းကျင်အဆင့်မဟုတ်ဘူး၊အရည်ပျော်ခြင်း ပြီးပြည့်စုံခြင်းအဆင့်”

ယန်တောင်၏ အမူအရာမှာ အနည်းငယ် လေးနက်နေသည်။ သူ အရင်ကလို စိတ်အေးလက်အေး ဖြစ်မနေပေ။

အရည်ပျော်ခြင်းသည် ကျင့်ကြံရန် အလွန်ခက်ခဲသည်။ ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့် အများအပြားတောင် ဤကိုယ်ခံပညာကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ အာရုံစိုက်ခဲ့ကြလျှင်ပင် ကျွမ်းကျင်မှုအဆင့်ကိုသာ ရရှိခဲ့ကြသည်။

ယန်တောင် သိသလောက်တော့ အောက်အိမ်တော်မှာ အရည်ပျော်ခြင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားသော တပည့်နှစ်ယောက်သာ ရှိသည်။

ပြီးတော့ သူတို့နှစ်ယောက်စလုံးက ကောင်းကင်အဆင့် တပည့်တွေပင်။

ယန်တောင်က အံ့သြသွားပြီး သံသယဖြစ်နေသည်။ သူ့ထင်မြင်ချက်နဲ့ ပတ်သက်ပြီး သေတော့ မသေချာပေ။

သူထင်တာ မှားနိုင်လား? တောင်ပေါ်မှ ထိုလူသည် အနက်ရောင်အဆင့် တပည့်မဟုတ်ဘဲ အမှန်တကယ်ပင် ကောင်းကင်အဆင့် တပည့်

နှစ်ယောက်ထဲမှ တစ်ယောက်လား

သတိပြန်ဝင်လာပြီးနောက်တွင် သူသည် တောင်ပေါ်သို့ အရှိန်မြှင့်လိုက်သည်။

ကျန်သုံးယောက်ကလည်း အရှိန်မြှင့်လိုက်ကြသည်။

သိပ်မကြာခင်မှာပဲ သူတို့လေးယောက်က တောင်ထိပ်နားကို ရောက်လာသည်။

မီတာ (၁၀၀)ကျော်အကွာမှာတော့ ယန်တောင်နှင့် အခြားသူများက ဒေါသတကြီးဟောက်သံများနှင့် သနားစရာကောင်းသော အော်ဟစ်သံများကို ကြားနေရသည်။

သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အသံကြားရာဆီသို့ အမြန်ပြေးသွားကြသည်။

မကြာမီပင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်လာကြသည်။

သူတို့မြင်လိုက်ရတာက ပုံမှန်မဟုတ်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုပင်။

တိုက်ပွဲ၏ တစ်ဖက်ခြမ်းမှာက ဝိညာဉ်ရေး ရာနတ်ဆိုး အုပ်စုဖြစ်သည်။

ခေါင်းဆောင်သည် ခေါင်းဖြူကျားကိုစီးထားသော ဝိညာဉ်နတ်ဆိုးဖြစ်သည်။ ၎င်းမှာနှာခေါင်းအကြီးကြီးရှိပြီး နှုတ်ခမ်းထူကာ ခါးပတ်လည်တွင် အရွက်များပါသော သစ်ကိုင်းတစ်ခုရှိသည်။ ၎င်းတွင် ထူးဆန်းသော မဲနယ်အသားအရည်ရှိပြီး အရောင်အဝါက ပြင်းထန်လှသည်။

အနီးတစ်ဝိုက်မှာတော့ တောင်ပေါ်မှင်စာ ခုနစ်ကောင်၊ ရှစ်ကောင်လောက်ရှိသည်။

တိုက်ပွဲ၏ တစ်ဖက်မှာတော့ အသက် ၂၀ ခန့်ရှိ သော လူငယ်လေးတစ်ဦး ရှိနေသည်။ သူ့မှာက လက်နက်မပါပေ။ သူသည် နတ်ဆိုးများစွာကို တစ်ယောက်တည်း တိုက်ခိုက်နေသော်လည်းအမူအရာမှာ တည်ငြိမ်နေပြီး လုံးဝ ထိတ်လန့်ခြင်းမရှိပေ။

တောင်ပေါ် မှင်စာ အလောင်း လေးငါးလောင်းလောက်က သူတို့ ပတ်လည်ရှိ မြေပြင်ပေါ်မှာ လဲလျောင်းနေ၏။ ခြွင်းချက်မရှိစွာပဲ ၎င်းတို့ ခေါင်းများက မဲခြောက်နေပြီး ယန်တောင်နှင့် အခြားသူများ မြင်ခဲ့သည့် တောင်ပေါ်မှင်စာ အလောင်းများကဲ့သို့ပင်။

သေချာတာက ထိုတောင်ပေါ်မှင်စာများကို သတ်ခဲ့သူမှာ ဤလူငယ်ပင် ဖြစ်သည်။

"ဘာလို့ သူ့ကို နည်းနည်း ရင်းနှီးနေရတာလဲ” ကျန်ဝေ့ရုန်က တုံ့ဆိုင်းသွားသည်။

သူပြောပြီးတာနဲ့ ပိုင်ရှောင်ထုံက " လင်းရှန်၊ သူက လင်းရှန်ပဲ”

"လင်းရှန်လား”

ကျန့်ဝေ့ရုန်သည် ထိတ်လန့်တကြားနဲ့ မျက်လုံးများ ပြူးကျယ်မလာခင် အချိန်အတော်ကြာ အံ့အားသင့်နေခဲ့သည်။

"ကျောင်းကို ဝင်ဝင်ချင်း အနက်ရောင်အဆင့် တပည့်တစ်ယောက်အဖြစ် ရာထူးတိုးခံရတဲ့လင်းရှန်လား”

"သူ့အပြင် ဘယ်သူဖြစ်နိုင်မလဲ။ ငါ သူ့ကို ဒီမှာတွေ့ဖို့ မျှော်လင့်မထားဘူး”

ပိုင်ရှောင်ထုံ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

ပုံမှန်အားဖြင့် အေးဆေးနေတတ်သော အိုင်ကျင့်ထုံပင်လျှင် အနည်းငယ် စိတ်ဝင်စားနေပုံရသည်။

သူမက မျက်တောင်မခတ်ဘဲ လင်းရှန်ကို စိုက်ကြည့်နေကာ ကောလဟာလသတင်းထွက်နေသော ပါရမီရှင်ကို အလွန်စိတ်ဝင်စားနေသည်။

ဒီအချိန်မှာတော့ ကျန့်ဝေ့ရုန်က ရုတ်တရက် စကားပြန်ပြောလာသည်။

"အဲဒါတော့ မမှန်လောက်ဘူး၊ လင်းရှန်က မကြာခင်ကမှ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်ခဲ့တာလို့ ကြားခဲ့တာမလား? ယုတ္တိရှိရှိပြောရရင် သူက ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်မှာပဲ ရှိမှာ။ ဒါပေမယ့် အဲဒါကို ကြည့်ရင် သူက အနည်းဆုံး တတိယအဆင့်ကို ရောက်နေပြီ”

ကျန့်ဝေရုန်၏ စကားကိုကြားသောအခါ ပိုင်ရှောင်ထုံနဲ့ အိုက်ကျင့်ထင်တို့လည်း အသိဝင်လာခဲ့သည်။ အံ့အားသင့်မှုများက သူတို့မျက်နှာပေါ်တွင် ပေါ်လာသည်။

သူပြောတာမှန်သည်။

လင်းရှန်၏ ကိုယ်ခံပညာများတွင် အောင်မြင်မှုများက အလွန်မြင့်မားသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ သူသည် အစွမ်းထက်သော ကိုယ်ခံပညာများစွာကို ကျင့်ကြံခဲ့ပြီး ၎င်းတို့အားလုံးကလည်း အလွန်အဆင့်မြင့်သည်။ သူ့အဆင့်ထက် မြင့်သည့် ပြိုင်ဘက်တွေကိုတောင် တိုက်ခိုက်နိုင်သည်။

သို့သော် သူ၏ကိုယ်ခံပညာများက မည်မျှပင် ထူးချွန်နေပါစေ၊ သူ၏ ကျင့်ကြံမှုက ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်တွင်သာ ရှိနေပါက တောင်ပေါ်သရဲနဲ့မှင်စာ အုပ်စုတစ်စုကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

ကောလဟာလတွေက မှားနေတာ ဒါမှမဟုတ်ရင် ၎င်း၏ ကျင့်ကြံမှုသည် လွန်ခဲ့သည့်လအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာတာ သေချာသည်။

အဲ့လိုသာဆို နောက်ပိုင်းကျ လင်းရှန်၏ အရည်အချင်းသည် အလွန်ကြောက်စရာကောင်းလာမည် ဖြစ်သည် ။

"လင်းရှန်က ဒါကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်မယ်လို့ ထင်မထားဘူး ။ လူတော်တော်များများက လင်းရှန်ရဲ့ အနက်ရောင်အဆင့်တပည့်နေရာကို ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ပြောနေကြတုန်းပဲ။ အခုငါတို့ ဘာကိုမြင်နေရလဲဆိုတာ သူတို့ကိုပါ မြင်စေချင်တယ်”

ပိုင်ရှောင်ထုံ၏ လှပသော မျက်နှာသည် အံ့သြခြင်းများဖြင့် ပြည့်နေသည်။

ကျန့်ဝေ့ရုန်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။ လင်းရှန်၏ စွမ်းအားအရ သူသည် အနက်ရောင်အဆင့် တပည့်များထက် အားကောင်းနေသည်။

အနည်းဆုံးတော့ သူနဲ့ ပိုင်ရှောင်ထုံကပင် လင်းရှန်ထက် ပိုအားနည်းသည်။

ကောလဟာလတွေက မှားနေသလိုပဲ။ လင်းရှန်သည် ကျောင်းသားအသစ်ဖြစ်သော်လည်း သူ၏ ခွန်အားသည် အနက်ရောင်အဆင့်တပည့်သို့ ရောက်ရှိနေတာ ကြာပြီပင်။

ဆရာစစ်က သူ့ကို အနက်ရောင် အဆင့်တပည့်ဖြစ်အောင် လုပ်ခဲ့တာ အံ့သြစရာ မရှိပေ။မျှော်လင့်ထားသည့်အတိုင်း ဆရာကြီးစစ်မှာ စူးရှသော အမြင်ရှိသည်။

အဝါရောင်အဆင့် တပည့်များက လက်သီးများကို ပွတ်သပ်ပြီး နောက်ထပ်အဆင့် စိန်ခေါ်မှုမှာ လင်းရှန်ကို စိန်ခေါ်ရန် ပြင်ဆင်နေကြသည်ကို စဉ်းစားမိတော့ ကျန်ဝေ့ရုန်က ၎င်းတို့အတွက် စက္ကန့်အနည်းငယ်မျှ စိတ်မကောင်းဖြစ်သွားသည်။

All Chapters